Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 20, 2015

ပတ္တ္လလားတီးပြီး သီချင်းကြီးတွေ တက်ခဲ့ဖူသူ မောင်မောင်ဇော်လတ်

ပတ္တ္လလားတီးပြီး သီချင်းကြီးတွေ တက်ခဲ့ဖူသူ မောင်မောင်ဇော်လတ်
**************************************************************

မောင်မောင်ဇော်လတ်ရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ခဲ့ပေမဲ့ သူ့ကို အင်တာဗျူး အရှည်အနေနှင့်တော့ စာမျက်နှာတွေပေါ်မှာ မတင်ပြဖြစ်ခဲ့။ ရှိုးတွေမှာ သူသီချင်းဆိုရင် သူ့ပရိသတ်တွေနဲ့အတူ စီးမျော ခံစားခဲ့တာကတော့ အကြိမ်ကြိမ်၊ ဒါပေမဲ့ တေးချစ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ မောင်မောင်ဇော်လတ်မှ မောင်မောင်ဇော်လတ် ဖြစ်နေတာကြောင့် သူနှင့်တွေ့ဆုံ စကားပြောဖို့ ဆက်သွယ်ခဲ့ရပါတယ်။

သီချင်းတွေ အရေးကောင်းသလောက် စကားပြောတဲ့အခါမှာ ညက်ညောပြေပြစ်သူ တစ်ယောက်ဆိုတာကို သူနှင့် စကားပြောလိုက်ရတဲ့ အချိန်လေးမှာ သိရှိလိုက်ရပါတယ်။ သူနှင့် ပြောဆိုဖြစ်ခဲ့တာတွေကို ခံစားကြည့်ကြရအောင်။

မေး - ညီက ၁၉၈၉ - ၉၀ လောက်မှာ ကိုငှက် (ထူးအိမ်သင်) တို့၊ အောင်ရင်တို့၊ ဇော်ဝင်းထွဋ်တို့အတွက် သီချင်းတွေ စရေးခဲ့တယ်ဆိုတော့ သီချင်းရေးတာနှင့် ပတ်သက်ပြီး ဘယ်သူတွေကို စံပြအနေနဲ့ အတုယူခဲ့လဲ။ အဲဒါက စပြီး ပြောကြရအောင်။
ဖြေ - ကျွန်တော် အတုယူခဲ့တာက ဆရာ စိုင်းခမ်းလိတ်ရှိတယ်။ နောက်ပြီးတော့ ကိုငှက် ရှိတာပေါ့နော်။ ကိုဂျေမောင်မောင် ရှိတယ်။ နောက် အများကြီးပါပဲ။ အဓိကကတော့ အဲဒီ သုံးယောက်ပေါ့နော်။ ကျန်တဲ့ တေးရေးဆရာ မှန်သမျှ၊ own tune တေးရေးဆရာ မှန်သမျှ ကျွန်တော့်ရဲ့ အတုယူစရာတွေပါပဲ။

မေး - သူတို့က တခြား တေးရေးဆရာတွေနှင့် ဘယ်လိုကွာလို့လဲ။
ဖြေ - ဘယ်လိုကွာလဲဆိုတော့ ဆရာလိတ်ကတော့ အကြောင်းအရာမျိုးစုံကို သူက ပြဟန်နှင့် ရေးတာပေါ့နော်။ ကျွန်တော်က သူ့ဟန်ကို ကြိုက်တာပေါ့။ စကားပြေ ရေးတဲ့ဟန်ကို ကြိုက်လို့ ကျွန်တော် ဆရာလိတ်ကို ကြိုက်တာ။ ပြီးတော့ သူက အကြောင်းအရာ အမျိုးအစားကလည်း တအားစုံတယ်။ ဘယ်လိုခေါ်မလဲ။ ဆေးစက်ကျရာ အရုပ်ထင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့ သူကို့ ကြိုက်တာပါ။

မေး - ကိုငှက်ကရော။
ဖြေ - သူကကျတော့ သူရဲ့ melody တည်ဆောက်ပုံတွေကို ကြိုက်တာ။ သူ့ရဲ့ melody တည်ဆောက်ပုံတွေက ဘိုဆန်တယ်။ ပြီးတော့ သီးသန့် တစ်ဘာသာ ထွက်တယ်။ အဲဒါကြောင့်မို့ ကြိုက်တာပါ။

မေး - ညီနှင့် ကိုငှက် ရင်းနှီးတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ - အဲဒီကတည်းက ရင်းနှီးတာပဲ။ ကျွန်တော် ရန်ကုန်စပြီး ဆင်းကတည်းက ရင်းနှီးတာပဲ။

