ကုန်းပိုးထားမိသော မိန်းကလေး
=======================
တခါက.. ဇင်ဘုန်းကြီး (တရုတ်နှင့် ဂျပန်ပြည်တွင်ထွန်းကာသော ဗုဒ္ဓဘာသာဂိုဏ်းကွဲ) နှစ်ပါးဟာ ကြမ်းတမ်းတဲ့ ခရီးရှည်တစ်ခုကို အတူတကွ သွားခဲ့ကြပါသတဲ့...။ တစ်ပါးဟာ အသက်အရွယ်အားဖြင့် ကြီးပြီး၊ နောက်တစ်ပါးကတော့ ငယ်ရွယ်တဲ့ လူပျိုပေါက်အရွယ်သာဖြစ်တယ်။ မြစ်ကမ်းတစ်ခုနဘေးကို ရောက်တဲ့အခါမှာတော့ မြစ်ကူးတံတားဟာ ကျိုးပျက်နေတာကို သူတို့နှစ်ပါးတွေ့ခဲ့ရပါသတဲ့ ..။
အဲဒီလိုကျိုးပျက်နေတဲ့ တံတားပျက်ရဲ့ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ လှပတဲ့ အမျိုးသမီးငယ်လေးတစ်ဦးကိုပါ တွေ့ပြန်တယ်။ အဲဒါနဲ့ ရဟန်းနှစ်ပါးဟာ မိန်းမငယ်လေးကို ဆွဲထုတ်ကယ်ဆယ်လိုက်ကြတယ်..။ အဲဒီနောက်မှာတော့ မြစ်ရေဟာ တိမ်တာကြောင့် မြစ်ကို ဒီအတိုင်းခြေကျင်ဖြတ်ကူးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီမှာတင်း အပျက်အစီးကြားမှ ညပ်နေခဲ့တဲ့ ဒဏ်ကြောင့် မိန်းမငယ်လေးဟာ
ရေထဲမှာ ဖြတ်သန်းလမ်းလျှောက်ဖို့ မဖြစ်နိုင်တာကို တွေ့လိုက်ရတယ်။ အဲဒါနဲ့
အသက်ကြီးတဲ့ဘုန်းတော်ကြီးက မိန်းမငယ်လေးကို သူကိုယ်တိုင် ကုန်းပိုးပြီး
မြစ်ကို ဖြတ်ကူးဖို့ အဆိုပြုလိုက်တယ်။ မိန်းမငယ်လေးလည်း လိုလိုလားလားပဲ
သဘောတူခဲ့ပါသတဲ့..။
အဲဂလိုနဲ့ သူတို့ဟာ ဆက်လက်ထွက်ခွာလာခဲ့ကြတယ်။ ရဟန်းငယ်ရဲ့စိတ်မှာတော့ ရဟန်းအိုကြီးရဲ့ အပြုအမူကို ခိုးလိုးခုလု ဖြစ်လို့နေတယ်။ ပြီးတော့ ဒီလိုစဉ်းစားတယ်-
"ကိုယ်တော်တော့ စိတ်ဖောက်ပြန်နေပြီထင်တယ်။ မာတုဂါမနဲ့ ထိတွေ့ခြင်းဟာ တဏှာရာဂကို လှုံ့ဆော်သလိုဖြစ်တယ်။ ၀ိနည်းနဲ့လည်းမညီဘူး"
ရဟန်းငယ်ဟာ အဲဒီအတိုင်းတွေးနေခဲ့ပေမယ့် .. နှုတ်ကတော့ ဖွင့်မပြောခဲ့ဘူး..။ မြစ်ကို ဖြတ်ကူးကြတဲ့အခါမှာလည်း.. သူ့ဆရာ ဘုန်းကြီးကိုကြည့်ပြီး စိတ်မသက်မသာနဲ့ လိုက်ပါခဲ့ရတယ်။
