Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 26, 2015

မီးစတစ်ဖက် ..... ...။ရေမှုတ်တစ်ဖက်.......။"

မီးစတစ်ဖက် ..... ...။ရေမှုတ်တစ်ဖက်.......။"
@@@@@@@@@@@@@@@@@@@@@@

ညက ဆယ့်တစ်နာရီကျော်ကျော် က စလို့... ... ... ။
သူတို့ Channel ( 3 ) ကထုတ်လွှင့်နေသော သတင်းတွေမှာ
သူတို့နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသော
မိမိနိုင်ငံသား အချို့ကိုလိုက်လံဖမ်းဆီးနေသည့်သတင်းများ ထုတ်လွှင့်နေသည်။
သူတို့ စစ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်နေသော
သူတို့မြေမှာ ဆန္ဒပြခွင့်မပြုကြောင်း သတိပေးနေသည် ......။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏
အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးက
သူတို့ဝန်ကြီးချုပ်ကိုတွေ့ခွင့်တောင်းသည် ။
သူတို့က ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့်ပေးတွေ့သည်။
ထိုင်းး တီဗီများတွင် တစ်ညလုံးနှင့် သည်မွန်းလွှဲပိုင်းအထိ
သံအမတ်ကြီးနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီး ပန်နာဒါ တွေ့ဆုံမှုသတင်းအား ဖော်ပြနေသော်လည်း
မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံသားများကို အကာကွယ်ပေးရန် ၊
သူတို့နိုင်ငံထဲမှာ ဆန္ဒမပြရန် ၊
ဥပဒေအရနောက်ထပ်အဆင့်များ ကျန်နေသေးကြောင်းသိရှိထားရန်တို့ကိုသာ
အထပ်ထပ် Highlight လုပ်သွားခဲ့သည်။
*** *** **
သံအမတ်ကြီး ဦးဝင်းးမောင်က ဝိုင်းဝိုင်းလည်နေသော
ထိုင်းမီဒီယာများကြားတွင်
မြန်မာနိုင်ငံသား နှစ်ဦး အား သေဒဏ်ချမှတ်လိုက်ခြင်းအပေါ်
သမ္မတကြီးအနေဖြင့်အံဩမိကြောင်း တည်တည်ငြိမ်ငြိမ်
ပြောပြနေတာတွေ့လိုက်ရသည် ။
သံအမတ်ကြီးက ထိုင်းတရားစီရင်ရေးကို ဝင်ရောက်စွတ်ဖက်လိုခြင်းမရှိသော်လည်း
အမှုစစ်ဆေးမှုကိုစောင့်ကြည့်နေသည့် မြန်မာ ပြည်သူများ၏ခံစားချက်ကို ထောက်ရှုပြီး
ထိုင်းအစိုးရအဖွဲ့မှ ဖြစ်သင့်သည်များကိုသုံးသပ်ဆောင်ရွက်ပေးသွားရန်
တရားမျှတမှုကိုအလေးအနက်ထားရန် ပြောသွားခဲ့သည် ။
----------- ---------- -----------------------------

