ဆူလတန်ဘုရင်၏ ၀တ်ရုံတော်..
====================
တစ်ခါက.. အာရေးဗီးယားဒေသရဲ့ ဆူလတန်ဘုရင်ကြီးတစ်ပါးရှိခဲ့ ပါသတဲ့..။ သူဟာ အာရေးဗီးယားဒေသ တစ်ခုလုံးကို ကျူးကျော်သိမ်းပိုက်နိုင်တဲ့ အတွက်.. အင်မတန်ကြီးမားတဲ့ အင်ပါယာကြီးတစ်ခုကို ထူထောင်နိုင်ခဲ့တယ်...။
အာရေးဗီးယားဒေသတစ်ခုလုံးကလည်း.. ဘုရင်ကြီးကို အင်မတန်ကြောက်ရွံ့ရိုသေကြရတ ယ်..။ စာဆိုရှင်တော်တော်များများနဲ့ အမတ်ပညာရှိတွေကလည်း ဘုရင်ကြီးရဲ့ဘုန်းတော်ဘွဲ့ေ တွကို.. တရစပ် ရေးစပ်သီဆိုကြရတယ်..။
တစ်နေ့တော့ ဘုရင်ကြီးဟာ သူ့အမတ်ကြီးတစ်ပါးကို ဆင့်ခေါ်ပြီး ဒီလိုပြောခဲ့တယ်..
"အမတ်ကြီး.. ငါကိုယ်တော်ဟာ ကမ္ဘာ့အကြီးဆုံးသော အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့တဲ့ တုနှိုင်းမဲ့ ဘုရင်မင်းမြတ်ပဲဖြစ်တယ်..။ ငါကိုယ်တော်ရဲ့ တိုင်းသူပြည်သားအပေါင်းကလည်း ဒီလိုပဲ ထင်မြင်ကြပြီး ငါကိုယ်တော်ကို ကြည်ညိုကြလိမ့်မယ်လို့ ယူဆတော်မူတယ်.။ မှန်ရဲ့လားအမတ်ကြီး"
လို့မေးခဲ့ပြန်တယ်။ ဒီအခါ အမတ်ကြီးက
"မှန်ပါ့။ အလီ..လို့ အမည်ရှိတဲ့ ကုလားအုတ်သမား တစ်ယောက်ကလွဲရင်..အရှင်မင်း မြတ်ကို ကြည်ညိုသူချည်းပါဘဲဘုရာ့"
"ဟေ...ဒီအကောင်က ငါကိုယ်တော်ကို..ဘာလို့မကြည်ညိုရသလဲကွဲ့.."
"မှန်ပါ့.. အလီဆိုတဲ့ ကုလားအုတ်သမားဟာ.. တွေ့တဲ့သူတိုင်းကို.. ဘုရင်ကြီးရဲမကောင်းကြောင်းကိုသာ
ပြောဆိုပါတယ်ဘုရား။ ဘုရင်ကြီးဟာ အအိပ်ကြီး၊ အစားကြီး၊
တဏှာရမ္မက်ကြီးတဲ့အပြင် ကြက်ကန်းဆန်အိုး တိုးလို့သာ
ဒီလိုအဖြစ်မျိုးရောက်တယ်လို့  ပြောဆိုနေကြောင်းပါ ဘုရာ့။ ဒါ့အပြင် အရှင်မင်းကြီးဟာ အယုံလွယ်ပြီး မြည်းသတ္တ၀ါလို ဥာဏ်နည်းသူဖြစ်တယ်လို့.. ပြောဆိုပါသေးတယ်ဘုရာ့"
"ဟင်း...ဒင်းတော့လား..တွြေ့ ကသေးတာပေါ့လကွယ်..။ ဒင်းကို လျှာဖြတ်ပစ်ရမယ်။ ဒီသူငယ်ကို အမြန်ဖမ်းဆီးပြီး ငါကိုယ်တော် ရှေ့မှောက် အရောက်ခေါ်ဆောင်လာကြပေရော့မင်းကြီးများ"
