Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 26, 2015

မထင်မှတ်တဲ့လက်ဆောင်



 ကောင်လေးတစ်ယောက်ကို ၁၉၃၅ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့မှာ မွေးဖွားခဲ့တယ်။ တကယ်တမ်းမှာ ကောင်လေးရဲ့မေမေက အမြွာပူးလေးမွေးမှာပါ။ ဒါပေမယ့် ပထမအမြွာက မွေးဖွားပြီးသိပ်မကြာခင်မှာ သေဆုံးသွားတဲ့အတွက် ကောင်လေးတစ်ယောက်ပဲ တစ်ဦးတည်းသောသားအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ကောင်လေးရဲ့မိဘတွေက ဘုရားကျောင်းသွားတိုင်း ကောင်လေးကို အမြဲခေါ်သွားတတ်ခဲ့တယ်။ ကောင်လေး ၂နှစ်အရွယ်မှာ ဘုရားကျောင်းစတိတ်စင်ပေါ်တက်တက်ပြီး အများအတွက် ဓမ္မတေးသီချင်းတွေဆိုတတ်ခဲ့တယ်။ ၁ဝနှစ်အရွယ်မှာ က…စားဥယျာဉ်တစ်ခုရဲ့အဆိုပြိုင်ပွဲတစ်ခုမှာ သူပါဝင်ယှဉ်ပြိုင်ခဲ့လို့ ဆုကြေးငွေ ၅ဒေါ်လာနဲ့ ကစားကွင်းဝင်ခွင့်လက်မှတ်တစ်စောင် ရခဲ့ပါတယ်။


တစ်ခုသောခရစ္စမတ်အချိန်ကာလမှာ ကောင်လေးက ခရစ္စမတ်ဘိုးဘိုးဆီက သူ့မွေးနေ့လက်ဆောင်အတွက် စက်ဘီးတစ်စီးလက်ဆောင်ရဖို့ မျှော်လင့်ခဲ့ပါတယ်။ တကယ်တော့ ခရစ္စမတ်ဘိုးဘိုးက ကောင်လေးရဲ့ဖခင်ပဲဖြစ်ပါတယ်။
ကောင်လေးရဲ့မျှော်လင့်ချက်ကို ပြည့်ဝစေချင်ပေမယ့် စက်ဘီးတစ်စီးကို ဖခင်ဖြစ်သူက မဝယ်ပေးနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ အဟောင်းဆိုင်တစ်ဆိုင်ကနေ ၁၂ဒေါ်လာကျော်တန် ဂီတာတစ်လက်ကိုတွေ့ခဲ့လို့ ကောင်လေးအတွက်ဝယ်ပေးဖို့ ဖခင်ကဆုံးဖြတ်လိုက်တယ်။ ဒီ ၁၂ ဒေါ်လာကတန်ဖိုးမများပေမယ့် ဖခင်အတွက်တော့ ကိန်းကြီးဂဏန်းကြီးပါ။
ကောင်လေးရဲ့ဖခင်ဟာ ၈ဒေါ်လာတန်ငွေအတုလုပ်မှုနဲ့ ထောင်ကျခဲ့ဖူးပါတယ်။ တန်ဖိုးကြီးပေမယ့် ကောင်လေးရဲ့ ၁၁နှစ်မြောက်မွေးနေ့အတွက် ဂီတာကိုဝယ်ဖို့ ဖခင်ဆုံးဖြတ်ခဲ့ပါတယ်။

စက်ဘီးလက်ဆောင်မရခဲ့ဘဲ ဂီတာတစ်လက်ပဲရခဲ့ပေမယ့် ကောင်လေးစိတ်မပျက်ခဲ့ပါဘူး။ အဲဒီဂီတာကို အသုံးပြုပြီး ဖခင်ဆီကနေ သူဂီတာစတီးသင်ခဲ့ပါတယ်။ အဲဒီကမှ အနုပညာလမ်းကြောင်းပေါ် သူစလျှောက်လှမ်းခဲ့ပါတယ်။ သူကြီးပြင်းလာတဲ့နောက် သီချင်းခွေ ၁၅ဝခွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