သည်လိုမေတ္တာရပ်ခံမှုမျိုး မိမိတို့နိုင်ငံလူကြီးများ ....။
သူတို့အာဏာသိမ်းစစ်ခေါင်းဆောင်ဝန်ကြီးချုပ်ထံ ... ။
အကြိမ်ကြိမ်သွားရောက်ပြောကြားခဲ့ပြီးလည်းဖြစ်သည်... ။
ကျနော်တို့သမ္မတကြီးကိုယ်တိုင်ပြောသည် ။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်ပြောသည် ။
လွှတ်တော် နှစ်ရပ်၏ ဥက္ကဌများ သွားရောက်မေတ္တာရပ်ခံသည်။
ရှစ်လကျော်ကြာ မျောပါနေခဲ့သော သည်အမှုမှာ မျက်မြင်သက်သေမရှိ။
DNA ချင်းမတူ။
လူငယ်လေး နှစ်ဦး၏ တရားရုံးထွက်ချက်များကို အလေးမထားပဲ
သူတို့ရဲတပ်ဖွဲ့၏ ခြိမ်းခြောက်နှိပ်စက်မှုများအောက်မှာ ကနဦးထွက်ဆိုချက်များကိုသာ
မရ အရ ပုံဖော်သည်။
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ပူးပေါင်းအဖွဲ့များနှင့်
စုပေါင်းအဖြေရှာရမည်ဖြစ်သော်လည်း
အမိန့်ချမှတ်လိုက်သည့်တိုင်....။
သည်အမှုအပေါ်မှာ ပူးပေါင်းစစ်ဆေးအပ်သည့်
ပူးပေါင်းအဖွဲ့  Investigator များး မပါလာ ... ။
CID မပါ .......။
မှုခင်းဆရာဝန်များမပါ ,,,,,။
ရှေ့နေရှေ့ရပ် သုံးသပ်ချက်များမပါ ....။
ရဲအကြီး ,,,,။ ရဲအလတ် ...။ ရဲအငယ် ....။
ရဲပေါင်းစုံ၏ ထွက်ချက်များဖြင့်သာ ပုံဖော်သွားသည် ....။
ဒါ ..... Fair Justice တဲ့လား ......
ထိုင်းနိုင်ငံရေ .......။
*** *** ***

သူတို့တွေလူမိုက်ဆန်ဆန် ....။
ဇာတ်လမ်းတွဲတစ်ခု Setting ချသွားခြင်းကိုမြင်ရတော့ ...
ကျနော့စိတ်တွေ ....။
လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကျော်ကိုပြန်ရောက်သွားသည်.....။
"မင်းတို့တွေ သည်းညည်းခံကြ ...။
သူတို့ကတော့ အမြဲ မီးစတစ်ဖက်... ရေမှုတ်တစ်ဖက်ပဲ ...."
ဟု ကျနော်တို့လူကြီးများ Briefing မှာ ပြောကြားဖူးသည်များကိုပြန်လည်ကြားယောင်မိသည် ...။
ထိုစဉ်က ......။
တပ်မတော်ဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်
တပ်မတော်ထောက်လှမ်းရေးမှူးချုပ်တို့သည် .....။
သူတို့၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ်လစီကြောင့် မကြာခဏခေါင်းခဲရသည် ...။
သူတို့ က သည်မှာ ရွှန်းးရွှန်းးဝေအောင် လာလာပြော ... ။
ဟို ရောက်တော့ တလွဲ ... ။
အမြဲလိုလို လုပ်တတ်သည် ... ။
ကျနော်တို့လူကြီးများက နှစ်နိုင်ငံချစ်ကြည်ရေးကို အမြဲအလေးထားသည် ...။
သူတို့ထဲမှာ အလုပ်သွားလုပ်နေသောနိုင်ငံသားများ .....၊
နယ်စပ်ရှိနိုင်ငံသားများ၏ လုံခြုံရေးး ကို အမြဲထည့်စဉ်းစားသည်...။
ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေရန် အမြဲလိမ္မာပါးနပ်စွာကိုင်တွယ်သည် ...။
*** *** ***

သူတို့အသက်ရှင်နေရသော နယ်စပ်ဂိတ်များကို ဖွင့်လိုက် ပိတ်လိုက်လုပ်ခြင်းဖြင့် ခြောက်လှန့်ရသည်...။
သည်မနက်ပဲ နယ်စပ်ဂိတ်အချို့စပိတ်ပြီဟုကြားရသည် ....။
သူတို့စားစရာမရှိလျှင် သူတို့လူတွေသူတို့အစိုးရကို ငြိုငြင်လာလိမ့်မည်။
တောင်းဆိုလာလိမ့်မည် ။ လုပ်ငန်းရှင်တွေ ဒုက္ခရောက်လိမ့်မည် ။
လုပ်ငန်းရှင်ဆိုသည်မှာလည်း သူတို့ဗိုလ်ချုပ်ကြီးများသာဖြစ်သည် ....။
*** *** ***

