စိတ်ကူးယဉ်ကြသူများ
================
တစ်ခါက အင်မတန်စိတ်ကူးယဉ်ကြတဲ့ လင်မယားနှစ်ယောက်ရှိပါသတဲ့။ တစ်နေ့မှာတော့ ယောက်ျားဖြစ်သူက သူ့ဇနီးကို ဒီလိုပြောပါသတဲ့
"ငါပိုက်ဆံရှိလာတဲ့ တစ်နေ့ကျရင် နွားတွေဝယ်မွေးမယ်ကွာ၊" လို့ပြောလိုက်တယ်။ အဲဒီအခါ သူ့ဇနီးက
"ဟာ ၊ ဒါဆို နွားနို့တွေအများကြီးရမှာပေါ့နော်၊ ပျော်လိုက်တာ ဟိ"
လို့ ပြောပြန်တယ်။ အဲဒီအခါ ယောက်ျားဖြစ်သူက
"ဒါတင်ဘယ်ကမလဲကွာ၊ ဒိန်ခဲတွေ၊ ထောပတ်တွေ၊ ဒိန်ချဉ်တွေပါ ရဦးမှာကွ၊ ငါ့ညီမလေး အိမ်ကိုလည်း နေ့တိုင်း နွားနို့တစ်အိုး ပို့ပေးရဦးတော့မှာပဲ"
လို့ပြောလိုက်တယ်။ ဒီအခါ အိမ်ရှင်မက
"ဘာရှင့်၊ ဘာမှအကျိုးမပြုတဲ့ ရှင့်ညီမအိမ်ကို နွားနို့ပေးချင်သေးတယ်ပေါ့၊ လာ-လာချည်သေး၊ အဲဒါကြောင့် ရှင်မကြီးပွားဘဲ ခုလိုမွဲနေတာ၊ ရှင်လိုယောက်ျားမျိုးယူမိတာ ငါးပါးမှောက်တာပဲ"
လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ရဲ့ ရန်ပွဲအရှိန်တက်လာခဲ့ပြန်တယ်။ ယောက်ျားဖြစ်သူက
"မင်းကို အဲဒါတွေငါမကြိုက်တာ၊ အဲဒီလို စိတ်ပုပ်စိတ်ယုတ်များလို့ပဲ မင်းရဲ့ရုပ်ကြီးက တစ်နေ့တစ်ခြား အော်ဂလီဆန်စရာကြီးဖြစ်လာတာ၊ ဒီလောက်နွားနို့တွေပေါနေမှပဲ
ငါ့ညီမအိမ်တစ်အိုးလောက် ပေးတော့ရောဘာဖြစ်သေးလဲ၊ ဒီလိုမျိုး စိတ်ဓါတ်နဲ့
နောင်ဘ၀ လူတောင်ဖြစ်မှာမဟုတ်ဘူး၊ ငါ့အတွက် နင့်ကိုယူမိတာ ငါးပါးတင်မဟုတ်ဘူး
သံဃာစင်ပါမှောက်တာဟေ့"
အဲဒီလိုပြောလိုက်တဲ့အခါ မိန်းမဖြစ်သူက
"ပိုနေရင်ရောင်းစားမယ်၊ ရှင့်အမျိုးတွေကိုတော့ မပေးနိုင်ဘူး၊ ကြာပါတယ်၊ ရှင်နို့သွားပေးလို့မရအောင် အိမ်မှာရှိတဲ့ အိုးတွေကို အကုန်ခွဲပစ်မယ်"
လို့ပြောပြီး သူတို့အိမ်က အိုးတွေကို ရိုက်ခွဲပစ်ပါသတဲ့။ အဲဒီအခါ နားမခံသာတဲ့ အိမ်နီးချင်းဟာ တုတ်တစ်ချောင်းကို ကိုင်ပြီး သူတို့လင်မယားအိမ်ရှေ့ကို ရောက်လာပါသတဲ့။ အဲဒီနောက်တော့ သူဟာ လက်ထဲကတုတ်နဲ့ လေထဲကို အဆက်မပြတ်ယမ်းနေပြီး ဒီလိုအော်ဟစ်နေခဲ့ပါသတဲ့
"သေစမ်းကွာ၊ အချိုးမပြေတဲ့နွား၊ သေစမ်း၊ မှတ်ပြီလား၊ နောက်တစ်ခါဆိုအသေဘဲ"
အဲဒီလို အိမ်နီးချင်းရဲ့ ထူးဆန်းတဲ့အပြုအမူကို မြင်သွားတဲ့ ယောက်ျားဖြစ်သူဟာ အိမ်နီးချင်းအနားကို ယောက်လာပြီး
"ခင်ဗျားက ဘာဖြစ်ရပြန်တာတုန်း"
လို့မေးမြန်းတယ်။ အဲဒီအခါ အိမ်နီးချင်းက
"ခင်ဗျားတို့နွားတွေ ကျုပ်သခွားခင်းထဲ ၀င်စားနေလို့"
