၂ဝဝ၇ ခုနှစ် သြဂုတ်လက အိန္ဒိယနိုင်ငံတွင် ကွန်ပျူတာ ဘွဲ့လွန် ဒီပလိုမာ သင်တန်းတစ်ခု တက်ရောက်ရန် ကျွန်မ အရွေးချယ် ခံခဲ့ရသည်။ ကျွန်မတက် ရောက်ရမည့် ကျောင်းက ၂၄ နာရီ
စာသင်သောကျောင်း (24 hours Training School) ဟု ကြွေးကြော်နေသည့် ကျောင်းဖြစ်ပြီး ကျောင်းသားများကို ပြင်းထန်စွာ လေ့ကျင့် ပြုစုပျိုးထောင်ပေး သည့် ကျောင်းတစ်ခု ဖြစ်သည်။
စာသင်ချိန် နံနက် ၇ နာရီမှစ၍ ည ၁ဝ နာရီအထိ တက်ရောက်ရသည်။ စနေ၊ တနင်္ဂနွေနေ့များတွင် လက်တွေ့စာမေးပွဲ Practical Lab Exam) များ ဖြေဆိုရခြင်း၊ ကိုယ်ရည်ကိုယ် သွေးမြှင့် တင်ခြင်းနှင့် ပတ်သက်သည့် သင်တန်းများ တက်ရောက်ရခြင်း စသည်ဖြင့် နေ့စဉ် အချိန်ပြည့် ကျောင်းတက်ကြရသည်။
စာသင်ချိန် နံနက် ၇ နာရီမှစ၍ ည ၁ဝ နာရီအထိ တက်ရောက်ရသည်။ စနေ၊ တနင်္ဂနွေနေ့များတွင် လက်တွေ့စာမေးပွဲ Practical Lab Exam) များ ဖြေဆိုရခြင်း၊ ကိုယ်ရည်ကိုယ် သွေးမြှင့် တင်ခြင်းနှင့် ပတ်သက်သည့် သင်တန်းများ တက်ရောက်ရခြင်း စသည်ဖြင့် နေ့စဉ် အချိန်ပြည့် ကျောင်းတက်ကြရသည်။
ကျွန်မတို့ သင်တန်းတွင် IT အင်ဂျင်နီယာဘွဲ့ ရရှိပြီးကြသော သင်တန်းသား ၁၂ဝ တက်ရောက် နေကြသည်။ ကျောင်းသား ၁ဝဝ ခန့်က ယောက်ျားလေးများ ဖြစ်ကြသည်။ အတန်းဖော် သူငယ်ချင်းများ ဖြစ်သော အိန္ဒိယ ကျောင်းသားများသည် အင်္ဂလိပ်စာ စွမ်းရည် မြင့်မားကြသည်။ ကျွန်မသိရသလောက် သူတို့နိုင်ငံကို အင်္ဂလိပ် နယ်ချဲ့များ အုပ်စိုးခဲ့သည့် အချိန်မှစ၍ ယနေ့အထိ အိန္ဒိယနိုင်ငံ၏ ရုံးသုံး၊ ကျောင်းသုံး ဘာသာစကားသည် အင်္ဂလိပ်စကား ဖြစ်သည်။ ထို့ကြောင့် သူတို့နိုင်ငံရှိ ကျောင်းများတွင် မူလတန်းမှစ၍ တက္ကသိုလ်ဘွဲ့ ရချိန်အထိ ကျောင်းတိုင်း၊ အတန်းတိုင်းမှာ အင်္ဂလိပ်လို ပြောကြသည်၊ စာဖတ်ကြသည်၊ စာရှင်းကြသည်၊ စာမေးပွဲ ဖြေကြသည်။ အဆိုပါ စနစ်ကြောင့် အိန္ဒိယ နိုင်ငံသားများသည် အင်္ဂလိပ်စာ စွမ်းရည် မြင့်ကြသည်။ ကိုယ်ပိုင် လေ့လာသင်ယူမှု Self Study မြင့်မားကြသည်။
ကျွန်မတို့ ရောက်စတွင် စာသင်ချိန် အလွန်များခြင်း၊ ဘာသာစကား မတူညီခြင်း၊ စာသင် ကြားချိန်များတွင် ပိုမို အာရုံစိုက်ပြီး နားထောင် ရခြင်းများကြောင့် အလွန် ပင်ပန်းကြသည်။ ည ၁ဝ နာရီ သင်တန်းပြီးလျှင် မိန်းကလေးများသည် ကွန်ပျူတာ ခန်းများ၌ လက်တွေ့ သင်ခန်းစာများ ဆောင်ရွက်နိုင်ရန် အတွက် ည ၁၂ နာရီအထိ နေခွင့်ရှိသည်။ ယောက်ျားလေး ကျောင်းသားများသည် တစ်ညလုံး Lab ထဲတွင် နေထိုင်ခွင့်ရှိသည်။
ညအချိန် ကျွန်မတို့ အဆောင်ပြန်လျှင် ကျောင်းသားများသည် Lab ထဲတွင် သင်ခန်းစာ လုပ်ရင်း ကျန်နေခဲ့ကြသည်။ နောက်တစ်နေ့ နံနက် ၇ နာရီထိုး ကျွန်မတို့ ကျောင်းပြန် တက်ချိန်၌ အတန်းထဲတွင် သူတို့ရောက်နှင့် နေကြသည်။