မေး - သူနှင့် လက်ပွန်းတတီး နေခဲ့တော့ သူ့ဆီက ဘာတွေရလိုက်လဲ။
ဖြေ - သူက သီးသန့် သင်ပေးတယ်လို့တော့ မရှိဘူး။ တစ်ခေါက်တော့ သီအိုရီတွေ ဘာတွေ ခေါ်သင်ပေးဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မှန်မှန် မတက်ဖြစ်ကြဘူး။ အဲဒီတုန်းကလည်း အများကြီးပါပဲ။ ကိုရွှေတို့ ဘာတို့လည်းပါတယ်။ သူခေါ်သင်ပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အပျင်းကြီးတော့ နောက်ဆုံးတော့ သူလည်း လက်လျှော့သွားတယ်။ သူ့ဆီကတော့ သင်ပေးတာ မဟုတ်ဘဲ ဒီလိုပဲ ပညာတွေတော့ အများကြီးရပါတယ်။ သူနှင့် နေရာတာကတော့ ဂီတနှင့် ပတ်သက်တာရော တခြားစာပေနှင့် ပတ်သက်တာရော မျိုးစုံပါပဲ။

မေး - ကိုငှက်ကို အားလုံးက လေးစားချစ်ခင်ကြတယ်။ အနုပညာသမား စစ်စစ် တစ်ယောက်ဆိုပြီးတော့။ ဂီတကို ကျွမ်းကျင်ပေမဲ့၊ သူ့နံမည် အရှိန်အဝါကိုသုံးပြီး လုပ်စားလို့ရပေမဲ့ စီးပွါးဖြစ် လောဘဇောကြီးတာတွေ မရှိခဲ့ဘူးပေါ့လေ။ အဲဒီတော့ ကိုငှက်နှင့် အနီးဆုံးနေခဲ့တဲ့ ညီ့အနေနှင့် သူ့အပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ - ကိုငှက် စိတ်ဓါတ်က ဘယ်လိုခေါ်မလဲ။ ကျွန်တော် တွေ့ဖူးသမျှ အနုပညာသမားထဲမှာတော့ အနုပညာရှင် အဆန်ဆုံးပဲ။ နေတာ ထိုင်တာရော၊ တွေးခေါ်တာရော၊ သူ့ဘဝကို ရပ်တည်တာရောပေါ့နော်။ အဲဒီအတွက် သူ့ဘဝမှာ စွန့်လွှတ်ပြီး ပေးဆပ်ခဲ့ရတာတွေ များတယ်လေ။ အဲဒီကျတော့ အနုပညာ တစ်ခုအတွက်ပဲ အသက်ရှင်နေတဲ့ လူပေါ့။ သူကတော့ အဲဒီလို လူနှင့်တူတယ်။ တခြား ဘာအတွက်ကိုမှ ဦးစားမပေးဘူး။ အနုပညာအတွက်ပဲ အမြဲ ဦးစားပေးတဲ့ လူတစ်ယောက်ပေါ့။ ကျွန်တော်ကတော့ အဲဒီလို မြင်ပါတယ်။

မေး - သူလိုလူက ဒီဂီတ လောကမှာ ပေါ်မလာနိုင်တော့ဘူး ဆိုပြီးလည်း တချို့က ပြောကြတယ်။
ဖြေ - ပေါ်မလာနိုင်ဘူး ဆိုတာတော့ မပြောတတ်ဘူးဗျ။ ပေါ်လာတယ် မပေါ်လာဘူး ဆိုတာထက်စာရင်တော့ အခုလက်ရှိမှာ နေထိုင်နိုင်တာက သူတစ်ယောက်ပဲ ရှိတာ။

မေး - ညီက own tune ရေးတာကိုပဲ အားသန်တာလား။
ဖြေ - ဟုတ်ကဲ့။

မေး - သီချင်းရေးရင် စာသားကို အဓိကထားလား။ သံစဉ်ကို အဓိကထားလား။
ဖြေ - ကျွန်တော့်ရဲ့ အယူအဆတွေက အချိန်နှင့်အမျှ ပြောင်းပါတယ်။ အရင်တုန်းကတော့ melody ကို ဦးစားပေးတယ်။ အရင်က စာသားရေးရင် ကျွန်တော်က ကဗျာဆန်ဆန် ရေးတာလေးတွေ ကြိုက်တယ်။ ကဗျာဆန်ဆန်လည်း အရင်တုန်းက ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းရောက်တော့ စကားပြေနှင့် ရေးတဲ့ သီချင်းတွေကို ပိုကြိုက်တယ်။ အဲဒီလို ရေးရတာကို ပိုပြီး အရသာ ရှိတယ်လို့ထင်တယ်။ နောက်ပြီးတော့ အကြောင်းအရာကိုပဲ နောက်ပိုင်းမှာ ဦးစားပေးပြီး ရေးတော့တယ်။ စာသားနောက်ကိုပဲ လိုက်ရင်လည်း စကားလုံး နောက်လိုက်ဖြစ်သွားရင် သီချင်းရဲ့အရသာ ပျက်တယ်ပေါ့။ အဲဒီကျတော့ အကြောင်းအရာပေါ် မူတည်ပြီး အကြောင်းအရာကနေ တောင်းဆိုတဲ့ melody နှင့် စာသားကို ကျွန်တော် ထည့်ပါတယ်။

