Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 29, 2013

" အမျိုးစောင့် ဥပဒေနှင့် ဗုဒ္ဓဘာသာဝင် ဗမာမိန်းကလေးတို့၏ဘဝ "

 

သိုး ကလေး
တကယ်တော့ ဗမာပြည်မှာ ဗုဒ္ဓဘာသာဝင် မိန်းကလေး ဖြစ်ရတဲ့ ဘဝက တကယ်သနားဘို့ ကောင်းပါတယ်.. ရွေးချယ်စရာ များများစားစား မရှိလို့လေ...
ကျမတို့ ရုံးမှာဆိုရင် ဗမာမိန်းကလေး ၆ ယောက်ရှိတာ ၅ ယောက်က အသက် ၂၅ နှစ်အထက် အပျိုတွေချည်းပဲ..



ရွယ်တူ ခရစ်ယျာန် ဘာသာဝင် ဖိလစ်ပင်း မိန်းကလေးတွေရှိတယ်.၊ မလေးမလေးတွေရှိတယ်...ဒါပေမဲ့ သူတို့တွေ အကုန်လုံး အသီးသီး မိသားစု ဘဝလေးတွေနဲ့ ဆိုတော့ ကျမ အဲ့ဒါကို ကြည့်ပီး ဘာ့ကြောင့်လဲလို့ အကြိမ်ကြိမ်အခါခါ စဉ်းစားကြည့်မိတယ်...

အခု အမျိုးစောင့် ဥပဒေ လုပ်မယ်ဆိုတော့မှပဲ အဖြေက ထွက်သွားတော့တယ်...

ကျမတို့ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ အချိုးချရင် မိန်းကလေးက များပီး ယောက်ျားလေးက နည်းတယ်...
ဒီကြားထဲ တော်တော်များများက သံဃာနဲ့ စစ်သား..

စစ်သားဆိုရင်လဲ တချိန်လုံး စစ်ဖိနပ်အောက်မှာ နေခဲ့ရတဲ့ အခြေအနေကြောင့် ဝေးဝေးရှောင်တယ်..ပီးတော့ စစ်အာဏာရှင်ရဲ့  အာဏာနဲ့ အုပ်ချုပ်တဲ့ သဘောတရားတခုကြောင့် စစ်သားတော်တော်များများဟာ အကျင့်ပါပီး ကိုယ့်ချစ်သူ ကြင်သူ မိန်းကလေးကို ချီးမြှောက်ရမဲ့ ကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ယူဆကြတယ်..ဖိနှိပ်ပီးမှ ယူချင်တာပေါ့..နှိမ်ပီးတော့မှ ယူချင်တာပေါ့..

ပီးတော့လဲ စစ်သားတယောက်ယူရမဲ့ မိန်းမက ဘယ်လို ခန္ဓာကိုယ်မျိုး ၊ ဘယ်လို အရပ်အမောင်းမျိုး ၊ဘယ်လို ရာထူးမျိုး ရှိရမယ်ဆိုတာကလဲ ရှိသေးတယ်ဆိုတော့ စစ်သားတွေကလဲ မိန်းမယူရင် တကယ်ချစ်တာ မချစ်တာထက် သူတို့အတွက် အများအမြင်မှာ ပွဲလည်တင့်မယ့် မိန်းမမျိုးကိုပဲ ယူကြတယ်..

နောက်တမျိုးက သံဃာ..သံဃာကျတော့လဲ မိန်းမယူလို့ မရတဲ့သူ...

ဆိုတော့ မိန်းမတွေက ရွေးချယ်စရာ သိပ်များများစားစား မရှိဘူး....

မိန်းမဆိုတဲ့ သဘောကလဲ မချမ်းသာရင်နေ ကိုယ့်ကိုတကယ်ချစ် ၊ ကိုယ့်အလှကို တကယ်ချီးမြှောက် ၊ တကယ် ပျော်ရွှင်စေတဲ့ ယောက်ျား ၊ ကိုယ့်ကို အမြဲတမ်း ကြင်နာတဲ့ ယောက်ျားမျိုးကိုသာ စိတ်ဝင်တစားရှိတာကလား.. သူဟာ သမ္မတလောင်းတဦးဖြစ်နေစေအုံးတော့ မကြင်နာရင် ရက်စက်တတ်တဲ့ စိတ်ရှိရင် ဖိနှိပ်နှိမ်ချတတ်ရင် လှည့််ကို မကြည့်ချင်တာ..

