Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 26, 2015

အမှန်တရားအတွက် ပဟေဠိဖြစ်နေဆဲ ကျောက်တန်းမြို့နယ်မှ အမျိုးသမီးသေဆုံးမှု၏ နောက်ကွယ်


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ကြိုးဆွဲချ သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော အမျိုးသမီးတစ်ဦး သေဆုံးမှုမှာ သာမန်အတိုင်း မိမိကိုယ်ကိုယ်ကို သတ်သေခြင်း မဟုတ်ပဲ အသတ်ခံရ၍ သေဆုံးသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူမှ ပြောကြားခဲ့သည်။


အဆိုပါ အမျိုးသမီးမှာ သန်လျင်၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာတွင် နေထိုင်သူ ဖြစ်ကာ ၂၀၁၅ နိုဝင်ဘာ၁၁ရက် နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်စဉ်၏နောက်ကွယ်

“အခင်းဖြစ်တဲ့နေ့ နေ့လည် ၁၂ နာရီလောက်မှာ ကျွန်တော် မြို့တော်ခန်းမ ဘက်ရောက်နေတဲ့အချိန် ကျွန်တော့်ညီမရဲ့ အမျိုးသားကနေပြီးတော့ မင်းညီမ ဘုရားစင်ရှေ့မှာ အမောဖောက်ပြီး မှောက်လျက်သား တွေ့တယ်လို့ ဖုန်းဆက်ပြောလို့ ကျွန်တော်လည်း ငါ့ညီမ အကောင်းကြီး ဘယ်လိုဖြစ်တာလဲဆိုပြီး ဆေးရုံပို့ဖို့ပြောတယ်။ နောက် ငါးမိနစ်အကြာမှာ ပြန်ဆက်လိုက်တော့ ဆေးရုံသွားနေပြီိလို့ ပြန်ပြောတယ်။ နောက်ငါးမိနစ် ကြာတဲ့အချိန်မှာ ပြန်ဆက်တော့ မင်းညီမ မရတော့လို့ အိမ်ပြန်ပို့နေတယ်လို့ပြောပြီး ဖုန်းကျသွားတာ။ အဲဒီကနေစပြီး သူတို့ကို ဖုန်းခေါ်လို့ မရတော့ဘူး”ဟု သေဆုံးသူ မစန်းစန်းအေး (ခ) မစန်းစန်းဝင်း(ခ) လသာမာ၏ အစ်ကိုဖြစ်သူ ကရစ်ရှနာဆာမိ (ခ) မြင့်ကျော်က ပြောသည်။

ဘေးအိမ်ကပြောမှ သေဆုံးပြီဟုသိရ

ဖုန်းခေါ်ဆို၍ မရသောကြောင့် ကိုမြင့်ကျော်မှာ ၄င်း၏ညီမ နေထိုင်ရာ ကျောက်တန်းသို့ လိုက်သွားခဲ့ပြီး ကျောက်တန်း နေအိမ်သို့ ရောက်ရှိချိန်၌ အိမ်တံခါးမှာ သော့ပိတ်ထားကြောင်း၊ ထိုအချိန် ဘေးအိမ်မှ အမျိုးသမီး ထွက်လာပြီး ကျွန်တော်၏ ညီမဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း၊ ၄င်းအလောင်းအား ယောက်ဖဖြစ်သူ၏ ညီအိမ်၌ နာရေးကိစ္စများလုပ်ရန် ပြင်ဆင်နေကြောင်း ပြောဆိုမှုကြောင့် အဆိုပါအိမ်သို့ လိုက်သွားခဲ့သည်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

“ကျွန်တော့်ညီမ မသေဆုံးခင် နိုဝင်ဘာ ၁၀ရက်နေ့က အိမ်မှာ ကျွန်တော်တို့ ဟိန္ဒူရဲ့ ဒီပါဝလီပွဲတော် ကျင်းပတယ်။ ကျင်းပတော့ ကျွန်တော့်ညီမနေတဲ့ သန်လျင်ကနေ ကျွန်တော့်အိမ် တောင်ဒဂုံကို သူ့ကလေး နှစ်ယောက်နဲ့ လာကြတယ်။ ဒီပါဝလီပြီး နောက်နေ့မှာ သူ့အမျိုးသား (ပန်ချာ(ခ)မြင့်မောင်) ကျွန်တော့် ယောက်ဖက မင်းညီမကို ချက်ချင်း ပြန်ပို့ပေးပါဆိုပြီး ကျွန်တော့်ဆီ ဖုန်းဆက်လို့ နောက်နေ့မှာ ကလေးတွေထားပြီး ညီမပြန်သွားရာကနေ အခုလို သေဆုံးခဲ့ရတာ”ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကရစ်ရှနာဆာမိ (ခ) မြင့်ကျော်က ပြောသည်။

မသေဆုံးခင် နံနက်တွင် သေဆုံးသူအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရဟုဆို

သေဆုံးသူ မစန်းစန်းဝင်းမှာ အခင်းဖြစ်သည့် နံနက်မှာပင် အကိုဖြစ်သူထံ ဖုန်းဆက်၍ သူ၏ယောက်ျားနှင့် ညီအစ်ကိုနှစ်ယောက်မှ ပါးနှစ်ချက်ရိုက်ကြောင်း၊ သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်နေကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သော်လည်း ညီမဖြစ်သူ၏ အိမ်ထောင်ရေးတွင် ၀င်ရောက် မစွက်ဖက်လို၍ သွားရောက်ခေါ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်းလည်း ကိုမြင့်ကျော်က ပြောပြခဲ့သည်။

