Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 18, 2015

မျောက်များနှင့် နေထိုင်ခြင်း

မျောက်များနှင့် နေထိုင်ခြင်း
-----------------------------------

တစ်ခါက... မျောက်အုပ်တစ်အုပ်ဟာ တောင်စောင်းတစ်ခုမှာ အမှီပြုနေထိုင်ပါသတဲ့...။ သူတို့နေကြတဲ့ တောင်စောင်းနဲ့မနီးမဝေးမှာ လူတွေနေထိုင်တဲ့ရွာငယ်လေးတစ်ခုရှိတယ်။ တစ်ခါတစ်ရံမှာ မျောက်တွေဟာ.. ရွာငယ်လေးအနားက သစ်ပင်တွေမှာ သွားရောက်ကျက်စားရင်း.. လူတို့ရဲ့ နေပုံထိုင်ပုံ၊ ဓလေ့စရိုက်များကို လိုက်လံ အတုခိုးလေ့ရှိကြပါသတဲ့..။

အဲဒီလိုနဲ့ တစ်ဖြည်းဖြည်း မိုးရာသီကုန်ဆုံးပြီးဆောင်းဥတုထဲကို ၀င်ရောက်လာတယ်။ မိုးကလည်း မပြတ်သေး.. ဆောင်းလေကလည်းတိုက်တဲ့ စပ်ကူးမတ်ကူး ရာသီဥတုကို ရောက်လာခဲ့တယ်။ မျောက်တွေနေထိုင်တဲ့ တောင်စောင်းဟာ အကာအရံကလည်းကင်းမဲ့၊ ဟင်းလင်းပြင်ကလည်းဖြစ်ပြန်ဆိုတော့ ရာသီဥတုဒဏ်ကို ပြင်းထန်စွာခံရပြန်တယ်။

တစ်ခါတော့ မိုးရွာပြီးခါစအချိန်တစ်ခုကို ရောက်လာပြန်တယ်..။ ဆောင်းလေကလည်း ပြင်းစွာတိုက်ခိုက်ပြန်တယ်။ ဒီအခါမှာတော့ မျောက်တွေဟာအင်မတန်မှ ချမ်းကြရှာတယ်.။ အဲဒီအခါ မျောက်ခေါင်းဆောင်ကဒီလိုပြောတယ်-

"ပညာရှိသူတော်ကောင်း မျောက်အပေါင်းတို့၊ သင်တို့တွေဟာ ဒီအတိုင်းနေရင်တော့.. ချမ်းအေးတဲ့အတွက်.. သေကြေပျက်စီးကြရမယ်။ အဲဒီအခါ.. ဥာဏ်ပညာကြီးမားတဲ့ငါတို့မျောက်တွေ...မျိုးတုန်းလာနိုင်တယ်။ ဒါကြောင့် တစ်ခုခုတော့လုပ်မှဖြစ်တော့မယ်။ တောထဲက ဥာဏ်ရည်နုံ့နည်းတဲ့ တိရစ္ဆာန်တွေကို အားကိုးရင်တော့ အချည်းနှီးပဲဖြစ်တယ်။ ဒါကြောင့် တောစပ်မှာ နေထိုင်တဲ့ လူသားတွေရဲ့လုပ်ပုံလုပ်နည်းအတိုင်းလုပ်ပြီး အချမ်းဒဏ်ကို အန်တုကြရမယ်၊ ဒို့မျောက်အုပ်ထဲက မျောက်တစ်ကောင်ကို လွှတ်ပြီး လူတွေချမ်းတဲ့အခါ ဘယ်လို လုပ်ကြတယ်ဆိုတာကို သွားကြည့်ခိုင်းပြီး လူတွေအတိုင်းလိုက်လုပ်ကြရမယ်"
လို့ ဆောင်းတွင်းစီမံကိန်းကြီးကို ချမှတ်လိုက်ပါသတဲ့။

အဲဒီနောက်မှာတော့ မျောက်တွေဟာ မျောက်တစ်ကောင်ကို စေလွှတ်ပြီး လူတွေချမ်းတဲ့အခါ ဘယ်လိုလုပ်သလဲဆိုတာကို ကြည့်ရှုစေတယ်။ ကိုယ်စားလှယ်မျောက်ဟာ ရွာနားအထိ ချဉ်းကပ်ပြီး လူတွေရဲ့လုပ်ပုံလုပ်နည်းကို ချောင်းမြောင်း ကြည့်ရှုခဲ့တယ်။ အဲဒီအချိန်မှာတော့ လူတွေဟာ မီးလှုံဖို့အတွက် မီးဖိုပြီး ၀ိုင်းဖွဲ့ထိုင်နေကြချိန်ဖြစ်နေခဲ့တယ်။ လူတွေဟာ ရာသီဥတုစိုထိုင်းမှုကြောင်း မီးမွှေးလို့ လွယ်လွယ်နဲ့အစဉ်မပြေတဲ့အတွက် မီးတောက်စေဖို့ ၀ိုင်းဝန်းပြီးလေနဲ့မှုတ်နေခဲ့ကြတယ်။ ကိုယ်စားလှယ်မျောက်ဟာ အဲဒီအပြုအမူကို သေချာမှတ်သားထားတယ်။ လူတွေအလည်မှာရှိတဲ့မီးပုံက တရဲရဲတောက်လောင်နေတဲ့ မီးကျီးခဲကိုလည်း မြင်တွေ့တယ်။ ဒါပေမယ့် ဥာဏ်နည်းတဲ့အတွက် မီးကျီးခဲရဲ့ အနီရောင်အဆင်းဆိုတာကိုသာ သူမှတ်သားလိုက်နိုင်တယ်။

