Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 18, 2015

လူငယ်နှင့် ဘဝတန်ဖိုး

လူငယ်နှင့် ဘဝတန်ဖိုး
@@@@@@@@@@@@@@@@@@@@

“လူငယ်နှင့် ဘဝတန်ဖိုး” လို့ ပြောထားလေတော့ လူငယ်ဆိုတာ ဘယ်အသယ်အရွယ်ကို ပြောတာလဲသိဖို့ လိုလိမ့်မယ်။ လူငယ်ဆိုတာ လူ့ဘဝရဲ့ ကာလအပိုင်းအခြား တစ်ခုလို့ နားလည်ကြမလား။ ဒါဆိုရင်လည်း လူငယ်ဘဝကို ကာလပိုင်းခြားမှု အမျိုးမျိုး သတ်မှတ်ကြလေတော့ အသက်ဘယ်၍ ဘယ်မျှကနေပြီး ဘယ်အရွယ်အထိကို လူငယ်လို့ သတ်မှတ်မလဲ။ မေးစရာရှိလာတယ်။ တချို့သတ်မှတ်ချက်တွေတော့ အတော်အတန် ရှိပါတယ်။ ဒါပေမယ့် အများစု လက်ခံကြတာမျိုတော့ မဟုတ်ပြန်ဘူး။ ဒါဆို အိမ်ထောင်မကျသေးတဲ့ လူဟာ လူငယ် မဟုတ်တာ သေချာနေပြန်တယ်။ ဒါဆို ဆယ်ခြောက်နှစ်လောက်က အိမ်ထောင်ကျပြီး လေးဆယ်ကျော်နဲ့ မြေးချီနေကြတဲ့သူတွေကို လူငယ်လို့ သတ်မှတ်မလား၊ ဒါလည်း နိတ်မယ်မထင်ဘူး။ အသက်မကြီးပေမယ့် ဝါကြီးလွန်းနေတော့ လူငယ်လို့ ပြောရခက်လိမ့်မယ်။ အဲဒီတော့ လူငယ်ဘဝဆိုတာ မိမိတိုင်းပြည်၊ မိမိလူမျိုး ဓလေ့စရိုက်နဲ့ မိမိယဉ်ကျေးမှုအရ သတ်မှတ်ဖို့လိုတယ် ထင်သလိုသာ သတ်မှတ်ကြပါ။ အသက်အရွယ် အနုအရင့်က အရေးမကြီးပါဘူး။

အဲဒီလူငယ်ဆိုသူ့ အနေနဲ့ သူဖြတ်သန်းနေရတဲ့ ဘဝမှာ ဘဝရဲ့တန်ဖိုးကို နားလည်ဖို့ကသာ အဓိက ဖြစ်လိမ့်မယ်။ ဒါမှသာ ဘဝရဲ့တန်ဖိုးကို သိနားလည်တာနဲ့အမျှ တန်ဖိုးထားနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဘဝဆိုတာဘာလဲ သိဖို့လိုလိမ့်မယ်။ တချို့က ဘဝဆိုတာ သတ္တဝါအဖြစ် ရောက်ရှိ ကျင်လည်နေခြင်းလို့ ဆိုကြပါတယ်။ တချို့ကတော့ ဘဝဆိုတာ ဖြစ်ခြင်းလို့ ပြောကြပြန်တယ်။ တချို့ပညာရှိများကတော့ အဖြစ်၊ အနေကို ဘဝလို့ ခေါ်ပါသတဲ့၊ မှတ်သားစရာတွေ ချည်းပါ။ အထက်မှာ ဖော်ပြခဲ့သလို တန်ဖိုးရှိအောင် ထူထောင် နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မယ်။ ဒီတော့ ဘဝရဲ့တန်ဖိုးကို ပထမဆုံး သိရှိနားလည်နိုင်ကြရင် အကောင်းဆုံး ဖြစ်လိမ့်မယ်ထင်တယ်။ ဒီနေရာမှာ ဘဝရဲ့ အနက်အဓိပ္ပါယ်ကို အထက်မှာ ဖော်ပြခဲ့သလို တန်ဖိုးရဲ့သက်ရောက်မှုကိုလည်း သိဖို့လိုလိမ့်မယ်။

