Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 29, 2013

ကျမတို့ နှင့် Facebook

 

ကျမတို့ နှင့် Facebook
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အရမ်းချစ်ပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေကို ကျမစေတနာနဲ့ အကောင်းဆုံး အကြံပေးချင်တာကတော့ လက်တွေ့ဘာမှမလုပ်ဘဲ Facebook ပေါ်ကနေ သူများတွေကို ဝေဖန် ပုတ်ခတ် မြှောက်ထိုး ပင့်ကော် သွေးထိုးတာတွေ လုပ်နေကြမဲ့ အစား အခုမိုးရာသီမှာ နိုင်သလောက် သစ်ပင်လေးတွေ စိုက်ပေးကြပါလားလို့။ နိုင်ငံ နဲ့ လူမျိုးအတွက် လက်တွေ့အကျိုး ရှိမဲ့ ကိစ္စပါနော်။
သူတစ်ပါးကို အပြစ်ပြောချင်ေ...နတဲ့ စိတ်တွေရော၊ သူတစ်ပါးကို မုန်းတီးနေတဲ့ စိတ်တွေရောလျော့ပါးသွားမှာလ ည်း အသေအချာပါ။မေလ ၅ရက်နေ့က နာရေးကူညီမှုအသင်းမှာလုပ်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိန်းအမှတ်ဟောပြောပွဲမှာ အိပ်မက်သေးသေးမက်ရအောင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာအော်ပီကျယ် ဟောပြောသွားတဲ့ အထဲမှာ လွန်ခဲ့တဲ့ ၄, ၅နှစ်က ဆရာတက်ခဲ့ဖူးတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ တစ်ခြားလူကြီးတွေရော၊ နိုင်ငံခြားသားတွေရောက မြန်မာပြည်မှာ မသုံးသေးတဲ့ မြင်တောင် မမြင်ဘူးသေးတဲ့ လျှပ်စစ်ဓါတ်အားထုတ် လေဒလက်ကြီးတွေ အကြောင်းဆွေးနွေးနေစဉ်မှာ အသက် ၂၀သာသာရှိသေးတဲ့ မြန်မာလူငယ်ကလေးတစ်ဦးက သူကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ သူစားပြီးသမျှ သရက်သီးအစေ့တွေကို အိုးကလေးတွေနဲ့ ပျိုးပြီး ကြုံရာ ရောက်ရာ ကျောင်းတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ စိုက်ပါတယ်။ ပြီးရင် အဲဒီမှာရှိတဲ့ တာဝန်ယူနိုင်သူတွေကို အပင်လေးတွေသေမသွားအောင် စောင့်ရှောက်ဖို့ အပ်နှံပါတယ်။ စောင့်ရှောက်ခအဖြစ် ရောက်တိုင်းအပင်လေးတွေကိုသွားကြည့်ပြီး ၂၀၀၀၊ ၃၀၀၀ ကျပ်ပေးပါတယ်တဲ့။ ဒီလူငယ်ကလေးရဲ့ အိပ်မက်သေးသေးလေးဟာ လူတိုင်းမက်နိုင်တဲ့ မက်သင့်တဲ့ အိပ်မက် ကလေးပါ။ ကျမပြောချင်တာက Facebook ကို အဆိုးမြင်လို့၊ Facebook ကို မသုံးဖို့ မဟုတ်ပါဘူး။ Facebook ဟာလည်း ခေတ်ရေစီးကြောင်းနဲ့ အတူမျောပါလာတဲ့ ကျမတို့ ရှောင်လို့မရတဲ့ လောကဓံ ၀ိပါက၀ဋ် တွေထဲက တစ်ခုပါဘဲ။ ကျမတို့လို ပုထုဇဉ်တွေ အနေနဲ့ကလည်း ၀ိပါက၀ဋ်ကို အမှီပြုပြီး ဖြစ်လာမဲ့ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်တွေကိုလည်း မဖြတ်တတ်၊ မဖြတ်နိုင်ကြသေးတော့ အရေးအကြီးဆုံးက အကုသိုလ်စိတ်တွေနဲ့ အကုသိုလ်အပြောတွေ၊ အကုသိုလ်အလုပ်တွေ မတွေးမိ၊ မပြောမိ၊ မလုပ်မိ ကြဖို့ ကိုယ့်ကိုယ်ကို သတိနဲ့ ပြန်စောင့်ရှောက်နေဖို့ပါဘဲ။ အဲဒီလို ကိုယ့်ကိုယ်ကို သတိနဲ့ ပြန်စောင့်ရှောက်နေခြင်းဟာ တကဲ့အရှိ ပရမတ္ထသဘောတရားတွကို မရှုမြင်တတ်သေးတဲ့ သူအတွက်တော့ ၀ိပဿနာ သတိပဌါန်ရဲ့ အခြေခံ သင်္ခန်းစာလေးကို လက်တွေ့စတင်လုပ်ကိုင်ဖြစ်နေတာပါ။ ပုထုဇဉ်စိတ်ဆိုတာ ရဟန္တာစိတ်တွေလို ကုသိုလ်လည်းမမြောက်၊ အကုသိုလ်လည်းမမြောက်တော့တဲ့ ကြိယာစိတ်ဖြစ်နိုင်သေးတာ မဟုတ်တော့၊ ကုသိုလ်စိတ် မမွေးနိုင်ရင် အကုသိုလ်စိတ်က အလိုအလျှောက်ဖြစ်ပြီးသားဘဲ။ ဘာကိုမှသတိမထားဘဲ သတိ လက်လွတ်နေနေတာကိုက အကုသိုလ်မောဟထဲကျနေပြန်ရောတဲ့။ ကျမတို့လေ ကျမတို့လူမျိုးနဲ့ ကျမတို့နိုင်ငံအပေါ်မှာ ဘယ်လောက်ကောင်းစေချင်တဲ့ စေတနာထားတယ်ဆိုတာ ကျမတို့ရဲ့ လုပ်ရပ်တွေက သက်သေပြနေပါတယ်။ အခုလည်း စေတနာစကားပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှန်ရင် ကံကံ၏အကျိုးကိုယုံရင် ကိုယ်လုပ်တဲ့ အကုသိုလ်ဟာ အဦးဆုံးကိုယ်ဘဲပြန်ခံရမှာကိုတော့ နားလည်မှာပါ။ ပြီးရင် ကိုယ်လုပ်လိုက်တဲ့ အကုသိုလ်ဝိပါက၀ဋ်ကို ၀ိပါက၀ဋ် သက်သက်ရယ်လို့ နားမလည်နိုင် လက်မခံလိုက်နိုင်လို့ အကုသိုလ်ကိလေသ၀ဋ်(အကုသိုလ်စိတ်)၊ အကုသိုလ်ကမ္မ၀ဋ် (အကုသိုလ်အပြော၊ အကုသိုလ်အလုပ်)တွေနဲ့ တုန့်ပြန်မိတဲ့သူတွေမှာလည်း အကုသိုလ်ကံသတ္တိတွေစုမိသွားပါပြီ။ ဒီလိုနဲ့ဘဲ ကျမတို့ မြန်မာလူမျိုးတွေဟာ ကံဆိုးတဲ့လူမျိုး၊ ကံညံ့တဲ့လူမျိုး၊ ကံမကောင်းတဲ့ လူမျိုးဘ၀ကမတက်လှမ်းနိုင် ဖြစ်နေကြရပါဦးမယ်။ ဗုဒ္ဓမြတ်စွာဘုရားက အတ္တဟိ၊ အတ္တနော၊ နာထော - သူတစ်ပါးကို အားကိုးလို့မရပါဘူး၊ ကိုယ့်ကိုယ်ဘဲ အားကိုးပါ လို့ ဆိုဆုံးမခဲ့ပါတယ်။ ကျမတို့လည်း မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း သူတစ်ပါးကို မကျေမနပ်နဲ့ ဝေဖန် ပုတ်ခတ် ပြောဆိုနေကြမဲ့ အစား၊ သူတစ်ပါးကို အားမလို အားမရနဲ့ မြှောက်ထိုး ပင့်ကော် သွေးထိုး လှုံ့ဆော်နေကြမဲ့ အစား ကိုယ့်ကိုယ်ကိုသတိလေး ဦးဆောင်ပြီး ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာလေးထဲကနေ တိုင်းပြည်နဲ့ လူမျိုးအတွက်၊ ဖြစ်နိုင်ရင်တော့ ကမ္ဘာကြီးနဲ့ သတ္တ၀ါတွေအတွက် အကောင်းဆုံးလေးတွေရွေးပြီး စည်းစည်းလုံးလုံး တက်ညီလက်ညီ ဖြည့်ဆည်းသွားကြပါစို့လား။ ဒါဆိုရင် ကမ္ဘာမှာ မြန်မာဟာ အဆင့်အတန်းမြင့်တဲ့ လူမျိုးအဖြစ် ခေါင်းမော့လာနိုင်မှာပါ။ ဇွဲရှိပြီး စိတ်တော့ရှည်ရမှာပေါ့။ တန်ဖိုးကြီးတဲ့ အရာတိုင်းဟာ လွယ်လွယ်တော့မရနိုင်ပါဘူး။

ရွှေဇီးကွက်

မူရင်း မြင့်မြင့်ခင်ဖေ
လေးစားစွာမျှဝေပါတယ်။
14.6.2013

မူရင်းလင့် https://www.facebook.com/notes/myint-myint-khin-pe/ကျမတို့-နှင့်-facebook/10201411784039052

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။