အတ္တရှုထောင့်
-----------
စိုးရိမ်ခြင်းတွေဟာ..သူဦးေ နှာက်ရဲ့တစ်ခုလုံးကို ဖိစီးထားခဲ့တယ်..။ ဆေးရုံရဲ့စင်္ကြန်လျှောက်လမ်း မှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေတဲ့
သူ့ခြေထောက်တွေဟာ စိတ်ပူခြင်းနဲ့အတူ ပိုမိုသွက်လက်လာကြတယ်..။
သူ့အနားကဖြတ်သွားတဲ့ သူနာပြုဆရာမလေးတွေကို မြင်တိုင်းလဲ ဆရာဝန်
ရောက်လားပြီလားလို့ ခဏခဏမေးမိနေမိတယ်..။ သူ့သားလေးအတွက် အချိန်ဟာ
စက္ကန့်နဲ့အမျှ တန်ဖိုးကြီးနေတာပဲဖြစ်တယ်.. ။ တကယ်လို့ အဲဒီတစက္ကန့်တိုင်းကို သူ့ရဲ့နှလုံးသွေးတစ်စက်နဲ့ လဲလှယ်ဝယ်ယူလို့ရရင်..သူ့ခန္ဓာကိုယ်ထဲက သွေးတွေအကုန်လုံးကို ဖောက်ထုတ်ပြီး သူ့သားကလေးရဲ့အသက်ကို လှဲလှယ်ဝယ်ယူဖြစ်မှာပဲဖြစ်တ ယ်..။
ဒီလိုစောင့်ဆိုင်းနေရတဲ့ စက္ကန့်တိုင်းဟာ သူ့အတွက်တော့ အရှင်လတ်လတ် ငရဲခံနေရသလိုဖြစ်နေပြန်တယ်. .။ တစ်ခါတစ်ရံမှာ..သူ့ခန္ဓာကိုယ်ရဲ့ နှလုံးခုန်သံကို ကိုယ်တိုင်ပြန်ကြားလာရတဲ့အထိ သူစိတ်ဖိစီးလာပြန်တယ်..။ ဆရာဝန်ရယ်..မြန်မြန်လာပါတော့ ..။
ရသမျှဘုရားစာတွေကို အမြီးအမှောက်မတည့်စွာ တဖွဖွရွတ်ဆိုရင်း..ဆရာဝန်အြ မန်ရောက်လာပါစေလို့..သူဆုတောင်းနေခဲ့တယ်..။
"ဒီဆရာဝန်ကွာ.. ခုထိရောက်မလာသေးဘူး.. ဒီလောက်လူနာသေရေးရှင်ရေးဖြစ်နေပါတယ်ဆိုတာကိုတောင် ခပ်အေးအေးလုပ်နေနိုင်တယ်..တ ကယ်ဆိုရင် မိနစ် (၂၀) ကျော်ကြာနေပြီ.. လာသင့်နေပြီ"
လို့သူတွေးနေမိပြန်တယ်..။ သူ့သားငယ်ရဲ့ ညဉ်းညူသံကိုကြားတိုင်းလည်း. .ဆရာဝန်ရောက်လာချိန်ကို စောင့်နေမိတယ်..။ ပူလောင်တဲ့နွေရာသီဖြစ်တာတော င် သူ့ခြေဖျားလက်ဖျားတွေ အေးစက်လာတဲ့အထိ သူစိတ်တွေ ဆောက်တည်ရာမရဖြစ်လာပြန်တယ်. .။ သူ့သားလေးသာ တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့.. သူချွေးစည်းတွေပြန်လာခဲ့ပြန်တယ်..
"ဆရာမ.. ခင်ဗျားတို့ဆရာဝန်က လာရောလာဦးမှာလား..လူနာဒီလောက်အရေးကြီးနေတာကိုဗျာ.. ဖုန်းထပ်ခေါ်ကြည့်ပါဦးဗျာ.. ဒီမှာကျနော့်သား သေလိမ့်မယ်ဗျ."