တန်ဖိုးဆိုတာ ဘာလဲ၊ တန်ဖိုးဆိုတာ “ပစ္စည်းတစ်ခုခုကို ရောင်းဝယ်ရန် သတ်မှတ်ထားသောငွေ” လို့ ဖွင့်ဆိုတာရှိသလို “အကျိုးသက်ရောက်မှု” နဲ့ “ကျေးဇူးဂုဏ်” ကလည်း “တန်ဖိုး” ပါပဲ။ ဘဝမှာ အကျိုးရှိအောင် ကျင့်ကြံနေထိုင်တာ၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်တာ၊ နေထိုင်ရာကမ္ဘာကြီးအတွက် အကျိုးရှိရာရှိကြောင်း လုပ်ကိုင်ဆောင်ရွက်တာမျိုးဟာ လူ့ဘဝရဲ့တန်ဖိုးတွေပါပဲ။ အဲဒီလို တန်ဖိုးတွေကို နားလည်ပြီး ပြည့်ပြည့်ဝဝ ဆောင်ရွက်ဖို့ ကြိုးစားကြတဲ့ လူငယ်တွေဟာ အမှန်တကယ်ပဲရှိနေသလို တချို့ကလည်းဘဝရဲ့တန်ဖိုးအပေါ် လေးနက်မှုမရှိတာ၊ နားမလည်တာမျိုးတွေလည်း ရှိနေကြပါတယ်။ ခက်ခဲဆင်းရဲတဲ့ အခြေအနေ၊ ပင်ပင်ပန်းပန်း ကြိုးပမ်းအားထုတ်ရတဲ့ အခြေအနေဟာ လူငယ်တိုင်းရဲ့ဘဝမှာ ရင်ဆိုင်ရလေ့ရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဓမ္မတာပဲ တချို့က အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်ရင်း၊ မိမိတို့ရဲ့ ဘဝတန်ဖိုးကို မြှင့်တင်ကြသလို တချို့ကျတော့လည်းဘဝမှာ တန်ဖိုးမဲ့စွာ နေထိုင်ရင်း အချိန်တွေကို ကုန်လွန်သွားကြရတာတွေလည်း ရှိပါတယ်။ ဘဝရဲ့တန်ဖိုးဆိုတာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကောင်းအောင်လုပ်တာ၊ ဗဟုသုတအသစ်တွေ ကျွမ်းကျင်မှုအသစ်တွေ၊ စွမ်းရည်အသစ်တွေနဲ့ အကောင်းဆုံး အောင်နိုင်အောင် ကြိုးစားတာမျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပိုပြီးကောင်းအောင် လုပ်တာဟာ ဘဝတန်ဖိုးပါပဲ၊ ကြားဖူးတာလေး တစ်ခုရှိတယ်။ လူတော်တော်များများလည်း ကြားဖူးကြမှာပါ။

ဒီလို ဆိုရိုးစကားဟာ အသွင်သဏ္ဌာန် အမျိုးမျိုး ရှိနိုင်ပေမယ့် အနှစ်သာရက အတူတူပါပဲ။ ဘယ်နိုင်ငံကဆိုတာ မသိရပေမယ့် လူသုံးများပါတယ်၊ ကိုးကားထောက်ပြကြတာလည်း အများကြီးပါ။ ''The carrots the eggs and the coffee beans'' တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဘဝမှာ အခက်အခဲတွေ ပြဿနာတွေနဲ့ ဘယ်သူမဆို ကြုံတွေ့ရမှာပါ။ ဒီအချိန်မှာ ကာယကံရှင်ဟာ ဘယ်လောက်ကြံ့ခိုင်သလဲ၊ ဘယ်လောက် ပျော့ညံ့သလဲ၊ ဘယ်လောက် လက်မြှောက် အရှုံးပေးတတ်ပြီး ဘယ်လောက် အောင်ပွဲယူနိုင်သလဲဆိုတာ ပေါ်လွင်လာတတ်ပါတယ်။ ရေပူပူနဲ့တူတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ကြရတဲ့အခါ မာတယ်လို့ထင်ရတဲ့ မုန်လာဥနီမျိုးက ပျော့ဖတ်သွားတတ်သလို ထိရင်ကွဲတတ်၊ အထိမခံတတ်တဲ့ အရာလို့ထင်ထားရတဲ့ ကြက်ဥလို ဥမျိုးက မာသွားတတ်ပြန်တယ်။ ကော်ဖီစေ့လိုဟာမျိုးကတော့ ရနံ့သင်းသင်းနဲ့ အများအကျိုးကို ဆောင်နေတာကို တွေ့ရတာ အမှန်ပါပဲ။ ကြက်ဥလို၊ ကော်ဖီစေ့လို လူပုဂ္ဂိုလ်တွေဟာ ဘဝရဲ့တန်ဖိုးကို မြှင့်တင်ပေးတဲ့အရာတွေ ဖြစ်သလို မုန်လာဥနီလို လူစားမျိုးတွေကတော့ အခက်အခဲတွေ့တာနဲ့ ပျော့သွားတတ်တဲ့ တန်ဖိုးမဲ့ ပျော့ညံ့သူတွေပါ။ ဘဝရဲ့တန်ဖိုးကို အဲဒီမုန်လာဥနီ၊ ကြက်ဥနဲ့ကော်ဖီစေ့တွေလို လူတွေဆီမှာ အနည်းနဲ့အများ တွေ့မြင်ရတတ်တယ်၊ လေ့လာယူလို့လည်းရနိုင်တယ်။ လူဆိုတာက တစ်သက်တာလုံး ရင်ဆိုင်ဖြတ်ကျော်ရမယ့် ကိစ္စကြီးငယ်တွေဟာ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

