ကျွန်တော့ရဲ့ ပထမဦးဆုံးကလေးကို သင်ပေးမယ့် အရာတွေ
သို့မဟုတ် ကျွန်တော် ဘာကြောင့် ပိန်းရသလဲဆိုတဲ့ အချက် ၁၄ ချက်
စသိလိုက်ရတဲ့ အချိန်တုန်းက ကျွန်တော့လက်ထဲမှာ ဘီယာတစ်ကတ်ကို ကိုင်ထားတဲ့အချိန်ဖြစ်ပါတယ် ။
“ကိုယ်ဝန်ရှိနေပြီ” လို့ သူကပြောတယ်။ တစ်နေ့နေ့မှာ ကြားရလိမ့်မယ်လို့ ကျွန်တော်သိထားပြီးသားဖြစ်တဲ့ စကားပေမယ့် ဒီလောက် မြန်မြန်ကြီးဖြစ်လိမ့်မယ်လို့
မထင်ထားမိဘူး။ ဒီလိုသတင်းကို ကြားရချိန်က အိမ်ရှေ့က
နေသာသာဆင်ဝင်လေးပေါ်မှာ၊ ဒါန်းလေး ရှေ့နောက်လွှဲနေရုံလောက် လေပြေညင်းလေး
တိုက်နေတဲ့အချိန်မျိုး၊ သီချင်းလေးကလည်း ဖွင့်ထားတဲ့ အချိန်မျိုး အဲ့လို
အချိန်မျိုးလေးတွေဖြစ်မယ်လို့ စိတ်ကူးထဲမှာ အမြဲမြင်ယောင်ခဲ့မိတယ်။ ဒါမှမဟုတ် Zach Braff ဇာတ်ကားရဲ့ နောက်ဆုံးစာတန်းထိုးချိန်လာ တဲ့သီချင်းထဲကလို မြူးမြူးကြွကြွနဲ့ မျှော်လင့်ချက်တွေပြည့်နေတာ မျိုး ဖြစ်နေလိမ့်မယ်ပေါ့။
တစ်နေကုန် ငြီးငွေ့စရာကောင်းပြီး တစ်ချို့တစ်ဝက်တွေကို ထုတ်ပိုးထားတဲ့ တိုက်ခန်းထဲက မှောင်နေတဲ့ တံခါးပေါက်ဝနားမှာ မတ်တတ်ရပ်နေချိန်မှာ အဲ့ဒီ့စကားတွေကို ကြားရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ ကျွန်တော့မိန်းမဖြစ်တဲ့ ဆယ်ရာဟာ သူ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့နေ့ကြောင့်
မျက်လုံးတွေက မျက်တောင်ခြယ်ဆေးတွေနဲ့ ပေနေပြီး မို့ဖောင်းနေရာကနေ
ကိုယ်ဝန်ရှိ၊ မရှိ စမ်းသပ်တဲ့ ကိရိယာကို တစ်ခုမက နှစ်ခုကို ကိုင်ထားရင်းကနေ
ပျော်လွန်းလို့ မျက်ရည်တွေကျလာပါတော့တယ်။
ငါတို့ရဲ့ အကြိုက်ဆုံး ဘောလုံးအသင်း လူရွေးပွဲကိုတော့ လွတ်ခါနီးနေပြီလို့ ပထမဆုံး ကျွန်တော်တွေးလိုက်မိတယ်။
ဒုတိယတွေးလိုက်မိတာက ဘီယာပုလင်းကို ဖွင့်ဖို့။
တတိယအတွေးကတော့ အဲဒီနှစ်ခုကို အရင်ဆုံး ဘာလို့တွေးလိုက်မိတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။
နောက်ထပ်လူသားလေးတစ်ယောက်ကို တာဝန်ယူဖို့ ဘယ်လောက်မှ အဆင်သင့်ဖြစ်မနေသေးဘူးဆိုတာ ကို နားလည်သဘောပေါက်လိုက်ဖို့ အချိန်တစ်ခုတော့ ယူပါတယ်။ ဘယ်လောက်တောင် ကြောက်စရာကောင်းတယ်ဆိုတာရော ပေါ့။
ကျွန်တော်ပြောချင်တာက ညလယ်ခေါင်ကြီး ကလေးထငိုလို့ ပြန်သိပ်ဖို့