တခါ စစ်သားကို စိတ်ဝင်စားမိတဲ့ မိန်းမ ကျပြန်တော့လဲ တချိန်လုံး စစ်ဖိနပ်အောက်မှာ နေခဲ့ရတဲ့ လူတွေရဲ့  ကဲ့ရဲ့ မှုဒဏ်ကို တော်တော်လေး ခံရတယ်ဆိုတော့ တော်ရုံတန်ရုံက တကယ်ချစ်မှ
မတော် စစ်သားက ရှေ့ တန်းမှာ ကျသွားလို့ မုဆိုးမ ဖြစ်ရင်တောင် ကျသွားတဲ့ ရှေ့ တန်းစစ်ပွဲက ဂုဏ်ယူစရာ ကောင်းတဲ့ စစ်ပွဲ မဟုတ်ပြန်ဘူး..သမိုင်းကြောင်းကို ပြန်ကြည့်ရင် တိုင်းတပါးနဲ့ တိုက်ရတဲ့ စစ်ပွဲဆိုတာမှ မရှိခဲ့တာလေ...

အဲ့ဒီလို စစ်သားလဲ ရွေးရတာခက် ၊ သံဃာလဲ စိတ်ဝင်စားရ အခက်ဖြစ်ပီး ကိုယ့်ကို ဘာပဲဖြစ်ဖြစ်ချစ်တယ် ၊ ဘာပဲ ဖြစ်ဖြစ်လှတယ်လို့ သတ်မှတ်တဲ့သူတွေ ၊ အပြိုင်ပိုးမဲ့သူတွေ နည်းပါတယ်ဆိုကာမှ လူမျိုးခြားက စိတ်ဝင်စားရင်လဲ ကမ္ဘာသုံး အင်္ဂလိပ်စာက မတတ်တော့ လူမျိုးခြားလဲ စိတ်ဝင်စားရင် အခက်တွေ့ ၊ တခါ ပတ်ဝန်းကျင်က မျက်စိဒေါက်ထောက်ကြည့်နေတော့ တံတွေးခွက် ပက်လက်မျောမှာစိုးလို့ မကြိုက်ရဲ...

သမီးရည်းစားဆိုတာ ကွဲချင်လဲ ကွဲမယ် ညားချင်လဲ ညားမယ်ဆိုတာ သိပေမဲ့ ကွဲရင် ပြောမဲ့ ပါးလိုက်ကြစပ်တွေက တန်းစီ..၊ ဒီကောင်မ နိုင်ငံခြားသားနဲ့ ကြိုက်ထားတာဆိုပီး မကောင်းတဲ့ မိန်းမ တယောက်လို ဘေးဖယ် ပုတ်ခတ်ကြတော့ ပြေးရာ မြေကလဲ သိပ်များများစားစား မရှိ...သိတဲ့ အတိုင်းပဲ မြန်မာပြည်ကို နိုင်ငံတကာကလဲ တချိန်လုံး ဘမ်းထားခဲ့တာလေ...

ဒီလို ကျဉ်းထဲ ကျပ်ထဲဖြစ်နေလို့ အပျိုကြီးတွေ အရမ်းများ အိမ်ထောင်ပြုပြန်ရင်လဲ အသက်တွေက ၃၀ကျော် သိပ်များများစားစား ရွေးစရာ မရှိပဲ ဖြစ်နေကာမှ မျိုးစောင့် ဥပဒေဆိုပီး ကိုယ့်နိုင်ငံသား အချင်းချင်းတောင် ဘာသာမတူရင် စဉ်းစားရတာ ခက်ခဲမဲ့ ဥပဒေမျိုးထပ်ထုတ်တော့ စဉ်းစားကြည့်ကြတော့လေ...မျိုးက ဆက်ပွားတော့မှာလား ၊ မျိုးက တုံးသထက် တုံးတော့မှာလားဆိုတာ...

ကြိုက်ချင်တာပေါ့ရှင်.. ကျမတို့လဲ ဗမာယောက်ျားလေးတွေကို...
အရည်အချင်းရှိတဲ့ ယောက်ျားလေးတွေရဲ့ .. ပြိုင်ပိုးတာလဲ လိုချင်တာပေါ့ရှင်...

I love you ဆိုတဲ့ စကားထက် ကိုယ့်ဘာသာ စကားနဲ့ ကိုယ်ပြောရတဲ့ ချစ်တယ်ဆိုတဲ့ စကားကို ပိုသုံးချင်တာပေါ့ရှင်...

မင်းက အပျိုလား..ဘယ်နှစ်ယောက်နဲ့ အိပ်ပီးပီလဲဆိုတဲ့ စကားထက် "မင်းက သိပ်လှတာပဲ..မင်းက ငါ့အတွက် ဘယ်အချိန်ပဲဖြစ်ဖြစ် နတ်သမီးလေး တပါးပါ" ဆိုတဲ့ စကားမျိုးကို မိန်းမတွေက ပိုကြားချင်တာပေါ့ရှင်...



တူနှစ်ကိုယ်ရွှေလက်တွဲ ဘုရားပေါ်အတူတူတက်လို့ " ဘဝဆက်တိုင်း ပေါင်းရပါစေ" ဆိုတဲ့ ဆုတောင်းလေးကို ဘုရားရှေ့  ရို့ ရို့ လေးထိုင် လက်အုပ်လေးအတူတူချီပီး ကြည်ကြည်နူးနူး ဆုတောင်းလို့ရတဲ့ ဘာသာတူကို လိုချင်တာပေါ့ရှင်..