မေး - တောင်ကြီးမှာ နေတုန်းက ဂီတနှင့်ပတ်သက်ပြီး ဘာတွေ လုပ်ဖြစ်ခဲ့သေးလဲ။
ဖြေ - တောင်ကြီးမှာ တီးဝိုင်းလေးဖွဲ့ပြီး တီးကြတယ်။ ဆိုကြတယ်ပေါ့။ ကျွန်တော်တို့ စတီးတုန်းက တီးဝိုင်းနာမည်က mercury။ နောက်တော့ အစုံပဲ။ နာမည်ကတော့ ဆန်းတာပေးပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြောင်းကြတာပဲ။

မေး - အဲဒီတုန်းက ဘယ်သူတွေပါလဲ။ လက်ရှိ ဂီတလောကထဲမှာ ကျင်လည်နေတဲ့ သူတွေ ပါသေးလား။
ဖြေ - ဘယ်သူပါတုံး ဆိုတော့၊ အဲဒီတုန်းကတော့ အယ်ဖြူရယ်၊ ကျွန်တော်ရယ်၊ Mercury က အယ်ဖြူနှင့် ကျွန်တော် နှစ်ယောက်တီးတာပေါ့နော်။ ကျန်တဲ့ သူငယ်ချင်းတွေက ခုတော့ မရှိကြတော့ပါဘူး။ နောက်ထပ်တစ်ဝိုင်း တီးသေးတယ်။ အဲဒီဝိုင်းက သင်္ကြန်ရှိုး တစ်ပွဲပဲ တီးဖြစ်လိုက်တယ်။ အဲဒီတုန်းက Drum တီးတာက အခု နာမည်ကြီးနေတဲ့ ဂရေဟမ်ပေါ့။ ဂရေဟမ်က Drum တီးတယ်။ ကိုလေးဖြူက Bass တီးတယ်။ ကိုအငဲနှင့် ကျွန်တော်က Guitars First Lead နှင့် Second Lead တီးတယ်။ ကျွန်တော့်သူငယ်ချင်း နိုင်မြတ်က Keyboard တီးတယ်။

မေး - လေးဖြူတို့ အငဲတို့နှင့် အမျိုးတော်သေးလား။
ဖြေ - ကျွန်တော်က သူတို့ရဲ့ တူတော်ပါတယ်။ ကိုလေးဖြူရော ကိုအငဲရောက ကျွန်တော့်အမေရဲ့ တစ်ဝမ်းကွဲ မောင်တွေပေါ့။

မေး - တောင်ကြီးကနေ ဂီတနှင့် ပတ်သက်တဲ့သူ တော်တော်များများ ပေါ်ထွက်တတ်တော့ ရေခံမြေခံ ကောင်းတဲ့ သဘောလား။
ဖြေ - အဲဒီလိုတော့ ဟုတ်မယ် မထင်ပါဘူး။ အဲဒီလိုမျိုးတော့ ကျွန်တော် သိပ်တော့ အစွဲမရှိဘူး။ ဂီတနှင့်ပတ်သက်ပြီး နည်းနည်းပါးပါး ...ဘယ်လိုခေါ်မလဲ။ ဂီတနှင့်ပတ်သက်ပြီး အစဉ်အလာ ရှိတယ်လို့တော့ ပြောလို့ ရတာပေါ့နော်။ ဟိုး အရင်ခေတ်ကနေ ခုထိတော့ ထွက်နေကြတုန်းပဲ။

မေး - တောင်ကြီးက လူငယ် တော်တော်များများဟာ ဂီတကို ရူးသွပ်ကြတယ်။ ကျွမ်းလည်း ကျွမ်းကျင်ကြတယ်။ အဲဒါက ဘာလို့လဲ။
ဖြေ - ကျွန်တော်တို့ မြို့က၊ တောင်ကြီးမြို့က ကျွန်တော်တို့ နေစဉ်ကတည်းက လူငယ် တော်တော်များများရဲ့ လုပ်စရာ အလုပ်က ဂစ်တာတီးတာနှင့် သီချင်းဆိုတာပဲ ရှိတာ။ တခြား နီးနီးနားနားလည်း ဘာမှမရှိဘူး။ လူငယ်တွေ စိတ်ဝင်စားစရာက ဒီတစ်ခုပဲ ရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ထင်တာပဲ။