လို့ ပြန်ဖြေလိုက်တယ်။ အိမ်ရှင်ယောက်ျားက
"ခင်ဗျားမှာ သခွားခင်းမှ မရှိတာပဲ" လို့ပြန်ပြောပြန်တယ်။
အဲဒီအခါ အိမ်နီးချင်းက
"ခင်ဗျားတို့မှာလည်း နွားမရှိဘူးလေ"
လို့ပြောပြီး၊ သူ့အိမ်သူပြန်သွားခဲ့တယ်။ အဲဒီအခါမှာတော့ ရန်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့အဖြစ်ကို သူတို့ သတိရသွားပြီး ရန်ပွဲကို ရပ်လိုက်တော့တယ်။
--------------------
ဒီပုံပြင်လေးက လေထဲတိုက်အိမ်ဆောက်သူတွေရဲ့
အဖြစ်ကို ပြောပြနေပြန်တယ်။ ကျနော်တို့ အခု အသုံးပြုနေတဲ့ ဖေ့စ်ဘွတ်ခ်
စာမျက်နှာပေါ်မှာလည်း မဖြစ်သေးတဲ့ အကြောင်းအရာကို ကြိုတင်ပြီး
အပြစ်တင်နေသူတွေ ညင်းခုန်နေသူတွေကိုလည်း ကျနော်တို့တွေ့နေရမှာပဲဖြစ် တယ်။
တစ်ကယ်တော့ သူတို့တွေဟာ စိတ်ကူးနဲ့ နွားမွေးသူတွေပဲဖြစ်တယ်။ ကျနော်တို့ဟာ
စိတ်ကူးနဲ့ နွားမွေးသူတွေရဲ့ရောပါပြီး ကိုယ်တိုင်ငြင်းခုန်ဆွေးနွေးခြင်းဟာ အကျိုးမဲ့သာလျင်ဖြစ်တယ်။
စိတ်ကူးနဲ့နွားမွေးနေမယ့်အစား လက်တွေ့နွားတစ်ကောင်ဝယ်သင့် သလို မဖြစ်လာသေးတဲ့ အကြောင်းအရာကို ငြင်းခုန်နေမယ့်အစား၊ လက်တွေ့အကောင်အထည်ဖော်နေသူေ တွကို ဖေးမသင့်လှတယ်။
တစ်ခါတစ်လေမှာ ကျနော်တို့ရဲ့ imagination (စိတ်ကူးပုံဖော်ခြင်း) တွေဟာ လက်တွေ့ဘ၀အတွက် အကျိုးမပြုတာကို အထင်အရှားမြင်နိုင်တယ်။ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ဘ၀ကို အမှန်တကယ် ထင်လာရင်တော့ လက်တွေ့ဘ၀နဲ့တစ်ဖြည်းဖြည်း ကင်းကွာသွားတတ်သေးတယ်။
စိတ်ကူးအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင် ကြပါစေ
(ဖြိုးသုတ)
မှတ်ချက် ။ ။ (မဖြစ်သေးတာကိုငြင်းခုန်နြေ ခင်းသည် အိုးနှင့်တူသော ဖုန်းဘေများ ဆုံးရှုံးခြင်း၏ လမ်းစဖြစ်သလို၊ စိတ်ဆင်းရဲစရာလည်းကောင်းလှသ ည်)
https://web.facebook.com/ ko.phyo.3363 (အခြားပုံပြင်များဖတ်ရှုရန်)
================
တစ်ခါက အင်မတန်စိတ်ကူးယဉ်ကြတဲ့ လင်မယားနှစ်ယောက်ရှိပါသတဲ့။
"ငါပိုက်ဆံရှိလာတဲ့ တစ်နေ့ကျရင် နွားတွေဝယ်မွေးမယ်ကွာ၊" လို့ပြောလိုက်တယ်။ အဲဒီအခါ သူ့ဇနီးက
"ဟာ ၊ ဒါဆို နွားနို့တွေအများကြီးရမှာပေ
လို့ ပြောပြန်တယ်။ အဲဒီအခါ ယောက်ျားဖြစ်သူက
"ဒါတင်ဘယ်ကမလဲကွာ၊ ဒိန်ခဲတွေ၊ ထောပတ်တွေ၊ ဒိန်ချဉ်တွေပါ ရဦးမှာကွ၊ ငါ့ညီမလေး အိမ်ကိုလည်း နေ့တိုင်း နွားနို့တစ်အိုး ပို့ပေးရဦးတော့မှာပဲ"