အခုတော့ အဲ့လို မဟုတ်ဘူး...ဗမာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေဘဝက
စစ်သားဆိုလဲ စစ်တပ်က နာမည်မကောင်းတော့ မယူချင်...
သံဃာဆိုလဲ မကြံစည်ရဲ...

ဒီကြားထဲ တိုင်းရင်းသား ကိုယ့်လူမျိုးအချင်းချင်း စဉ်းစားမယ်ဆိုတော့လဲ အခုလို အမျိုးစောင့်ဥပဒေကြီးထုတ်မယ်ဆိုတော့ ..

ကိုယ့်ဘာကိုယ်လဲ စစ်သားရဲ တွေကို ရှောင်ရှားပီး ကိုယ့်စီးပွားကိုယ်ရှာစားရသေး၊ သံဃာလဲ အိမ်ဦးခန်းမှာထား ဆွမ်းကပ်ရသေး၊ ကိုယ့်ကိုချစ်ကြိုက်မဲ့သူတွေကိုလဲ ဘာသာကြည့်ရသေးဆိုတော့ကာာ.....စဉ်းစားသာ ကြည့်ကြတော့....

အဲ့ဒီတော့ အခု လုပ်ရမဲ့ အလုပ်က စစ်တပ်ကို နာမည်ကောင်းဖြစ်လာအောင် ၊ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်လာအောင် ၊ တိုင်းသူပြည်သားတွေလဲ လေးစားမှုပိုလာအောင် လွှတ်တော်ထဲက စစ်သား အစိတ်သားကို ဘေးကိုဖယ်၊ စစ်သေနင်္ဂဗျူဟာတွေကို နိုင်ငံကြီးတွေရဲ့ နည်းပညာကို ယူပီး လေ့ကျင့်သင်ကြား..၊ ပြည်သူလူထုကို ကြင်နာပီး နိုင်ငံကို ပြည်ပရန်က ကာကွယ်တဲ့ စစ်တပ်မျိုး ဖြစ်အောင် ပြန်လုပ်...အဲ့လိုမျိုးဆို စစ်တပ်က နာမည်ပြန်ရလာတော့ စစ်သားကို ယူရတဲ့ မိန်းမ ၊ စစ်သားနဲ့ ချစ်သူဖြစ်ရတဲ့ မိန်းမတွေလဲ ဘယ်မျက်နှာ ငယ်ပါတော့မလဲ...

နောက်တခုက သံဃာဆိုတာကလဲ ဟိုအရင် စစ်ဖိနပ်အောက်မှာကျရောက်ခဲ့တုန်းက သံဃာအဖြစ်နဲ့ နေခဲ့တာက ပြသနာ မရှိပေမဲ့ အခုလို တိုင်းပြည်ပွင့်လန်းလာရင်တော့ တကယ့်ကို လောကီရေးရာတွေနဲ့ မရှုတ်ထွေးချင်ပဲ တောထဲတောင်ထဲမှာ နေချင်တဲ့ သံဃာ၊ ဗုဒ္ဓစာပေကို လက်ဆင့်ကမ်း သင်ပေးနေတဲ့ သံဃာမျိုးကလွဲလို့ ကျန်တဲ့ သံဃာတွေက လူထွက်ပီး တိုင်းပြည်ရဲ့  ကျရာ နေရာမှာ ဝင်ရောက် လုပ်ကိုင်သင့်ပီ...မလုပ်ချင်ဘူး ရဟန်းသံဃာပဲ ဖြစ်ချင်တယ်ဆိုရင်တော့ သပွတ်အူလို ရှုပ်ထွေးတဲ့ လောကီရေးရာတွေနဲ့ ဝေးဝေးမှာ နေပေါ့...(အခုလို သံဃာအမျိုးစောင့်ဥပဒေကို တင်သွင်းဘို့ လက်မှတ်လိုက်ကောက်တာမျိုးဆို ဝေးရော..)

အဲ့ဒါဆို အမျိုးစောင့်မယ်ဆိုပီး ရှိတဲ့ အမျိုးလေး ဥပဒေထုတ် ချုပ်ထားစရာမလိုဘူး..အမျိုးက သူ့ဘာသူ ထိန်းလို့တောင် ရမှာ မဟုတ်ဘူး..ပွားများလာမှာ... :P

ဒါကတော့ ဘာရယ်မဟုတ်ဘူး..အသက် ၃၀ ဖြစ်တော့မဲ့ အပျိုကြီးတယောက်ရဲ့ အပျိုကြီးဖြစ်နေရခြင်း အကြောင်းရင်း ဖွင့်ဟ ဝန်ခံချက်ပါ... :D

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။