Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 25, 2013

ကိုယ်ပိုင် အတွေးအခေါ် မရှိတဲ့ ယောက်ျားကို အိမ်ထောင်ဖက် အဖြစ် မရွေးဘူးဆိုတဲ့ ဝိုင်းစုခိုင်သိန်း

25 June 2013 |By 8 Days
မကြာခင် တစ်ကိုယ်တော် Album ထွက်ရှိတော့မှာ ဖြစ်သလို ချစ်ခင်ကြင်နာ သူနဲ့ ရွှေလက် တွဲတော့မယ့် သရုပ်ဆောင် တေးသံရှင် ဝိုင်းစုခိုင်သိန်းကို 8Days Cover အနေနဲ့ ရွေးချယ် ရိုက်ကူး ခဲ့ပါတယ်။ 8Days Cover ကို စိတ်ရှည်လက်ရှည်နဲ့ ရိုက်ကူးပေး ခဲ့သလို Cover Star Interview မှာလည်း ခံစားချက် မှန်သမျှကို အခုလိုပဲ ရင်ဖွင့်ပြောကြား ခဲ့ပါတယ်။
ဝိုင်းစုပရိသတ်က မျှော်လင့်နေတဲ့ “အာဘွား” စီးရီးကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။
တစ်ကိုယ်တော် “အာဘွား” စီးရီးအတွက် အသံစသွင်း ပါနေပြီ။ ပထမ ကတော့ ဝိုင်းစုက စုံတွဲခွေ ထုတ်ဖို့ အတွက် စီစဉ်ထား တာပါ။ ပရိသတ် ကလည်း စုံတွဲ စီးရီးခွေ တောင်းဆို တာကိုး။ ဒါပေမဲ့ “အာဘွား” စီးရီးအတွက်က အစောကြီး ကြိုပြီးနေတာ။ အကုန်လုံးက အသံသွင်းဖို့ အဆင်သင့် ဖြစ်နေပြီလေ။ ရတဲ့သီချင်းတွေ အားလုံးအတွက်ကိုတော့ အသံသွင်း ထားမယ်။ “အာဘွား” စီးရီး အတွက်ရော၊ စုံတွဲ စီးရီးခွေ အတွက်ကိုရောပေါ့။ ဝိုင်းစုနဲ့ အမျိုးသား အဆိုတော် (၁၄) ယောက် တွဲဆို ထားတဲ့ စုံတွဲစီးရီး ထွက်တော့မယ်။ ဒါကြောင့် ဒီကြားထဲမှာ “အာဘွား” စီးရီးကို အမြန်ဆုံး ပြီးဆုံးအောင် လုပ်ပြီး (၁၂) လပိုင်း မကုန်ခင်လောက်တော့ ထွက်ရှိအောင် လုပ်တော့မှာပါ။
“အာဘွား” ဆိုပြီး စီးရီး Title ပေးဖြစ်ခဲ့တဲ့ အဓိပ္ပာယ်ကရော.
ဝိုင်းစုက ရှိုးတွေ တိုင်းမှာ ပရိသတ်ကို “အာဘွား” ဆိုပြီး နှုတ်ဆက်လေ့ ရှိတာကို ဝိုင်းစုရဲ့ Trade-mark တစ်ခုအနေနဲ့ ဝိုင်းစုရဲ့ တစ်ကိုယ်တော်စီးရီး Title တစ်ခု အနေနဲ့ ပေးဖြစ်လိုက်တာပါ။
ကိုဥက္ကာနဲ့ ဝိုင်းစုတို့ရဲ့ မင်္ဂလာပွဲကို အချိန်ကာလ သတ်မှတ်ထားတာမျိုး ရှိပါပြီလား။
ဒါကတော့ ဝိုင်းစု စဉ်းစားနေတုန်းပါ။ မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ပြုသင့်၊ ပြုထိုက်တဲ့ အသက်အရွယ်ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ပြုဖြစ်မလဲ ဆိုတာကိုတော့ ဝိုင်းစု မဆုံးဖြတ်ရသေးဘူး။ အကယ်၍ ဆုံးဖြတ်တဲ့ အချိန်ကျရင် ဝိုင်းစု ပြောမှာပါ။ ကြိုပြီးပြောလို့ မရသေးဘူး။ အိမ်ထောင်ပြုဖြစ်ဖို့ နီးချင်လည်းနီးမယ်၊ ဝေးချင်လည်းဝေးမယ်။ ဒါပေမဲ့ ဝိုင်းစုအသက်အရွယ်နဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားရမယ့် အရွယ်လည်း ရောက်လာပြီ။