ထရတာမျိုးကို ပြောချင်တာ မဟုတ်ပါဘူး။ ပေနေတဲ့ ဒိုက်ပါတွေကိုလဲပေးရမှာအတွက်
မဟုတ်သလို ကိုယ့်ရဲ့ အပေါင်းအသင်းတွေနဲ့ အပြင်ထွက်လို့ မရတော့မှာ
အတွက်လည်း မဟုတ်ပါဘူး။ ဆယ်ရာနဲ့ ကျွန်တော်က တီဗီကို ပျမ်းမျှအားဖြင့်
နာရီပေါင်းသောင်းခြောက်ထောင်ကြည့်တာဖြစ်တဲ့အတွက် အပေါင်းအသင်းတွေနဲ့ တွေ့တာတွေ၊ အပြင်ထွက်တာတွေက မလုပ်ဖြစ်တော့ကြာပြီပေါ့။
ကျွန်တော်ပြောချင်တာက ကိုယ့်ကလေးက စကားစပြောတတ်လာပြီး ကလေးကို ကိုယ်ပြောလိုက်တဲ့စကားတွေက တကယ်ကို အရေးပါအရာရောက်လာတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကလေးကို ဘယ်လိုပြုစုပျိုးထောင်ချင်တ ယ်ဆိုတာကို
တကယ်စပြီး စဉ်းစားရတဲ့အချိန်ပေါ့။ သူတို့ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့အခါ
ကိုယ်ပြောမယ့်စကားတွေ။ သူတို့က အိမ်စာဆိုတဲ့အရာအပေါ်မှာ ဆန့်ကျင်ပြီး သူတို့
အမြင်တွေနဲ့ တိတိကျကျ ကိုယ့်ကို ရှင်းပြပြောပြလာမယ့်အချိန်။
အဲ့ဒါတွေက ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်ဘာသာ မေးခွန်းထုတ်မိစေပါတယ်။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ဖို့တောင် တန်ရဲ့လားဆိုတာ တွေးမိစေပါတယ်။
အဲ့လိုမျိုးတွေးမိလိုက်တာကေ န ကျွန်တော်က ဖခင်ကောင်းတစ်ယောက်မဟုတ်ပါဘူးလို့
ကိုယ့်ဘာသာ ယုံကြည်လိုက်မိတာမျိုးကို ဖြစ်သွားစေပါတယ်။ ဘာလို့လဲဆိုတော့
ကိုယ့်ကလေးရဲ့ အသွေးအသားထဲမှာကို စိမ့်ဝင်နေစေချင်တဲ့ အရာတွေကို
တွေးလိုက်မိတဲ့အခါမှာ သဘောပေါက်လိုက်မိတာက စိမ့်ဝင်နေစေချင်တဲ့အရာတစ်ခုကိုမှ ကျွန်တော် ရုပ်လုံးမဖော်နိုင်ဘူးဆိုတာ ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေက ဒီမှာပါ။
ကျွန်တော် ပြောပြမယ်။ "နားထောင် .. ကလေး။ လူတိုင်းက ကလေးကို ကြိုက်စရာမလိုဘူး။ ကိုယ်မှန်တယ်ဆိုတာကို ကိုယ်သိနေတဲ့အချိန်မှာ ကိုယ့်စိတ်ထဲက အရာကို ထုတ်ပြောပါ။ ကိုယ့်ရဲ့သူငယ်ချင်းတွေက မကြားချင်ဘူးဆိုရင်တောင်မှ သူတို့ကို အမှန်ပဲပြောပါ။ နှစ်ဖက်လုံးကို မျှမြင်ပေးတယ်ဆိုပြီး ခေါင်းပဲ ငြိမ့်မနေပဲနဲ့ ဟာသကောင်းကောင်းမပြောတတ်တဲ့ လူတွေကို သနားစိတ်နဲ့ ရယ်မပေးပါနဲ့။"
ကျွန်တော် ပြောပြမယ်။ "ကျောင်းမှာ စာကြိုးစားပါ။ ဘာအတွက်ညာအတွက် ပိုက်ဆံတွေရှာနိုင်ဖို့ မဟုတ်ပါဘူး။ တကယ်လို့ စာမကြိုးစားခဲ့ဘူးဆိုရင် ကိုယ့်ကိုကိုယ် ပြန်ကြည့်တဲ့အခါ ငါ့အတွက် ဂုဏ်ယူမိအောင် လုပ်ခဲ့မိရင်ကောင်းမှာပဲလို့  တွေးမိပါလိမ့်မယ်။"
ကျွန်တော် ပြောပြမယ်။ "အခန်းကိုရှင်းပါ။ တွေ့လား .. ဘေးမှာ ရှိနေတဲ့ ၆လက်မလောက်မြင့်တဲ့ အဝတ်ပုံကြီးကို တွေ့လား? အမြဲတမ်းကြည့်မိတိုင်း ကိုယ့်ကိုကိုယ် စိတ်ဆင်းရဲစေတယ်။ ကိုယ့်ရဲ့ အိပ်ခန်းကြမ်းပြင်ကို မြင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင်ပြီးမြောင်အော င်မြင်မှုကို ခံစားမိစေသလဲဆိုတာကို အံ့အားသင့်မိမှာပါ။"
ကျွန်တော် ပြောပြမယ်။ "ကိုယ် စတင်ခဲ့တဲ့အရာကို အမြဲအဆုံးသတ်ပါ။ အဖေ စလုပ်မိပြီးမှ ပစ်ထားခဲ့တဲ့ ဂစ်တာ၊ ဓာတ်ပုံပညာ၊ ကတ်ကစားနည်း ဒါမှမဟုတ် အခြားအရာတွေကို တော်တော်လေးကောင်းအောင်ပဲ သင်ပေးနိုင်ပြီး အကောင်းဆုံးဖြစ်အောင် သင်မပေးနိုင်တာတွေအတွက် အကြောင်းပြချက်တွေရှိပါတယ်။ အကယ်၍ ကိုယ့်မှာ အရည်အချင်းတွေ ဘာတွေ ရှိတယ်ဆိုရင် ဘယ်တော့မှ ဖြုန်းတီးမပစ်ပါနဲ့။"
ကျွန်တော် ပြောပြမယ်။ "ကိုယ့်ရဲ့ အရေပြားထဲမှာ သက်တောင့်သက်သာဖြစ်ဖို့ အချိန်အကြာကြီး မစောင့်ပါနဲ့။ ဆယ်ကျော်သက်အရွယ်မှာ ပြောင်းလဲမှု အဆင့်ဆင့်အားလုံးက ကောင်းပါတယ်။ ဒါပေမယ့် အကြောင်းအရာတွေကို စူးစမ်းလေ့လာတာနဲ့ ပေါ်ပင်တွေထဲမှာပဲ နစ်မြုပ်နေမိတာကို ကွဲကွဲပြားပြားဖြစ်ဖို့ စည်းက ပါးပါးလေးပါ။ ကိုယ့်ကို လူအများက လက်ခံကြဖို့အတွက်နဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ကွက်တိဖြစ်နေအောင် လုပ်ဖို့ လိုတယ်လို့ ဘယ်တော့မှ မခံစားမိပါနဲ့။"
ကျွန်တော် ပြောပြမယ်။ "ကိုယ့်မှာ တစ်ခုပဲရတဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ နေ့တိုင်း သွားတိုက်ပါ။ ပြီးတော့ ဆိုဒါတွေ Red Bull တွေကို အရမ်းမသောက်ပါနဲ့။ အဲဒီ အရာတွေကြောင့် ရလာမယ့် သွားဂလိုင်ပေါက်တွေ ဖြစ်ပြီးသွားမှ ပြန်နောက်ဆုတ်လို့ မရဘူးနော်။"
