ဆုံမှတ်ရှိသော ဒိုင်ဗားဂျင့်များ
ဒေါ်နယ်ထရမ့် Donald Trump ဟာ အမေရိကန်ပြည်ထောင်စု ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကင်ပါတီမှ တင်သွင်းမယ့် သမ္မတလောင်းပြိုင်ပွဲမှာ ရှေ့ဆုံးကပြေးနေသူဖြစ်ပါတယ် ။ မစ္စတာထရမ့် ခုလိုရှေ့ရောက်လာခြင်းဟာ ပညာတတ်များ အပါအ၀င် အမေရိကရဲ့အထက်တန်းလွှာအသိုင်းအ၀ိုင်းအချို့ကို အံ့အားသင့်စရာဖြစ်စေခဲ့တာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ဘီလျံနာသူဌေးကြီး ထရမ့်ဟာ ရီပတ်ဘလစ်ကင်ပါတီကို ဆယ်စုနှစ်များစွာ
လွှမ်းမိုးလာခဲ့တဲ့ အခြေကျပြီးသား သမားရိုးကျအင်အားစုများကို ဆန့်ကျင်သူ
Antiestablishment တစ်ဦးဖြစ်တယ်။ ဒါ့အပြင် အပြောအဆိုကြမ်းတမ်းပြီး
အငြင်းပွားဖွယ်ရာ တဖက်သတ်အယူအဆတွေကို ကိုင်စွဲထားသူဖြစ်တယ်။ ဒါကြောင့်
လက်ရှိ ရီပတ်ဘလစ်ကင် ထိပ်သီးတွေက ထရမ့်ကို အပြင်လူတစ်ယောက်လို
ဝိုင်းပြီးတိုက်ခိုက်ကြတယ် ။
မကြာသေးမီကပဲ အမေရိကကို မူဆလင်တွေလာရောက်ခွင့် ပိတ်ပင်သင့်တယ်လို့ ထရမ့်ကပြောလိုက်တယ်။ ခုလိုပြောတာကို နိုင်ငံရေး စီးပွားရေးလောကမှ ခေါင်းဆောင်တွေ အတွင်းရောအပြင်ပါ ၀ိုင်းပြီးရှုတ်ချကြတယ်။ ထရမ့်ကတော့ ခပ်တင်းတင်းပါပဲ။ သူ့ကိုထောက်ခံနေသူတွေလည်း လျော့ကျမသွားပါဘူး။ အရင်ကလည်း အမေရိကို တရားမ၀င် ရောက်နေသူတွေ အားလုံးကို နှင်ထုတ်ပစ်မယ်လို့ ပြောဖူးတယ်။
သုံးသပ်သူများကတော့ ထရမ့်တစ်ယောက် ခုလိုရေပန်းစားလာခြင်းဟာ အခြားနိုင်ငံရေးသမားတွေနဲ့ မတူတဲ့ ပြောပုံဆိုပုံ၊ ရပ်တည်ချက်တွေကြောင့်ဖြစ်တယ်လို့ဆိုတယ်။ လက်လုပ်လက်စား အမေရိကန်လူထုဟာ ရွေ့ပြောင်းရောက်ရှိလာသူ immigrant တွေ၊ ကုန်သွယ်ရေးလွတ်လပ်မှုစာချုပ် FTA တွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် 
ရိုက်ခတ်လာတဲ့ ယှဉ်ပြိုင်မှုတွေအပေါ် စိုးရိမ်မကင်းရှိနေပြီး လက်ရှိအစိုးရ
အပါအ၀င် နိုင်ငံရေး စီးပွားရေးမျက်နှာဖုံး elite တွေရဲ့
ရှုမြင်ကိုင်တွယ်ပုံကို အားမရ၊ မကျေနပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ခုလိုဖြစ်နေတာ အမေရိကတစ်နိုင်ငံထဲမှာ မဟုတ်ပဲ
ဂလိုဘယ်အရွေ့တစ်ခု global trend လို့လည်း မှတ်ချက်ပေးကြတာတွေရှိတယ်။
ဗြိတိန်က Nigel Farage (UKIP) နယ်သာလန်က Geert Wilders (Party for Freedom)
