Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 30, 2013

အရွယ်မတိုင်ခင် ဆံဖြူခြင်းကို ကာကွယ်ရန် နည်းလမ်း (၇) သွယ်

 
Myanma Light
အရွယ်မတိုင်ခင် ဆံဖြူခြင်းကို ကာကွယ်ရန် နည်းလမ်း (၇) သွယ်

30/6/2013

ပျိုမေတို့ဟာ အရွယ်မတိုင်ခင် အသားအရေ အိုမင်းရင့်ရော်မှုမဖြစ်စေဖို့ကို အလွန် အာရုံစိုက် ဂရုပြုကြရသလို အဲဒီလိုပဲ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်း ဂရုပြုကြရပါမယ်... မိန်းမသားအများစုအတွက် တောက်ပတဲ့ ကျက်သရေဟာ ဆံကေသာပဲ ဖြစ်ပါတယ်.. ဒီ ဆံကေသာအတွက် ပစ္စည်းကိရိယာတွေ ၊ အလှကုန်တွေ၊ အချိန်တွေ၊ ငွေတွေ အများကြီးပေးပြီး အသုံးပြုနေပေမယ့် ဆံပင်ဖြူတာကို ကာကွယ်ဖို့အတွက်တော့ မေ့လျော့နေတတ်ကြပါတယ်..အချိန်က ဆံပင်ရဲ့ အရောင်နဲ့ အရည်အသွေးကို ပြောင်းလဲစေနိုင်ပါတယ်.. ဇရာကို ရှောင်ကြဉ်လို့မရတဲ့အတွက် ဆံကေသာကို အံ့သြဖွယ်ကောင်းလောက်အောင် ကြည့်ကောင်းစေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့အတွက် နည်းလမ်းအချို့ကို သိထားဖို့ လိုအပ်ပါတယ်...

(၁) ဦးရေပြားကို သန့်ရှင်းပါစေ

ဦးရေပြားရဲ့ အရေးကြီးမှုကို မဖော်ပြဘဲနဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့အကြောင်းကို ပြောလို့မရပါဘူး ..ဆံပင်ဖြူတော့မယ် လက္ခဏာတွေထဲက တစ်ခုကတော့ ဆံပင်ပါးလာခြင်းပဲ ဖြစ်တယ်.. ဒါပေမယ့် ဦးရေပြားကို သန့်ရှင်းအောင် ဂရုတစိုက်နဲ့ထိန်းသိမ်းမယ်ဆိုရင်တော့ ပိုမိုကျန်းမာတဲ့ ဆံသားကို ရရှိစေနိုင်ပြီး ဆံပင်ကျွတ်ခြင်းကိုလည်း လျော့နည်းစေပါတယ်..ဦးရေပြားပေါ်က ချွေး ပေါက်တွေကို သန့်ရှင်းနေစေဖို့အတွက် သန့်စင်ရေတမျိုးမျိးနဲ့ ပြုပြင်မွမ်းမံနိုင်ပါတယ်...ဒါမှလည်း နူးညံ့ချောမွတ်တဲ့ ဆံကေသာကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်...

(၂) သန့်ရှုင်းသောအစားအစာကို စားပါ

ဆံပင်အမျိုးအစားအားလုံးအတွက် အရေးကြီးတဲ့အချက်ကတော့ ကျန်းမာရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် စားသောက်ခြင်းပဲဖြစ်ပါတယ်.. ဆံကေသာကို တောက်ပပြီး ဆွဲဆောင်မှု ရှိစေဖို့ အဓိကသော့ချက်ကတော့ သန့်သန့်ရှင်းရှင်း စားသောက်ဖို့ပဲဖြစ်ပါတယ်.. ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်စေဖို့ ပရိုတိန်းနဲ့ဗီတာမင်တို့ကို ပေးစွမ်းနိုင်တဲ့ အစားအစာမျိုးကို စားသုံးသင့်ပါတယ်..ဥပမာ ဆော်လမွန်ငါး ၊ ပဲနီကလေး ၊ ဒိန်ချဉ် ၊ စပျစ်စတဲ့ အစားအစာမျိုးတွေကို စားသုံးနိုင်ပါတယ်..

(၃) အပူအတိုင်းအတာ

ဆံကေသာကို အပူပေးကိရိယာအကန့်အသတ်နဲ့ အတိုင်းအတာတစ်ခုအရ အသုံးပြုခြင်းကလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ.. Dryer ကို ဦးရေပြားနဲ့ ဆံပင်တွေနားကပ်ပြီး အပူပေးအခြောက်ခံလေ့ရှိရင် အဲဒီ အလေ့အကျင့်ဆိုးကြီးကို ဖျောက်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်..ကျွမ်းကျင်သူတွေကတော့ အပူဟာ ဆံပင်ဖြူခြင်းနဲ့ ဆံပင်ပေါက်စေတဲ့ ပရိုတိန်းဥာဏ်ကို လျော့နည်းစေတဲ့ အကြီးမားဆုံးသော အန္တရာယ်ပဲလို့ ပြောပါတယ်.. အပူဟာ ဆံပင်နဲ့ ဦးရေပြားက အစိုဓာတ်တွေအားလုံးကို ဖယ်ရှားသုတ်သင်နိုင်ပါတယ်..ဒါကြောင့် အပူပေး ကိရိယာတွေကို ဆက်တိုက် အသုံးမပြုမိဖို့ အရေးကြီးပါတယ်..