ကျွန်တော် ပြောပြမယ်။ "အရာအသစ်တွေကို တွေ့ကြုံခံစားဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးပါ။ နိုင်ငံခြားသွားပြီး ကောလိပ်သွားတက်တဲ့ လူတစ်ချို့တွေက အမြင်ကတ်စရာကောင်းပေမယ့် အဖေ ဂရုမစိုက်ဘူး၊ ကလေး နိုင်ငံခြားသွားပြီး ကျောင်းသွားတက်သင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့က မဲလ်ဒရစ်မှာ သူတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေကို ဘယ်လိုကုန်ဆုံးခဲ့တယ်ဆိုတာ အာကျယ်အာကျယ်ပြောနေချိန်မှာ ကိုယ်ကတော့ ကိုယ့်ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေကို တီဗီကြည့်ပြီးတော့ပဲ ကုန်ဆုံးခဲ့တဲ့အတွက် သူတို့ပြောသမျှကို မျက်လုံးလေး ကလယ်ကလယ်နဲ့ နားထောင်နေရလိမ့်မယ်။"
ကျွန်တော် ပြောပြမယ်။ "အိမ်ယာမဲ့လူတွေနားမှ သိပ်ပြီး ခပ်တောင့်တောင့်ကြီး မဖြစ်ပါနဲ့။ ကလေးကို ဓားပြတိုက်မှာ မဟုတ်ပါဘူး။ သဘောထားကြီးပါ။ သူတို့ကို လေးစားမှုနဲ့ဆက်ဆံပါ။ တတ်နိုင်ရင် မုန့်လေးဝယ်ပေးလိုက်ပါ။ ချို့တဲ့သူတွေကို ကူညီတဲ့အဖွဲ့တွေကိုလည်း တတ်နိုင်သလောက် မကြာခဏလှူပါ။ လက်ထဲမှာ သုံးစရာပိုက်ဆံအရန်တော့ အမြဲတမ်း ကျန်ဦးမှာပါ။"
ကျွန်တော် ပြောပြမယ်။ "သတင်းတွေကို စိတ်ဝင်စားနားထောင်ပါ။ ပြီးတော့ နိုင်ငံရေးတွေကိုရောပေါ့။ ကိုယ့်ရဲ့အချိန်တွေအားလုံးကို
Social Media၊ တီဗီ၊ ဇာတ်ကားတွေနဲ့ အားကစားတွေမှာပဲ အချိန်ကုန်မခံပါနဲ့။
ကိုယ့်ရဲ့ အာရုံစူးစိုက်မှုတွေကို တကယ်အရေးပါတဲ့ အရာတွေအတွက်
လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားပါ။
သတင်းတွေကို သိနေပြီးတော့ စာများများဖတ်ပါ။ ခေတ်ကို မျက်ခြေမပြတ်ပါစေနဲ့။"
ကျွန်တော် ပြောပြမယ်။ "မာနရှိပါ။ သူများလုပ်တိုင်း လိုက်မလုပ်ပါနဲ့။ ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုကို ရှာပြီးတော့ သူမတူဖြစ်လာအောင် လုပ်ပါ။ လူတွေက အိပ်မက်တွေ အကြီးကြီးမက်ကြတယ်။ ဒါပေမယ့် သူတို့က သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ သေသေချာချာလုပ်ရမှာ ကြောက်ကြတယ်။ အဲ့လိုမျိုး လူတွေထဲက တစ်ယောက် မဖြစ်ပါစေနဲ့။"
ကျွန်တော် ပြောပြမယ်။ "ကားမောင်းနေရင်းနဲ့ စာမပို့ပါနဲ့။ တကယ်ပြောတာပါ။ မစောင့်နိုင်တဲ့ အရာရယ်လို့ မရှိပါဘူး။"
ကျွန်တော် ပြောပြမယ်။ "မိသားစုကို ပထမဦးစားပေးနေရာမှာ ထားပါ။ သူတို့က ကိုယ့်ကို လိုအပ်နေတဲ့အချိန်မှာ ရှိနေပေးပါ။ ဘာမှ မမေးပါနဲ့။ အလုပ်ကြောင့် ပင်ပန်းနေပြီဆိုပြီး အကြောင်းပြချက် မပေးမိပါစေနဲ့။ သူတို့က ကလေးရဲ့ ပိုင်ဆိုင်သမျှ အကုန်ပါပဲ။"