တို့ကို ဥပမာပေးလို့ရတယ်။ အရှေ့ဖျားမှာဆိုရင် စင်ကာပူမှ Tan Jee Say
(Singaporean First) ဆိုပါတော့။
ဒါပေမဲ့ တဟုန်ထိုး တက်လာသူတို့ရဲ့ပေါ်ပြူလာဖြစ် မှုဟာ ရွေးကောက်ပွဲ တကယ်လုပ်တဲ့အခါ ထောက်ခံမဲအဖြစ် အသွင်မပြောင်းနိုင်ဘူးလို့လ ည်း သုံးသပ်ကြတာရှိတယ်။ ၂၀၁၅ ခုနှစ် ဗြိတိသျှပါလီမန်ရွေးကောက်ပွဲ၊
စင်ကာပူရွေးကောက်ပွဲတွေကို ထောက်ပြကြတယ်။ မဲဆန္ဒရှင်တွေဟာ နင်လားငါလား
ရွေးချယ်ရမယ့်အခါမှာတော့ တည်တည်တံ့တံ့နဲ့ ကျိုးကြောင်းဆီလျော်မှုကို
အခြေခံပြီး ဆုံးဖြတ်ကြတယ်လို့ ဆိုပါတယ်။
စာရေးသူတို့ မြန်မာပြည်မှာလည်း ဒီသဘော ပြောဟောတဲ့ မဘသ လှုပ်ရှားမှုရှိတယ်။ သို့သော် ဒါအတူတူပဲလို့ သိမ်းကျုံးပြောမယ့်အစား နှိုင်းယှဉ်လေ့လာကြည့်ပြီး တိုက်ဆိုင်မှု၊ ကွဲလွဲမှုတွေကို ဆွဲထုတ်ကြည့်သင့်တယ်။
(၁) လူထုရဲ့ စိုးရိမ်ပူပန်မှုကို ဆွဲငင်ဖမ်းစားနိုင်တဲ့နေရာမှာ မဘသအဖွဲ့ရဲ့ ထိုးဖောက်နိုင်မှုကို အသိအမှတ်ပြုရမှာဖြစ်တယ်။ လူတွေမှာ စိုးရိမ်ကြောင့်ကျမှုတွေရှိေ နပြီး
ဒီအတွက် မဘသရဲ့အဖြေဟာ တိကျပြတ်သားပြီး ရှင်းရှင်းလင်းလင်းရှိတယ်။
နိုင်ငံတကာက anti-immigrant လှုပ်ရှားမှုတွေ ထင်ရှားလာတာလည်း
အလားတူကြောင့်ဖြစ်တယ်။
(၂) ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေက
anti-immigrant နဲ့ antiestablishment လှုပ်ရှားမှုတွေဟာ နိုင်ငံရေးကို
အခြေခံတယ်။ နိုင်ငံသား citizen အခွင့်အရေးကို ထိပါးတိုက်ခိုက်ခြင်းမရှိဘူး။ မြန်မာပြည်က မဘသလှုပ်ရှားမှုကတော့ ဘာသာရေးကို အခြေခံတယ်။ အခွင့်အရေးသတ်မှတ်ချက်အတွက် နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို အသိအမှတ်မပြုဘူး။
(၃) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းခြင်းဟာ လူ့သဘာဝ ဆိုရင် စီးပွားရေးဖွံ့ဖြိုးမှု၊ ဘ၀အခွင့်အလမ်း၊ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ဆွဲဆောင်မှုတွေ (တစ်ခုမဟုတ်တစ်ခု) ကြောင့် အမေရိကနဲ့ အနောက်ဥရောပကို ရေမြေခြားမှ၊ အထူးသဖြင့် ဆင်းရဲသားနိုင်ငံ၊ အတိဒုက္ခရောက်နေတဲ့ နိုင်ငံကလူတွေ အုံလိုက်ကျင်းလိုက် ရွှေ့ပြောင်းကြတဲ့အတွက် migrant ပြဿနာပေါ်တယ်။ ဆိုလိုတာက ဆွဲဆောင်မှု အားကောင်းခြင်းကို အခြေခံတယ်။ မြန်မာပြည်က လူဝင်မှု ပြဿနာကတော့ အစိုးရအုပ်ချုပ်ရေး အားနည်းခြင်း အကျင့်ပျက်ခြစားမှုတို့ကို အခြေခံတယ်။