(၄) ခေါင်းဖြီးခြင်း

တစ်နေ့မှာ ဆံပင်ကို အကြိမ် (၁၀၀ ) ဖြီးရမယ် ဆိုတဲ့ ခေတ်မမီတော့တဲ့ဆံပင်ထိန်းသိမ်းနည်းကို ပျိုမေတို့ကြားဖူးမယ်လို့ထင်ပါတယ်.. အဲဒီ ခေတ်ဟောင်း အယူအဆကြီးကို စိတ်ထဲကနေ ဖယ်ထုတ်လိုက်ပါ.. ဘာလို့လဲဆိုတော့ ဆံပင်ကို အလွန်အကျွံဖြီးခြင်းက ဆံပင်ဖြူခြင်းကို အားပေးရာရောက်ပါတယ်..ဆံပင် မကြာခဏဖြီးခြင်းနဲ့ အားပြင်းပြင်း ဖြီးခြင်းတို့က ဆံပင်ရဲ့ အရင်းပိုင်းတွေကို ပျက်စီးစေပြီး ဆံနွယ်ကို အားနည်းစေမှာဖြစ်ပါတယ်.. ဒါပေမဲ့ ဆံကေသာကျန်းမာစေဖို့အတွက် ခေါင်းဖြီးဖို့ လိုအပ်ပေမယ့် အရမ်းပြင်းပြင်း မဖြီးမိစေဖို့နဲ့ အလွန်အကျွံမဖြီးမိစေဖို့ အထူးသတိပြုစေချင်ပါတယ်....


(၅) ဆံပင်ကို ထူထူပွပွနဲ့ ဖောင်းအောင် မလုပ်မိပါစေနဲ့

ဆံပင်ကို ထူထူပွပွဖြစ်အောင် ဖောင်းပွအောင်ပြုလုပ်ခြင်းဟာ ဆံပင်ထူပြီး မြင့်သွားစေပေမယ့် အဲဒီလိုလုပ်ခြင်းဟာ ဆံပင်တွေကို ပျက်စီးစေပြီး ဆံပင်အမြန်ဆုံးဖြူစေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်.. အခုလောလောဆယ်မှာ အဲဒီလိုလုပ်တာ အဆင်ပြေနေပေမယ့် နောက်ပိုင်းမှာတော့ ဆံပင်ကို ပျက်စီးစေပြီး ဆံပင်အဖြူမြန်နိုင်ပါတယ်.. ဒါကြောင့် ဒါကို ကာကွယ်ဖို့ ဆံကေသာစွမ်းအင်ဖြည့်spray တစ်မျိုးမျိုးကို သုံးဖို့ စဉ်းစားသင့်ပါတယ်..

(၆) စိတ်ဖိစီးမှုကို လျော့ချပါ

အသားအရေကစလို့ ဆံကေသာအထိပါ စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်.. စိတ်ဖိစီးမှုရဲ့ အကျိုးဆက်ကတော့ သေချာပေါက် ဆံပင်ဖြူခြင်းကို အားပေးပါတယ်..အခုလို စိတ်ဖိစီးမှုတွေနဲ့ ပြည့်ကျပ်နေတဲ့ ကမ္ဘာမြေကြီးပေါ်မှာ စိတ်ဖိစီးမှုကို လျော့ချပစ်ဖို့အတွက် ခက်ခဲတယ်ဆိုတာကို သဘောပေါက်ပေမယ့် စိတ်ဖိစီးမှုရဲ့ အကျိုးရလဒ်တွေကို ပြောင်းလဲ သွားအောင်တော့ အများကြီးလုပ်လို့ရပါတယ်.. အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်း ၊ Yoga (သို့) တရားထိုင်ခြင်းတွေက ခန္ဓာကိုယ်အတွင်းပိုင်းက စိတ်ဖိစီးမှုတွေကို ပိုမိုလျော့ကျစေဖို့အတွက် ကူညီပေးပါလိမ့်မယ်...

(၇) ဦးရေပြားကို ဂရုစိုက်ပါ

ဦးရေပြားကို သန့်စင်စေခြင်း အားဖြင့် ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်ပါတယ်.. အဲဒါကတော့ ဦးရေပြားကို နှိပ်နှယ်ပေးခြင်း ၊ ဘောက်မရှိအောင် အစိုဓာတ်ကို ရရှိနိုင်အောင် ပစ္စည်းတစ်မျိုးမျိုး သုံးခြင်းဖြင့် ဦးရေကို ဂရုတစိုက်ထိန်းသိမ်းနိုင်ပါတယ်.. အဲဒီလို ပစ္စည်းမျိုးကို အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်သလို အလှကုန်စတိုးဆိုင်တွေမှာလည်းအလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်..ဒါ့ကြောင့် ကောင်းမွန်တဲ့ Treatment တစ်ခုခုကို သုံးပြီး ဆံကေသာအတွက် ကျန်းမာသန်စွမ်းမှုတွေ ပေးစွမ်းလိုက်ပါ...

ဆံကေသာ ပျက်စီးစေနိုင်တဲ့ အရာတော်တော်များများကို ကြိုးစားထိန်းချုပ်လို့ရပါတယ်..ဒါပေမယ့် အသက်အရွယ်ကတော့ ထိန်းချုပ်လို့မရတဲ့ အရာတစ်ခုပါ.. ဆံကေသာ နုပျိုကျန်းမာနေစေဖို့အတွက် ဖော်ပြပါ နည်းလမ်းတွေကို သုံးနိုင်ပါတယ်.. ပြီးတော့ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါ.. ကျန်းမာစေနိုင်တဲ့ နေထိုင်စားသောက်မှုမျိုးကို ထိန်းသိမ်းလိုက်နာခြင်းက ကောင်းမွန်မှုဖြစ်သလို ဆံကေသာအတွက် အကျိုးဖြစ်စေပါတယ်...........။

M Plaza Shopping Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။