Soe Moe with Myat Yaungni and 48 others
**ဘ၀နေမ၀င်ခင် **
^^^^^^^^^^^^^^^
*မင်းလဲ..မင်းအကြောင်းနဲ့ မင်း..
ငါလဲ...ငါ့အကြောင်းနဲ့ ငါ
ဒါပေမဲ့......
နှစ်ကြောင်းပေါင်းမှ တဘူတာဆိုက်ရောက်မယ့်
ဘဝရထားပေါ်က
မင်းလဲ.. ဧည့်သည် ၊ငါလဲ ဧည့်သည်.....။
^^^^^^^^^^^^^^^
*မင်းလဲ..မင်းအကြောင်းနဲ့ မင်း..
ငါလဲ...ငါ့အကြောင်းနဲ့ ငါ
ဒါပေမဲ့......
နှစ်ကြောင်းပေါင်းမှ တဘူတာဆိုက်ရောက်မယ့်
ဘဝရထားပေါ်က
မင်းလဲ.. ဧည့်သည် ၊ငါလဲ ဧည့်သည်.....။
မင်းလဲ...မင်းအတ္တနဲ့ မင်း..
ငါလဲ...ငါ့အတ္တနဲ့ ငါ..
ဒါပေမဲ့........
ဘဝ ရှင်သန်ဖို့လက်တဆုပ်စာအတွက်
သိက္ခါရှိရှိ ရှာနေတာ
မင်းလဲ...ငွေ ၊ ငါလဲ...ငွေ......။
မင်းလဲ...မင်းခံယူချက်နဲ့ မင်း
ငါလဲ...ငါ့ခံယူချက်နဲ့ ငါ
ဒါပေမဲ့..........
မာယာကြွယ် ဒီလောကကြီးထဲ
သီးခံခြင်းတွေနဲ့ အဖြေရှာကြည့်နေတာ
မင်းလဲ..အမှန်တရား ၊ ငါလဲ... အမှန်တရား......။
မင်းလဲ..မင်းလမ်းကို မင်းသွားရမယ်....
ငါလဲ ..ငါလမ်းကို ငါသွားရမယ်
ဒါပေမဲ့.........
မလွန်ဆန်နိုင်တဲ့ အနိစ္စသဘောကြောင့်
ဘဝ နေဝင်ချိန်ရောက်တဲ့ တနေ့မှာ
မင်းလဲ..သေရမယ် ၊ ငါလဲ...သေရမယ်......။
ဒီတော့....မိတ်ဆွေ...
ကိုယ်စီရည်မှန်း ပန်တိုင်စခန်းသို့ 
နေမဝင်ခင် အရောက်လှမ်းနိုင်ဖို့
အချိန်ရှိခိုက် လုံးလ စိုက်ကြပါစို့..........။
(စိုးမိုး)
ငါလဲ...ငါ့အတ္တနဲ့ ငါ..
ဒါပေမဲ့........
ဘဝ ရှင်သန်ဖို့လက်တဆုပ်စာအတွက်
သိက္ခါရှိရှိ ရှာနေတာ
မင်းလဲ...ငွေ ၊ ငါလဲ...ငွေ......။
မင်းလဲ...မင်းခံယူချက်နဲ့ မင်း
ငါလဲ...ငါ့ခံယူချက်နဲ့ ငါ
ဒါပေမဲ့..........
မာယာကြွယ် ဒီလောကကြီးထဲ
သီးခံခြင်းတွေနဲ့ အဖြေရှာကြည့်နေတာ
မင်းလဲ..အမှန်တရား ၊ ငါလဲ... အမှန်တရား......။
မင်းလဲ..မင်းလမ်းကို မင်းသွားရမယ်....
ငါလဲ ..ငါလမ်းကို ငါသွားရမယ်
ဒါပေမဲ့.........
မလွန်ဆန်နိုင်တဲ့ အနိစ္စသဘောကြောင့်
ဘဝ နေဝင်ချိန်ရောက်တဲ့ တနေ့မှာ
မင်းလဲ..သေရမယ် ၊ ငါလဲ...သေရမယ်......။
ဒီတော့....မိတ်ဆွေ...
ကိုယ်စီရည်မှန်း ပန်တိုင်စခန်းသို့ 
နေမဝင်ခင် အရောက်လှမ်းနိုင်ဖို့
အချိန်ရှိခိုက် လုံးလ စိုက်ကြပါစို့..........။
(စိုးမိုး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။