"ဖုန်းဆက်ထားပါတယ်ရှင်..။ လာနေပါပြီ။ တဆိတ်လောက် စိတ်အေးအေးထားပေးပါ.. ဆရာဝန်ကြီးရောက်လာတော့မှာပါ "
သူနာပြုဆရာမလေးကတော့ သူ့ကိုနှစ်သိမ့်ပေးခဲ့တယ်.. ။ ဒါပေမယ့်လည်း သူ့ရဲ့ပူပန်စိတ်တွေဟာ ဒေါသစိတ်အဖြစ်.. တဖြည်းဖြည်း ကူးပြောင်းလာခဲ့ပြီပဲဖြစ်တယ်..။ သူစိတ်ထဲမှာဖြစ်လာတဲ့ဒေါသစိ တ်ကို ကြိတ်မှိတ်မျိုသိပ်ရင်း.. ဆေးရုံအ၀င်ဝက ခုံတန်းလျားမှာသူစိတ်ပျက်လက်ပျက် ထိုင်စောင့်နေပြန်တယ်..။ ဆေးရုံအ၀င်လမ်းဝမှာ.. ကားမီးရောင်တစ်ချက်ကို သူတွေ့လိုက်ရတဲ့အခိုက်အတန့် မှာ သူဆတ်ခနဲ မတ်တတ်ရပ်မိလျက်သားဖြစ်သွား တယ်..။ ဆရာဝန်လာပြီ...
ဆရာဝန်ရဲ့ကားဟာ.. ခပ်ဖြည်းဖြည်းမောင်းပြီးဆေး ရုံအ၀င်လမ်းအတိုင်းဝင်လာတယ် ...။
"ကားကိုပါကင်ထိုးနေတာကလည်း စိန်ပြေနပြေပဲ..။ မြန်မြန်လုပ်တာမဟုတ်ဘူး"
လို့သူ့စိတ်ထဲမှာတွေးနေမိပြ န်တယ်..။
ကားပေါ်က အေးအေးဆေးဆေးဆင်းလာတဲ့ ဆရာဝန်ကိုလည်း သူ့စိတ်ထဲမှာ
အကြိမ်ပေါင်းများစွာ ဆဲဆိုသတ်ဖြတ်မိနေခဲ့တယ်.။ ဆရာဝန်ရဲ့ မျက်နှာပေးဟာ
ထောင့်မကျိုးဘူးလို့လည်း သူ့စိတ်ထဲက မှတ်ချက်ချပစ်လိုက်တယ်..။
"ခင်ဗျားဗျာ..ဆရာဝန်လုပ်နြေ ပီး လူတွေအပေါ်ဒီလောက်ကြင်နာစိတ် မဲ့ရလား၊ မြန်မြန်ဆန်ဆန်လုပ်ပေးသင့်တ ယ်..။ မြန်မြန်လာသင့်တယ်..ခင်ဗျား မှာလူစိတ်ရောရှိသေးရဲ့လား"
စိတ်ချုပ်တည်းထားတဲ့ကြားက.. သူ့ပါးစပ်ကစကားတွေဟာ ရေပုံးလိုက်ပက်လိုက်သလို..၀ုန်းကနဲ့ထွက်အန်ကျသွားခဲ့တယ်.
"တဆိတ်လောက်..စိတ်အေးအေးထား ပါလား ဆရာကြီး၊ ကျနော့်ကို စိတ်အနှောက်အယှက်မပေးပါနဲ့၊ ခင်ဗျားသားကို မခွဲစိတ်ခင်မှာ..ခင်ဗျားအသံ လေးတချက်လောက်တိတ်ပေးပါ။ ကျနော်ခွဲစိတ်ခန်းထဲကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ဝင် ချင်တယ်.."
"စိတ်အေးအေးထားရမယ်..ဟုတ်.. ......."
ဆရာဝန်က သူ့စကားကို ဆက်နားထောင်မနေတော့ပဲ..လက်တ စ်ချက်ကာပြလိုက်တယ်.. သူနာပြုဆရာမလေးနှစ်ယောက်အသင့်ယူလာတဲ့ ခွဲခန်းဝတ်စုံနဲ့ နှာခေါင်းစည်းကို ၀တ်ဆင်လိုက်တယ်.. ပြီးတော့ သူ့ကိုလှည့်တောင်မကြည့်ဘဲ.သူနာပြုတွေခြံရံလို့. ခွဲစိတ်ခန်းထဲကို တန်းဝင်သွားတော့တယ်...