ဘုရင်ကြီးဟာ.. အဲဒီလိုအမိန့်ချလိုက်တယ်။ ဘုရင်ကြီးရဲ့ ရဲမက်ဗိုလ်ပါတွေလည်း ကုလားအုတ်သမား အလီကို ဖမ်းဆီးပြီး ဘုရင်ကြီးရှေ့တော်မှောက်ခေါ် ဆောင်လာခဲ့တယ်..။ ဘုရင်ကြီးရှေ့ကိုရောက်တဲ့အခါ.. ဆူလတန်ဘုရင်ကြီးက
"မောင်မင်း၊ သင်ဟာ မိုက်မဲလှသူဖြစ်တယ်။ ငါကဲ့သို့ဘုန်းကြီးသော မင်းမြတ်အား စော်ကားသူလည်းဖြစ်တယ်..။ အဘယ်ကြောင့် ငါ၏ မကောင်းသတင်းများကို သွားပုတ်လေလွင့် ပြောရတာလဲဆိုတာ..အမြန်တင်လျှောက်စမ်း"
လို့မေးခဲ့တယ်။ အဲဒီအခါ အလီက
"မှန်လှပါ.. အရှင်မင်းကြီး၊ ကျနော်မျိုးဟာ အရှင်မင်းကြီးရဲ့ မကောင်းသတင်းကို အကြောင်းမဲ့ ပြောဆိုတာ မဟုတ်ရပါဘုရာ့..။ အရှင်မင်းကြီးရဲ့ ကောင်းမြတ်တဲ့ဂုဏ်သတင်းဟာ လူတကာ နှုတ်ဖျားမှာ ရေပန်းစားလှတာကြောင့်.. အရှင်မင်းကြီးကို လူကိုယ်တိုင်အနီးကပ် ဖူးတွေ့လိုတဲ့စိတ် ဘုရာ့ကျွန်တော်မျိုးမှာ ပြင်းထန်လာပါတယ်ဘုရား။ ဒါပေမယ့်လည်း ကျွန်တော်မျိုးလို ကျွန်ယုတ်တစ်ယောက်က ဘုန်းတော်ကြီးမြတ်လှတဲ့ အရှင်မင်းကြီးကို ဖူးတွေ့ဖု့ဆိုတာဟာ သာမာန်အားဖြင့်မဖြစ်နိုင်ပါ ဘုရာ့။ ခုလို..အရှင်မင်းရဲ့နားကို ပေါက်ကြားအောင်ပြောဆိုနိုင် မှသာ ဘုရားကျွန်တော်မျိုးရဲ့ ဆန္ဒ ပြည့်ဝမှာဖြစ်ပါတယ်ဘုရား။ ဒါကြောင့် ဘုရားကျွန်တော်မျိုးကြီးဟာ. . အရှင်မင်းတရားကြီးရဲ့ မကောင်းသတင်းကို ပြောဆိုရခြင်းဖြစ်ပါတယ်ဘုရာ့ "
လို့ ရှည်လျားစွာပြန်လည်လျှောက်တ င်လိုက်တယ်..။ အဲဒီအခါ ဘုရင်ကြီးက
"နေပါဦးကွယ့် ငါ့ကိုတွေ့တော့ရော.. မောင်မင်းက ဘာလုပ်လို့ရမှာတဲ့တုန်း"
လို့မေးပြန်တယ်။ အဲဒီအခါ အလီက
"အရှင်မင်းကြီးကိုကြည်ညိုလွ န်းတဲ့အတွက်၊ ဘုရားကျွန်တော်မျိုးရဲ့ နှလုံးသည်းပွတ်ထဲမှာ ရေးသားထားတဲ့ လင်္ကာတစ်ပုဒ်ကို ရွတ်ဆိုဆက်သွင်းလိုတဲ့အတွက် ဖြစ်ပါတယ်ဘုရာ့"
လို့ပြောလိုက်ပါသတဲ့။
ဘုရင်ကြီးဟာ အလီရဲ့ စကားကို သိပ်ပြီးမသင်္ကာလှပေမယ့်.. ယုတ္တိတန်နေတာရယ်၊ အမြောက်အပင့် ကြိုက်တာရယ်ကြောင့်..ပြုံြး ပုံးကြီးဖြစ်လာပြန်တယ်။ အဲဒီနောက် ဘုရင်ကြီးက..