ကျနော်မနှစ်က ... ။
ဗန်ကောက်သွားတော့ ... ... ... ။
တချိန်က ... ... ... ။
ကျနော်၏ Counterpart ဖြစ်ခဲ့ဖူးသော
ထိုင်းတပ်မတော် ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး၏ ကိုယ်ပိုင်ဟိုတယ်သို့ အလည်အပတ်ရောက်သွားခဲ့သည်။
အထပ်ပေါင်း သုံးဆယ် ကျော်မြင့်သည့် ဘန်ကောက်မြို့လယ်ခေါင်က ဟိုတယ်ကြီးတစ်ခုလုံးသူတစ်ဦးတည်းပိုင်သည် ...။
သူချမ်းသာလာတာ ဆန်းတော့မဆန်း ။
သို့သော် နှစ်နိုင်ငံချစ်ကြည်ရေးကို ခြေဖြင့်နင်းချေသွားခဲ့သည့် ဖြစ်စဉ်တစ်ခုကိုတော့
မှတ်မှတ်ထင်ထင် သတိရနေမိသည် ...။
*** *** ***
အဲသည့်တုန်းက ....။
မြန်မာနိုင်ငံရုပ်ရှင် ... ဂီတအနုပညာရှင်များ ...ပြန်ကြားရေးဝန်ကြီးဌာနဦးစီးအရာရှိများ
စုစည်း၍ တပ်မတော် လေယဉ်တစ်စီးဖြင့် ဗန်ကောက်သို့ ချစ်ကြည်ရေးခရီးသွားခဲ့ကြခြင်း ဖြစ်သည်။
ရုပ်ရှင် မင်းသားမင်းသမီးများ ပါဝင်သော ခရီးစဉ်မို့ ထိုင်းလူထုကစိတ်ဝင်စားကာ
သွားလေရာကို သူတို့ Channel 7 က လိုက်ပါသတင်းထုတ်လွှင့်မှုများ ပြုနေခဲ့သည် ။
ကျနော်က သည်အဖွဲ့ကို လုံခြုံရေးနှင့် ဆက်ဆံရေးပိုင်းဆိုင်ရာတာဝန်ယူရသည့် အဖွဲ့၏
အတွင်းရေးမှူးအနေဖြင့် လိုက်ပါသွားရခြင်းဖြစ်သည် ။
" မင်းတစ်ချက်မမှားစေနဲ့ ၊ နှစ်နိုင်ငံချစ်ကြည်ရေးကို တစ်ချက်မှ မငြိစွန်းခဲ့စေနဲ့ ....။"
ဟု..... ကျနော့လူကြီးကသေချာမှာပြီး လွှတ်လိုက်တာဖြစ်သည် .....။
*** *** ***
ချစ်ကြည်ရေးက ဆယ်ရက်ကြာခရီးစဉ်မှာ အားလုံးကောင်းခဲ့သည်...။
သို့ရာတွင် "တစ်ခါထဲ မှားလိုက်ပါသည်....။ လှည်းသား ငါးးရာ နှင့် ....။"
ဟုပြောရမလိုဖြစ်နေသည် ...။
ကျနော်တို့ပြန်မည့်နေ့ လေဆိပ်မှာ နိုင်ငံကျော်ရွှေမင်းသမီး တစ်ဦးထံ သူတို့ဆက်ဆံရေးအရာရှိမှ
လူကြုံလာပါးသော အိတ်ကို ကျနော်ဖွင့်ဖောက်စစ်ဆေးရာ လက်ဆောင်ပစ္စည်းး များအကြားး
အံဝှက်ဖြင့်ထည့်ပေးလိုက်သော ကျောက်စိမ်းတုံးများကိုတွေ့ရသည် ....။
သည်အဖွဲ့၏ ထိုင်းဘက်မှ ဆက်ဆံရေးအရာရှိလုပ်သော မောင်က သူ့မှောင်ခိုလုပ်ငန်းမှ
ကျောက်စိမ်းတုံးအချို့ ပြန်သွင်းရန်အတွက် ရှာဖွေရေးအားလုံးကင်းလွှတ်ခွင့်ရထားသော
ကျနော်တို့ ချစ်ကြည်ရေးအဖွဲ့ကို အသုံးချလိုက်ခြင်းဖြစ်သည် ....။
Urgent အဆုံးအဖြတ် ယူရမည့်ကိစ္စဖြစ်သဖြင့် ဒွန်မောင်းလေဆိပ်မှ တစ်ဆင့်
ကကလှမ်း ၊ ကကကြည်းသို့
အဆင့်ဆင့် ချက်ခြင်းတင်ပြခဲ့ရာ ,,,,။
လိမ်မာပါးနပ်စွာပြောပြီး ပြန်ပေးလိုက်ရန် ညွှန်ကြားချက်ရသည် ....။
ကျနော် တစ်နာရီခန့် သူနှင့်လိမ္မာပါးနပ်နေခဲ့ရရာ.......။
လေယာဉ်ထွက်ချိန်တစ်နာရီခန့်နောက်ကျသွားသဖြင့်
အဆူခံရတာ မှတ်မိနေသည် ။
အဲ့တုန်းးကတပ်မတော်လေယာဉ် Captain ... ။
ယခု ... ။
တိုကျိုမှာ သံအမတ်ကြီးးပင် ... ။
ဖြစ်လို့ နေချေပြီ ... ... ... ။
ဟုတ်ကဲ့ .....။
ကျနော်တို့ကတော့ အမြဲတမ်း ... ။
လိမ္မာပါးနပ်ပေးခဲ့ပါသည် ခင်ဗျား ....။