မေး - ရေးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံး စဆိုပေးခဲ့တဲ့ အဆိုတော်က ဘယ်သူလဲ။
ဖြေ - ကျွန်တော် ဦးဆုံးရေးတဲ့ သီချင်းကို တာရာ ဆိုတာပါ။

မေး - သီချင်းနာမည်တွေက။
ဖြေ - အသည်းကွဲ ညနေခင်းများတို့။ ကိုငှက်နှင့် တာရာနှင့် duet တွဲဆိုတဲ့ တစ်ပုဒ်။ မျက်စိမှိတ်ထားတယ် ဆိုတဲ့ သီချင်းတွေ။

မေး - ရေးပြီးတဲ့ အရေအတွက်က။
ဖြေ - နည်းပါတယ်။ အများကြီး မရေးနိုင်ပါဘူး ခင်ဗျ။ တစ်ရာတောင် ပြည့်ပါ့မလား မသိဘူး။

မေး - သီချင်းကို ဘယ်အချိန်တွေမှာ ရေးလေ့ရှိလဲ။
ဖြေ - ရေးချင်တဲ့စိတ်ရှိရင် ရေးတာပါပဲ။ အချိန်ရယ်လို့ အတိအကျ မရှိပါဘူး။ များသောအားဖြင့်တော့ ညပိုင်းတွေမှာ ရေးပါတယ်။

မေး - သီချင်းတစ်ပုဒ်ဖြစ်ဖို့ ညီဘက်က အချိန် ဘယ်လောက်ပေးရလဲ။
ဖြေ - ရေးနေတာ ၁၀ နှစ် ရှိပေမဲ့ မပြီးသေးတဲ့ သီချင်းတွေ ရှိသေးတယ်။ အခုထက်ထိ ရေးတုန်းပဲ။

မေး - စိတ်တိုင်းမကျလို့ ပြန်ရေးရင်းနဲ့ ကြာသွားတာလား။
ဖြေ - အင်းပေါ့။ အဲဒီလို ကြာနေတာ။ မပြီးနိုင်ဘူးပေါ့။ တစ်ပုဒ်ဆိုရင် အယ်ဖြူနှင့် ကျွန်တော် ငယ်ငယ်ကတည်းက ရေးထားတာ။ ၁၀ နှစ်ကျော်ကျော်ရှိပြီ။ အဲဒီသီချင်းက ခုထိ မပြီးသေးဘူး။ သူသာ ဆုံးသွားတယ်။

မေး - အယ်ဖြူနှင့် ညီက သူငယ်ချင်းတွေလား။
ဖြေ - အယ်ဖြူနှင့် ကျွန်တော်က ငယ်သူငယ်ချင်းပါ။

မေး - သီချင်းတွေ ရေးနေရာက ဘယ်လိုကြောင့် ကိုယ်တိုင် ဆိုဖြစ်သွားလဲ။
ဖြေ - အဲဒါက The Ants ကနေ စတယ်လို့ ပြောလို့ရတာပေါ့နော်။ ကျွန်တော်တို့ လုပ်ချင်တဲ့ တချို့သီချင်း frame တွေက ဒီလောကနှင့် တအား စိမ်းသေးတော့ အဆိုတော်တွေကလည်း မဝယ်ကြဘူး။ မဝယ်ကြတော့ အဲဒါဆိုရင် ငါတို့ဘာသာပဲ တီးပြီး ကိုယ့်ဘာသာ ဆိုကြမယ် ဆိုပြီး လုပ်ဖြစ်သွားတာပါ။

မေး - The Ants ကို ဘယ်အချိန်က စပြီး အသက်သွင်း ဖွဲ့ဖြစ်သွားတာလဲ။
ဖြေ - ကျွန်တ်ာတို့ ၁၉၉၆ က စဖွဲ့တာပါ။

မေး - အဲဒီလို ဖွဲ့တုန်းက ဘယ်နှယောက် ပါလဲ။
ဖြေ - ဒီလူတွေပါပဲ။ အယ်ဖြူရယ်၊ ကျွန်တော်ရယ်၊ အောင်ခန့်ရယ်ပေါ့။ နောက်ပြီးတော့ ဝိုင်းပြီး ဆိုပေးကြတဲ့ အဆိုတော်တွေလည်း ပါပါတယ်။ ကိုငှက်တို့၊ ကိုဟယ်ရီလင်းတို့၊ ကိုလေးဖြူတို့၊ ကိုအငဲတို့၊ ကိုဘိုတို့က အကုန် ဝိုင်းဆိုပေးပါတယ်။