သူ့သားရဲ့ မတော်တဆမှုဖြစ်တယ်ဆိုတဲ့သတင်းကြားကတည်းက ပူလောင်ရတဲ့စိတ်တွေဟာ..သူ့အ တွက် အဆုံးမသတ်နိုင်ဘဲဖြစ်နေခဲ့ရ တယ်.. ခုလည်းပဲ.. ဆရာဝန်ရောက်လာပေမယ့်.. သူ့စိတ်တွေဟာ ပူပန်ခြင်းနဲ့တစ်ဖန်ပြန်ပြီး
ပေါင်းဖက်ရပြန်တယ်..။ မိုင်ထောင်ချီအောင် မရပ်မနားပြေးလွှားနေရတဲ့
အပြေးသမားတစ်ယောက်လို့ သူ့ရဲ့စိတ်တွေဟာ မောပန်းနွမ်းလျလတာတယ်...။
ငါ့သားတစ်ခုခုဖြစ်လို့ကတော့ .. ဒင်းအပြစ်တွေချည်းပဲ.. ဒင်းနောက်ကျလို့.. ဆိုတဲ့ အတွေးတွေကလည်း အလှည့်ကျ နှိပ်စက်နေပြန်တယ်..။
"သားလေး ကျန်းမာပါစေ၊"
လို့ တဖွဖွရွတ်ဆိုနေရင်းနဲ့.. သူ့ရဲ့စက္ကန့်တိုင်းကို သူကြိုးစားဖြတ်သန်းနေခဲ့တယ် ..။
ဆယ်မိနစ်..ဆယ့်ငါးမိနစ်. မိနစ်နှစ်ဆယ်.. စသဖြင့် စက္ကန့်တိုင်း
မိနစ်တိုင်းဟာ သူ့အတွက် အဆုံးမရှိတဲ့ ပင်လယ်ပြင်တွေလည်းဖြစ်တယ်။
မိုးထိအောင်မြင့်တဲ့ တောင်တန်းတွေလည်းဖြစ်တယ်... ။ ခက်ခဲလွန်းခဲ့တယ်..။ လှောင်အိမ်ထဲက ခြင်္သေ့တစ်ကောင်လို.. အပြန်ပြန်အလှန်လှန် စင်္ကြံလျှောက်ရင်း...သူ့စိတ် ရဲ့ ဆောက်တည်ရာကို သူရှာဖွေခဲ့သေးတယ်..။ မိုးသည်းထဲမှာ အဖော်မပါပဲလမ်းလျှောက်နေရတဲ့  မျက်ကန်းတစ်ယောက်လို သူစိတ်ဟာ တည်ငြိမ်မှုအလင်းရောင် ပျောက်ဆုံးနေခဲ့ပြန်တယ်..။
အချိန်သုံးနာရီဆိုတဲ့ ခရီးရှည်ကြီးမှာတော့ သူဟာ အဲဒီလို တောင်တန်းတွေ..ပြင်လယ်ပြင်ေ ပါင်းများစွာကို..သူကူးခတ်. ဖြတ်သန်းခဲ့ရတယ်..
အကြိမ်ပေါင်းများစွာသော ခေါက်တုန့်ခေါက်ပြန်လျှောက် ခြင်းရဲ့ တစ်ဖက်အလှည့်မှာတော့ သူ့ကျောပေါ်ကိုတစ်စုံတစ်ယောက်က ခပ်ဖွဖွပုတ်လိုက်တာကို သူခံစားမိလိုက်တယ်..။ လှည့်ကြည့်လိုက်တော့ ခပ်တည်တည်မျက်နှာပေးနဲ့ ဆရာဝန်
"ခင်ဗျားသား အိုကေတယ်၊ ခွဲစိတ်မှုအောင်မြင်တယ်။ မရှင်းတာရှိရင် ဒီကဆရာမကိုမေးကြည့်လိုက်"
လို့ ခပ်ပြတ်ပြတ်ပြောရင်း.. ဆရာဝန်ဟာ ဆေးရုံဝမှာရပ်ထားတဲ့ သူ့ကားဆီကို ပြန်သွားခဲ့တယ်။ ပြီးတော့ ကားမောင်းပြီး ပြန်လည်ထွက်ခွာသွားတယ်..။ သူ့စိတ်ထဲမှာတော့ ခိုးလိုးခုလုနဲ့ကျန်ခဲ့ရတယ် ..။ သူ့သား အသက်ရှင်သန်ခွင့်အတွက် ၀မ်းသာပုံလည်းမပြတဲ့အပြင်.. ၀တ်ကြေတန်းကြေပဲပြောသွားခဲ့ သေးတယ်..။
".ခင်ဗျားတို့ဆရာဝန်က တော်တော် ဘ၀င်မြင့်နေပုံရတယ်..။ တော်တော်ရိုင်းတဲ့လူ..။ လူနာရှင်ကို ကောင်းကောင်းမွန်မွန်တောင် ရှင်းမပြနိုင်ဘူး..၀မ်းသြာေ ကာင်းလေးတောင်မပြောဘူး"
လို့ အနားက သူနာပြုဆရာမကို သူပြောပစ်လိုက်တယ်..။ သူနာပြုဆရာမလေးက သူ့ကို ခပ်တည်တည်နဲ့ပြန်ကြည့်တယ်.. .ပြီးတော့ ဒီလိုပြန်ပြောခဲ့တယ်..