*** *** ***
မနေ့ကဘဲ .....။
ကျနော် နေပြည်တော်ကပြန်အလာ ......။
Rest camp မှာ ......။
တပ်မတော်မှာ တုန်းက အတူတွဲတာဝန်ထမ်းဆောင်ဖူးသည့်
နောင်တော်ကြီးတစ်ဦး နှင့် တွေ့ဆုံခဲ့ရာ ... ... ... ။
ရန်ကုန်အပြန်မှာ ကျနော့ကားကိုနောက်က လိုက်ခိုင်းပြီး သူ့ကားနှင့်
ရန်ကုန်သို့အတူလိုက်ပါဖြစ်သည် ...။
ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုကြရင်း ....
"သူတို့ဆုံးဖြတ်ချက် တစ်ခုခု ချခါ နီးတိုင်း ရွှေတိဂုံဘုရားကုန်းတော်ပေါ်က
အောင်မြေကို မဖြစ်မနေလာနင်းတာ .....။
သူတို့မင်းသမီးလေးတစ်ဦး ကန်တော်ကြီးဟိုတယ် Ballroom မှာ
တစ်ညလုံး Nonstop ဆွဲ နေသဖြင့် ကျနော်နှင့် သည်နောင်တော်ကြီး မနက် လေးနာရီခွဲမှာ ချော့မော့ပြီး
ထမ်းတင်ပေးခဲ့ရတာတွေ ၊ သူတို့လူကြီးတွေလာတိုင်း ဗေဒင်ဆရာမလေး အီးတီထံလိုက်ပို့ရလွန်းသဖြင့်
Briefing မှာ "ကျနော့ကို အီးတီအိမ်နားမှာပဲ နေရာချထားပေးပါ ဗိုလ်ချုပ်ကြီးခင်ဗျား ......။"
ဟု တင်ပြတော့ အဆဲခံခဲ့ရတာ ။သူတို့အတွက် ဒီထက်မက သည်းငြီးခံခဲ့ရတာတွေ ...။
ပြီးတော့လည်း ....။
ကျနော်တို့ကို နင်းနင်းတက်သွားတာတွေ "
ညီနောင် နှစ်ဦး ပြန်ပြောဖြစ်ကြသည် ...။
*** *** ***

