နွားနို့သည်နဲ့ တန်ခိုးရှင်
================
တစ်ခါက နွားနို့သည်တစ်ယောက်ရှိခဲ့ဘူးပါသတဲ့။ သူက သူ့ရဲ့နွားနို့တွေကို အမြဲတမ်းပဲ "ရေ" ရောတယ်။ သူနေတဲ့ နေရာနဲ့ ရွာနီးချုပ်စပ်တွေအကုန်လုံး က သူ့ရဲ့ဖောက်သည်တွေပဲဖြစ်တယ် ။ သူ့ရဲ့ဖောက်သည်တွေဟာ နွားနို့ရေရောမှန်းသိပေမယ့် အခြား ရွေးချယ်စရာမရှိတာကြောင့် မတတ်သာဘဲ သူ့ဆီကသာ နွားနို့ဝယ်ယူကြရတယ်။
တစ်နေ့မှာတော့ နွားနို့သည်ဟာ သူနွားနို့ညှစ်လို့ရတဲ့ နွားနို့ပုံးထဲကို ရေရောဖို့ ပြင်ဆင်နေတယ်။ အဲဒီအခိုက်အတန့်မှာပဲ တန်ခိုးရှင်နတ်တစ်ပါးက သူ့ရှေ့မှာ ဘွားကနဲ ကိုယ်ထင်ပြတယ်။ နွားနို့သည်လည်း အံ့သြသွားပြီး ၀တ်ချလိုက်တယ်။ နတ်ဒေ၀တာက
"မင်းဘာလို့ နွားနို့ထဲကို ရေရောရတာလဲ"လို့မေးမြန်းတယ် ။
နွားနို့သည်က
"ဟို-- ကျွန်တော်--၊ ဒီလိုပါနတ်သား ကျွန်တော်နွားနို့တွေကိုရေေ ရာလိုက်တော့ နွားနို့ပုံး (၂) ပုံးဖြစ်သွားတယ်၊ အရေအတွက်များလာတော့ ပိုက်ဆံလည်း ပိုရလို့ပါ"လို့ ပြန်ဖြေလိုက်တယ်။
အဲဒီလိုဖြေလိုက်တဲ့အခါ နတ်သားက သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တယ်။ နွားနို့သည်ရဲ့ရှေ့မှာ နို့အပြည့်နဲ့ ပုံးတစ်ပုံး ထပ်ပေါ်လာတယ်။ နွားနို့သည်လည်း ၀မ်းသာအားရဖြစ်ပြီး နတ်သားကို ဦးသုံးကြိမ်ချတယ်။ ပြီးတဲ့အခါ နတ်သားဖန်ဆင်းပေးထားတဲ့ နွားနို့ပုံးကို ဆွဲပြီး လှည့်ထွက်ခဲ့တယ်။ ခြေလှမ်း နှစ်လှမ်းသုံးလှမ်းလောက်ရော က်တဲ့အခါမှာ သူတစ်ခုခုကို သတိရသွားခဲ့ပြီး ရပ်နေခဲ့တယ်။ ပြီးတော့မှ နတ်သားဘက်ကိုပြန်လှည့်လာတယ် ။ အဲဒါကို မြင်တဲ့အခါ တန်ခိုးရှင်နတ်သားက
"မင်းဘာများလိုသေးလို့လဲ၊ နောက်ထပ် နို့ပုံးတစ်ပုံးကို အလိုရှိသလား"လို့မေးတယ်။ နွားနို့သည်က
"ကျွန်တော်မျိုး အဲဒီလောက်ထိ လောဘမကြီးကြောင်းပါ၊ ရေရောဖို့ နောက်ထပ် ရေတစ်ပုံးသာ အဆင်ပြေရင် ဖန်ဆင်းပေးပါ"
လို့ ပြောလိုက်တော့တယ်။
ဒီပုံပြင်လေးဟာ စိတ်တစေတနာမမှန်သူတွေအကြောင်း ကျနော်တို့ကိုပြောပြခဲ့တယ်။ နွားနို့သည်ဟာ ငွေကြေးပိုမို ရရှိဖို့အတွက် "ရေရောခြင်း" တစ်နည်းအားဖြင့်"ဂွင်ဖန်"ပြီး
သူ့ဖောက်သည်တွေကို လှည့်စားတယ်။ ဒါပေမယ့်လည်း ပြီးပြည့်စုံတဲ့ အခြေအနေ