"ရှင်က မသိရှာပဲကိုး.. ရှင့်သားလိုပဲ ဆရာဝန်ကြီးရဲ့သားအက်ဆီးဒင့် ဖြစ်တယ်.. ဒီနေ့သူ့သားအသုဘ မြေချတဲ့နေ့.. အသုဘအခမ်းအနားလုပ်နေတုန်း.. ရှင့်သားကိစ္စကြောင့် ဒီကိုပြေးလာတာ.. သူ့သားမြေချတာတောင် သူမမြင်လိုက်ရဘူး.. ရှင့်သားလေးအတွက် သူ့သားရဲ့နောက်ဆုံးခရီးတောင်ပြီးဆုံးအောင်မပို့လိုက်ရရှာဘူး..။ သူအခုအဲဒီကိုပြန်သွားတာနေမှာပါ"
သူအံ့သြခြင်းတွေနဲ့ အတူ ဆရာဝန်အတွက် ၀မ်းနည်းသွားခဲ့ရတယ်..။ ဆရာမလေးကို တစ်စုံတရာပြန်ပြောဖို့ ကြိုးစားခဲ့ပေမယ့်.. သူ့ပါးစပ်က ဆရာဝန်အတွက် ၀မ်းနည်းခြင်းနဲ့အတူ ဆွံ့အနေခဲ့တော့တယ်..
တကယ်တော့..သူမပြောသင့်ခဲ့တာ .....မပြောဘဲကို နေခဲ့သင့်တာ...။
-------------------------- ---------------
ဒီအကြောင်းအရာလေးကတော့ အင်တာနက်စာမျက်နှာမှာ ရှိတဲ့ "Think before you Judge" ဆိုတဲ့ စာတိုလေးတစ်ပိုဒ်ကို သင့်တော်သလို ပြန်လည်ရေးသားထားတာပဲဖြစ်တယ်..။
ကျနော်တို့တွေဟာလည်း.. ဒီဝတ္တုထဲက.. အဖေလို.. အရာရာမှာ ကိုယ့်ရှုဒေါင့်.၊ ကိုယ့်အမြင်၊ ကိုယ့်ကိစ္စ များနဲ့ နှိုင်းယှဉ် ဆုံးဖြတ်တတ်ကြတဲသူတွေပဲဖြစ် တယ်..။
အဲဒီလို ကိုယ့်အတ္တနဲ့သာလျင် ယှဉ်ထိုးဆုံးဖြတ်ကြတဲ့အတွက် လည်း မပြောသင့် ၊ မပြောထိုက်၊ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်မိတတ်ကြသေးတယ်..။
တစ်ခါတစ်ရံမှာ အတ္တတဲ့ယှဉ်တွဲတွေးခေါ်ရင်း ကိုယ့်ရဲ့ဆုံးဖြတ်ချက်၊ အယူအဆနဲ့ အပြုအမူတွေကြောင့် ကိုယ့်အပေါ်ကျေးဇူးပြုသူတွေကိုတောင်မှ.. စော်ကားမိတတ်ကြသေးတယ်..။
ကျနော်အပါအ၀င် လူတော်တော်များများဟာ..အတ္တနဲ့ချိန်ထိုးစဉ်းစားကြတဲ့အခါ .. အနှိုင်းမဲ့ကျေးဇူးရှင်မိဘတွေကိုတောင်မှ အမြင်စောင်းလေ့၊ အပြစ်တင်လေ့ရှိကြပြန်တယ်.
အတ္တစိတ်အရင်းခံရင်း၊ ဒေါသ၊ မာန်မာနတရားတွေပါဖြစ်တတ်ကြတ ယ်။
အဲဒီလို အရာတွေဟာ လတ်တလော ပြောဆိုပြုမူလိုက်ရလို့ ကိုယ့်ကိုယ်ကို
ကျေနပ်သလို ဖြစ်ကြရပေမယ့်.. နောင်တချိန် အမှန်တရားကို
ဆင်ခြင်မိလာတဲ့အခါမှာတော့.. ယူကြုံးမရဖြစ်ကြရမယ်လို့ဆို တယ်...