မေး - The Ants မှာ ခေါင်းဆောင်ရှိလား။
ဖြေ - အဲဒီလိုရယ်တော့ မရှိဘူး။ ကျွန်တော်တို့ဝိုင်းမှာ အဓိက သီချင်းအများဆုံး ရေးတာက ကျွန်တော်ပဲ။ arrange အများဆုံး လုပ်တာကလည်း ကျွန်တော်ပါပဲ။ ဒါပေမဲ့ များသောအားဖြင့်တော့ အကုန်လုံး စုစုစည်းစည်းနှင့် တစ်ယောက်ရဲ့အကြံ တစ်ယောက်ယူပြီး လုပ်ကြတာပါ။

မေး - ၁၉၉၇ တုန်းက 'ရောင်စုံချောကလက်လေးများ' စီးရီးနဲ့ ပျံ့နှံ့မှုက ဘယ်လိုရှိခဲ့လဲ။
ဖြေ - အမှန်အတိုင်း ပြောရရင် အဲဒီ စီးရီးက သိပ်မပေါက်ပါဘူး။ သိပ်မပေါက်လိုက်ပါဘူး။ အတိုင်းအတာ တစ်ခုထိပဲ ရောက်ပါတယ်။

မေး - ဘာတွေကို စိတ်တိုင်းမကျ ဖြစ်ခဲ့လဲ။
ဖြေ - အဲဒီလိုရယ်တော့ မရှိပါဘူး။ ကျွန်တော်က ဘယ်လိုခေါ်မလဲ။ အဲဒီ အချိန်တုန်းက သီချင်းတွေကို ပြန်နားထောင်ရင် ခုချိန်မှာ အားမလိုအားမရ ဖြစ်တာလေးတွေ ရှိတာပေါ့နော်။ ဒီလို ဒီချိန်မှာ စက်ပစ္စည်းတွေ ထွန်းကားလာတဲ့ခေတ်မှာ တချို့ဟာလေးတွေ ပြန် arrange လုပ်ပြီးတော့ ပြန်တီးချင်တယ်ပေါ့။ အဲဒီလို စိတ်မျိုးပဲ ပေါ်တာပါ။ အဲဒီ အချိန်တုန်းက လုပ်ခဲ့တာတော့ မဆိုးပါဘူး။ ကျေတော့ ကျေနပ်လို့ ရပါတယ်။

မေး - ၂၀၀၃ မှာ ဖြန့်ခဲ့တဲ့ 'နှံကောင်လေးရဲ့ နွေဦးပုံပြင်' စီးရီးကရော ဘယ်အခြေအနေ ရှိခဲ့လဲ။
ဖြေ - အဲဒီကောင်က ဘယ်လို ခေါ်မလဲ။ ကျွန်တော်တို့ ပထမ ခွေလောက်တောင် လူမသိကြပါဘူး။ အဲဒီအခွေ ထွက်တာကိုလေ။ တအား နှစ်ကြာသွားတာလည်း ပါပါတယ်။

မေး - အဲဒီ အချိန်မှာ The Ants ဆိုတာ ပရိသတ်ရင်ထဲ ရောက်နေပြီ မဟုတ်လား။
ဖြေ - ကျွန်တော်တို့ကို စိတ်ဝင်စားတဲ့ ပရိသတ် ရှိပါတယ်။

မေး - ၂၀၀၆ ထဲမှာ ဖြန့်ခဲ့တဲ့ 'ပထမ၊ ဒုတိယ၊ တတိယ' စီးရီးကိုရော စိတ်တိုင်းကျ
လား။
ဖြေ - စိတ်တိုင်းကျပါတယ်။ ကျတဲ့ အပုဒ်တွေလည်း ကျတယ်။ မကျတဲ့ အပုဒ်တွေလည်း မကျဘူးပေါ့နော်။ အားလုံးပြီးသွားတဲ့ အချိန်မှာ တချို့ အမြင်လေးတွေကို ပြန်မြင်တာပေါ့နော်။ ဒီနေရာလေးကို ဒီလိုမလုပ်ဘဲ ဟိုလိုလုပ်လိုက်ရင် ပိုကောင်းမယ်ဆိုပြီး ပြန်တွေးမိတယ်။ ဒါပေမဲ့လည်း arrange တောင် ပြီးသွားပြီ ဆိုတော့ ဘာမှလုပ်ခွင့် မရှိတော့ပါဘူး။