“ကျွန်တော့်ညီမရဲ့ အလောင်းကို ကျွန်တော် သေချာကြည့်မယ် ဆိုပြီးတော့ ဖယ်လိုက်တဲ့အချိန် ယောက်ဖဖြစ်သူနဲ့ သူ့ရဲ့ညီအစ်ကိုတွေက မကြည့်ဖို့ပြောပြီး ကျွန်တော့်ကို ထိုးမယ် ကြိတ်မယ်တောင် လုပ်လိုက်သေးတယ်။ ကျွန်တော်လည်း မသင်္ကာတာနဲ့ ဖယ်ကြည့်လိုက်တော့ ညီမဖြစ်သူရဲ့ လည်ပင်းမှာ ညိုမည်းစွဲနေတဲ့ ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်။ ဒါဘာလို့ဖြစ်တာလဲလို့ မေးတဲ့အခါကျတော့မှ သူ့ကိုယ်သူ ကြိုးဆွဲချသေတယ်လို့ ယောက်ဖက ဖြေခဲ့တယ်။ ကျွန်တော်ကလည်း စောစောကပြောတော့ အမောဖောက်တယ်ဆိုပြီး ခုဘယ်လိုဖြစ်လို့ ကြိုးဆွဲချ သေရတာလဲလို့ မေးပြီး ချက်ချင်း ဆေးရုံပို့ဖို့ စီစဉ်လိုက်တယ်”ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

သတ်သေတာလား၊ အသတ်ခံရတာလား

အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခွင့် မရ၍ ကျောက်တန်း ဆေးရုံကြီး၌ ခွဲစိတ်ရန်ဆေးရုံကို ပို့ဆောင်စဉ် ညီမဖြစ်သူ မစန်းစန်းဝင်း၏ ခန္ဓာကိုယ်ပေါ်တွင် လည်ပင်း၊ နားနောက်၊ ၀မ်းဗိုက်နှင့် ချက်ဘေးနားများတွင် ညိုမည်းစွဲဒဏ်ရာများစွာ တွေ့ရှိခဲ့ရကြောင်း၊ ထို့နောက် အလောင်းအား စစ်ဆေးရာ၌ ကြိုးဖြင့်လည်ပင်းအား ညှစ်ခြင်းကြောင့် အသက်ထွက်သွားခြင်း ဖြစ်နိုင်သည်ဟု ဆရာဝန်ကြီးက ပြောကြားခဲ့ကြောင်းလည်း ကိုမြင့်ကျော်ထံမှ သိရသည်။

“ကျွန်တော့်ညီမရဲ့ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား၊ အသတ်ခံရလို့ သေတာလား ဆိုတာကို ဘာမှမထင်မရှား ဖြစ်နေတဲ့အချိန် သတင်းစာတစ်စောင် ကနေပြီးတော့ မိမိကိုယ်ကို ကြိုးဆွဲချပြီး သေဆုံးတယ်လို့ ရေးလိုက်တယ်”ဟု ကိုမြင့်ကျော်က ဆက်၍ပြောသည်။

တရားဥပဒေစိုးမိုးမှု အမှန်အတိုင်းဖြစ်စေလို
“သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း ဒီအမှုအပေါ်မှာ အမှုဖွင့်ချင်တာတောင်မှ အမှုဖွင့်ခွင့် မပေးဘူး။ ကျွန်တော့်ညီမရဲ့ အမျိုးသားကိုပဲ ခေါ်စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်တော့်ညီမ သေဆုံးတာနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ဖြစ်ချင်တယ်။ တရားဥပဒေ စိုးမိုးမှုကိုလည်း အမှန်အတိုင်းဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု မစန်းစန်းဝင်း (ခ) မစန်းစန်းအေး (ခ) လသာမာ သေဆုံးမှုနှင့် ပတ်သက်ပြီး အလောင်းအား မှုခင်းဆရာဝန်ကြီးများ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အလောင်းအပေါ် မှတ်ချက်ပြုထားသည့် ဆေးစာ ရရှိပြီးဖြစ်သောကြောင့် ကျောက်တန်းမြို့နယ် တရားသူကြီးထံသို့ ပေးပို့ထားပြီး တရားသူကြီးမှ အမှုအား စစ်ဆေးနေကာ ၄င်းအဆုံးအဖြတ်ပေါ် မူတည်၍ ပုဒ်မများ ထပ်မံတိုးသွားမည်ဖြစ်ပြီး တရားခံဟု ယူဆထားသူများကိုလည်း ဖမ်းဆီးစစ်ဆေးသွားမည်ဟု ကျောက်တန်း မြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။

လက်ရှိအချိန်တွင် မစန်းစန်းဝင်း(ခ) မစန်းစန်းအေး(ခ) လသာမာ သေဆုံးမှုနှင့် ပတ်သက်ပြီး ကျောက်တန်း မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၂၀/၂၀၁၅)ဖြင့် အမှုဖွင့်ထားပြီး ကျောက်တန်း မြို့မစခန်းမှူး ဦးတင်ထွေးမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ဇေယျာ

Search Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။