Nik Nayman
မြန်မာနိုင်ငံပိုင် မြေတွေကို တရုတ်သူဌေးတွေကို အဆင်ပြေသလို ပေးကမ်းနေတာမျိုးကို အမျိုးသားအရေးအနေနဲ့  မကာကွယ်ကြတော့ဖူးလား။
မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်တစ်ယောက် မေမြို့ ကို သူရဲ့  သမီးများနဲ့  ရောက်လာပြီး ဒီဇင်ဘာစားသောက်ဆိုင်မှာ အစားအသောက်တွေ သုံးဆောင်ခဲ့ကြပါတယ်။ စားသောက်သုံးဆောင်ပြီတဲ့နောက်မှာ ဒီဇင်ဘာစားသောက်ဆိုင်ပိုင်ရှင် တရုတ်သူဌေးနဲ့  တွေ့ ဆုံပြီး လက်ဆောင်စကားပြောသွားခဲ့ပါတယ်။
ဒီဇင်ဘာစားသောက်ဆိုင် တရုတ်သူဌေးကို မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်က ပြောသွားတာကတော့ “ခင်ဗျားရဲ့  ဒီဇင်ဘာစားသောက်ဆိုင်နောက်ဘက်က မြေဧက (၈၀) ကို အပိုင်ပေးမယ်၊ နေပြည်တော်ကို သွားလျှောက်လိုက်လို့  ပြောခဲ့တာပါ။ ဒီဇင်ဘာစားသောက်ဆိုင် တရုတ်သူဌေးလည်း အားရ၀မ်...းသာနဲ့  နောက်တစ်နေ့ မှာ ကမန်းကတန်းဘဲ အဆိုပါ မြေဧက (၈၀) ရရှိဖို့  သွားရောက်လျှောက်ထားခဲ့ပါတယ်။

ထို့ အတူ ပြင်ဦးလွင်ရှိ ပိုင်အိုးနီးယားဆိုင်ဘေးဘက်က အိမ်များကိုလည်း ယခုထွက်ရှိလာသော လယ်ယာမြေဥပဒေအရ ဖျက်တယ်ဆိုပြီး ဖျက်ခိုင်းပါတယ်။ အဆိုပါ နေရာများမှာ လယ်ယာမြေများဖြစ်ကြတယ်လို့ ဆိုပါတယ်။ ယခုလို မိမိနဲ့  နီးစပ်ရာများကို မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်တို့ မှ တာဝန်ရှိတဲ့သူများကိုယ်တိုင်မှ တရားမဲ့လုပ်ဆောင်နေသည်ကို ထင်ရှားလှပါတယ်။
ဒီလို မြန်မာနိုင်ငံပိုင် မြေတွေကို တရုတ်သူဌေးတွေကို အဆင်ပြေသလို ပေးကမ်းနေတာမျိုးကို အမျိုးသားအရေးအနေနဲ့  မကာကွယ်ကြတော့ဖူးလား။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။