ကျွန်တော် ပြောပြမယ်။ "ဘယ်တော့မှ တစ်ခုခု သို့မဟုတ် တစ်ယောက်ယောက်ဖြစ်ရင်ကောင်း မှာပဲလို့ ဆုမတောင်းနဲ့။ ကိုယ့်ရဲ့ ပြစ်ချက်တွေကို တန်ဖိုးထားပါ။ ဘာလို့လဲဆိုတော့ အားလုံးမှာ ပြစ်ချက်တွေ ရှိကြတာပါပဲ။"
ပြီးတော့ ကျွန်တော် ပြောပြမယ်။ "တကယ်လို့ ဘယ်အရာကိုမှ မဖြည့်ဆည်းနိုင်ဘူး၊ ယုတ်စွအဆုံး ဒီအရာတွေကိုမှ မဖြည့်ဆည်းနိုင်ဘူးဆိုရင်လည်း ရပါတယ်။"
"အဖေ ချစ်ပါသေးတယ်။"
"အဖေ အမြဲ ချစ်ပါတယ်။"
ကျွန်တော် ကြောက်သလားလို့ သူတွေက မေးကြတယ်။ အပေါ်ကပြောတာတွေကို စဉ်းစားကြည့်လိုက်မိတဲ့အခါ ထွက်လာတဲ့ အဖြေကတော့ မကြောက်ဘူးလို့ ထွက်ပါတယ်။
ဒီကလေးနဲ့ ကိုယ် ဘာဆက်လုပ်ရမလဲဆိုတာကို မသိနိုင်တဲ့ အချိန်တွေလည်း ရှိလာနိုင်တယ်ဆိုတာ သိပါတယ်။ ကျွန်တော့ရဲ့ ကိုယ်ကျင့်တရားနဲ့ တန်ဖိုးအိတ်ထဲကို နှိုက်လိုက်တဲ့အခါ ဘာမှ ထွက်မလာခဲ့ပါဘူး။ အဲ့လိုအချိန်တွေမှာ ကျွန်တော့ မိန်းမကို ကျွန်တော် ကြည့်မယ်။ တစ်ဝက်တစ်ပျက် ထုတ်ပိုးထားတဲ့တိုက်ခန်းထဲက
အမှောင်ထဲမှာ ရပ်နေကြရင်းနဲ့ ကျွန်တော်တို့ဘဝမှာ အရေးအကြီးဆုံး ညတွေထဲက
တစ်ခုဖြစ်တဲ့ ညမှာ သူက ပြုံးလိုက်ရင်းနဲ့ ကိုယ်ဝန်စမ်းသပ်တဲ့ဟာကို
စားပွဲပေါ်မှာ တင်လိုက်ပြီး "ငါတို့ လူရွေးပွဲကို ကြည့်ဖြစ်တာပေါ့" လို့
ပြောလိုက်တာကို ကျွန်တော် အမှတ်ရနေမှာပါ။
ပထမအစကတည်းက ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဘာလို့ချစ်ကြတာလဲဆိုတာကို ပြန်ပြီး သတိရစေပါတယ်။ ကျွန်တော်တို့ အတူတူဖန်တီးခဲ့ကြတဲ့ အချစ်ဆိုတဲ့ အရာကြောင့် အပြစ်အနာအဆာတွေ ဖြစ်လာတာမဟုတ်ဘူး။
အပြစ်အနာအဆာတွေကြောင့် အချစ်တွေ ဖြစ်လာတာပါ။
အဲ့ဒါသိပြီးတဲ့နောက်မှာတော့ ဘာမှကိုကြောက်စရာမရှိတော့ပါ ဘူးဗျာ။
Original writer - Evan Porter
သို့မဟုတ် ကျွန်တော် ဘာကြောင့် ပိန်းရသလဲဆိုတဲ့ အချက် ၁၄ ချက်
စသိလိုက်ရတဲ့ အချိန်တုန်းက ကျွန်တော့လက်ထဲမှာ ဘီယာတစ်ကတ်ကို ကိုင်ထားတဲ့အချိန်ဖြစ်ပါတယ်
“ကိုယ်ဝန်ရှိနေပြီ” လို့ သူကပြောတယ်။ တစ်နေ့နေ့မှာ ကြားရလိမ့်မယ်လို့ ကျွန်တော်သိထားပြီးသားဖြစ်တ