ကျနော်တို့ဟာ.. ကိုယ့်အတ္တ၊ ကိုယ့်အမြင်တစ်ခုတည်းနဲ့ ချိန်ထိုးစဉ်းစားခြင်းဟာ အရာရာတိုင်းအတွက် မှန်ကန်တဲ့အဖြေမဟုတ်ဘူးဆိုတာကို သတိမူသင့်တယ်...
“Take Care Of Your Tongue Like The Way You Take Care Of Gold & Silver.
ဆိုတဲ့စကားလို..ကျနော်တို့ဟာ ရွှေ၊ငွေတွေကို တန်ဖိုးထားထိမ်းသိမ်းသလို၊ ကျနော်တို့ရဲ့လျှာကို လည်း ထိန်းသိမ်းဖို့လိုမှာကိုလည်း သတိထားသင့်တယ်..။ နှုတ်စောင့်စည်းဖို့သာမက..တစ်စုံတစ်ရာကို အပြစ်မပြောခင်၊ မဆုံးဖြတ်ခင်မှာ.. အရင်ဦးဆုံး ကိုယ့်အတ္တနဲ့ယှဉ်ပြီးဆုံးဖြ တ်တာလား၊ မျှတသော ဆုံးဖြတ်ခြင်းလားဆိုတာကိုပါ ဆင်ခြင်သင့်တယ်လို့ဆိုချင်တ ယ်..
အရင်ဦးစွာ..ဆင်ခြင်နိုငကြပါစေ
(ဖြိုးသုတ)
-----------
စိုးရိမ်ခြင်းတွေဟာ..သူဦးေ
ဒီလိုစောင့်ဆိုင်းနေရတဲ့ စက္ကန့်တိုင်းဟာ သူ့အတွက်တော့ အရှင်လတ်လတ် ငရဲခံနေရသလိုဖြစ်နေပြန်တယ်.
ရသမျှဘုရားစာတွေကို အမြီးအမှောက်မတည့်စွာ တဖွဖွရွတ်ဆိုရင်း..ဆရာဝန်အြ
"ဒီဆရာဝန်ကွာ.. ခုထိရောက်မလာသေးဘူး.. ဒီလောက်လူနာသေရေးရှင်ရေးဖြစ
လို့သူတွေးနေမိပြန်တယ်..။ သူ့သားငယ်ရဲ့ ညဉ်းညူသံကိုကြားတိုင်းလည်း.
"ဆရာမ.. ခင်ဗျားတို့ဆရာဝန်က လာရောလာဦးမှာလား..လူနာဒီလေ
"ဖုန်းဆက်ထားပါတယ်ရှင်..။ လာနေပါပြီ။ တဆိတ်လောက် စိတ်အေးအေးထားပေးပါ.. ဆရာဝန်ကြီးရောက်လာတော့မှာပါ
သူနာပြုဆရာမလေးကတော့ သူ့ကိုနှစ်သိမ့်ပေးခဲ့တယ်..
ဆရာဝန်ရဲ့ကားဟာ.. ခပ်ဖြည်းဖြည်းမောင်းပြီးဆေး
"ကားကိုပါကင်ထိုးနေတာကလည်း စိန်ပြေနပြေပဲ..။ မြန်မြန်လုပ်တာမဟုတ်ဘူး"
လို့သူ့စိတ်ထဲမှာတွေးနေမိပြ
"ခင်ဗျားဗျာ..ဆရာဝန်လုပ်နြေ
စိတ်ချုပ်တည်းထားတဲ့ကြားက..
"တဆိတ်လောက်..စိတ်အေးအေးထား
"စိတ်အေးအေးထားရမယ်..ဟုတ်..