"ဒါဖြင့်လည်း နားထောင်ရတာပေါ့လကွယ်..။ ကိုင်း..ကိုင်း မောင်မင်းရဲ့ လင်္ကာကို ရွတ်ဆိုစေ"
လို့မိန့်ပြန်တယ်။
တကယ်တော့ ကုလားအုတ်သမားအလီဟာ.. ဘုရင်ကြီးကို အမြင်ကတ်လှသူပဲဖြစ်တယ်။ ဒါပေမယ့်လည်း.. ဟန်ဆောင်ပြီးမပြောရင်.. အပြစ်ဒဏ်သင့်နိုင်တဲ့အတွက်. . အပြစ်လွတ်ရာလွတ်ကြောင်း ပြောမိပြောရာ..ပြောမိလိုက်တာဖြစ်သတဲ့။ ဘုရင်ကြီးအတွက်.. ရေးစပ်ထားဖို့နေနေသာသာ.. နေ့စဉ်နေ့တိုင်း ဘုရင်ကြီးကို မကောင်းပြောဖို့နဲ့ ဆဲရေးဖို့သာလျင်တွေးနေတဲ့သူ ပဲဖြစ်တယ်။
အလီဟာ.. သေဘေးအတွက် ကြောက်ရွံ့ခြင်းနဲ့အတူ.. သူ့ဦးနှောက်ထဲမှာ
အကြံတစ်ခုရခဲ့တယ်။ အဲဒါကတော့ သူငယ်စဉ်အခါက သူ့အဖိုးသင်ပေးခဲ့တဲ့
မဟာအလဇ္ဖန္ဒားဘုရင်ကြီးရဲ့ ဘုန်းတော်ဘွဲ့ကဗျာကို သတိရမိပါသတဲ့..။
မဟာအလဇ္ဖန္ဒားဘုရင်ကြီး ဆိုတဲ့နေရာမှာ ဆူလတန်ဘုရင်ကြီးရဲ့အမည်ကို အစားထိုး
ရွတ်ဆိုရင်အစဉ်ပြေနိုင်တယ်လို့အကြံရခဲ့တယ်..။
အဲသလိုနဲ့အလီဟာ မဟာအလဇ္ဖန္ဒား ရဲ့နေရာမှာ.. ဘုရင်ကြီးရဲ့ဘွဲ့နာမည်ကို အစားထိုးရွတ်ဆိုတဲ့အခါမှာတော့ အင်မတန်ပြောင်မြောက်လှတဲ့ ကဗျာလင်္ကာတစ်ခု ဖြစ်လာခဲ့ပါသတဲ့။
ဘုရင်ကြီးလည်း ခေါင်းတညိမ့်ညိမ့်နဲ့နားထော င်နေခဲ့တယ်။ အလီရဲ့ကဗျာဆုံးတဲ့အခါ ဆုလတန်ဘုရင်ကြီးက ဒီလိုပြောတယ်။
"ကောင်းလိုက်တဲ့ကဗျာ၊ ငါ့အကြောင်းကို ငါကိုယ်တိုင်စပ်ဆိုထားတာများလားလို့တောင်ထင်ရတယ်။ ငါကိုယ်တော်အကြောင်းကိုလည်း မောင်မင်းကတော်တော်သိထားတာပဲ..။ ကိုင်း.. မောင်မင်းအလီ၊ မင်းဘာကို အလိုရှိသလဲ"
လို့ မေးမြန်းတယ်... အလီက
"အရှင်မင်းကြီးရဲ့ အဆောင်တော်ထောင့်မှာပုံထားတဲ့ မြည်းကုန်းနှီးတွေထဲက တစ်ခုကိုသာ ချီးမြှင့်တော်မူပါဘုရား၊ ဘုရားကျွန်တော်မျိုးကြီးရဲ့ မြည်းမှာ. ဂုဏ်ယူပြီး တပ်ဆင်မောင်နှင်ချင်လို့ပါဘုရာ့"
လို့ပြန်ပြောလိုက်တယ်။
ဘုရင်ကြီးဟာ အလီကို မြည်းရဲ့ကုန်းနှီးကို ဆုတော်လာဘ်တော်အဖြစ် ချီးမြှင့်လိုက်တယ်။ အလီလည်း မြည်းရဲ့ကုန်းနှီးကို ယူပြီးနန်းတော်ထဲကထွက်လာခဲ့ တယ်..။
လမ်းမှာတော့ အလီရဲ့သေဒဏ်ပေးခံရတဲ့သတင်းကို..