မိမိတစ်ဦးချင်း ကိစ္စတွေ၊ အများအတွက် ဆောင်ရွက်ရမယ့် ကိစ္စတွေသာမက နေချင့်စဖွယ် ပိုမိုကောင်းမွန်လာမယ့် ကမ္ဘာကြီးအတွက်ပါ စဉ်းစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုပြီး စွမ်းဆောင်နိုင်ရည် မြင့်မားတတ်တဲ့ လူငယ်ဘဝမှာ ဒါတွေကို သူတို့ စွမ်းဆောင်နိုင်တာနဲ့ အမျှ သူတို့ရဲ့တန်ဖိုး၊ တစ်နည်းအားဖြင့် လူငယ်တွေရဲ့ ဘဝတန်ဖိုးဟာ မြင့်မားနေမှာဖြစ်ပြီး ကမ္ဘာကြီးအရေးကို မျက်နှာလွှဲ၊ အများအရေးကို မျက်နှာလွှဲတာ များနေရင်တော့ သူတို့ရဲ့ဘဝ တန်ဖိုးဟာလည်း နိမ့်ကျသွားမှာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီနေ့လူငယ်တွေ နားလည်ကြရမှာက ခင်ဗျားတို့ဟာ မုန်လာဥနီ၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေလို ဘဝတွေကို မလွှဲမသွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ မုန်လာဥနီလား၊ ကြက်ဥလား၊ ကော်ဖီစေ့လားဆိုတာကလည်း မိမိကိုယ်တိုင် အဆုံးအဖြတ် ပေးသွားမှာပါ။ အခက်အခဲတွေ၊ ပြဿနာတွေကြားထဲကပဲ မိမိတို့ရဲ့ဘဝတန်ဖိုးတွေကို မြှင့်ယူကြရမှာလည်း ဖြစ်ပါတယ်။ ဒါကို အားလုံးနားလည်ဖို့လည်း လိုလိမ့်မယ်။ တန်ဖိုးဆိုတာ “အကျိုးသက်ရောက်မှု” လို့ဖွင့်နိုင်သလို “ကျေးဇူးဂုဏ်”လို့ အဓိပ္ပာယ် သက်ရောက်ကြောင်း အပေါ်ပိုင်းမှာ ပြောခဲ့ပါပြီ။ အများကောင်းကျိုး လူသားတွေရဲ့ကောင်းကျိုး၊ ကမ္ဘာကြီး ကောင်းကျိုးကို ဖော်ဆောင်နိုင်အောင် လုံးပန်းအားထုတ်သူများဟာ ဘဝတန်ဖိုး မြင့်မားသူတွေ ဖြစ်ပါတယ်။ လူငယ်အားလုံးပဲ ဘဝတန်ဖိုးကို နားလည်ပြီး ကိုယ့်ကိုယ်ကို ဘဝတန်ဖိုးမြင့်မားသူ တစ်ဦးဖြစ်လာအောင် တည်ဆောက်နိုင်ကြပါစေ။

ထက်ကျော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။