ဝိုင်းစု ရွေးချယ်ခဲ့တဲ့ ဘဝလက်တွဲဖော်ကို ဘယ်လိုစံနှုန်း၊ စံထားတွေနဲ့ ရွေးချယ်ဖြစ်ခဲ့ပါလဲ။
အဓိက ကတော့ နားလည်မှု ရှိရမယ်။ နောက်ပြီး နှစ်ဖက် မိသားစု အဆင်ပြေရမယ်။ ကိုယ့်ကိုလည်း သားသမီးအရင်းလို ဖြစ်ရမယ်။ သူနဲ့ တစ်ယောက်တည်း ပေါင်းရမှာတင် မဟုတ်ဘဲနဲ့ မိသားစုအားလုံးနဲ့ ပေါင်းရမှာကိုး။ ဒါကြောင့် အားလုံးနဲ့ အစစအရာရာ အဆင်ပြေရမယ့်သူ ဖြစ်ရမယ်။ ဝိုင်းစုကိုလည်း တကယ်ချစ်ရမယ်။ အနွံတာလည်းခံပြီး ချစ်တဲ့သူ ဖြစ်ရမှာပေါ့။
ဝိုင်းစုရဲ့ အိမ်ထောင်ဖက် ကိုဥက္ကာနဲ့က ဘယ်လို စတင်တွေ့ဖြစ်ခဲ့လဲ။ သူ့အတွက် ဝိုင်းစုက စီးရီးခွေတွေထဲမှာ အမှတ်တရ ဆိုခဲ့တဲ့ သီချင်းတွေ ရှိလား။
၂၀၁၀ ခုနှစ်တုန်းက အမေရိကားမှာ ဝိုင်းစု သီချင်းသွားဆိုရင်းနဲ့ တွေ့ဆုံဖြစ်ခဲ့တာပါ။ သူ့အတွက်ဆိုရင် အမှတ်တရ အနေနဲ့ “မျက်လှည့်” စီးရီးထဲမှာ “ချစ်သူ မရှိတဲ့အချိန်” သီချင်းက သူ့အတွက်ပါ။ နောက်ပြီး ခုထွက်တော့မယ့် “အာဘွား” စီးရီးထဲမှာလည်း ကိုစံပီး ရေးထားတဲ့ သီချင်းကလည်း သူ့အတွက်ပါပဲ။ အဲဒီသီချင်းလေးကို VCD မှာလည်း သူနဲ့တွဲပြီး ရိုက်မှာပါ။ ဝိုင်းစု အမေရိကားကို ဖျော်ဖြေရေး သွားတဲ့အချိန်မှာ ကိုသုံးပေါင်ကို ခေါ်သွားပြီး ကို R ဇာနည်နဲ့ သီချင်းတစ်ပုဒ်၊ နောက်တစ်ပုဒ်ကတော့ သူနဲ့တွဲပြီး ရိုက်ဖြစ်ခဲ့မှာပါ။
အချစ်နဲ့ အိမ်ထောင်ရေးက သပ်သပ်စီလို့ ခံစားမိလား၊ တွဲခံစားဖြစ်ပါလား။
အချစ်တော့ နည်းနည်းပါရမှာပေါ့။ အချစ်မပါဘဲနဲ့တော့ အိမ်ထောင်ပြုဖို့ဆိုတာ ခဲယဉ်းတယ်။ အချစ်မပါရင် အိမ်ထောင်ရေးက မသာယာနိုင်ဘူး။ အဆင်မပြေနိုင်ပါဘူး။ ဘဝမှာ အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်တဲ့ ယောက်ျားတွေက ဘယ်လိုယောက်ျားမျိုးတွေလဲ။
ကိုယ်ပိုင် စဉ်းစားဉာဏ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် ရပ်တည်မှု ရှိတဲ့ ယောက်ျားတစ်ယောက်ကိုပဲ ရွေးချယ်သင့်တယ်။ ကိုယ့်အပေါ် တကယ်ချစ်ရမှာတော့ မပါမဖြစ် ဖြစ်သလို၊ တချို့က ကိုယ့်အပေါ် ချစ်ပြီးတော့ ကိုယ်ပိုင်စဉ်းစားဉာဏ် မရှိဘဲနဲ့ သူများပြောတဲ့ အတိုင်းနားယောင်တတ်တဲ့ ယောက်ျားမျိုး၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ရပ်တည်မှုမရှိတဲ့ ယောက်ျားမျိုးဆိုရင် လုံးဝ မရွေးချယ်သင့်ပါဘူး။ မက်လောက်စရာ သီချင်းလိုမျိုး ခံစားချက်ကို ဖော်ညွှန်းတဲ့ သီချင်းတွေ အများကြီး ပါဝင်တယ်လို့ ခံစားရပါတယ်။
အခုချိန်မှာ အချစ်စစ်ကို တကယ်တွေ့ပြီဆိုတော့ ဝိုင်းစုအနေနဲ့ အချစ်ကို ဘယ်လို နားလည်ထားလဲ။