(၄) တောင့်တင်းတဲ့ နိုင်ငံတကာ အစိုးရများဟာ ဆွမ်းခံရင်း ငှက်သင့်မှာကိုတော့ ကြောက်ကြတယ်။ Anti-immigrant လှုပ်ရှားမှုတွေနဲ့ ခပ်ခွာခွာနေပြီး ဥပဒေ၊ အုပ်ချုပ်ရေး ပြဋ္ဌာန်းချက်များနဲ့ ပြဿနာကို တိုက်ရိုက်ဖြေရှင်းဖို့ ကြိုးစားတယ်။ အင်အားချိနဲ့တဲ့ မြန်မာအစိုးရဟာ မိမိပေါ်လစီအလွဲကြောင့် ပေါ်လာတဲ့ မဘသလှုပ်ရှားမှုကို လုံးထွေးထောက်ခံပြီး အုပ်ချုပ်ရေး ပြဋ္ဌာန်းချက်များနဲ့ ပြဿနာကို သွယ်ဝိုက်ကြီးထွားစေပြီး နိုင်ငံရေးအမြတ်ထုတ်တယ်။
(၅) ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများမှ လူဝင်မှု ပြဿနာဟာ ကမ္ဘာ့အခြေအနေနဲ့ သက်ဆိုင်ပြီး အစိုးရတွေပြောင်းသွားပေမဲ့ လှုပ်ရှားမှုတွေကတော့ ဆက်လက်အားကောင်းနေဦးမှာဖြစ်တယ်။ ပြီးတော့ ဒီကိစ္စကို နိုင်ငံရေး အယူအဆတစ်ရပ်အနေနဲ့ ဦးဆောင်ဖော်ထုတ်သူတွေရှိတယ်။
အမေရိကကို ရောက်လာသူတွေအနေနဲ့ အင်္ဂလိပ်စာမသင်ဘူး၊ အင်ဂလို ပရိုတက်စတင့်
ခရစ်ယာန်တန်ဖိုးတွေကို မပူဇော်ဘူးဆိုရင် American identity
တစ်နေ့ပျောက်ကွယ်သွားမယ်လို့ 
ပြောခဲ့တဲ့ ဟန်တင်တန် Samuel Huntington လို ပညာရှင်တွေရှိတယ်။
မြန်မာပြည်က လူဝင်မှု ပြဿနာကတော့ ပြည်တွင်းနိုင်ငံရေးနဲ့ ပိုသက်ဆိုင်ပြီး
အင်အားတောင့်တင်းတဲ့ အစိုးရ ပေါ်လာလို့ တရားဥပဒေစိုးမိုးမှုရှိလာမယ် ၊
တိုင်းပြည် စီးပွားရေး ကောင်းမွန်လာမယ်ဆို မဘသလှုပ်ရှားမှု
ဘောင်ကျဉ်းသွားဖွယ်ရာ ရှိပါတယ်။ သို့သော် ပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူး။
ဒီနေရာမှာ ပြောစရာရှိတာက အနောက်တိုင်း လစ်ဘရယ် ဒီမိုကရေစီရဲ့ ဘောင်ထဲမှာ နိုင်ငံတော်အစိုးရ (state) အနေနဲ့ တိုင်းသူပြည်သားတွေရဲ့ စိတ်နေသဘောထား အပြုအမူ အကျင့်စရိုက် ယုံကြည်မှုနဲ့ပတ်သက်ပြီး တာဝန်မရှိဘူး ဆိုတဲ့အချက်ဖြစ်တယ်။ အစွန်းရောက်ခြင်း မရောက်ခြင်းများဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ဖြစ်တဲ့အတွက် အစိုးရအရေးမပိုင်ပါဘူး။ အစွန်းရောက် အယူအဆရှိသူ မည်သူမဆို ရာဇ၀တ်မှု မကျူးလွန်သရွေ့ အစိုးရအနေနဲ့ ဘာမှမတတ်နိုင်ပါဘူး။ ဒါကြောင့်လည်း ၂၀၁၀ ပြည့်နှစ်က ကိုရမ်ကျမ်းကို လူသိရှင်ကြား မီးရှို့မယ်ကြေညာသူ ဘုန်းတော်ကြီး Terry Jones တစ်ယောက် သူ့ကြောင့်သွယ်ဝိုက်ပြီး အသေအပျောက်များစွာ ရှိခဲ့ပေမဲ့ အရေးယူမခံရတာ ဖြစ်တယ်။ အစိုးရသာမဟုတ် နိုင်ငံသားများကလည်း ဒီအတိုင်း ခံယူကြတယ်။ အမေရိကမှာ နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှု အာမခံထားရမယ်ဆိုတဲ့ သမ္မတ အိုဘားမားရဲ့ ဥပဒေ Universal Healthcare Law (Obamacare) ကို အခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ နဲ့ကိုင်ပြီး ကန့်ကွက်ကြတာ တွေ့ရမယ်။
ဆန့်ကျင်ဘက် ပုံစံကတော့ အစိုးရဟာ ပြည်သူတွေရဲ့ မိဘသဖွယ်ဖြစ်တယ်လို့ ခံယူတဲ့အတွက် နိုင်ငံခြားသွားလည်မယ့် တိုးရစ်တွေ ဘယ်လိုပြုမူနေထိုင်ရမယ် ဆိုတာကအစ စည်းကမ်းထုတ်တဲ့ ကွန်ဖြူးရှပ်ပုံစံ တရုတ်နိုင်ငံတော် Chinese state ဖြစ်ပါတယ်။ တရုတ်လူထုကလည်း အစိုးရကို ဒီအတိုင်းပဲ မျှော်လင့်တယ်။ ၂၀၀၆ ခုနှစ်က တရုတ်အမျိုးသမီး တိုးရစ်တစ်ယောက်ကို မလေးရှားရဲက ကိုယ်တုံးလုံးချွတ်စေပြီး ထိုင်ထလုပ်ခိုင်းတယ်ဆိုတဲ့ ကောလာဟလကြောင့် တရုတ်တွေ သွေးဆူပြီး မလေးရှားကို ဒဏ်ခတ်ဖို့ အစိုးရကို တောင်းဆိုခဲ့သလို တရုတ်အစိုးရကလည်း အကြောင်းရင်းမြစ်ကို မစုံစမ်းပဲ ၀င်စွက်ခဲ့တယ်။ (စကားချပ်။ နောက်ပိုင်းသတင်းအရ ထိုအမျိုးသမီးမှာတရုတ်နိုင်ငံသားမဟုတ်၊ တရုတ်လူမျိုးလည်း မဟုတ်ဟု သိရသည်)
အချုပ်ပြောရရင် ဘယ်လိုလူ့အဖွဲ့အစည်းမှာဖြစ် စေ
ပြေးမလွတ်တဲ့ ကိစ္စတွေ ရှိနေတတ်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ လူ့ဘောင်မှာ
ဒါကိုရင်ဆိုင်ရတဲ့အခါ ဆုံးရှုံးသွားမယ် ဆိုရင်တောင် ကိုယ်မသိလိုက်ခင်
အသုံးချခံရမှာအတွက် ပူစရာမရှိ။ သူနဲ့ဆန့်ကျင်ဘက် အရပ်မှာတော့
စိတ်ကြိုက်တွေ့စရာ အားသာချက်တွေ ရှိနိုင်ပေမဲ့ စစ်တုရင်ခုံပေါ်က
နယ်ရုပ်တွေလို ရွေးချယ်စရာ များများစားစားမရှိ။ အကြောက်တရားနဲ့
လုပ်ကြံမှုတွေ ပလူပျံနေပြီး ဘာမဆို ကိုယ်ထူကိုယ်ထ ရင်ဆိုင်ရပြီ ဆိုရင်တော့
ချွတ်ခြုံကျနိုင်ငံတော် ဦးဆောင်နေတဲ့ လက္ခဏာဖြစ်တယ် ဆိုတာပါပဲ။
#ESSAY_2011+ Ko Htay Naing
ဒေါ်နယ်ထရမ့် Donald Trump ဟာ အမေရိကန်ပြည်ထောင်စု ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကင်ပါတီမှ တင်သွင်းမယ့် သမ္မတလောင်းပြိုင်ပွဲမှာ ရှေ့ဆုံးကပြေးနေသူဖြစ်ပါတယ်
