တစ်ယောက်ကိုတစ်ယောက် စပြီး ချစ်ခင်စမှာတော့ အရာအားလုံး အဆင်ပြေချောမွေ့ နေတတ်တယ်။ ဘယ်အရာကမှ သင်တို့ဆက်ဆံရေးကို ငြီးငွေ့စေမှာမဟုတ်ပါဘူး။ သို့ပေမဲ့ ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ ခံစားချက်တွေ ခံယူချက်တွေလည်း ပြောင်းလဲလာတတ်ပါတယ်။ ဒါကြောင့် အခြေအနေအပေါ်လိုက်ပြီး သင်တို့ ဆက်ဆံရေးတွေကို အမြဲသာယာလှပနေစေဖို့ အကြံညဏ်ကောင်းလေးတွေကို ဂန္ထဝင်မှ တင်ဆက်ပေးလိုက်ပါတယ်။
၁။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် အမြဲလိုအပ်နေစေဖို့ အချစ်အကြောင်းတွေချည်း ပြောနေဖို့မလိုပါဘူး။ အောက်ဖော်ပြပါ နည်းလမ်းတွေကလည်း နှစ်ကိုယ်ကြား ခိုင်မြဲတဲ့ နှောင်ကြိုးတွေ ချည်နှောင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေပါ။
– နေ့စဉ် ဖြတ်သန်းရတဲ့ အတွေ့အကြုံတွေကို အပြန်အလှန် ဖလှယ်ကြတာမျိုး။
– သူ့စိတ်ဝင်စားမှု၊ ကိုယ့်စိတ်ဝင်စားမှုတွေကို အပြန်အလှန် နားထောင်ဆွေးနွေးတာမျိုး။
– ဟာသအနေနဲ့ ကိုယ်သဘောကျတဲ့သူတွေ အကြောင်း ပြောပြတာမျိုး။
– စကားတွေ အများကြီး မပြောဘဲ ခံစားချက်တွေ ဖလှယ်တာမျိုး။
၂။ ချစ်စခင်စမှာ ချစ်သူနဲ့ ပတ်သက်တဲ့ အရာအားလုံးက စိတ်လှုပ်ရှား ရင်ခုန်ဖွယ် အတိပါ။ စိတ်ရှုပ်စေမယ့် အနာဂတ်အကြောင်းတွေကို ပြောဖို့မလိုအပ်သေးပါဘူး။ သို့ပေမဲ့ သင့်ချစ်သူကို တစ်ဘဝလုံးစာအတွက် ရည်ရွယ်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အရာလေးတွေကို စတင်ဆွေးနွေးနေလို့ရပါပြီ။
– တစ်ဦးနှင့်တစ်ဦး ဘဝရည်ရွယ်ချက်တွေကို ဘယ်လောက်ထိ အပြန်အလှန် ပါရမီဖြည့်နိုင်စွမ်းမလဲ ဆွေးနွေးတာမျိုး
– အတူ မျှဝေခံစားချင်တဲ့ ဘဝပုံစံလေးတွေ ဆွေးနွးတိုင်ပင်ကြတာမျိုး။
– နေ့စဉ်ဘဝ တွေ့ကြုံရတဲ့ ရယ်စရာ အဖြစ်အပျက်လေးတွေ အပြန်အလှန် မျှဝေကြတာမျိုး။
– အတိတ်က ဖြစ်ရပ်တွေကို အမှတ်တရ ပြန်ပြောကြတာမျိုး။
( လက်ရှိအခြေအနေကိုထိခိုက်စေမယ့် အကြောင်းအရာမျိုးတွေကိုတော့ ရှောင်ကြဉ်ပါ။)
ဒါဆိုရင်တော့ သင်တို့နှစ်ယောက်လက်ရှိ ခံစားနေရတဲ့ပျော်ရွှင်ကြည်နူးမှုတွေကို ဘဝတစ်လျှောက်လုံးစာထိ သယ်ဆောင်သွားနိုင်မှာပါ။
၃။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည် သည်းခံပြီး ရေရှည်လက်တွဲဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ အိမ်ထောင်မြဲနေပေမယ့် သာယာမှုနည်းပါးနေပြီဆို အောက်ဖော်ပြပါ အရာလေးတွေနဲ့ သင့်ချစ်ခြင်းမေတ္တာတွေကို အလှဆင်လိုက်ပါ။
– စီးပွားရေး နဲ့ ငွေရေးကြေးရေး တွေကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပါ။
– သင်တို့နှစ်ယောက်အတူ အကောင်အထည်ဖော်မယ့် အနာဂတ်အစီအစဉ်တွေကို တိုင်ပင်ဆွေးနွေးပါ။
– မိသားစု အကြောင်း၊ သားသမီးတွေ အကြောင်း ကြည်နူးစရာလေးတွေ နဲ့ ခံစားပျော်ရွှင်ပါ။
– လက်တွေ့ဘဝမှာ ရင်ဆိုင်နေရတဲ့ အကြောင်းအရာတွေကို စိတ်ဝင်တစားနဲ့ ခံစားနားလည်ပေးပါ။ အပြန်အလှန် ကူညီဖေးမပါ။
ဒါဆိုရင်တော့ ဘယ်လောက်ပဲ ကြာမြင့်နေပါစေ သင်တို့နှစ်ဦးရဲ့ ရင်းနီးနွေးထွေးမှုကို ပျက်စီးသွားစေဖို့ ဘယ်အရာကမှ စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။
ဂန္တဝင် မဂ္ဂဇင်းမှ
http://www.thutazone.com/2015/12/blog-post.html
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။