လို့ပြောလိုက်တယ်။ ဒီအခါ အိမ်ရှင်မက
"ဘာရှင့်၊ ဘာမှအကျိုးမပြုတဲ့ ရှင့်ညီမအိမ်ကို နွားနို့ပေးချင်သေးတယ်ပေါ့၊
လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ရဲ့ ရန်ပွဲအရှိန်တက်လာခဲ့ပြန်တယ
"မင်းကို အဲဒါတွေငါမကြိုက်တာ၊ အဲဒီလို စိတ်ပုပ်စိတ်ယုတ်များလို့ပဲ
အဲဒီလိုပြောလိုက်တဲ့အခါ မိန်းမဖြစ်သူက
"ပိုနေရင်ရောင်းစားမယ်၊ ရှင့်အမျိုးတွေကိုတော့ မပေးနိုင်ဘူး၊ ကြာပါတယ်၊ ရှင်နို့သွားပေးလို့မရအောင်
လို့ပြောပြီး သူတို့အိမ်က အိုးတွေကို ရိုက်ခွဲပစ်ပါသတဲ့။ အဲဒီအခါ နားမခံသာတဲ့ အိမ်နီးချင်းဟာ တုတ်တစ်ချောင်းကို ကိုင်ပြီး သူတို့လင်မယားအိမ်ရှေ့ကို ရောက်လာပါသတဲ့။ အဲဒီနောက်တော့ သူဟာ လက်ထဲကတုတ်နဲ့ လေထဲကို အဆက်မပြတ်ယမ်းနေပြီး ဒီလိုအော်ဟစ်နေခဲ့ပါသတဲ့
"သေစမ်းကွာ၊ အချိုးမပြေတဲ့နွား၊ သေစမ်း၊ မှတ်ပြီလား၊ နောက်တစ်ခါဆိုအသေဘဲ"
အဲဒီလို အိမ်နီးချင်းရဲ့ ထူးဆန်းတဲ့အပြုအမူကို မြင်သွားတဲ့ ယောက်ျားဖြစ်သူဟာ အိမ်နီးချင်းအနားကို ယောက်လာပြီး
"ခင်ဗျားက ဘာဖြစ်ရပြန်တာတုန်း"
လို့မေးမြန်းတယ်။ အဲဒီအခါ အိမ်နီးချင်းက
"ခင်ဗျားတို့နွားတွေ ကျုပ်သခွားခင်းထဲ ၀င်စားနေလို့"
လို့ ပြန်ဖြေလိုက်တယ်။ အိမ်ရှင်ယောက်ျားက
"ခင်ဗျားမှာ သခွားခင်းမှ မရှိတာပဲ" လို့ပြန်ပြောပြန်တယ်။
အဲဒီအခါ အိမ်နီးချင်းက
"ခင်ဗျားတို့မှာလည်း နွားမရှိဘူးလေ"
လို့ပြောပြီး၊ သူ့အိမ်သူပြန်သွားခဲ့တယ်။ အဲဒီအခါမှာတော့ ရန်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့အဖြစ်ကို သူတို့ သတိရသွားပြီး ရန်ပွဲကို ရပ်လိုက်တော့တယ်။
--------------------
ဒီပုံပြင်လေးက လေထဲတိုက်အိမ်ဆောက်သူတွေရဲ့
စိတ်ကူးနဲ့နွားမွေးနေမယ့်အစ
တစ်ခါတစ်လေမှာ ကျနော်တို့ရဲ့ imagination (စိတ်ကူးပုံဖော်ခြင်း) တွေဟာ လက်တွေ့ဘ၀အတွက် အကျိုးမပြုတာကို အထင်အရှားမြင်နိုင်တယ်။ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ဘ၀ကို အမှန်တကယ် ထင်လာရင်တော့ လက်တွေ့ဘ၀နဲ့တစ်ဖြည်းဖြည်း ကင်းကွာသွားတတ်သေးတယ်။
စိတ်ကူးအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်
(ဖြိုးသုတ)
မှတ်ချက် ။ ။ (မဖြစ်သေးတာကိုငြင်းခုန်နြေ
https://web.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။