တစ်နေကုန် ငြီးငွေ့စရာကောင်းပြီး တစ်ချို့တစ်ဝက်တွေကို ထုတ်ပိုးထားတဲ့ တိုက်ခန်းထဲက မှောင်နေတဲ့ တံခါးပေါက်ဝနားမှာ မတ်တတ်ရပ်နေချိန်မှာ အဲ့ဒီ့စကားတွေကို ကြားရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ ကျွန်တော့မိန်းမဖြစ်တဲ့ ဆယ်ရာဟာ သူ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့နေ့ကြေ
ငါတို့ရဲ့ အကြိုက်ဆုံး ဘောလုံးအသင်း လူရွေးပွဲကိုတော့ လွတ်ခါနီးနေပြီလို့ ပထမဆုံး ကျွန်တော်တွေးလိုက်မိတယ်။
ဒုတိယတွေးလိုက်မိတာက ဘီယာပုလင်းကို ဖွင့်ဖို့။
တတိယအတွေးကတော့ အဲဒီနှစ်ခုကို အရင်ဆုံး ဘာလို့တွေးလိုက်မိတာလဲ ဆိုတာပဲ ဖြစ်ပါတယ်။
နောက်ထပ်လူသားလေးတစ်ယောက်ကိ
ကျွန်တော်ပြောချင်တာက ကိုယ့်ကလေးက စကားစပြောတတ်လာပြီး ကလေးကို ကိုယ်ပြောလိုက်တဲ့စကားတွေက တကယ်ကို အရေးပါအရာရောက်လာတဲ့အချိန်ပ
အဲ့ဒါတွေက ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်ဘာသာ မေးခွန်းထုတ်မိစေပါတယ်။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ဖို့တောင် တန်ရဲ့လားဆိုတာ တွေးမိစေပါတယ်။
အဲ့လိုမျိုးတွေးမိလိုက်တာကေ
ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေက ဒီမှာပါ။
ကျွန်တော် ပြောပြမယ်။ "နားထောင် .. ကလေး။ လူတိုင်းက ကလေးကို ကြိုက်စရာမလိုဘူး။ ကိုယ်မှန်တယ်ဆိုတာကို ကိုယ်သိနေတဲ့အချိန်မှာ ကိုယ့်စိတ်ထဲက အရာကို ထုတ်ပြောပါ။ ကိုယ့်ရဲ့သူငယ်ချင်းတွေက မကြားချင်ဘူးဆိုရင်တောင်မှ သူတို့ကို အမှန်ပဲပြောပါ။ နှစ်ဖက်လုံးကို မျှမြင်ပေးတယ်ဆိုပြီး ခေါင်းပဲ ငြိမ့်မနေပဲနဲ့ ဟာသကောင်းကောင်းမပြောတတ်တဲ့
ကျွန်တော် ပြောပြမယ်။ "ကျောင်းမှာ စာကြိုးစားပါ။ ဘာအတွက်ညာအတွက် ပိုက်ဆံတွေရှာနိုင်ဖို့ မဟုတ်ပါဘူး။ တကယ်လို့ စာမကြိုးစားခဲ့ဘူးဆိုရင် ကိုယ့်ကိုကိုယ် ပြန်ကြည့်တဲ့အခါ ငါ့အတွက် ဂုဏ်ယူမိအောင် လုပ်ခဲ့မိရင်ကောင်းမှာပဲလို
ကျွန်တော် ပြောပြမယ်။ "အခန်းကိုရှင်းပါ။ တွေ့လား .. ဘေးမှာ ရှိနေတဲ့ ၆လက်မလောက်မြင့်တဲ့ အဝတ်ပုံကြီးကို တွေ့လား? အမြဲတမ်းကြည့်မိတိုင်း ကိုယ့်ကိုကိုယ် စိတ်ဆင်းရဲစေတယ်။ ကိုယ့်ရဲ့ အိပ်ခန်းကြမ်းပြင်ကို မြင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင်ပြီးမြောင်အော