ကျွန်မတို့ အတန်းသည် သီရေတာ ပုံစံရှိပြီး အသံစနစ် တပ်ဆင်ထားမှု ကောင်းမွန်ခြင်း၊ Projector များဖြင့် စာသင်ကြားခြင်း တို့ကြောင့် သင်ကြားရေးစနစ် ကောင်းမွန်သော်လည်း နောက်တန်း စာသင်ခုံများတွင် နေရာရသူများသည် ဆရာက White Board သုံးပြီး စာရေးပြီဆိုလျှင် သေချာ မမြင်ကြရပါ။ ၇ နာရီ မထိုးမီ အတန်းထဲကို ရောက်နှင့်အောင် ကျွန်မအမြဲ ကြိုးစားပြီး လာသည်။ သို့ပေမဲ့ ကျွန်မရောက်ချိန်တွင် အတန်းက နေရာ ပြည့်နေသည်။ နောက်ဆုံးတန်းတွင်သာ အမြဲနေရာ ရနေသည်။ ထို့ကြောင့် ရှေ့နား နေရာရအောင် ပိုပြီးစောစော ထလာသော်လည်း အိန္ဒိယ ကျောင်းသားတွေ အမြဲတမ်းစော ရောက်နေလေ့ ရှိသည်။
နောက်တစ်ခုမှာ စာသင်ကြားရေး စနစ်ဖြစ်သည်။ ကျောင်းတွင် ရှေ့တစ်ပတ်အတွင်း မည်သည့် ဘာသာသင်မည် ဆိုသည်ကို ကြိုတင်ကြေညာသည်။ သင်ရမည့် ဘာသာကို အိန္ဒိယနိုင်ငံ၏ နာမည်ကျော် ဆရာများက လာရောက်သင်ကြား ပြသသည်။ ကျောင်းသားများသည် နောက်တစ်ပတ်တွင် သင်မည့်စာကို ကြိုတင် ဖတ်ထားကြရသည်။ ဆရာ စာသင်ချိန်တွင် မရှင်းသည့် အပိုင်းကိုသာ ဆွေးနွေးကြ သည့်အတွက် စာသင်ချိန် သိပ်မြန်သည်။ နောက်တစ်ပတ် သင်မည့် ဘာသာများကို ကြိုတင်ဖတ်မှ ဖြစ်မည်ဟု ကျွန်မ သဘော ပေါက်လာသည့်အခါ ကျောင်း Library တွင် တစ်ပတ် ကြိုတင်ပြီး ဖတ်ရမည့် စာအုပ်များ သွားရှာသည်။ သို့သော် ကျွန်မ စာအုပ်ငှားသည့် အချိန်တွင် Library ၌ ဘာသာရပ်နှင့် ပတ်သက်သည့် စာအုပ်များ မရှိတော့ပေ။ သူတို့ ငှားပြီး ဖတ်နေကြပါသည်။
ကျွန်မဘယ်လောက် ကြိုးစားကြိုးစား အိန္ဒိယ ကျောင်းသားများ၏ ကြိုးစား အားထုတ်မှု ဝီရိယကို မမီခဲ့ပါ။ သူတို့၏ ကြိုးစားအားထုတ်မှု၊ အပင်ပန်း ခံနိုင်မှုကို အားကျမိသည်။ သူတို့မှာ ဘယ်လို ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေရှိလို့ ဒီလောက် ကြိုးစားနေကြတာလဲဟု သိချင်လာမိသည်။ ထို့ကြောင့် အတန်းထဲ၌ အမြဲ ပထမရနေသော ကျွန်မသူငယ်ချင်း တစ်ယောက်ကို ''နင်တို့ သိပ်ကြိုးစားကြတာပဲ။ ဘာကြောင့် ဒီလောက်ကြိုးစား ကြတာလဲ''ဟု မေးမိသည်။ ကျွန်မမေးခွန်းကို သူက ရိုးရိုးလေးပဲ ပြန်ဖြေပြသည်။ ''ငါတို့ အိမ်ထောင်ပြုရင် ဇနီးကောင်းကောင်း လိုချင် လို့ ငါတို့ကြိုးစားနေတာပါ''ဟု ပြန်ဖြေလိုက်လျှင် ကျွန်မအရမ်း အံ့သြသွားရသည်။ ကျွန်မ နားမလည်မှန်း သိသဖြင့် ဘေးနားက အခြား သူငယ်ချင်းတွေပါ ဝိုင်းရယ် ကြသည်။ သူတို့ရှင်းပြသဖြင့် ကျွန်မနားလည် မိသည်မှာ အိန္ဒိယ နိုင်ငံတွင် အမျိုး သမီးများ အိမ်ထောင်ပြုလျှင် အမျိုးသားကို တင်တောင်းကြရသည်။ အမျိုးသားများက ပညာတတ်၊ ရာထူးရှိသူဆိုလျှင် အမျိုးသမီးက တင်တောင်းရသည့် တန်ဖိုးမြင့်သည်။ ထို့ကြောင့် ယောက်ျားလေးများသည် ချမ်းသာသော အမျိုးသမီးနှင့် အိမ်ထောင် ပြုနိုင်ရန်၊ ကောင်းမွန်သည့် အိမ်ထောင်ဖက်ရရန် ပညာတတ်ပြီး အလုပ်အကိုင် ကောင်းကောင်းရှိမှ ဖြစ်မည်ဟု ဆိုသည်။