ဆရာဝန်က သူ့စကားကို ဆက်နားထောင်မနေတော့ပဲ..လက်တ
သူ့သားရဲ့ မတော်တဆမှုဖြစ်တယ်ဆိုတဲ့သတင်
"သားလေး ကျန်းမာပါစေ၊"
လို့ တဖွဖွရွတ်ဆိုနေရင်းနဲ့.. သူ့ရဲ့စက္ကန့်တိုင်းကို သူကြိုးစားဖြတ်သန်းနေခဲ့တယ်
အချိန်သုံးနာရီဆိုတဲ့ ခရီးရှည်ကြီးမှာတော့ သူဟာ အဲဒီလို တောင်တန်းတွေ..ပြင်လယ်ပြင်ေ
အကြိမ်ပေါင်းများစွာသော ခေါက်တုန့်ခေါက်ပြန်လျှောက်
"ခင်ဗျားသား အိုကေတယ်၊ ခွဲစိတ်မှုအောင်မြင်တယ်။ မရှင်းတာရှိရင် ဒီကဆရာမကိုမေးကြည့်လိုက်"
လို့ ခပ်ပြတ်ပြတ်ပြောရင်း.. ဆရာဝန်ဟာ ဆေးရုံဝမှာရပ်ထားတဲ့ သူ့ကားဆီကို ပြန်သွားခဲ့တယ်။ ပြီးတော့ ကားမောင်းပြီး ပြန်လည်ထွက်ခွာသွားတယ်..။ သူ့စိတ်ထဲမှာတော့ ခိုးလိုးခုလုနဲ့ကျန်ခဲ့ရတယ်
".ခင်ဗျားတို့ဆရာဝန်က တော်တော် ဘ၀င်မြင့်နေပုံရတယ်..။ တော်တော်ရိုင်းတဲ့လူ..။ လူနာရှင်ကို ကောင်းကောင်းမွန်မွန်တောင် ရှင်းမပြနိုင်ဘူး..၀မ်းသြာေ
လို့ အနားက သူနာပြုဆရာမကို သူပြောပစ်လိုက်တယ်..။ သူနာပြုဆရာမလေးက သူ့ကို ခပ်တည်တည်နဲ့ပြန်ကြည့်တယ်..
"ရှင်က မသိရှာပဲကိုး.. ရှင့်သားလိုပဲ ဆရာဝန်ကြီးရဲ့သားအက်ဆီးဒင့်
သူအံ့သြခြင်းတွေနဲ့ အတူ ဆရာဝန်အတွက် ၀မ်းနည်းသွားခဲ့ရတယ်..။ ဆရာမလေးကို တစ်စုံတရာပြန်ပြောဖို့ ကြိုးစားခဲ့ပေမယ့်.. သူ့ပါးစပ်က ဆရာဝန်အတွက် ၀မ်းနည်းခြင်းနဲ့အတူ ဆွံ့အနေခဲ့တော့တယ်..
တကယ်တော့..သူမပြောသင့်ခဲ့တာ
--------------------------
ဒီအကြောင်းအရာလေးကတော့ အင်တာနက်စာမျက်နှာမှာ ရှိတဲ့ "Think before you Judge" ဆိုတဲ့ စာတိုလေးတစ်ပိုဒ်ကို သင့်တော်သလို ပြန်လည်ရေးသားထားတာပဲဖြစ်တယ
ကျနော်တို့တွေဟာလည်း.. ဒီဝတ္တုထဲက.. အဖေလို.. အရာရာမှာ ကိုယ့်ရှုဒေါင့်.၊ ကိုယ့်အမြင်၊ ကိုယ့်ကိစ္စ များနဲ့ နှိုင်းယှဉ် ဆုံးဖြတ်တတ်ကြတဲသူတွေပဲဖြစ်
အဲဒီလို ကိုယ့်အတ္တနဲ့သာလျင် ယှဉ်ထိုးဆုံးဖြတ်ကြတဲ့အတွက်
တစ်ခါတစ်ရံမှာ အတ္တတဲ့ယှဉ်တွဲတွေးခေါ်ရင်း ကိုယ့်ရဲ့ဆုံးဖြတ်ချက်၊ အယူအဆနဲ့ အပြုအမူတွေကြောင့် ကိုယ့်အပေါ်ကျေးဇူးပြုသူတွေက
ကျနော်အပါအ၀င် လူတော်တော်များများဟာ..အတ္တန
အတ္တစိတ်အရင်းခံရင်း၊ ဒေါသ၊ မာန်မာနတရားတွေပါဖြစ်တတ်ကြတ
ကျနော်တို့ဟာ.. ကိုယ့်အတ္တ၊ ကိုယ့်အမြင်တစ်ခုတည်းနဲ့ ချိန်ထိုးစဉ်းစားခြင်းဟာ အရာရာတိုင်းအတွက် မှန်ကန်တဲ့အဖြေမဟုတ်ဘူးဆိုတ
“Take Care Of Your Tongue Like The Way You Take Care Of Gold & Silver.
ဆိုတဲ့စကားလို..ကျနော်တို့ဟ
အရင်ဦးစွာ..ဆင်ခြင်နိုငကြပ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။