ကျွန်တော် ပြောပြမယ်။ "ကိုယ် စတင်ခဲ့တဲ့အရာကို အမြဲအဆုံးသတ်ပါ။ အဖေ စလုပ်မိပြီးမှ ပစ်ထားခဲ့တဲ့ ဂစ်တာ၊ ဓာတ်ပုံပညာ၊ ကတ်ကစားနည်း ဒါမှမဟုတ် အခြားအရာတွေကို တော်တော်လေးကောင်းအောင်ပဲ သင်ပေးနိုင်ပြီး အကောင်းဆုံးဖြစ်အောင် သင်မပေးနိုင်တာတွေအတွက် အကြောင်းပြချက်တွေရှိပါတယ်။
ကျွန်တော် ပြောပြမယ်။ "ကိုယ့်ရဲ့ အရေပြားထဲမှာ သက်တောင့်သက်သာဖြစ်ဖို့ အချိန်အကြာကြီး မစောင့်ပါနဲ့။ ဆယ်ကျော်သက်အရွယ်မှာ ပြောင်းလဲမှု အဆင့်ဆင့်အားလုံးက ကောင်းပါတယ်။ ဒါပေမယ့် အကြောင်းအရာတွေကို စူးစမ်းလေ့လာတာနဲ့ ပေါ်ပင်တွေထဲမှာပဲ နစ်မြုပ်နေမိတာကို ကွဲကွဲပြားပြားဖြစ်ဖို့ စည်းက ပါးပါးလေးပါ။ ကိုယ့်ကို လူအများက လက်ခံကြဖို့အတွက်နဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ကွက်တိဖြစ်နေအောင် လုပ်ဖို့ လိုတယ်လို့ ဘယ်တော့မှ မခံစားမိပါနဲ့။"
ကျွန်တော် ပြောပြမယ်။ "ကိုယ့်မှာ တစ်ခုပဲရတဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ နေ့တိုင်း သွားတိုက်ပါ။ ပြီးတော့ ဆိုဒါတွေ Red Bull တွေကို အရမ်းမသောက်ပါနဲ့။ အဲဒီ အရာတွေကြောင့် ရလာမယ့် သွားဂလိုင်ပေါက်တွေ ဖြစ်ပြီးသွားမှ ပြန်နောက်ဆုတ်လို့ မရဘူးနော်။"
ကျွန်တော် ပြောပြမယ်။ "အရာအသစ်တွေကို တွေ့ကြုံခံစားဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးပါ။ နိုင်ငံခြားသွားပြီး ကောလိပ်သွားတက်တဲ့ လူတစ်ချို့တွေက အမြင်ကတ်စရာကောင်းပေမယ့် အဖေ ဂရုမစိုက်ဘူး၊ ကလေး နိုင်ငံခြားသွားပြီး ကျောင်းသွားတက်သင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့က မဲလ်ဒရစ်မှာ သူတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေကိ
ကျွန်တော် ပြောပြမယ်။ "အိမ်ယာမဲ့လူတွေနားမှ သိပ်ပြီး ခပ်တောင့်တောင့်ကြီး မဖြစ်ပါနဲ့။ ကလေးကို ဓားပြတိုက်မှာ မဟုတ်ပါဘူး။ သဘောထားကြီးပါ။ သူတို့ကို လေးစားမှုနဲ့ဆက်ဆံပါ။ တတ်နိုင်ရင် မုန့်လေးဝယ်ပေးလိုက်ပါ။ ချို့တဲ့သူတွေကို ကူညီတဲ့အဖွဲ့တွေကိုလည်း တတ်နိုင်သလောက် မကြာခဏလှူပါ။ လက်ထဲမှာ သုံးစရာပိုက်ဆံအရန်တော့ အမြဲတမ်း ကျန်ဦးမှာပါ။"
ကျွန်တော် ပြောပြမယ်။ "သတင်းတွေကို စိတ်ဝင်စားနားထောင်ပါ။ ပြီးတော့ နိုင်ငံရေးတွေကိုရောပေါ့။ ကိုယ့်ရဲ့အချိန်တွေအားလုံးက
သတင်းတွေကို သိနေပြီးတော့ စာများများဖတ်ပါ။ ခေတ်ကို မျက်ခြေမပြတ်ပါစေနဲ့။"