သူတို့ကြိုးစား အားထုတ်မှုသည် သူတို့ဘဝ အတွက်ဖြစ်သည်ဟု ဝန်ခံသည့် အဖြေဖြစ်သည်။ ကျွန်မအတွေး နယ်ချဲ့မိပါသည်။ ကျွန်မကြိုးစား အားထုတ်ရသော ရည်ရွယ်ချက်မှာ ကျွန်မအတွက် တိုင်းပြည် အရှက်မရအောင်၊ ကိုယ့်တိုင်းပြည်ရှိ လူငယ်တွေကို Knowledge မျှဝေနိုင်အောင် စသဖြင့် ကြီးကြီးကျယ်ကျယ် စဉ်းစားနေပါသည်။ သို့သော် ကြိုးစား အားထုတ်မှုတွင် သူတို့ကို မမီနိုင်ပေ။ သူတို့ တစ်ကိုယ်ကောင်းစိတ်နှင့် ကြိုးစားမှုက အိန္ဒိယ နိုင်ငံကြီးကို တိုးတက်လာအောင် ဆွဲတင် လိုက်နိုင်တာပါလား။ ကျွန်မ ကြီးကြီးကျယ်ကျယ် ရည်မှန်းချက်တွေ ထားပြီး သူတို့လောက် ကြိုးစားအားထုတ်မှု မရှိပါလားဟု ကိုယ့်ကိုယ်ကိုယ် အရမ်းရှက်မိသည်။
ကျွန်မတို့ မိဘဘိုးဘွားများ ပြောပြဖူးသည်။ သူတို့ခေတ်က အိန္ဒိယနိုင်ငံ သားတွေ မြန်မာပြည်မှာ လာနေပြီး လန်ချားဆွဲသည့် လုပ်ငန်း၊ မြန်မာများ မလုပ်လိုသော အောက်ခြေသိမ်း လုပ်ငန်းများကို လာရောက် လုပ်ကိုင်ခဲ့ကြသည်။ ယခုခေတ်တွင် အိန္ဒိယနိုင်ငံ၏ သိပ္ပံပညာ တိုးတက်မှုမှာ နိုင်ငံကြီးများနှင့် အပြိုင်ဖြစ်သည်။ အရေး အကြီးဆုံး တွေ့ရှိချက်မှာ အိန္ဒိယ နိုင်ငံသားများက ပညာရှင်များ အဖြစ် နိုင်ငံတကာမှာ ဝင့်ဝင့်ကြွားကြွား သွားလာနေကြသည်။ ကျွန်မတို့နိုင်ငံ၏ လူငယ်တိုင်း နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ် ကြရမည်ဆိုလျှင် ဒီလိုဘဝမျိုးနှင့်သာ ဝင့်ဝင့်ြ<ွကာြး<ွကား အလုပ်လုပ်နေတာ မြင်ချင်ပါသည်။
အရင်ခေတ်က နိုင်ငံခြား တိုင်းပြည်များတွင် သူတစ်ပါး အခိုင်းခံအဖြစ်နှင့် အလုပ်လုပ်ခဲ့ကြတဲ့ အိန္ဒိယ နိုင်ငံသားများသည် ယခုအချိန်တွင် ပညာရှင်များအဖြစ် ရဲရဲဝံ့ဝံ့ ကမ္ဘာပတ် နေကြသည်ကို ကျွန်မတို့ မြန်မာပြည်သား လူငယ်များ သတိပြုမိ ကြစေချင်သဖြင့် ဒီဆောင်းပါးလေးကို ရေးသားမိပါသည်။ ကျွန်မတို့ မြန်မာ လူငယ်များလည်း တိုင်းပြည်အတွက၊် လူမျိုးအတွက်၊ မိဘအတွက်ဟု ဆိုကာ ကြီးကြီးကျယ်ကျယ် ရည်ရွယ်ချက် များ မစဉ်းစားကြ သေးသော်လည်း သူတို့လို ကိုယ့်တစ်ကိုယ် ကောင်းလေး အတွက်သာ အလုပ်လုပ်ကြမည်၊ ကြိုးစားကြမည် ဆိုလျှင် တစ်ဦး တစ်ယောက်ချင်း၏ စွမ်းရည် မြင့်မားလာပြီး တိုင်းပြည် ဖွံ့ဖြိုးတိုး တက်ရေးအတွက် တစ်တပ်တစ်အား ဖြစ်လာပါလိမ့်မည်။
မရွှေအိ(ပန်းလောင်မြေ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။