ရယ်ပါ...မောပါ...
နောက်ပြီး…ကိုယ့်ကို ပိုတိုးချစ်ပေးပါ
-------------------------- ------
လင်းလင်း မှောင်မှောင်
ကိုယ့် အရောင်နဲ့ကိုယ်ပဲ
ဘယ်စကားလုံးကမှ မုန်တိုင်းမဖြစ်စေရဘူး
ချစ်ခြင်းမှာ ယတြာမရှိဘူး
သစ္စာတရားကိုသာ ကိုးကွယ်ရာ
အနမ်းတွေနဲ့ချွေးသိပ်ဖြေရင်း
လောကဓံကို ခြေဖဝါးနဲ့နင်းမယ်
လက်အုပ်ချီနေတာ အဖြေမဟုတ်ဘူး
ဆုတောင်းတွေ တကယ်ပြည့်စေချင်ရင်
လက်ရှိခြေနေထက် ပိုကြိုးစားရမယ်
တောင်တန်းတွေလို တည်ငြိမ်ပါ
ကျောက်သားတွေလို မာကျောပါ
ပင်လယ်လိုတော့ မာယာကိုမသင်ချင်ဘူး
သေဆုံးခြင်းသာ ဘဝပန်းတိုင်. . .
ငိုချင်လာရင် ငိုလိုက်ပါ
ရယ်ချင်တဲ့အခါ ရယ်မောပစ်ပါ
သူများသတ်မှတ်ချက်နဲ့
ကိုယ့် မာနကို စိမ်လျှော်မပစ်ပါနဲ့
ချစ်သူ ရေ. . .
ကိုယ့်လက်ဖဝါးကို ယုံကြည်စွာတွဲပါ
ရင်ခွင်ထဲမှာ လုံခြုံစွာနေပါ
စိတ်ရဲ့တံခါးကို အမြဲဖွင့်ထားပါ
ကဲ.....!!
တို့တွေ ဆက်ရိုးသားကြရအောင်...။ ။
~အလင်းဖြိုး~
— with A Lynn Phyo.နောက်ပြီး…ကိုယ့်ကို ပိုတိုးချစ်ပေးပါ
--------------------------
လင်းလင်း မှောင်မှောင်
ကိုယ့် အရောင်နဲ့ကိုယ်ပဲ
ဘယ်စကားလုံးကမှ မုန်တိုင်းမဖြစ်စေရဘူး
ချစ်ခြင်းမှာ ယတြာမရှိဘူး
သစ္စာတရားကိုသာ ကိုးကွယ်ရာ
အနမ်းတွေနဲ့ချွေးသိပ်ဖြေရင်
လောကဓံကို ခြေဖဝါးနဲ့နင်းမယ်
လက်အုပ်ချီနေတာ အဖြေမဟုတ်ဘူး
ဆုတောင်းတွေ တကယ်ပြည့်စေချင်ရင်
လက်ရှိခြေနေထက် ပိုကြိုးစားရမယ်
တောင်တန်းတွေလို တည်ငြိမ်ပါ
ကျောက်သားတွေလို မာကျောပါ
ပင်လယ်လိုတော့ မာယာကိုမသင်ချင်ဘူး
သေဆုံးခြင်းသာ ဘဝပန်းတိုင်. . .
ငိုချင်လာရင် ငိုလိုက်ပါ
ရယ်ချင်တဲ့အခါ ရယ်မောပစ်ပါ
သူများသတ်မှတ်ချက်နဲ့
ကိုယ့် မာနကို စိမ်လျှော်မပစ်ပါနဲ့
ချစ်သူ ရေ. . .
ကိုယ့်လက်ဖဝါးကို ယုံကြည်စွာတွဲပါ
ရင်ခွင်ထဲမှာ လုံခြုံစွာနေပါ
စိတ်ရဲ့တံခါးကို အမြဲဖွင့်ထားပါ
ကဲ.....!!
တို့တွေ ဆက်ရိုးသားကြရအောင်...။ ။
~အလင်းဖြိုး~
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။