Today Myanmar
တင်းတိပ်တွေ ဘာကြောင့်ဖြစ်ရသလဲ... ဘယ်လိုကာကွယ်မယ်
တင်းတိပ်တွေဟာ နေလောင်ဒဏ်ကြောင့်ဖြစ်သလို ဟော်မုန်းတွေကြောင့်လည်းဖြစ်တယ်... မယ်လနင်ဟော်မုန်းတွေ ပုံမှန်ထက် အထွက်များရင်ဖြစ်တတ်တယ်..
ကာကွယ်ရန်၊ ရှောင်ရှားရန်
(၁) နေရောင်အောက်ကို သွားတဲ့အခါ နေရောင်ခြည်နှင့်ထိတွေ့သည့်အခါ suncreen SPF 20 အထက်ပါတာကိုလိမ်းပါ။ မျက်နှာအားမျက်နှာဖုံးအုပ်ပါ။ ဦးထုပ်ဆောင်းပါ။ ထီးဆောင်ပါ။
...

(၂) မျက်နှာပေါ်တွင် ကုတ်ရာ၊ခြစ်ရာ၊ဒဏ်ရာများရှိပါက ချက်ချင်းပျောက်ကင်းအောင်လုပ်ဆောင်ပါ။ သေချာစွာကုသပါ။
(၃) ကိုယ်ဝန်ဆောင်ချိန်တွင် estrogen ဟော်မုန်းမြင့်မားစွာထွက်ခြင်းကြောင့်ဖြစ်တတ်သည်။
(၄) ပြင်းလွန်းသော အပူချိန်နှင့်ထိတွေ့ခြင်းရှောင်ပါ။
သဘာဝပစ္စည်းများနှင့်ကုသမယ်
- ရှားစောင်းလက်ပတ်နှင့်ပြုလုပ်ထားသော ဂျယ်လ်မျက်နှာလိမ်းအား တင်းတိပ်ရှိသောနေရာတွင်လိမ်းပြီး မိနစ်၃၀ခန့်ထားပါ။ ပြီးလျှင်ရှားစောင်းလက်ပတ်မျက်နှာသစ်ဆေးရည်ဖြင့်ဆေးကြောပါ။
- သခွားသီး(သို့)အာလူးသီးကို သဘာဝအတိုင်း အရည်ညစ်ထုတ်ပြီး လိမ်းပေးပါ။
- ဗံဒါသီးအား နွားနို့ထဲတွင် တစ်ညတာ နှစ်စိမ်ထားပါ။ နောက်ရက်မနက်တွင် ၄င်းဗံဒါသီးအားအခွံနွာပြီး ခြေပါ။တင်းတိပ်ရှိသောနေရာတွင်လိမ်းပြီး မိနစ်၃၀ခန့်ထားပါ။
- ဗံဒါသီးအဆီ၊သံပုရာရည်၊ပျားရည်နှင့် နို့မှုန့်တို့အား အချိုးတူစွာရောပြီး မျက်နှာပေါ်တွင်လိမ်းပါ။ ခြောက်သည်ထိထားပြီးရေဆေးချပါ။
Ref : အလှအပရေးရာဆွေးနွေးကြမယ် (Beauty talk)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။