ညီအစ်ကို မောင်နှမများ ( လှသန်း )
တိုကျိုမှာ ပန်းကန်ဆေးဆေး
ကွာလာလမ်ပူ မှာ ကားရေဆေးဆေး
ရန်ကုန်မှာ ပန်းချီပဲ ရေးရေး
ကိုယ့်သွေးအမျိုးအစား ကိုယ်သိရမယ်
ကွမ်းယာပဲ ရောင်းရောင်း
လက်ဖက်ရည်ပဲရောင်းရောင်း
အရက်ဖြူပဲရောင်းရောင်း
ငါတို့ ဦးခေါင်း ကိုထောင်မတ်ပေးတဲ့
ကျောရိုးကို ကျေးဇူးတင်ရမယ်
လူတွေက ကားတွေအကြောင်းကို ပြောကြ
လူတွေက ဖုန်းတွေအကြောင်းကို ပြောကြ
လူတွေက ငွေစက္ကူအကြောင်းကို ပြောကြ
လူတွေက လူတွေကို မေ့နေတဲ့ ကာလ မှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေ လို ကန်ထဲက
ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ ။ ။
#ရနံ့သစ်
ဖေဖော်ဝါရီ ၊ ၂၀၀၆
တိုကျိုမှာ ပန်းကန်ဆေးဆေး
ကွာလာလမ်ပူ မှာ ကားရေဆေးဆေး
ရန်ကုန်မှာ ပန်းချီပဲ ရေးရေး
ကိုယ့်သွေးအမျိုးအစား ကိုယ်သိရမယ်
ကွမ်းယာပဲ ရောင်းရောင်း
လက်ဖက်ရည်ပဲရောင်းရောင်း
အရက်ဖြူပဲရောင်းရောင်း
ငါတို့ ဦးခေါင်း ကိုထောင်မတ်ပေးတဲ့
ကျောရိုးကို ကျေးဇူးတင်ရမယ်
လူတွေက ကားတွေအကြောင်းကို ပြောကြ
လူတွေက ဖုန်းတွေအကြောင်းကို ပြောကြ
လူတွေက ငွေစက္ကူအကြောင်းကို ပြောကြ
လူတွေက လူတွေကို မေ့နေတဲ့ ကာလ မှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေ လို ကန်ထဲက
ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ ။ ။
#ရနံ့သစ်
ဖေဖော်ဝါရီ ၊ ၂၀၀၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။