နောင်တော်ကြီးကတော့ ရှင်းသည် ...။
"သည်မောင်တွေ မတရားတဲ့ ဆုံးဖြတ်ချက်ကို မပြင်ပဲ မနေရဲပါဘူးကွာ ...။
မင်း ငါတို့ဘက်ကဆော်ထည့်လိုက်လို့ သူတို့ချက်ခြင်း တပ်တွေရုတ်သွားတာမှတ်မိသေးတယ်မို့လား ...."
ဟုပြောတော့ ကျနော်က
"သိပ်မှတ်မိတာပေါ့ အကိုကြီးရယ် ....သူတို့မလိမ္မာရင်တော့ သည်နည်းကအကောင်းဆုံးပါပဲ ...."
ဟုပြန်ပြောဖြစ်ခဲ့သည် ....။
နောင်တော်ကြီး ပြောသည့်ဖြစ်စဉ်က ၂၀၀၂ ခုနှစ်လယ်ပိုင်း မှာဖြစ်ပွါးခဲ့ခြင်းဖြစ်သည် ....။
ဖြစ်စဉ်အကျဉ်းမှာ .. နှစ်နိုင်ငံနယ်စပ် မယ်ဆိုင်နှင့်တာချီလိတ်ကြားမှာရှိသည့် ..
အို Seven တောင်ကုန်းကိုအခြေခံ၍ ပြသနာမီးပွါးများဆက်ခဲ့ခြင်းဖြစ်သည် ...။
ဖေဖော်ဝါရီလလောက်မှစ၍ မိမိနိုင်ငံ မိမိနယ်နမိတ်တပ်စခန်းကို သူတို့ထဲရောက်နေသည့်
့သောင်းကျန်းသူနှင့် သူတို့တပ်တွေပူးပေါင်းကာ Output စခန်းအချို့ကျူးကျော်လာခြင်းအား
ကျနော်တို့တပ်မတော်မှ တစ်လက်မ မှအထိမခံခဲ့ ...။
အို Seven ကုန်းအပါအဝင် ကထိန ၊ လွယ်ခန်းရှိုး ၊ လွယ်မဆုတ် ၊ လွယ်တော်ခမ်း စသည့်
သူတို့ကျူးကျော်စခန်းများအားလုံး ကြည်းကြောင်း လေကြောင်းချီ၍ပြန်လည်သိမ်းပိုက်သည် ...။
သူတို့၏ ဗြောင်လိမ်ဗြောင်စားလုပ်ရပ်များကြောင့် ...။
နှစ်နိုင်ငံဆက်ဆံရေး တင်းမာပေါက်ကွဲခဲ့သည် ...။
သူတို့ကလျှော့မသွားပဲ မထိခလုတ် ထိခလုတ် နှောက်ယှက်ကျူးကျော်နေဆဲဖြစ်သည် ...။
အပြန်အလှန်တိုက်ပွဲများဖြစ်လာပြီးသည့် နောက် ဆုတ်မပေးသည့်အခြေအနေမှာ....
မိမိမြန်မာ့တပ်မတော်အမြှောက်တပ်က 120 အမြောက်ကျည် တစ်လုံးပဲပစ်သွင်းခဲ့ရာ
မယ်ဆိုင်မြို့အစပ်က သူတို့တင့်ကားတစ်စီးပေါ် တိုက်ရိုက်ကျပေါက်ကွဲခဲ့သည် ....။
အဲဒီနောက်နေ့မှာတော့ သူတို့အကုန်ပြန်လည်ဆုတ်ခွါပြီး သူတို့စစ်ဦးစီးချုပ်လည်း
ရာထူးမှ ဖယ်ရှားခံရတာ ကျနော်တို့မှတ်မှတ်ထင်ထင်ရှိနေသည် ...။
လိမ္မာပါးနပ်မှုကိုတစ်ခါတစ်လေတော့လည်း .....။
သည်လို Ending လုပ်ခြင်းဖြင့်သာ
ဖြေရှင်း၍ရနိုင်တော့သည်လေ .... ... ... ။