ကျွန်တော် ပြောပြမယ်။ "မာနရှိပါ။ သူများလုပ်တိုင်း လိုက်မလုပ်ပါနဲ့။ ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုကို ရှာပြီးတော့ သူမတူဖြစ်လာအောင် လုပ်ပါ။ လူတွေက အိပ်မက်တွေ အကြီးကြီးမက်ကြတယ်။ ဒါပေမယ့် သူတို့က သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ သေသေချာချာလုပ်ရမှာ ကြောက်ကြတယ်။ အဲ့လိုမျိုး လူတွေထဲက တစ်ယောက် မဖြစ်ပါစေနဲ့။"
ကျွန်တော် ပြောပြမယ်။ "ကားမောင်းနေရင်းနဲ့ စာမပို့ပါနဲ့။ တကယ်ပြောတာပါ။ မစောင့်နိုင်တဲ့ အရာရယ်လို့ မရှိပါဘူး။"
ကျွန်တော် ပြောပြမယ်။ "မိသားစုကို ပထမဦးစားပေးနေရာမှာ ထားပါ။ သူတို့က ကိုယ့်ကို လိုအပ်နေတဲ့အချိန်မှာ ရှိနေပေးပါ။ ဘာမှ မမေးပါနဲ့။ အလုပ်ကြောင့် ပင်ပန်းနေပြီဆိုပြီး အကြောင်းပြချက် မပေးမိပါစေနဲ့။ သူတို့က ကလေးရဲ့ ပိုင်ဆိုင်သမျှ အကုန်ပါပဲ။"
ကျွန်တော် ပြောပြမယ်။ "ဘယ်တော့မှ တစ်ခုခု သို့မဟုတ် တစ်ယောက်ယောက်ဖြစ်ရင်ကောင်း
ပြီးတော့ ကျွန်တော် ပြောပြမယ်။ "တကယ်လို့ ဘယ်အရာကိုမှ မဖြည့်ဆည်းနိုင်ဘူး၊ ယုတ်စွအဆုံး ဒီအရာတွေကိုမှ မဖြည့်ဆည်းနိုင်ဘူးဆိုရင်လည
"အဖေ ချစ်ပါသေးတယ်။"
"အဖေ အမြဲ ချစ်ပါတယ်။"
ကျွန်တော် ကြောက်သလားလို့ သူတွေက မေးကြတယ်။ အပေါ်ကပြောတာတွေကို စဉ်းစားကြည့်လိုက်မိတဲ့အခါ ထွက်လာတဲ့ အဖြေကတော့ မကြောက်ဘူးလို့ ထွက်ပါတယ်။
ဒီကလေးနဲ့ ကိုယ် ဘာဆက်လုပ်ရမလဲဆိုတာကို မသိနိုင်တဲ့ အချိန်တွေလည်း ရှိလာနိုင်တယ်ဆိုတာ သိပါတယ်။ ကျွန်တော့ရဲ့ ကိုယ်ကျင့်တရားနဲ့ တန်ဖိုးအိတ်ထဲကို နှိုက်လိုက်တဲ့အခါ ဘာမှ ထွက်မလာခဲ့ပါဘူး။ အဲ့လိုအချိန်တွေမှာ ကျွန်တော့ မိန်းမကို ကျွန်တော် ကြည့်မယ်။ တစ်ဝက်တစ်ပျက် ထုတ်ပိုးထားတဲ့တိုက်ခန်းထဲက
ပထမအစကတည်းက ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဘာလို့ချစ်ကြတာလဲဆိုတာကို ပြန်ပြီး သတိရစေပါတယ်။ ကျွန်တော်တို့ အတူတူဖန်တီးခဲ့ကြတဲ့ အချစ်ဆိုတဲ့ အရာကြောင့် အပြစ်အနာအဆာတွေ ဖြစ်လာတာမဟုတ်ဘူး။
အပြစ်အနာအဆာတွေကြောင့် အချစ်တွေ ဖြစ်လာတာပါ။
အဲ့ဒါသိပြီးတဲ့နောက်မှာတော့
Original writer - Evan Porter
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။