မေး - အဲဒီ စီးရီးမှာ လေးဖြူတို့၊ အငဲတို့၊ မျိုးကြီးတို့ ဝင်ဆို ဖြစ်သွားတာက ဘယ်လိုလဲ။
ဖြေ - နဂိုကတည်းက သီချင်းတွေကို ဒီအတိုင်း ရေးထားတာပေါ့နော်။ အဲဒီအခွေ တန်းလန်းမှာ အယ်ဖြူက တချို့ဟာတွေ ဆိုသွားနိုင်တယ်။ တချို့ဟာတွေကို မဆိုသွားနိုင်ဘူးပေါ့။ အယ်ဖြူ မရှိတော့တဲ့ နောက်ပိုင်းမှာ ကိုလေးဖြူတို့၊ ကိုအငဲတို့၊ မျိုးကြီးတို့ကို အကူအညီခေါ်ပြီး ဝင်ဆို ဖြစ်သွားတာပါ။

မေး - ဘယ်အချိန်တွေမှာ အယ်ဖြူကို သတိရမိလဲဒ
ဖြေ - အကြောင်းတိုက်ဆိုင်ရင် သတိရတယ်။ အကြောင်းတိုက်ဆိုင်ရင် ဆိုတာက သူနှင့် အကြောင်းတိုက်ဆိုင်တာတွေကလည်း တော်တော်များတော့ မကြာခဏတော့ သတိရပါတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းလေး တစ်ပုဒ် နားထောင်မိရင်လည်း သူ ကြိုက်တတ်တဲ့ သီချင်း ပုံစံမျိုးဆိုရင် သတိရတယ်။ တချို့ ဝတ္ထုတိုလေးတွေ ဖတ်မိရင်လည်း ဒါမျိုး အကြောင်းအရာဆိုရင် သူ ကြိုက်တတ်တယ်ပေါ့။ အဲဒီလိုမျိုးပေါ့။ ဆက်စပ်ပြီးတော့ပေါ့နော်။ သူနှင့် သွားခဲ့ဖူးတဲ့ နေရာတွေ ထိုင်ရင်လည်း သတိရတာပဲ။ စတူဒီယို သွားရင်လည်း သတိရတာပါပဲ။ သူနှင့် လက်ပွန်းတတီး နေခဲ့တော့ ဘယ်နေရာမဆို သတိရစရာတွေချည်းပဲ။ တစ်ခါတလေမှာ တမင်တောင် မေ့ထားရတယ်။

မေး - အယ်ဖြူနှင့် နှစ်ယောက်ပေါင်းပြီး ရေးခဲ့တဲ့ သီချင်းက ၂၀ ကျော်ကျော်လောက် ရှိတော့ အဲဒီ သီချင်းတွေရေးဖို့ ဘယ်လို ညှိခဲ့ရသေးလဲ။
ဖြေ - ကျွန်တော်တို့က ငယ်ငယ်ကတည်းက ပေါင်းရေးတာများတော့ ဘယ်လိုခေါ်မလဲ။ ဘောလုံးစကားနဲ့ ပြောရရင် ရှေ့တန်း တိုက်စစ်မှူးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မပြောဘဲနှင့် သိနေတဲ့ ပုံစံနှင့် ရေးတာပါ။

မေး - ကိုငှက် (ထူးအိမ်သင်) နှင့် နှစ်ယောက် ပေါင်းရေးခဲ့တဲ့သီချင်း ဘယ်နှပုဒ်ရှိလဲ။
ဖြေ - ကိုငှက်နှင့်က သုံးပုဒ်လောက်ပဲ ရေးဖြစ်တာပါ။

မေး - သူနှင့် နှစ်ယောက်ပေါင်းရေးခဲ့တဲ့ 'မဟာဝီရ...အို..ဗုဒ္ဓ' သီချင်းကို ဘယ်လို ဖန်တီးယူခဲ့ရလဲ။ အားရခဲ့လား။
ဖြေ - မဟာဝီရ အတွက်ကတော့ အားရပါတယ်။ အဓိကကတော့ ကျွန်တော်က melody sketch လေး သူ့ကို ပေးဖူးတယ်။ 1st MB တုန်းကပေါ့နော်။ အဲဒီတုန်းက ပေးထားတဲ့ melody ။ သူ့လက်ထဲမှာ အကြာကြီးပဲ။ သီချင်းမျိုးစုံရေးပြီး နောက်ပြီးကျတော့ တစ်ရက်ကျတော့ ငါ တစ်ထောင့်တစ်ည ဆိုပြီး ရေးချင်တယ်တဲ့။ ဒီ melody အသွားအလာက အရှေ့အလယ်ပိုင်းက music နှင့် တူတယ်ပေါ့နော်။ အဲဒီဥစ္စာပေါ် မူတည်ပြီးတော့မှ ရေးမယ်ဆိုတော့၊ တစ်ထောင့်တစ်ညကို ရေးချင်တယ် ဆိုတော့ ကိုငှက်လို့ တစ်ထောင့်တစ်ညလို့ ရေးမယ့်အစား ဗုဒ္ဓ အကြောင်းရေးရင် မကောင်းဘူးလားလို့ ကျွန်တော်က အကြံပေးတော့ အဲဒါဆိုရင် ရေးမယ်ကွာဆိုပြီး ပျောက်သွားလိုက်တာ နောက် တစ်လခွဲလောက်နေတော့ ပြန်ပေါ်လာတယ်။ အဲဒီမှာ သူ စာသား အကြမ်းလေးရေးပြီး လာပြတော့ ကောင်းတယ် ကောင်းတယ် ကိုငှက်လို့။ အဲဒါနှင့် စာသားတွေကို သူ တစ်ခေါက် ပြန်ရေးပြန်ရော။ ဘုန်းကြီးတွေ ဘာတွေတောင် သူ ဝတ်လိုက်သေးတယ်။ စာချ ကိုယ်တော်တွေနှင့် တိုင်ပင်ပြီးတောင် သူ ရေးတယ်လို့ပြောတယ်။