မြစ်တစ်ဖက်ကမ်းကို ရောက်တဲ့အခါမှာတော့ ဘုန်းကြီးနှစ်ပါးနဲ့ မိန်းကလေးတို့ဟာ လမ်းခွဲပြီး ကိုယ်လိုရာခရီးကို ဆက်လက်ထွက်ခွာလာတယ်။ လမ်းခရီးတစ်လျှောက်လုံးမှာ ရဟန်းငယ်ရဲ့စိတ်ဟာ ရောက်ရက်ခတ်လို့နေတယ်။ သူကြည်ညိုရတဲ့ သူ့ရဲ့ဆရာဘုန်းကြီးဟာ စိတ်ဖောက်ပြန်သူပဲဖြစ်တယ်၊ မစောင့်စည်းသူလည်းဖြစ်တယ်၊ မာတုဂါမနဲ့နီးစပ်ချင်သူဖြစ် တယ်၊ စသဖြင့် အမျိုးမျိုးသော စွပ်စွဲချက်တွေကို စဉ်းစားပြီး စိတ်ညစ်ညူးလာခဲ့ပြန်တယ်။
အဲဒီလို အတွေးတွေကို ဆက်တိုက် တွေးမိနေရင်းနဲ့ ရဟန်းငယ်ရဲ့စိတ်ဟာ ပူလောင်သည်ထက် ပူလောင်လို့ လာခဲ့တယ်။ သူ့ဆရာရဟန်းကို ကြည့်လိုက်တဲ့အခါမှာလည်း ဘာမှ မဖြစ်သလို၊ သူ့အမှားကို တောင်းပန်ဖို့ စိတ်မပါသလို မျက်နှာပေးမျိုးကိုသာ တွေ့နေခဲ့ရပြန်တယ်။
သူတို့ရဲ့ ခရီးဟာလည်း မိုင်တော်တော်များများ ခရီးရောက်လာပြန်တယ်။ ရဟန်းငယ်ဟာ ကြိတ်မှိတ်သည်းခံပြီး နာရီပေါင်းအတော်ကြာအောင်နေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူဟာ အောင့်အီးသီးခံနိုင်ခြင်းမရှိတော့ပဲ စိတ်ထဲက ဒေါသကို ဖွင့်ချပစ်လိုက်တယ်။
"ရဟန်းကြီး၊ သင့်ကို ဆရာရယ်လို့ ၀တ်ကြီးဝတ်ငယ်ပြုစုလာတာ အမှားကြီးမှားပြီ၊ သင်ဟာ အကျင့်သီလ မဖြူစင်သူသာလျင်ဖြစ်တယ်၊ မာတုဂါမနဲ့ ထိတွေ့ခွင့်ရမယ့်အခွင့်အရေး ကို စောင့်မျှော်နေသူသာလျင်ဖြစ် တယ်၊
စောင့်မျှော်ရုံမျှမက အခွင့်အရေးရလျင်ရချင်းပဲ အမိအရ ရယူပြီး တဏှာ
ရမ္မက်ရဲ့ ခေါ်ဆောင်ရာကို ကောက်ကောက်ပါအောင် လိုက်သူသာဖြစ်တယ်၊ မိန်းမငယ်ရဲ့
အလှအပအောက်မှာ သင့်ရဲ့အကျင့်သီလတွေဟာလည်း ပျက်စီးခဲ့ပြီး မြစ်ရေနဲ့အတူ
ရေစုန်မြောပြီဖြစ်တယ်။"
စသည်ဖြင့် သူ့စိတ်ရဲ့စွတ်စွဲချက်တွေကို တရစပ်ပြောချပစ်လိုက်ပါသတဲ့။ အဲဒီအခါ ရဟန်းကြီးဟာ အံ့သြလှတဲ့အမူအရာမပြဘဲ ဒီလိုပြန်ပြောခဲ့တယ်...