စောင့်နေကြတဲ့ လူအုပ်ကြီးနဲ့တွေ့ခဲ့တယ်။ သူတို့တွေဟာ
အလီအကောင်းပကတိအတိုင်း ပြုံစိစိနဲ့ နန်းတော်ထဲက ထွက်လာတာကို
အံ့သြတကြီးဖြစ်နေခဲ့ကြတယ်.. ။ ပြီးတော့
"အလီ.. မင်းဘာမှမဖြစ်ဘူးနော်၊ ဘယ်လိုလုပ်ပြီးနန်းတော်ထဲက ပြန်ထွက်လာနိုင်ခဲ့လဲ" လို့မေးခဲ့ကြတယ်..။
အဲဒီအခါအလီက..
"ပြန်ထွက်လာနိုင်ယုံတင်ဘယ်က လိမ့်မတုန်း.... မြည်းလို အသုံးမကျပြီး၊ ဦးနှောက်မရှိ၊ အယုံလွယ်တဲ့ ဖွတ်ချီးဘုရင်က သူဝတ်တဲ့ ၀တ်ရုံကိုပါ ပေးလိုက်သေးသဗျ"
လို့ပြန်လည်ရှင်းပြပြန်တယ်။ အဲဒီအခါလူအုပ်ထဲကတစ်ယောက်က
" ဘုရင့်ရဲ့ဝတ်ရုံတော်ကိုတောင် ချီးမြှင့်လိုက်တယ်၊ဟုတ်လား ၊ ပြစမ်းပါဦးကွ၊တို့တွေမြင်ဖူးအောင်"
လို့ပြောခဲ့တယ်။ အဲဒီအခါအလီက မြည်းကုန်းနှီးကိုထုတ်ပြပြန်တယ်။
အဲဒီအခါ..အဆိုပါလူက
"ဟင်..မင်းဟာကလည်း.. မြည်းကုန်းနှီးကြီးပါလား"
လို့ပြောတယ်။ အဲဒီအခါ အလီက
"အေးလေ..မြည်းဦးနှောက်နဲ့အ သုံးမကျတဲ့ဘုရင်ဆိုမှတော့.. မြည်းကုန်းနှီးပဲဝတ်မှာပေါ့ "
လို့ပြောလိုက်ပါတော့သတဲ့... ။
အဲဒီလိုနဲ့..နောက်နေ့တွေမှာ လည်း..ကုလားအုတ်မောင်းသမားအ လီဟာ ဆူလတန်ဘုရင်ကြီးရဲ့ မကောင်းသတင်းတွေကိုသာ ဆက်လက်ပြောဆိုနေခဲ့ပြန်တယ်. ..။
======================
ဒီပုံပြင်လေးက ကျနော်တို့ကိုသတိပေးထားတာတွေရှိတယ်။ တစ်ခါတစ်လေမှာ.. ကျနော်တို့တွေဟာ မြှောက်ပင့်ခြင်းမှာသာယာနေတ တ်ကြတယ်။
ကိုယ့်ကို မြှောက်ပင့်ပြောနေမှန်းသိရဲ့ နဲ့လည်း ၀မ်းသာပီတိ ဖြစ်နေကြပြန်သေးတယ်။ ကိုယ်ရဲ့ ရုပ်ရည်ရူပကာ၊ အသံ စတဲ့ ရုပ်ပိုင်းဆိုင်ရာတွေအပြင် ကိုယ့်ရဲ့ဂုဏ်ယူအလေးထားရတဲ့
အရာတွေဟာ မြောက်ပင့်ချင်းရဲ့ ပျော့ကွက်တွေ ဖြစ်နေတတ်ကြတယ်။ အဲဒီလို