မေး - စောင်းဦးမြင့်မောင်နှင့် ညီက အမျိုးတော်သေးလား။
ဖြေ - သူက ကျွန်တော့် ဘကြီးပါ။ ကျွန်တော့်အမေရဲ့ အစ်ကိုပေါ့နော်။

မေး - ဘကြီးဆီကရော ဘာတွေ ရလိုက်လဲ။
ဖြေ - ကျွန်တော် အရင်က ပတ္တလားတွေ ဘာတွေ တီးဖူးတယ်။ ငယ်ငယ်တုန်းက သီချင်းကြီး တစ်ပုဒ်နှစ်ပုဒ်လောက် တက်ဖူးတယ်။ အဲဒီတုန်းက တော်တော်ငယ်သေးတယ်။ ဂစ်တာတောင် စမတီးသေးဘူး။ မြန်မာသံ ပတ္တလားကို အရင်ဆုံး စသင်တာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဆက်ပြီး မတီးဖြစ်တော့ဘူး။ ဂစ်တာကို ရောက်သွားတော့ ဟိုဘက်နှင့် တော်တော် အလှမ်းကွာသွားတယ်။ ဒါပေမဲ့ ဘာတွေရလဲဆိုတော့ ကျွန်တော့်ဘကြီးက တော်တော်လေးကို အမြင်ကျယ်တယ်လို့ ပြောလို့ရတယ်။ သီချင်းကြီးတွေကို International Notes နှင့် သူ ကြိုးစားခဲ့တာပေါ့နော်။ အဲဒါမျိုး အမြင်တွေရှိတယ်။ နောက်ပြီးတော့ music နှင့် ပတ်သက်တာ တချို့တွေပေါ့နော်။ သူ့ဆီမှာ ဆိုင်းဘုတ်လေးတွေတောင် ရှိပါတယ်။ တိုးတိုး ကျယ်ကျယ်တို့၊ နှေးနှေး မြန်မြန်တို့ အသံတို များများတို့ အသံရှည် နည်းနည်းတို့။ အဲဒီလိုမျိုးပေါ့နော်။ သူက music ကို express လုပ်တဲ့ အခါကျတော့ တချို့ဟာတွေကို သူ့ဆီက ရခဲ့ဖူးပါတယ်။

မေး - ဦးမြင့်မောင်က မြန်မာ့စောင်းပညာ စာအုပ်နှင့် စာပေဆုတွေ ရခဲ့ဖူးတော့ သူက ဘယ်စာအုပ်တွေ ဖတ်၊ ဘယ်လို စာတွေရေးပြီး စည်းရုံးခဲ့တာမျိုးရော ရှိလား။
ဖြေ - အဲဒီလိုတော့ မစည်းရုံးပါဘူး။ သီးသန့် သွန်သင် ဆုံးမတာတော့ မရှိပါဘူး။ သူက သူ့ဘာသာပဲ နေတာပါ။

မေး - Iron Cross ရှိုးတွေမှာ မောင်မောင်ဇော်လတ် (The Ants) ဆိုပြီး ဝင်ဆိုဖြစ်သွားတာက ဘယ်လိုလဲ။
ဖြေ - အခုနောက်ပိုင်းမှာ ကိုခရမ်းတို့က ခေါ်ဆိုလို့ပါ။ ကိုခရမ်းတို့က ဆိုမလား ဆိုတော့ ဟုတ်ကဲ့ ကျွန်တော်လည်း ဆိုချင်ပါတယ်ဆိုပြီး ဝင်ဆိုဖြစ်တာပါ။ IC တီးတာကိုလည်း ကျွန်တော် တော်တော်ကိုကြိုကလို့ ဝင်ဆိုဖြစ်တာပါ။