"ရဟန်းငယ်.. ငါဟာ ကျောပေါ်ကမိန်းကလေးကို၊ မြစ်ကမ်းနဘေးမှ ချခဲ့ပြီ၊
သင်က ဘာလို့ခုချိန်ထိ မိန်းကလေးကို ဆက်လက်သယ်ဆောင်လာတာလဲ"
-------------------------- ----------
ဒီပုံပြင်လေးဟာ တရုတ်ရှေးဟောင်းပုံပြင်တစ်ပုဒ်ပဲဖြစ်တယ်။
ပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြတဲ့အချက် မြောက်များစွာရှိနေခဲ့တယ်။
ကျနော်တို့ရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်နေတဲ့ အဖြစ်အပျက်လို့တောင်ဆိုချင် တယ်။
တကယ်တော့ ကျနော်တို့ဟာ စိတ်ညစ်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသထွက်စရာ စတဲ့ မကောင်းတဲ့အဖြစ်အပျက်တွေကို ရဟန်းငယ်လို ဆက်လက်သယ်ဆောင်နေကြသူတွေပြဲ ဖစ်ကြတယ်။
တအုံ့နွေးနွေးနဲ့ ပြန်လည်စဉ်းစားရင်း ပူလောင်ခြင်းကို ရှာဖွေနေတတ်ကြသေးတယ်။ တစ်ခါတစ်ရံမှာ နှစ်ပေါင်းများစွာက အဖြစ်အပျက်ကိုတောင် ပြန်လည်တွေးပြီး ဒေါသထွက်ချင် ထွက်နေတတ်ကြသေးတယ်။ အဲဒီလို ဖြစ်ပြီးသား ကိစ္စ ကို ပြန်လည်တွေးတောပူပင်နေခြင်း ဟာ. လေးလံတဲ့ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ထားတာပါပဲ။ အချိန်ကြာကြာသယ်ဆောင်ထားတဲ့ အခါ စိတ်ရဲ့ပင်ပန်းခြင်းဖြစ်ရုံ မျှမက ကိုယ့်ပတ်ဝန်းကျင်မှာရှိနြေ ကတဲ့သူတွေကိုတောင် အကောင်းမမြင် ဖြစ်လာတတ်ကြသေးတယ်.။
ကျနော်တို့ဟာ ပြသနာရဲ့မြစ်ကိုဖြတ်ကူးပြီး တိုင်းမှာ ၀န်ထုပ်ဝန်ပိုးတွေကိုပါ တစ်ခါတည်းနှုတ်ဆက် လမ်းခွဲသင့်လှတယ်။ ဖြစ်ပြီးခဲ့သမျှ နာကျည်းစရာအတွေ့အကြုံတွေကို လည်း တစ်ခါတည်းပဲမေ့လျော့ပစ်သင့် တယ်။ တကယ်လို့ မကောင်းသော စိတ်တွေကို ဆက်လက်သယ်ဆောင်လာခဲ့မယ်ဆိုရ င်တော့... နဂိုလေးလံပြီးသား စိတ်အစဉ်ဟာ ကောင်းသောအရာတွေကို သယ်ဆောင်ဖို့အတွက် အားအင်ချိနဲ့လာသလို ထပ်မံသယ်ဆောင်နိုင်ခြင်းမရှိဘဲဖြစ်နေတတ်တယ်လို့ဆိုတယ်. ။
The past can’t hurt you anymore, not unless you let it. ဆိုတဲ့စကားလို.. အတိတ်ကာလရဲ့ အဖြစ်အပျက်တွေကို ခွင့်ပြုထားရင်တော့.. သင်ဟာ နာကျင်ခံစားရမှာပဲဖြစ်တယ်လို့ ဆိုလိုရင်းဖြစ်တယ်။
စိတ်ရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ..။
Credit:ဖြိုးသုတ
=======================
တခါက.. ဇင်ဘုန်းကြီး (တရုတ်နှင့် ဂျပန်ပြည်တွင်ထွန်းကာသော ဗုဒ္ဓဘာသာဂိုဏ်းကွဲ) နှစ်ပါးဟာ ကြမ်းတမ်းတဲ့ ခရီးရှည်တစ်ခုကို အတူတကွ သွားခဲ့ကြပါသတဲ့...။ တစ်ပါးဟာ အသက်အရွယ်အားဖြင့် ကြီးပြီး၊ နောက်တစ်ပါးကတော့ ငယ်ရွယ်တဲ့ လူပျိုပေါက်အရွယ်သာဖြစ်တယ်။
အဲဒီလိုကျိုးပျက်နေတဲ့ တံတားပျက်ရဲ့ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ လှပတဲ့ အမျိုးသမီးငယ်လေးတစ်ဦးကိုပ