အဲဒီလိုနဲ့မျောက်ဟာ သူ့အုပ်ထဲကိုပြန်ရောက်လာခဲ့တယ်။ လူတွေဝိုင်းထိုင်နေပုံ၊ အလည်ကောင်မှာ နီရဲရဲအရာကိုထားပြီး လေဖြင့် ၀ိုင်းဝန်းမှုတ်ကြပုံတွေကို စီကာပတ်ကုံးပြောပြတယ်။ အဲဒီအခါ မျောက်ခေါင်းဆောင်က ဒီလိုပြောတယ်

"ဟား...ဟား.. ဒါလေးများကွာ..ကဲ ရဲဘော်တို့.. တောင်စောင်းမှာပေါက်နေတဲ့ အနီရောင်အသီးတွေအကုန်လုံးကို ခူးလာကြ၊ ပြီးရင်.. အပုံတွေပုံကြ၊ လေနဲ့မှုတ်ကြ"
လို့ အမိန့်ပေးလိုက်ပြန်တယ်။

မျောက်တွေလည်း..မျောက်ခေါင်းဆောင်မိန့်ကြားတဲ့အတိုင်း အနီရောင်အသီးတွေကိုခူးဆွတ်လာကြပြီး အပုံလေးတွေ ပုံကြတယ်။ အဲဒီနောက် ၀ိုင်းထိုင်ပြီး လေနဲ့မှုတ်ကြတယ်။ အဲဒီလို မျောက်တွေရဲ့ အကျိုးမဲ့တဲ့လုပ်ရပ်ကို..သစ်ပင်ပေါ်မှာရှိတဲ့ ငှက်တစ်ကောင်က တွေ့မြင်သွားခဲ့တယ်။ အဲဒီအခါ ငှက်က မျောက်တွေကို ဒီလိုပြောတယ်..။

"ဟား..ဟား..တော်တော်တုံးတဲ့မျောက်တွေ... တောင်ကတုံးပေါ်မှာ တုံးခုထိုင်ပြီး ဂတုံးတုံးတာတောင်.. မင်းတို့လောက် တုံးမှာမဟုတ်ဘူး.. မင်းတို့ ဒီလိုလုပ်နေမယ့်အစား.. သင့်တော်ရာအမိုးအကာတစ်ခုခုရှာ၊ လိုဏ်ဂူတစ်ခုခု ရှာပြီး ခိုလှုံနေတာကမှ အကျိုးရှိအုံးမယ်.. မျောက်ငတုံးတွေရေ"

လို့ အော်ဟစ်သတိပေးခဲ့တယ်။

ဒါပေမယ့် မျောက်တွေက သူ့ရဲ့ အကြံဥာဏ်ကို လက်ခံခြင်းမရှိဘူး။ သတိပေးတဲ့ငှက်ကို လည်ပြန်တစ်ချက်တောင်မှ လှည့်စောင်းမထိုးခဲ့ဘူး။ ငှက်ကလည်း အလျော့မပေးဘဲ ဆက်လက်လှောင်ပြောင်ပြီး အကြံပေးပြန်တယ်။ နားညီးလာတဲ့ မျောက်ခေါင်းဆောင်က ဒီလိုပြန်ပြောတယ်

"သစ်ပင်ပေါ်က အရောင်မွဲတဲ့ ငှက်စုတ်။ သင်ဟာ အရောင်အဆင်းမွဲရုံတင်မဟုတ် စုတ်ပြတ်ဆိုးဝါးလှတဲ့ အသံကိုပါ ပိုင်ဆိုင်တယ်။ နားညီးစရာကောင်းလှတဲ့ ငှက်ဆိုးထိုးသံကို ရပ်နားပြီး ငါတို့အလုပ်ကို မနှောက်ယှက်ပါနဲ့လား။ ခပ်ဝေးဝေးကို သွားနေလိုက်ပါ"