ပျော့ကွက်တွေကို မြောက်ပင့် ပြောဆိုရင်းနဲ့ပဲ မိမိကိုယ်တိုင်ဟာ
အခွင့်အရေးသမားတွေရဲ့ ဓါးစာခံ ဖြစ်ရသေးတယ်လို့ဆိုတယ်။
မြောက်ပင့်ပြောဆိုမှုကိုသာယာ မိတဲ့အခါမှာလည့်း ဆူလတန်ဘုရင်ကြီးလို အရူးလုပ်ခံရတတ်သေးတယ်လို့ဆိုတယ်။
ကျနော်တို့ရဲ့ ဖွဘုတ်..လူမှု့ကွန်ယက်မှာလည်း အလားတူအဖြစ်အပျက်မျိုးတွေရှိနေတတ်ကြသေးတယ်..။ ကိုယ့်ရဲ့နဂိုရှိရင်းစွဲအလှ ကိုချီးမွမ်းတာလား..၊ တစ်စုံတစ်ရာအခွင့်အရေးအတွက် လားဆိုတာကို မခွဲခြားနိုင်ဘဲ မြောက်ပင့်ခြင်းမြစ်အလျဉ်မှာ နစ်မြောနေတတ်ကြတယ်။
အဲဒီလိုနစ်မြောနေရင်းနဲ့ပဲ. .ကိုယ့်အပေါ်ကို ကုလားအုတ်သမားအလီလို ကွယ်ရာမှာ..ချောက်ချသူ၊ ကိုယ့်ရဲ့အမြောက်ကြိုက်မှုကို ပျက်ရယ်ပြုသူတွေလည်းရှိနေတတ်ကြသေးတယ်။ တစ်ခါတစ်ရံမှာလည်း မြောက်ပင့်ခြင်းပင်လယ်ပြင်မှာ ဘ၀တစ်ခုလုံးနစ်မွန်းတတ်သေးတ ယ်လို့ဆိုတယ်။
Flattery is like chewing gum. Enjoy it but don't swallow it.
ဆိုတဲ့စကားလို..မြောက်ပင့်ြ ခင်းဟာ..ပီကေတစ်ခုလိုမျိုးပဲချိုမြိန်သောအရသာရှိတတ်တယ် ။ အဲဒီအရသာကို ခံစားသင့်ပေမယ်..မြိုတော့မချသင့်ဘူးလို့ဆိုတယ်။ မြောက်ပင့်ခြင်းကို အားအင်တစ်ရပ်အနေနဲ့ခံယူသင့် ပေမယ့်.. နစ်မြောသာယာမနေသင့်ဘူးလို့ဆိုလိုရင်းဖြစ်တယ်..။
ကျနော်ကိုယ်တိုင်တောင်ဆူလတန်ဘုရင်ကြီးတစ်ပါးဖြစ်နေမလား ပဲ..။
မြောက်ပင့်ခြင်းရေအလျဉ်ကို အောင်မြင်စွာကျော်ဖြတ်နိုင် ကြပါစေ..။
(ဖြိုးသုတ)
====================
တစ်ခါက.. အာရေးဗီးယားဒေသရဲ့ ဆူလတန်ဘုရင်ကြီးတစ်ပါးရှိခဲ
အာရေးဗီးယားဒေသတစ်ခုလုံးကလည
တစ်နေ့တော့ ဘုရင်ကြီးဟာ သူ့အမတ်ကြီးတစ်ပါးကို ဆင့်ခေါ်ပြီး ဒီလိုပြောခဲ့တယ်..