သူ့သီချင်း ၁၄၉ပုဒ်က တော့ပ်လစ်စ်ထဲမှာပါဝင်ခဲ့ပါတယ်။
သီချင်း ၁၇ ပုဒ်က ပထမလစ်စ်နေရာမှာရှိခဲ့ပါတယ်။
အဲဒီ ပထမလစ်စ်သီချင်းတွေက ရက်သတ္တပတ် ၇၉ပတ်ကြာမျှ စံချိန်တင်ခဲ့ပြီး သမိုင်းနံပါတ်တစ်ဖြစ်ခဲ့ပါတယ်။
Grammyဆု ၁၄ကြိမ် ဇကာတင်ရွေးချယ်ခံခဲ့ရပြီး ၃ ကြိမ်ရရှိခဲ့ပါတယ်။
သူ့အသက် ၃၆နှစ်မှာ တစ်သက်တာGrammyဆုကို ရရှိခဲ့ပါတယ်။
ဂီတသမိုင်းမှာ အခွေပေါင်း သန်းတစ်ထောင်ရရောင်းသူအဖြစ် ဒုတိယအရောင်းရဆုံးစံချိန်တင်ခဲ့ပါတယ်။ (ပထမအရောင်းရဆုံးစံချိန်တင်ခဲ့သူက Beatles ဖြစ်ပါတယ်)
သူဟာ ရုပ်ရှင် ၃၃ကားရိုက်ကူးခဲ့ပြီး ကားတိုင်းရုံပြည့်စံချိန်တင်ခဲ့ပါတယ်။

အမေရိကန်စာတိုက်ဌာနက သူ့အမှတ်တရ တံဆိပ်ခေါင်းနှစ်မျိုး ထုတ်ဝေခဲ့ပါတယ်။ အဲဒီတံဆိပ်ခေါင်းတွေကို သန်းတစ်ထောင်ကျော်ပုံနှိပ်ဖြန့်ချီခဲ့ပါတယ်။ စာတိုက်လောကမှာ အရောင်းရဆုံး တံဆိပ်ခေါင်းအဖြစ် စံချိန်တင်ခဲ့ပြန်ပါတယ်။

ကိုယ့်မွေးနေ့မှာ ကိုယ်လိုချင်တဲ့လက်ဆောင်ပစ္စည်းမရခဲ့ဖူးတဲ့ ၁၁နှစ်အရွယ်ကောင်လေးက နောင်တစ်ချိန် ဂီတလောကမှာ The King of Rock and Roll အဖြစ် နာမည်ကြီးထင်ရှားခဲ့တဲ့ Elvis Presley ပဲဖြစ်ပါတယ်။

လူတွေကပြောကြပါတယ် “ဘုရားသခင်က တံခါးတစ်ချပ်ကို ပိတ်လိုက်ရင် သင့်အတွက်နောက်တစ်ချပ်ကို ဖွင့်ထားပေးတတ်ပါတယ်”တဲ့။ တကယ်တော့ လောကကြီးမှာ တံခါးချပ်တွေကအများကြီးပါ။ သင်ကိုယ်တိုင် သွားရောက်ဖွင့်တတ်ဖို့၊ လျှောက်လှမ်းတတ်ဖို့လည်း လိုပါတယ်။ ဘုရားသခင်က သင့်အတွက် တံခါးတစ်ချပ်ဖွင့်ထားပေးပြီး အဲဒီတံခါးထဲ သင်လျှောက်လှမ်းမဝင်ရောက်ရင်လည်း ဘာမှထူးလာမှာမဟုတ်ပါဘူး။ ရဲရဲသာ ဝင်လျှောက်ပါလေ… မထင်မှတ်တဲ့လက်ဆောင်တွေကို အဲဒီတံခါးပေါက်ထဲမှာ သင်တွေ့ကောင်းတွေ့ပါလိမ့်မယ်။


“ဒီကနေ့၊ ရက်ပေါင်း ၃၆၆ရက်၊ တစ်နေ့ တံခါးတစ်ချပ်ဖွင့်ပါ ” ဆိုတဲ့ စာအုပ်ထဲကဖြစ်ပါတယ်။

မူရင်းရေးသားသူ — Hǎo guǎng cái

နိုင်းနိုင်းစနေ .

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။