လို့ပြောခဲ့တယ်။ ဒါပေမယ့် ငှက်က မျောက်ခေါင်းဆောင်ရဲ့စကားကို ဂရုမစိုက်ဘူး။ သစ်ပင်ပေါ်က လှမ်းပြောရတာကို အားမရတဲ့အတွက် သစ်ပင်အောက်ကိုဆင်းလာပြီး မျောက်အုပ်နားကို သွားတယ်။ ပြီးတော့ သူ့ရဲ့အကြံကို မျောက်တွေ နားမထောင်လာမချင်း ဆက်လက်ပြောပြန်တယ်။
မျောက်တွေဟာ မီးတောက်မလာတာကတစ်ကြောင်း၊ ချမ်းအေးတာကတစ်ကြောင်းကြောင့် ဒေါသထွက်နေခဲ့တယ်။ အဲဒီကြားထဲ ငှက်ရဲ့ စကားသံကြောင့်လည်း စိတ်အနှောက်အယှက်ဖြစ်လာကြပြီး ဒေါသပေါက်ကွဲတဲ့အဆင့်ကို ရောက်လာတယ်။ အဲဒီအခါမှာတော့ မျောက်တွေဟာ ငှက်ကို ခုန်အုတ်ဖမ်းယူပြီး မသေမချင်း ရိုက်ပုတ်သတ်ဖြတ်ခဲ့ကြတော့တယ်။

ဒါကတော့ အိန္ဒိယ ရိုးရာပုံပြင်တစ်ပုဒ်ပဲဖြစ်တယ်။ တကယ်တော့ အကြံဥာဏ်ကောင်းဟာ လူတိုင်းနဲ့မတန်ဘူးလို့ သင်ခန်းစာပေးထားသလို.. အကြံမပေးခင်.. အရင်ဆုံးဆင်ခြင်ဖို့.. တွေးတောဖို့လည်း သင်ခန်းစာပေးထားတာလည်းဖြစ်တယ်။ လောကမှာ ကျဉ်လည်ကြတဲ့ လူတွေဟာ ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့ နည်းလမ်းအမှားတွေ၊ ပုံမကျပန်းမကျ လုပ်နည်းလုပ်ဟန်တွေကို မြင်တွေ့ရတဲ့အခါ မနေနိုင်မထိုင်နိုင်အကြံပေးတတ်ကြတယ် တစ်နည်းအားဖြင့် လျှာရှည်တတ်ကြတယ်။ အဲဒီလို လျှာရှည်တဲ့အခါ.. ကိုယ့်အကြံကောင်းကို ၀မ်းမြောက်ဝမ်းသာ ခံယူသူများရှိသလို.. ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ့်အလုပ်ကိုယ်လုပ်မယ် ဆိုတဲ့ တစ်လမ်းသွားများလည်း ရှိတတ်တယ်။ အဲဒီအခါမှာတော့ သူတို့ရဲ့ အစဉ်မပြေခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ ဒေါသအမျက်တွေအတွက် ကိုယ်ဟာ လောင်စာဖြစ်တတ်တယ်ဆိုတာကို သတိပြုသင့်တယ်။

Open your mind, before you open your mouth. ဆိုတဲ့စကားလို.. တစ်စုံတစ်ရာမပြောဆိုခင်မှာ.. စိတ်ရဲ့တံခါးပေါက်ကို ဖွင်လှစ်ပေးဖို့လိုအပ်တယ်။ တစ်နည်းအားဖြင့် တစ်စုံတစ်ရာပြောဆိုအကြံပေးခြင်း မရှိခင်မှာ.. ဦးနှောက်အသိဥာဏ်နဲ့အရင်ဆုံး ဆင်ခြင်သင့်လှတယ်...။

အဲဒါကြောင့် ကျနော်တို့ဟာ တစ်စုံတစ်ရာကို အကြံမပြုခင် ကိုယ်အကြံပြုဆွေးနွေးမယ့် ပုဂ္ဂိုလ်ရဲ့ ဥာဏ်အရည်အသွေးအပြင်၊ ကိုယ့်ကိုလိုလားမှု ရှိမရှိဆိုတာကိုပါ သုံးသပ်သင့်လှတယ်။ တစ်ဖက်လူဟာ အကြံကောင်းဥာဏ်ကောင်းကို လက်ခံနိုင်တဲ့ အသိဥာဏ်ပြတင်းပေါက်ကို အသေပိတ်ထားသူဖြစ်ခဲ့မယ်ဆိုရင်တော့ အကြံဥာဏ်ပေးခြင်းဟာ အချဉ်းနှီးသာလျင်ဖြစ်တယ်။ ဒီအချက်ကို သတိမမူပဲ နေရာတကာမှာ မနေနိုင်မထိုင်နိုင် ပါလေရာဖြစ်ခဲ့မယ်ဆိုရင်တော့.... မလိုလားအပ်တဲ့ ဒုက္ခကိုဖိတ်ခေါ်သလို ဖြစ်တတ်တယ်လို့ ဆိုတယ်။

လူအချင်းချင်း.. လျှာရှည်ခြင်း.. အစဉ်ကင်းကြပါစေ tongue emoticon

Credit; ဖြိုးသုတ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။