"အမတ်ကြီး.. ငါကိုယ်တော်ဟာ ကမ္ဘာ့အကြီးဆုံးသော အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့တဲ့ တုနှိုင်းမဲ့ ဘုရင်မင်းမြတ်ပဲဖြစ်တယ်..။ ငါကိုယ်တော်ရဲ့ တိုင်းသူပြည်သားအပေါင်းကလည်
လို့မေးခဲ့ပြန်တယ်။ ဒီအခါ အမတ်ကြီးက
"မှန်ပါ့။ အလီ..လို့ အမည်ရှိတဲ့ ကုလားအုတ်သမား တစ်ယောက်ကလွဲရင်..အရှင်မင်း
"ဟေ...ဒီအကောင်က ငါကိုယ်တော်ကို..ဘာလို့မကြည
"မှန်ပါ့.. အလီဆိုတဲ့ ကုလားအုတ်သမားဟာ.. တွေ့တဲ့သူတိုင်းကို.. ဘုရင်ကြီးရဲမကောင်းကြောင်းက
"ဟင်း...ဒင်းတော့လား..တွြေ့
ဘုရင်ကြီးဟာ.. အဲဒီလိုအမိန့်ချလိုက်တယ်။ ဘုရင်ကြီးရဲ့ ရဲမက်ဗိုလ်ပါတွေလည်း ကုလားအုတ်သမား အလီကို ဖမ်းဆီးပြီး ဘုရင်ကြီးရှေ့တော်မှောက်ခေါ်
"မောင်မင်း၊ သင်ဟာ မိုက်မဲလှသူဖြစ်တယ်။ ငါကဲ့သို့ဘုန်းကြီးသော မင်းမြတ်အား စော်ကားသူလည်းဖြစ်တယ်..။ အဘယ်ကြောင့် ငါ၏ မကောင်းသတင်းများကို သွားပုတ်လေလွင့် ပြောရတာလဲဆိုတာ..အမြန်တင်လေ
လို့မေးခဲ့တယ်။ အဲဒီအခါ အလီက
"မှန်လှပါ.. အရှင်မင်းကြီး၊ ကျနော်မျိုးဟာ အရှင်မင်းကြီးရဲ့ မကောင်းသတင်းကို အကြောင်းမဲ့ ပြောဆိုတာ မဟုတ်ရပါဘုရာ့..။ အရှင်မင်းကြီးရဲ့ ကောင်းမြတ်တဲ့ဂုဏ်သတင်းဟာ လူတကာ နှုတ်ဖျားမှာ ရေပန်းစားလှတာကြောင့်.. အရှင်မင်းကြီးကို လူကိုယ်တိုင်အနီးကပ် ဖူးတွေ့လိုတဲ့စိတ် ဘုရာ့ကျွန်တော်မျိုးမှာ ပြင်းထန်လာပါတယ်ဘုရား။ ဒါပေမယ့်လည်း ကျွန်တော်မျိုးလို ကျွန်ယုတ်တစ်ယောက်က ဘုန်းတော်ကြီးမြတ်လှတဲ့ အရှင်မင်းကြီးကို ဖူးတွေ့ဖု့ဆိုတာဟာ သာမာန်အားဖြင့်မဖြစ်နိုင်ပါ
လို့ ရှည်လျားစွာပြန်လည်လျှောက်တ
"နေပါဦးကွယ့် ငါ့ကိုတွေ့တော့ရော.. မောင်မင်းက ဘာလုပ်လို့ရမှာတဲ့တုန်း"
လို့မေးပြန်တယ်။ အဲဒီအခါ အလီက
"အရှင်မင်းကြီးကိုကြည်ညိုလွ
လို့ပြောလိုက်ပါသတဲ့။
ဘုရင်ကြီးဟာ အလီရဲ့ စကားကို သိပ်ပြီးမသင်္ကာလှပေမယ့်.. ယုတ္တိတန်နေတာရယ်၊ အမြောက်အပင့် ကြိုက်တာရယ်ကြောင့်..ပြုံြး
"ဒါဖြင့်လည်း နားထောင်ရတာပေါ့လကွယ်..။ ကိုင်း..ကိုင်း မောင်မင်းရဲ့ လင်္ကာကို ရွတ်ဆိုစေ"
လို့မိန့်ပြန်တယ်။
တကယ်တော့ ကုလားအုတ်သမားအလီဟာ.. ဘုရင်ကြီးကို အမြင်ကတ်လှသူပဲဖြစ်တယ်။ ဒါပေမယ့်လည်း.. ဟန်ဆောင်ပြီးမပြောရင်.. အပြစ်ဒဏ်သင့်နိုင်တဲ့အတွက်.
