ကို စိန်သန်း
ကျောင်းသား အထိအခိုက်နည်းမယ့် စာမေးပွဲစစ်နည်း ထပ်ပြီးလေ့လာရဦးမည်
( မောက္ခပညာရေးမှ ကူးယူဖေါ်ပြပါသည် )
အခြေခံပညာအထက်တန်းစာမေးပွဲကျလို့ မန္တလေးတိုင်းဒေသကြီးမှာ ကိုယ့်ကိုယ်ကို လုပ်ကြံပြီး ထိ ခိုက်တဲ့သူသေဆုံးသွားတဲ့ ကျောင်းသားဆယ့်ငါးယောက်ရှိတာကို လက်ရှိနောက်ဆုံးသတင်းရထား တာ ဖြစ်ပါတယ်လို့ မန္တလေးတိုင်းဒေသကြီးမှ ဆရာတော်တစ်ပါးက နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ဆွေးနွေးပွဲမှာ မိန့်ကြားပါတယ်။
'စာမေးပွဲကျလို့ ကျောင်းသားကိုမသေစေချင်သလို စာမတတ်လို့တိုင်းပြည်ကို မသေစေချင်ဘူး၊ က လေးတွေကို အရည်အချင်းရှိရှိ ဘယ်လိုမွေးထုတ်မလဲ' လို့ မိန့်ပါတယ်။
အခြေခံပညာရေးနဲ့ပတ်သက်ပြီး အခြေခံမူအချက် ၂၀ နဲ့ဆွေးနွေးသွားတာဖြစ်ပါတယ်။ အဲသည်ထဲမှာ စာမေးပွဲများကို ကျောင်းသားများရဲ...့ အောင်၊ ရှုံးနဲ့မသက်ဆိုင်စေဘဲကျောင်းရဲ့ စီမံခန့်ခွဲမှုနဲ့သင်ကြားမှု အရည်အသွေးကို စစ်ဆေးအကဲဖြတ်ဖို့ဖြစ်ပါတယ်။ အတန်းအဆင့်အသီးသီးမှာ ဘာသာရပ်အားလုံး၊ သင်ခန်းစာအားလုံး သင်ယူတတ်မြောက်ပြီး ဖြစ်ရပါမယ်။ (ခြွင်းချက်အဖြစ် ကျောင်းသားတွေ စာမ တတ်ဘဲ အတန်းတင်တဲ့စနစ်ကို အားမပေးကြပါဘူး။ ကျောင်းသားအားလုံးတတ်မြောက်ဖို့ ကျွမ်းကျင် တဲ့ဆရာ၊ ဆရာမများနဲ့ သင်ကြားရမယ်လို့) ထည့်သွင်းထားပါတယ်။

စာမေးပွဲကိစ္စနဲ့ပတ်သက်ပြီး အဲသည်အပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြပါဘူး။ စာမေးပွဲစစ်တဲ့ရလဒ်က အတန်းအောင်၊ ကျရှိပါတယ်။ တချို့က အတန်းမကျတဲ့စနစ်နဲ့ သွားတာရှိ တယ်။ အများဆုံးက အတန်းချတဲ့စနစ်နဲ့ သွားကြပါတယ်။ ပညာရေးညီလာခံဆွေးနွေးမှုထဲက အတော် များများက အတန်းချစနစ်မရှိစေချင်ကြပါဘူး။ အဲသည်အပေါ်မှာ စာမေးပွဲစနစ်ကရှိရမယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒေသဆိုင်ရာပညာရေးဆွေးနွေးပွဲနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံမှာ ဒါနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေတာ သိရတယ်။
အရင်အစိုးရလက်ထက်က ကျင့်သုံးခဲ့တဲ့အတွေ့အကြုံကို သတိထားရမှာဖြစ်ပါတယ်။ ကျောင်းသား များ စာမတတ်ဘဲ အတန်းတက်သည့်အတွေ့အကြုံတွေကို သတိထားရမှာ ဖြစ်တယ်လို့သိရတယ်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံဖြစ်မြောက်ရေးအဖွဲ့ဝင် ဒေါက်တာဦးသိန်းလွင်က 'ရှုံးတဲ့ကလေးက သေကြောင်းကြံစည်မှု ဖြစ်တယ်ဆိုတာ စာမေးပွဲကြောင့်ဆိုးကျိုးတွေဖြစ်တာ၊ ဒီဆိုးကျိုးတွေ တတ်နိုင် သမျှနည်းအောင် စာမေးပွဲ ဘယ်လိုစစ်မလဲဆိုတာကို ထပ်ပြီးလေ့လာကြဦးမှာဖြစ်တယ်' လို့ပြောပါ တယ်။
စာမေးပွဲစစ်ပုံနည်းမှာ ကလေးတွေကို မထိခိုက်တဲ့နည်းဖြစ်ဖို့ လိုနေပါတယ်။ အဲသည်မှာ စိတ်ပိုင်းဆိုင် ရာ မထိခိုက်ဖို့၊ စာမေးပွဲစစ်တဲ့အတွက် အချိန်မကုန်ဖို့၊ စာမေးပွဲကြောင့် ဆိုးကျိုးတွေ မဖြစ်ဖို့လိုပါ တယ်။ စာမေးပွဲစစ်တဲ့အခါမှာလည်းကောင်း၊ ဆိုကျိုးရှိပါတယ်။ ဆိုကျိုးတွေ တတ်နိုင်သမျှနည်းပြီး ကောင်းကျိုးတွေအများဆုံးဖြစ်ဖို့ တခြားနိုင်ငံမှာ ဘယ်လိုစစ်လဲဆိုတဲ့ လေ့လာဖို့လိုအပ်ချက်တွေရှိနေ သေးတယ်လို့ သိရတယ်။
ကျူရှင်စနစ်ပပျောက်ဖို့အတွက် စာမေးပွဲစနစ်၊ သင်ကြားမှုပုံစံပြောင်းဖို့ဆိုတာနဲ့ ပတ်သက်တဲ့ကဏ္ဍကို ဆရာ၊ ဆရာမများကဏ္ဍမှာလည်း ထည့်သွင်းဆွေးနွေးထားပါတယ်။
ကလေးတွေကို ပညာတတ်မြောက်စေချင်တဲ့စိတ်နဲ့ စစ်ဆေးဖို့၊ ကျောင်းသားရဲ့ တိုးတက်မှုကိုအားပေး တဲ့ စစ်ဆေးမှုတွေ လိုအပ်နေတယ်လို့ သိရတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ အထက်တန်းပြဆရာမတစ်ဦးက အဲသည်အချက်နဲ့ပတ်သက်ပြီး ဆွေးနွေးပါတယ်။
'အခြေခံပညာ အထက်တန်းစာမေးပွဲ ရှိသင့်ပါတယ်၊ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးကို စာမေးပွဲစစ် ပြီး ဆောင်ရွက်သင့်တယ်၊ ဆယ်တန်းမအောင်လို့ အဆိပ်သောက်တာနဲ့ ပတ်သက်ပြီး သည်စိတ်ဓာတ် လေးတွေကို တခြားနည်းလမ်းနဲ့ ပြုပြင်သင့်ပါတယ်'။
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/3345-2013-06-22-11-46-40

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။