Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 29, 2013

Kitchen Variety

 
Kitchen Variety
......................
အချိန်တိုတို၊ စရိတ်နည်းနည်း၊ အရသာရှိရှိချက်ကြမယ်
....................................................................
...................................
ငါးကြော်နှပ် (၃ ယောက်စာ)
... ...................................
ဒီလတော့ မြန်မာတွေအကြိုက် ဆီနှစ်ကြော်ထားတဲ့ငါးကို
ပြန်ပြီး စပ်စပ်ကလေးနှပ်ထားတဲ့ ငါးကြော်နှပ်ကို ချက်ပြုတ်နိုင်ဖို့
တင်ဆက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
...................
• ငါးကြင်း - ၃၀ သား
• ကြက်သွန်နီ - ၂ ဥ
• ကြက်သွန်ဖြူ - ၄ တက်
• ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• နံနံပင် - ၂ ပင်
• ဆီ - ၁၀ သား
• ဆား - စိတ်ကြိုက်အရသာအတွက်သင့်ရုံ
• သကြား - အနည်းငယ်
• မန်ကျည်းသီးမှည့် - ကွမ်းသီးလုံးခန့် (ရေနွေးစိမ်ထားပါ)
• ငံပြာရည် - အနည်းငယ်
• နနွင်းမှုန့် - အနည်းငယ်

ပြင်ဆင်ရန်
.............
၁။ ငါးကြင်းကို ဟင်းချက်အတုံးလေးများတုံးပြီး ဆား၊
နနွင်းနယ်ထားပါ။
၂။ ကြက်သွန်ဖြူ၊ အနီတို့ကို ရော၊ ညက်အောင်ထောင်းပြီး
ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောနယ်ထားပါ။
၃။ ဆီကို မီးအလယ်အလတ်နှင့် ဆူအောင်တည်ပေးပြီး
ငါးများရွှေဝါရောင်သမ်းလာသည်အထိ ကြော်ပေးပါ။
ပြီးလျှင် ဆီစစ်ထားပါ။
ချက်ပြုတ်နည်း
..................
၁။ ကျန်သောဆီကို စစ်ပေးပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ နီ၊ \
ငရုတ်သီးမှုန့်အရောတို့ကို ဆီသတ်ပါ။
၂။ နွမ်းလာအောင် ဆီသတ်ပေးပြီး ကြော်ထားသောငါးများ
ထည့်ပြီးလုံးပါ။ နောက်မှ ငါးငံပြာရည်၊ သကြား၊
မန်ကျည်းမှည့်အရည်များထည့်ပြီး အဖုံးအုပ်နှပ်ထားပါ။
၃။ ငါးမိနစ်ခန့်နှပ်၊ အရသာမြည်းကြည့်ပြီး စိတ်ကြိုက်ဖြစ်လျှင်
မန်ကျည်းမှည့်အရသာချဉ်ဖြုံးဖြုံးနှင့် အစပ်ရောသော ငါးကြော်နှပ်ကို
သုံးဆောင်နိုင်ပါသည်။

25 mins / 2000 Ks
..........
သစ်ထူး
..........
See More
FOOD Magazine
Kitchen Variety
......................
အချိန်တိုတို၊ စရိတ်နည်းနည်း၊ အရသာရှိရှိချက်ကြမယ်
....................................................................
................................................
ကြက်သားမျှစ်ချဉ်ချက် (၃ ယောက်စာ)
... ................................................
ဝက်နံရိုး၊ ၀က်သားတို့နဲ့ အများစုချက်စားကြတဲ့
ဟင်းအမယ်ဖြစ်ပါတယ်။ ကျွန်တော်ကတော့
တစ်မျိုးအဆန်းထွင်ပြီး ကြက်သားနဲ့ချက်ကြည့်ချင်ပါတယ်။

ပါဝင်ပစ္စည်းများ
......................
• ကြက်သား (အရိုးအသား) - ၃၀ သား
• မျှစ်ချဉ် - ၁၀ သား (အချဉ်ရည်များညှစ်ထုတ်ပြီး ရေစိမ်ထားပါ)
• ကြက်သွန်နီ - ၂ ဥ (စဉ်းထားပါ)
• ကြက်သွန်ဖြူ - ၃ တက် (စဉ်းထားပါ)
• ငရုတ်သီးစိမ်း - ၅ တောင့် (စဉ်းထားပါ)
• ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငံပြာရည် - လက်ဖက်ရည်ဇွန် ၂ ဇွန်း
• ဆား - သင့်တော်ရုံ (စိတ်ကြိုက်အရသာအတွက်)
• သကြား - အနည်းငယ်
• နနွင်းမှုန့် - အနည်းငယ်
• ရှမ်းနံနံ - ၅ ပင် (ပါးပါးလှီးထားပါ)
• ဆီ - စားပွဲဇွန်း ၁ ဇွန်း
ချက်ပြုတ်နည်း
..................
၁။ ကြက်သားများကို ဟင်းချက်တုံးကလေးများ တုံးထားပြီး
ဆား၊ သကြား၊ နနွင်းမှုန့်တို့ဖြင့် ရောနယ် နှပ်ထားပေးပါ။
၂။ စဉ်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ။
၃။ ကြက်သွန်ခြောက်လာလျှင် ငရုတ်သီး အရောင်တင်မှုန့်ထည့်ပါ။
အားလုံးခြောက်ပြီး ဆီပြန်လာသည်အထိ မွှေပေးပါ။
၎။ ကြက်သားများထည့်ပြီး မွှေပေးပါ။
၅။ ကြက်သားအရောင်ပြောင်းလာပြီး အရည်ထွက်လာလျှင်
ငရုတ်သီးစိမ်း၊ မျှစ်ချဉ်များထည့်ပေးပြီး ရေမြှုပ်ရုံထည့် အဖုံးအုပ်ပြီး
(၁၅)မိနစ်ခန့် တည်ထားပေးပါ။
၆။ ကြက်သားဆီပြန်၊ အရေကျန်အခြေအနေတွင် ဟင်းကို မြည်းကြည့်ပြီး
အငန်အတွက် ငံပြာရည်သုံးပြီး စိတ်ကြိုက်ဖြစ်လျှင် ပါးပါးလှီးထားသော
ရှမ်းနံနံထည့်ပြီးမီးဖိုမှ ချနိုင်ပါပြီ။
20 mins / 2600 Ks
..........
သစ်ထူး
..........

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။