ကိုယ့်ခံစားချက်လိုမျိုး ဖော်ညွှန်းတဲ့ တချို့သီချင်းတွေ ရှိပါတယ်။ ကိုယ်ကိုယ်တိုင် ပြောပြီးရေးတဲ့ သီချင်းမျိုးတွေ ရှိပါတယ်။ အခုချိန်မှာတော့ အချစ်နဲ့ပတ်သက်ပြီး အေးအေးချမ်းချမ်းလေးပဲ သွားချင်တယ်။ဘဝကိုလည်း အေးအေးချမ်းချမ်း သွားချင်သလို အိမ်ထောင်ဖက်ကိုလည်း အေးအေးချမ်းချမ်းနဲ့ ကိုယ့်ကိုချစ်တဲ့သူကိုပဲ ရွေးချယ်ချင်တယ်။ ပူလောင်တဲ့အရာတွေကို မလိုချင်ဘူး။ ဘယ်သူ့ ထိန်းချုပ်မှု အောက်မှာမှ မသွားချင်ဘူး။ ထိန်းချုပ်မှုအောက်မှာ နေနေတဲ့သူကို မရွေးချယ်ဘူး။
အိမ်ထောင်ပြုပြီးတဲ့နောက် မြန်မာပြည်မှာပဲ နေဖြစ်မလား၊ အမေရိကားကို လိုက်သွားဖြစ်မလား။
အနုပညာသမား တစ်ယောက်က သူ့အနုပညာ အလုပ်ကို စွန့်လွှတ်နိုင်တယ်ဆိုတာ ရှားပါတယ်။ ဝိုင်းစုကတော့ တတ်နိုင်သမျှတော့ လုပ်တော့ လုပ်နေမယ်။ အမေရိကားကို လိုက်သွားခဲ့ရင်တောင် အနုပညာ အလုပ်တွေကို ရံဖန်ရံခါ လုပ်နေမှာပါ။ ဝိုင်းစု ကိုယ်တိုင် စီးရီး ထုတ်တာမျိုး၊ ဝိုင်းစုကြိုက်တဲ့ ဇာတ်ကားကောင်းကောင်းမျိုးကို လက်ခံရ တာမျိုးပေါ့။ နောက်ပိုင်းတော့ အမေရိကားမှာပဲ အခြေချဖြစ်မယ် ထင်ပါတယ်။
ဘဝမှာ အနိမ့်အမြင့် အတက်အကျတွေနဲ့ စီးမျော လိုက်ပါနေတဲ့ လူသားတစ်ယောက် အနေနဲ့ ဘယ်လို သင်ခန်းစာမျိုးတွေ ရရှိနေပါပြီလဲ။
လူ့ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမဲ့ ကံတရားကတော့ ကံကောင်းခြင်း အချိန်က လူ့ဘဝမှာ နှစ်ခါလောက်တော့ ပေးလေ့ ရှိတယ်။ အဲဒီချိန်မှာ ကိုယ်ကယူတတ်ဖို့ပဲ ရှိပါတယ်။ ကိုယ့်ကိုပေးနေတဲ့ ကံတရားကို မယူတတ်ရင်တော့ ဘယ်လိုမှ အဲဒီလူက တိုးတက်မှာ မဟုတ်ဘူး။ နောက်တစ်ခုက ကိုယ့်ဘက်က အမြဲတမ်း ကြိုးစားနေဖို့ လိုပါတယ်။ ကံ၊ စန်း ပေါင်းသွားပြီး ကြိုးစားမှု မပြတ်ရှိရင်တော့ ထိပ်ဆုံးကို ရောက်ရှိသွားမှာပါ။
အင်တာဗျူးရဲ့ နောက်ဆုံးအနေနဲ့ ဝိုင်းစုပရိသတ်ကို ပြောချင်တာများ ရှိပါသေးလား။
ကိုယ်တိုင် လုပ်နေတဲ့ စီးရီးခွေ ကတော့ အာဘွားနဲ့ အတွဲ စီးရီးခွေပေါ့။ နောက်ပြီး ကိုဆောင်းဦးလှိုင်နဲ့ အတွဲစီးရီးခွေ လုပ်နေတယ်။ ဇာတ်ကား ရိုက်တာတွေ ကတော့ အခုလတ်တလော ဆက်တိုက် ရိုက်ဖြစ်နေတယ်။ ဝိုင်းစုကတော့ တတ်နိုင်သမျှ ကြိုးစားပြီး လုပ်နေ ပါတယ်။ လိုအပ်ချက်တွေ ကတော့ အခုချိန်ထိ ရှိနေတုန်းပါပဲ။ ကြိုးစားပြီး လုပ်ဆောင်နေ ပါတယ်။ ပရိသတ် အားလုံး ကလည်း ဝေဖန်ပေးပါ။ အကြံဉာဏ်တွေ ပေးပါဦး။ ဝိုင်းစုကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်ကြီးကို အထူးကျေးဇူး တင်ပါတယ်လို့ နှုတ်ဆက် ပါရစေ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။