မကြာသေးမီကပဲ အမေရိကကို မူဆလင်တွေလာရောက်ခွင့် ပိတ်ပင်သင့်တယ်လို့ ထရမ့်ကပြောလိုက်တယ်။ ခုလိုပြောတာကို နိုင်ငံရေး စီးပွားရေးလောကမှ ခေါင်းဆောင်တွေ အတွင်းရောအပြင်ပါ ၀ိုင်းပြီးရှုတ်ချကြတယ်။ ထရမ့်ကတော့ ခပ်တင်းတင်းပါပဲ။ သူ့ကိုထောက်ခံနေသူတွေလည်း လျော့ကျမသွားပါဘူး။ အရင်ကလည်း အမေရိကို တရားမ၀င် ရောက်နေသူတွေ အားလုံးကို နှင်ထုတ်ပစ်မယ်လို့ ပြောဖူးတယ်။
သုံးသပ်သူများကတော့ ထရမ့်တစ်ယောက် ခုလိုရေပန်းစားလာခြင်းဟာ အခြားနိုင်ငံရေးသမားတွေနဲ့ မတူတဲ့ ပြောပုံဆိုပုံ၊ ရပ်တည်ချက်တွေကြောင့်ဖြစ်တယ
ဒါပေမဲ့ တဟုန်ထိုး တက်လာသူတို့ရဲ့ပေါ်ပြူလာဖြစ်
စာရေးသူတို့ မြန်မာပြည်မှာလည်း ဒီသဘော ပြောဟောတဲ့ မဘသ လှုပ်ရှားမှုရှိတယ်။ သို့သော် ဒါအတူတူပဲလို့ သိမ်းကျုံးပြောမယ့်အစား နှိုင်းယှဉ်လေ့လာကြည့်ပြီး တိုက်ဆိုင်မှု၊ ကွဲလွဲမှုတွေကို ဆွဲထုတ်ကြည့်သင့်တယ်။
(၁) လူထုရဲ့ စိုးရိမ်ပူပန်မှုကို ဆွဲငင်ဖမ်းစားနိုင်တဲ့နေရာမ
(၂) ဖွံ့ဖြိုးတိုးတက်ပြီးနိုင်င
(၃) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းခြင်းဟာ လူ့သဘာဝ ဆိုရင် စီးပွားရေးဖွံ့ဖြိုးမှု၊ ဘ၀အခွင့်အလမ်း၊ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ဆွဲဆောင်မှုတွေ (တစ်ခုမဟုတ်တစ်ခု) ကြောင့် အမေရိကနဲ့ အနောက်ဥရောပကို ရေမြေခြားမှ၊ အထူးသဖြင့် ဆင်းရဲသားနိုင်ငံ၊ အတိဒုက္ခရောက်နေတဲ့ နိုင်ငံကလူတွေ အုံလိုက်ကျင်းလိုက် ရွှေ့ပြောင်းကြတဲ့အတွက် migrant ပြဿနာပေါ်တယ်။ ဆိုလိုတာက ဆွဲဆောင်မှု အားကောင်းခြင်းကို အခြေခံတယ်။ မြန်မာပြည်က လူဝင်မှု ပြဿနာကတော့ အစိုးရအုပ်ချုပ်ရေး အားနည်းခြင်း အကျင့်ပျက်ခြစားမှုတို့ကို အခြေခံတယ်။
(၄) တောင့်တင်းတဲ့ နိုင်ငံတကာ အစိုးရများဟာ ဆွမ်းခံရင်း ငှက်သင့်မှာကိုတော့ ကြောက်ကြတယ်။ Anti-immigrant လှုပ်ရှားမှုတွေနဲ့ ခပ်ခွာခွာနေပြီး ဥပဒေ၊ အုပ်ချုပ်ရေး ပြဋ္ဌာန်းချက်များနဲ့ ပြဿနာကို တိုက်ရိုက်ဖြေရှင်းဖို့ ကြိုးစားတယ်။ အင်အားချိနဲ့တဲ့ မြန်မာအစိုးရဟာ မိမိပေါ်လစီအလွဲကြောင့် ပေါ်လာတဲ့ မဘသလှုပ်ရှားမှုကို လုံးထွေးထောက်ခံပြီး အုပ်ချုပ်ရေး ပြဋ္ဌာန်းချက်များနဲ့ ပြဿနာကို သွယ်ဝိုက်ကြီးထွားစေပြီး နိုင်ငံရေးအမြတ်ထုတ်တယ်။