မေး - IC မှာ တော်ရုံတန်ရုံ ဝင်ဆိုဖို့ မလွယ်တော့ ဘယ်လိုနားလည်မှု ယူထားလဲ။
ဖြေ - အဲဒီလိုတော့ မရှိပါဘူး ခင်ဗျ။ သူတို့က ကျွန်တော်နှင့် ဒီအတိုင်းလည်း ခင်မင်ရင်းနှီးတယ်ဆိုတော့ သူတို့က ခေါ်ဆိုလို့ ကျွန်တော် ဆိုရတာပါ။

မေး - မျိုးကြီးရဲ့ 'နိစ္စဓူဝ' စီးရီးမှာ 'နားနားပြီးပြော' သီချင်းကို ဘယ်လိုအိုင်ဒီယာ ရပြီး ရေးဖြစ်သွားတာလဲ။
ဖြေ - အဲဒါက တစ်ဦးတစ်ယောက်ကို ရည်ညွှန်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ကျွန်တော်ရည်ညွှန်းလို့ ပြောချင်လို့ ပြောလိုက်တဲ့ သဘောမျိုးပါ။

မေး - လေးဖြူရဲ့ 'ခဏလေးများ' စီးရီးမှာ 'ဝမ်းနည်းမှတ်တမ်း' ရေးဖြစ်သွားတာကရော။
ဖြေ - ဝမ်းနည်းမှတ်တမ်းကတော့ ကိုငှက်နှင့် အယ်ဖြူအတွက် အမှတ်တရဆိုပြီး ရေးထားတဲ့ သီချင်းပါ။ အဲဒီသီချင်းက ကိုလေး ဆိုတာနှင့် ပိုလိုက်မယ်ဆိုပြီး ကိုလေးကို ပေးလိုက်တာပါ။ အစတုန်းကတော့ ဘယ်သူဆိုဖို့ ဆိုပြီး ရည်ရွယ်ချက် မရှိပါဘူး။ ဒီအတိုင်းပဲ ကျွန်တ်ာရေးချင်စိတ် ပေါ်လာလို့ ရေးထားတဲ့ သီချင်းမျိုးပေါ့။

မေး - ကျားပေါက် (ဟန်ထူးလွင်) ရဲ့ မင်္ဂလာ ဧည့်ခံပွဲမှာ ညီ ဆိုသွားတဲ့ '၁၀' သီချင်းအကြောင်း ပြောပါဦး။
ဖြေ - တစ်ဆယ် (၁၀) က တိရစ္ဆာန်ရုံ နှစ် ၁၀၀ ပြည့် အခွေထဲမှာ ပါမယ်ထင်တယ်။ ၁၀ ကတော့ ဂဏန်းရဲ့ လွှမ်းမိုးတာတွေ၊ ဂဏန်းတစ်လုံးရဲ့ လွှမ်းမိုး ခံရတာတွေ အကြောင်းကို ရေးထားတာပါ။ သရော်တယ်လို့ ပြောရင်လည်း ရတယ်ပေါ့နော်။

မေး - The Ants အနေနဲ့ မဟုတ်ဘဲ ညီရဲ့ single album ထုတ်ဖို့ ရှိဦးမလား။
ဖြေ - အဲဒါကတော့ မပြောတတ်ဘူး ခင်ဗျ။ ကျွန်တော်လည်း ခုထက်ထိ ဘယ်လို ပြန်လုပ်ဖြစ်မလဲ မသိဘူး။ မသေချာသေးပါဘူး။ စီးရီးကတော့ စသွင်းတော့မှာပါ။ ဒါပေမဲ့ တစ်ကိုယ်တော်ပဲ ဖြစ်မလား၊ The Ants အနေနှင့် ဖြစ်မလားတော့ မသေချာသေးဘူးပေါ့နော်။

မေး - ညီရဲ့ ပရိသတ်တွေကို အပျိုစင်မဂ္ဂဇင်းက တစ်ဆင့် ဘာပြောချင်သေးလဲ။
ဖြေ - အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူး အထူးတင်ပါတယ်။ အစ်ကို့ကိုလည်း ကျေးဇူးတင်ပါတယ်။

မေး - ညီရဲ့လိပ်စာ ပြောပါဦး။
ဖြေ - အမှတ် ၁၅၊ ဣစ္ဆာသယလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်ပါ အစ်ကို။

# ကိုကိုလှမြင့်
ဓါတ်ပုံ - မင်းခန့်ကျော် (Excellent King)

အောက်တိုဘာ၊ ၂၀၀၇
အပျိုစင်မဂ္ဂဇင်း

Posted by Ko Naing & Ka Lee

ရော့ခ်နှင့်ပတ်ဝန်းကျင် ဂရုမှ....

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။