*** *** ***
ကျနော်တို့ ... ... ... ။
မြန့်မာ့ တပ်မတော် ကြည်း ၊ ရေ ၊ လေ တပ်ပေါင်းစု၏
တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှင်းပါသည်။
သည်ကိစ္စတွေကြိုမြင်လို့ အာဏာသိမ်းစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်သူကို
" အပြစ်မရှိသူကို အပြစ်မပေးမိရန်လိုကြောင်း "ကို
အမျှော်အမြင်ကြီးးစွာဖြင့် ... ။
ပွင့်ပွင့်လင်းလင်းပြောထားခဲ့ပြီးဖြစ်သည် .....။

သူတို့ဆင်ခြင်မှ ရလိမ့်မည် ....။
တပ်မတော်ဦးစီးချုပ်သည် နိုင်ငံတော်ကိုပြန်လည်တည်ဆောက်ပေးနေသည်။
တစ်ဖက်တွင်လည်း တပ်မတော် ကြည်း၊ရေ၊လေကို ခေတ်မှီတပ်မတော်ကြီးအဖြစ်
လူ ၊ လက်နက် ၊ စိတ်ဓါတ်ယန္တရားသစ်များဖြင့် မောင်းနှင်ထားရှိပြီးဖြစ်သည် ...။
သူက လိုရင်လိုသလောက်ပဲပြောသည် ...။
ပြည့်စုံလုံလောက် ခိုင်မာမှုမရှိပဲ ... ။
မိမိနိုင်ငံသားတစ်ဦးကို စော်ကားမိလျှင် ....။
စော်ကားခြင်းသည်
နိုင်ငံတော်ကိုစော်ကားခြင်းဖြစ်သည် ။
တပ်မတော်ကငြိမ်နေမှာမဟုတ် ။
သူတို့ လိမ္မာပါးနပ်သင့်ချေပြီ ....။

*** *** ***
ထိုင်းနိုင်ငံသားတွေကို ကျနော်တို့ချစ်ပါသည်။
သို့သော် အိမ်နီးချင်းကောင်းပီသသည့်
အိမ်နီးချင်းများကိုချစ်ခြင်းဖြစ်သည် ....။
ကျနော့မှာ ထိုင်းနိုင်ငံသားမိတ်ဆွေတွေအမြောက်အများရှိနေသည် ...။
သို့သော် ....။
သူတို့၏ထွက်ပေါက်တစ်ခုအတွက် ... ... ... ။
ကျနော်တို့သားသမီးများ၏ ပခုံးထက် နင်းတက်၍ ....။
ကျနော်တို့မိခင်များ၏ နှလုံးသားကို သွေးစိမ်းရှင်ရှင် ဖွင့်ဖောက်ထုတ်ယူသွားသူများကိုမူ
ကျနော်တို့မချစ်နိုင်ပါ.....။

*** *** ***
မီးစတစ်ဖက်..... ရေမှုတ်တစ်ဖက် ..... ။
သံသရာမှ .....။
သူတို့ရုန်းထွက်နိုင်ပါစေ ... ။
ဆရာမကြီးဒေါက်တာ မတင်ဝင်း၏ စကားခဏ ...
ငှားး၍ပြောရလျှင် .....။
သူတို့တွေ ....။
" လေယူရာယိမ်းသည့် ပဲပြားပင်ဝါဒ "
ဝဲဂယက်အောက်မှ ....။
ထာ ဝ ရ ... ... ... ။
ရုန်းထွက်လွတ်မြောက်နိုင်ပါစေ ....။

မောင်မောင် ( ရန်ကုန်တက္ကသိုလ် )
Credit: Sai Pyae Han Phyo , Nay Phone Myat , Lily Ninag Kyaw ,Maung Tun Wai ,
Thaung Naing , Kyaw Soe Nai, ဂိုရှယ်လေး , Khin Maung Thein, Khaing Thitsar
Thai TV Channel (3) , The irrawady burmese version , DVB .

__________________________
Credited by- Win Maung Maung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။