FOOD Magazine
..............................................
Jasper House သီးစုံပေါင်မုန့်လိပ်
..............................................
ပါဝင်ပစ္စည်းများ
......................
• ပေါင်မုန့် - ၅ ချပ်
• ငှက်ပျောသီး - တစ်ဝက် (သေးသေးတုံးထားပါ)
• ပန်းသီး - တစ်ခြမ်း (သေးသေးတုံးထားပါ)
• သင်္ဘောသီး - အနည်းငယ် (သေးသေးတုံးထားပါ)
• ကြက်ဥ - ၁ လုံး (ခေါက်ထားပါ)
• နို့ဆီ - အနည်းငယ်
• မရောနိစ် - အနည်းငယ်
• နှမ်း - အနည်းငယ်
• ပျားရည် - အနည်းငယ် (တွဲဖက်ပေးရန်)
• ဆီ - အနည်းငယ်
ပြုလုပ်ပုံ
............
၁။ aပါင်မုန့်ကို တလိမ့်တုံးဖြင့် လိပ်ကောင်းသည့်အရွယ်အထိ
ပါးသွားအောင် တစ်ချပ်ချင်းလှိမ့်ပေးပြီး ပြားထားပါ။
၂။ အတုံးသေးသေးလှီးထားသော သစ်သီးအားလုံးကို
မရောနိစ်နှင့် ရောနယ်ပါ။ ၅ ပုံ ပုံထားပါ။
၃။ပါင်မုန့်တစ်ချပ်ခြင်းစီပေါ်တွင် နို့ဆီဆမ်း
သစ်သီးများတင်၍ လိပ်ထားပါ။
၎။ ပေါင်မုန့်လိပ်များကို မပြေစေရန် သွားကြားထိုးတံထိုးထားပြီး
ကြက်ဥတွင်နှစ်ပါ။
၅။ ထိပ်နှစ်ဖက်တွင် နှမ်းကပ်ပြီး ဆီပူတွင် နှစ်ပြီးကြော်ပါ။
၆။ ပေါင်မုန့်လိပ်များ ရွှေဝါရောင်သမ်းလာလျှင် ဆီမှဆယ်ယူ ဆီစစ်ပြီး
ပျားရည်ဆမ်း၍ သုံးဆောင်နိုင်ပါပြီ။
ဒီလုပ်နည်းလေးကို ပရိသတ်ကြီးလုပ်စားနိုင်အောင်
ဖော်ပြခွင့်ပြုတဲ့ Jasper House ကိုလည်း ကျေးဇူးတင်ပါတယ်။
...........
သစ်ထူး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။