အဲသလိုနဲ့အလီဟာ မဟာအလဇ္ဖန္ဒား ရဲ့နေရာမှာ.. ဘုရင်ကြီးရဲ့ဘွဲ့နာမည်ကို အစားထိုးရွတ်ဆိုတဲ့အခါမှာတေ
ဘုရင်ကြီးလည်း ခေါင်းတညိမ့်ညိမ့်နဲ့နားထော
"ကောင်းလိုက်တဲ့ကဗျာ၊ ငါ့အကြောင်းကို ငါကိုယ်တိုင်စပ်ဆိုထားတာမျာ
လို့ မေးမြန်းတယ်... အလီက
"အရှင်မင်းကြီးရဲ့ အဆောင်တော်ထောင့်မှာပုံထားတ
လို့ပြန်ပြောလိုက်တယ်။
ဘုရင်ကြီးဟာ အလီကို မြည်းရဲ့ကုန်းနှီးကို ဆုတော်လာဘ်တော်အဖြစ် ချီးမြှင့်လိုက်တယ်။ အလီလည်း မြည်းရဲ့ကုန်းနှီးကို ယူပြီးနန်းတော်ထဲကထွက်လာခဲ့
လမ်းမှာတော့ အလီရဲ့သေဒဏ်ပေးခံရတဲ့သတင်းက
"အလီ.. မင်းဘာမှမဖြစ်ဘူးနော်၊ ဘယ်လိုလုပ်ပြီးနန်းတော်ထဲက ပြန်ထွက်လာနိုင်ခဲ့လဲ" လို့မေးခဲ့ကြတယ်..။
အဲဒီအခါအလီက..
"ပြန်ထွက်လာနိုင်ယုံတင်ဘယ်က
လို့ပြန်လည်ရှင်းပြပြန်တယ်။
" ဘုရင့်ရဲ့ဝတ်ရုံတော်ကိုတောင
လို့ပြောခဲ့တယ်။ အဲဒီအခါအလီက မြည်းကုန်းနှီးကိုထုတ်ပြပြန
အဲဒီအခါ..အဆိုပါလူက
"ဟင်..မင်းဟာကလည်း.. မြည်းကုန်းနှီးကြီးပါလား"
လို့ပြောတယ်။ အဲဒီအခါ အလီက
"အေးလေ..မြည်းဦးနှောက်နဲ့အ
လို့ပြောလိုက်ပါတော့သတဲ့...
အဲဒီလိုနဲ့..နောက်နေ့တွေမှာ
======================
ဒီပုံပြင်လေးက ကျနော်တို့ကိုသတိပေးထားတာတေ
ကိုယ့်ကို မြှောက်ပင့်ပြောနေမှန်းသိရဲ
မြောက်ပင့်ပြောဆိုမှုကိုသာယာ
ကျနော်တို့ရဲ့ ဖွဘုတ်..လူမှု့ကွန်ယက်မှာလည်
အဲဒီလိုနစ်မြောနေရင်းနဲ့ပဲ.
Flattery is like chewing gum. Enjoy it but don't swallow it.
ဆိုတဲ့စကားလို..မြောက်ပင့်ြ
ကျနော်ကိုယ်တိုင်တောင်ဆူလတန
မြောက်ပင့်ခြင်းရေအလျဉ်ကို အောင်မြင်စွာကျော်ဖြတ်နိုင်
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။