(၅) ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများမှ လူဝင်မှု ပြဿနာဟာ ကမ္ဘာ့အခြေအနေနဲ့ သက်ဆိုင်ပြီး အစိုးရတွေပြောင်းသွားပေမဲ့ လှုပ်ရှားမှုတွေကတော့ ဆက်လက်အားကောင်းနေဦးမှာဖြစ
ဒီနေရာမှာ ပြောစရာရှိတာက အနောက်တိုင်း လစ်ဘရယ် ဒီမိုကရေစီရဲ့ ဘောင်ထဲမှာ နိုင်ငံတော်အစိုးရ (state) အနေနဲ့ တိုင်းသူပြည်သားတွေရဲ့ စိတ်နေသဘောထား အပြုအမူ အကျင့်စရိုက် ယုံကြည်မှုနဲ့ပတ်သက်ပြီး တာဝန်မရှိဘူး ဆိုတဲ့အချက်ဖြစ်တယ်။ အစွန်းရောက်ခြင်း မရောက်ခြင်းများဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ဖြစ်တဲ့အတွက် အစိုးရအရေးမပိုင်ပါဘူး။ အစွန်းရောက် အယူအဆရှိသူ မည်သူမဆို ရာဇ၀တ်မှု မကျူးလွန်သရွေ့ အစိုးရအနေနဲ့ ဘာမှမတတ်နိုင်ပါဘူး။ ဒါကြောင့်လည်း ၂၀၁၀ ပြည့်နှစ်က ကိုရမ်ကျမ်းကို လူသိရှင်ကြား မီးရှို့မယ်ကြေညာသူ ဘုန်းတော်ကြီး Terry Jones တစ်ယောက် သူ့ကြောင့်သွယ်ဝိုက်ပြီး အသေအပျောက်များစွာ ရှိခဲ့ပေမဲ့ အရေးယူမခံရတာ ဖြစ်တယ်။ အစိုးရသာမဟုတ် နိုင်ငံသားများကလည်း ဒီအတိုင်း ခံယူကြတယ်။ အမေရိကမှာ နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှု အာမခံထားရမယ်ဆိုတဲ့ သမ္မတ အိုဘားမားရဲ့ ဥပဒေ Universal Healthcare Law (Obamacare) ကို အခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ နဲ့ကိုင်ပြီး ကန့်ကွက်ကြတာ တွေ့ရမယ်။
ဆန့်ကျင်ဘက် ပုံစံကတော့ အစိုးရဟာ ပြည်သူတွေရဲ့ မိဘသဖွယ်ဖြစ်တယ်လို့ ခံယူတဲ့အတွက် နိုင်ငံခြားသွားလည်မယ့် တိုးရစ်တွေ ဘယ်လိုပြုမူနေထိုင်ရမယ် ဆိုတာကအစ စည်းကမ်းထုတ်တဲ့ ကွန်ဖြူးရှပ်ပုံစံ တရုတ်နိုင်ငံတော် Chinese state ဖြစ်ပါတယ်။ တရုတ်လူထုကလည်း အစိုးရကို ဒီအတိုင်းပဲ မျှော်လင့်တယ်။ ၂၀၀၆ ခုနှစ်က တရုတ်အမျိုးသမီး တိုးရစ်တစ်ယောက်ကို မလေးရှားရဲက ကိုယ်တုံးလုံးချွတ်စေပြီး ထိုင်ထလုပ်ခိုင်းတယ်ဆိုတဲ့ ကောလာဟလကြောင့် တရုတ်တွေ သွေးဆူပြီး မလေးရှားကို ဒဏ်ခတ်ဖို့ အစိုးရကို တောင်းဆိုခဲ့သလို တရုတ်အစိုးရကလည်း အကြောင်းရင်းမြစ်ကို မစုံစမ်းပဲ ၀င်စွက်ခဲ့တယ်။ (စကားချပ်။ နောက်ပိုင်းသတင်းအရ ထိုအမျိုးသမီးမှာတရုတ်နိုင
အချုပ်ပြောရရင် ဘယ်လိုလူ့အဖွဲ့အစည်းမှာဖြစ်
#ESSAY_2011+ Ko Htay Naing
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။