အဲဂလိုနဲ့ သူတို့ဟာ ဆက်လက်ထွက်ခွာလာခဲ့ကြတယ်။ ရဟန်းငယ်ရဲ့စိတ်မှာတော့ ရဟန်းအိုကြီးရဲ့ အပြုအမူကို ခိုးလိုးခုလု ဖြစ်လို့နေတယ်။ ပြီးတော့ ဒီလိုစဉ်းစားတယ်-
"ကိုယ်တော်တော့ စိတ်ဖောက်ပြန်နေပြီထင်တယ်။ မာတုဂါမနဲ့ ထိတွေ့ခြင်းဟာ တဏှာရာဂကို လှုံ့ဆော်သလိုဖြစ်တယ်။ ၀ိနည်းနဲ့လည်းမညီဘူး"
ရဟန်းငယ်ဟာ အဲဒီအတိုင်းတွေးနေခဲ့ပေမယ့်
မြစ်တစ်ဖက်ကမ်းကို ရောက်တဲ့အခါမှာတော့ ဘုန်းကြီးနှစ်ပါးနဲ့ မိန်းကလေးတို့ဟာ လမ်းခွဲပြီး ကိုယ်လိုရာခရီးကို ဆက်လက်ထွက်ခွာလာတယ်။ လမ်းခရီးတစ်လျှောက်လုံးမှာ ရဟန်းငယ်ရဲ့စိတ်ဟာ ရောက်ရက်ခတ်လို့နေတယ်။ သူကြည်ညိုရတဲ့ သူ့ရဲ့ဆရာဘုန်းကြီးဟာ စိတ်ဖောက်ပြန်သူပဲဖြစ်တယ်၊ မစောင့်စည်းသူလည်းဖြစ်တယ်၊ မာတုဂါမနဲ့နီးစပ်ချင်သူဖြစ်
အဲဒီလို အတွေးတွေကို ဆက်တိုက် တွေးမိနေရင်းနဲ့ ရဟန်းငယ်ရဲ့စိတ်ဟာ ပူလောင်သည်ထက် ပူလောင်လို့ လာခဲ့တယ်။ သူ့ဆရာရဟန်းကို ကြည့်လိုက်တဲ့အခါမှာလည်း ဘာမှ မဖြစ်သလို၊ သူ့အမှားကို တောင်းပန်ဖို့ စိတ်မပါသလို မျက်နှာပေးမျိုးကိုသာ တွေ့နေခဲ့ရပြန်တယ်။
သူတို့ရဲ့ ခရီးဟာလည်း မိုင်တော်တော်များများ ခရီးရောက်လာပြန်တယ်။ ရဟန်းငယ်ဟာ ကြိတ်မှိတ်သည်းခံပြီး နာရီပေါင်းအတော်ကြာအောင်နေခ
"ရဟန်းကြီး၊ သင့်ကို ဆရာရယ်လို့ ၀တ်ကြီးဝတ်ငယ်ပြုစုလာတာ အမှားကြီးမှားပြီ၊ သင်ဟာ အကျင့်သီလ မဖြူစင်သူသာလျင်ဖြစ်တယ်၊ မာတုဂါမနဲ့ ထိတွေ့ခွင့်ရမယ့်အခွင့်အရေး
စသည်ဖြင့် သူ့စိတ်ရဲ့စွတ်စွဲချက်တွေကိ
"ရဟန်းငယ်.. ငါဟာ ကျောပေါ်ကမိန်းကလေးကို၊ မြစ်ကမ်းနဘေးမှ ချခဲ့ပြီ၊
သင်က ဘာလို့ခုချိန်ထိ မိန်းကလေးကို ဆက်လက်သယ်ဆောင်လာတာလဲ"
--------------------------
ဒီပုံပြင်လေးဟာ တရုတ်ရှေးဟောင်းပုံပြင်တစ်ပ
တကယ်တော့ ကျနော်တို့ဟာ စိတ်ညစ်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသထွက်စရာ စတဲ့ မကောင်းတဲ့အဖြစ်အပျက်တွေကို
တအုံ့နွေးနွေးနဲ့ ပြန်လည်စဉ်းစားရင်း ပူလောင်ခြင်းကို ရှာဖွေနေတတ်ကြသေးတယ်။ တစ်ခါတစ်ရံမှာ နှစ်ပေါင်းများစွာက အဖြစ်အပျက်ကိုတောင် ပြန်လည်တွေးပြီး ဒေါသထွက်ချင် ထွက်နေတတ်ကြသေးတယ်။ အဲဒီလို ဖြစ်ပြီးသား ကိစ္စ ကို ပြန်လည်တွေးတောပူပင်နေခြင်း
ကျနော်တို့ဟာ ပြသနာရဲ့မြစ်ကိုဖြတ်ကူးပြီး
The past can’t hurt you anymore, not unless you let it. ဆိုတဲ့စကားလို.. အတိတ်ကာလရဲ့ အဖြစ်အပျက်တွေကို ခွင့်ပြုထားရင်တော့.. သင်ဟာ နာကျင်ခံစားရမှာပဲဖြစ်တယ်လိ
စိတ်ရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ..။
Credit:ဖြိုးသုတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။