တစ်ခု ဖြစ်တဲ့နွားနို့တစ်ပုံး ပိုမို ရရှိုလာတဲ့အခါမှာလည်း နွားနို့အစစ်ကို
ပေးနိုင်ပါရက် ရေရောဖို့သာလျင် တွေးခဲ့တယ်။ နွားနို့သည်နဲ့တူတဲ့သူများရဲ့ လဒ်လာဘ မျှော်ကိုးခြင်းဟာ စားဝတ်နေရေးထက်၊ မတော်လောဘကြောင့်သာလျင် ဖြစ်တယ်။ သူတို့ဟာ တစ်ကယ်တန်းထောက်ပံ့ပေးထားတဲ့  ဖောက်သည်နဲ့တူတဲ့ သူတွေအတွက် ထည်သွင်းစဉ်းစားလေ့မရှိဘူး။
ကံကြမ္မာအထောက်အပံ့ကြောင့် ကြီးစွားသောစည်းစိမ် ရခဲ့ပေမယ့်လည်း
အခြားသူများအတွက် ထည့်သွင်းစဉ်းစားဖို့ မေ့လျော့နေတတ်ကြတယ်။ ဘယ်လို
အခြေအနေပဲရောက်ရောက် ကိုယ့်အတွက်သာလျင် ဗဟိုပြုပြီးစဉ်းစားတဲ့
အတ္တကြီးသူများသာလျင်ဖြစ်တယ် ။
အတ္တသမားများနှင့် ကင်းဝေးကြပါစေ။
(ဖြိုးသုတ)
================
တစ်ခါက နွားနို့သည်တစ်ယောက်ရှိခဲ့ဘ
တစ်နေ့မှာတော့ နွားနို့သည်ဟာ သူနွားနို့ညှစ်လို့ရတဲ့ နွားနို့ပုံးထဲကို ရေရောဖို့ ပြင်ဆင်နေတယ်။ အဲဒီအခိုက်အတန့်မှာပဲ တန်ခိုးရှင်နတ်တစ်ပါးက သူ့ရှေ့မှာ ဘွားကနဲ ကိုယ်ထင်ပြတယ်။ နွားနို့သည်လည်း အံ့သြသွားပြီး ၀တ်ချလိုက်တယ်။ နတ်ဒေ၀တာက
"မင်းဘာလို့ နွားနို့ထဲကို ရေရောရတာလဲ"လို့မေးမြန်းတယ်
နွားနို့သည်က
"ဟို-- ကျွန်တော်--၊ ဒီလိုပါနတ်သား ကျွန်တော်နွားနို့တွေကိုရေေ
အဲဒီလိုဖြေလိုက်တဲ့အခါ နတ်သားက သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တယ်။ နွားနို့သည်ရဲ့ရှေ့မှာ နို့အပြည့်နဲ့ ပုံးတစ်ပုံး ထပ်ပေါ်လာတယ်။ နွားနို့သည်လည်း ၀မ်းသာအားရဖြစ်ပြီး နတ်သားကို ဦးသုံးကြိမ်ချတယ်။ ပြီးတဲ့အခါ နတ်သားဖန်ဆင်းပေးထားတဲ့ နွားနို့ပုံးကို ဆွဲပြီး လှည့်ထွက်ခဲ့တယ်။ ခြေလှမ်း နှစ်လှမ်းသုံးလှမ်းလောက်ရော
"မင်းဘာများလိုသေးလို့လဲ၊ နောက်ထပ် နို့ပုံးတစ်ပုံးကို အလိုရှိသလား"လို့မေးတယ်။ နွားနို့သည်က
"ကျွန်တော်မျိုး အဲဒီလောက်ထိ လောဘမကြီးကြောင်းပါ၊ ရေရောဖို့ နောက်ထပ် ရေတစ်ပုံးသာ အဆင်ပြေရင် ဖန်ဆင်းပေးပါ"
လို့ ပြောလိုက်တော့တယ်။
ဒီပုံပြင်လေးဟာ စိတ်တစေတနာမမှန်သူတွေအကြောင
အတ္တသမားများနှင့် ကင်းဝေးကြပါစေ။
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။