Adele ကိုကျွန်တော့်လိုပဲအရမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက် ကျွန်တော်တို့ Myanmar Online Media မှ
Adele အကြောင်းတင်ဆက်ပေးလိုက်ပါတယ်။
Adeleရဲ့နာမည်အရင်းက Adele Laurie Blue Adkinsပါ။ သူမကို ၁၉၈၈ မေလ ၅ရက်နေ့တွင် Totten ham,
Greater London, England မှာ မွေးဖွားခဲ့ပါတယ်။ အင်္ဂလန် အဆိုတော် သီချင်းရေးသူ Adele အဖြစ်လူသိများ
ပါတယ်။
2006ခုနှစ်မှာသူမရဲ့သူငယ်ချင်း တစ်ယောက်ကသူမရဲ့ အစမ်းအသံသွင်းထားတဲ့သီချင်းကို Myspace
ပေါ် တင်ရာကနေ XL အသံသွင်းကုမ္ပဏီရဲ့ အသံသွင်းဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ နောက်နှစ်မှာပဲ “ဝေဖန်
ရေးဆရာတွေပေးတဲ့ဆု” နဲ့ “BBC Sound of 2008” ဆုကို Brit Awards ဆုပေးပွဲ မှာရရှိခဲ့ပါတယ်။
သူမရဲ့ပွဲဦးထွက် Albumဖြစ်တဲ့ 19ကိုတော့ ၂၀၀၈မှာဖြန့်ချီခဲ့ပါတယ်။ UK မှာတော့ ပလက်တီနမ် ၄ကြိမ်ဝင်ခဲ့ပြီး
US မှာတော့ ပလက်တီနမ်၂ကြိမ် ၀င်ခဲ့ပါတယ်။ ၂၀၀၈နှစ်ကုန်ပိုင်းမှာ Saturday Night Live ရှိုးပွဲဖျော်ဖြေပြီး
နောက်ပိုင်းမှာ အမေရိကန်မှာ ပိုပြီးအောင်မြင် လာခဲ့ပါတယ်။ 2009 Grammy Awards ဆုပေးပွဲမှာတော့ Best
New Artist ဆုနှင့် Best Femal Pop Vocal Performance ဆု ၂ဆုရရှိခဲ့ပါတယ်။
သူမရဲ့ဒုတိယမြောက်အယ်လ်ဘမ်ဖြစ်တဲ့ 21 Album ကိုတော့ ၂၀၁၁ အစောပိုင်းမှာဖြန့်ချီခဲ့ပါတယ်။ သူမရဲ့ ဒုတိယမြောက်အယ်လ်ဘမ်က ပထမအယ်လ်ဘမ်ရဲ့အောင်မြင်မှုကိုကျော်ပြီး ၀က်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။
2012 Grammy Awards ဆုပေးပွဲမှာတော့ Album of the Year အပါအ၀င် Grammy ၆ဆုရခဲ့ပါတယ်။
Grammyသမိုင်းမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ တညတည်း ဆုအများဆုံးရရှိတဲ့ စံချိန်ကိုလဲလိုက်မီ ခဲ့
ပါတယ်။ ဒုတိယအယ်လ်ဘမ်ကြောင့်ပဲ သူမဟာ Brit Awards ၃ဆုနဲ့ American Music Awards ၃ဆု
အပါအ၀င် အခြားဆုတွေ လဲရရှိခဲ့ပါတယ်။ UK မှာတော့ပလက်တီနမ် ၁၆ကြိမ်ဝင်ခဲ့ပြီး US မှာတော့ အရောင်း
ရဆုံး Albumစာရင်းမှာထိပ်ဆုံးမှာ ၁၉၈၅နောက်ပိုင်း အကြာဆုံးရှိနေခဲ့ပါတယ်။ ထိုအယ်လ်ဘမ်ကို ကမ္ဘာ
တစ်ဝှမ်းမှာ၂၆ သန်းကျော် ရောင်းချခဲ့ရပါတယ်။
၂၁အယ်လ်ဘမ်ရဲ့အောင်မြင်မှုဟာ ကမ္ဘာကျော်ဂင်းနစ်မှတ်တမ်းစာအုပ်မှာတောင်မှတ်တမ်းတင်ခဲ့ ရပါတယ်။
သူမဟာ UKမှာတစ်နှစ်ထဲနဲ့ အယ်လ်ဘမ်၃သန်းကျော်အောင်ရောင်းရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာ ခဲ့ပါ
တယ်။ သူမရဲ့ ၂၁ အယ်လ်ဘမ်မှ Singleသီချင်းနှစ်ပုဒ်ဖြစ်တဲ့ “Rolling in the deep” နဲ့ “Someone Like You”
၂ပုဒ်ဖြင့် ၁၉၆၄က The Beatlesအဖွဲပြီးရင် UK Official Singles Chart နဲ့ UK Official Albums Chart
၂ခုလုံးမှာ တစ်ပြိုင်နက်ထဲ ထိပ်ဆုံး၅နေရာမှာပါဝင်တဲ့ ပထမဆုံး အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။
Adele ဟာ Billboard Hot 100 သမိုင်းမှာ single သီချင်းသုံးပုဒ်စလုံး ထိပ်ဆုံးနေရာမှာ တပြိုင်နက်ထဲရှိနေတဲ့ ပထမဆုံးအမျိုးသမီးအဆိုရှင် ဖြစ်လာခဲ့ပါတယ်။ Billboard 200 ရဲ့ထိပ်ဆုံး၅နေရာမှာ Album ၂ ခုလုံး ၀င်ပြီး
Billboard 100 ရဲ့ထိပ်ဆုံး၅နေရာလည်း မှာ singleသီချင်း ၂ပုဒ်လုံးပြိုင်တူဝင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး
အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။၂၁အယ်လ်ဘမ်ဟာ UK နဲ့ US Albums Chart ၂ခုလုံးမှာ ထိပ်ဆုံးမှာ
အကြာဆုံးရပ်တည်တဲ့ အမျိုးသမီးအဆိုတော် တစ်ကိုယ်တော်ဆိုထားသော အယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။
၂၀၁၁ နဲ့ ၂၀၁၂မှာ Billboardက Adele ကို Artist of the Yearအဖြစ်နှစ်နှစ်ဆက်တိုက်သတ်မှတ်ခဲ့ပါတယ်။
၂၀၁၂မှာ Time မဂ္ဂဇင်းက Adele ကို ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံးပုဂ္ဂိုလ်စာရင်းမှာ ဖော်ပြခဲ့ပါတယ်။၂၀၁၃ ခုနှစ်
မှာတော့ James Bond ဇာတ်လမ်း ဇာတ်ဝင်သီချင်း Skyfall နဲ့ Global Globe Award for Best Original
Song နဲ့ Academy Award for Best Original Song ဆုတွေကို ရရှိခဲ့ပါတယ်။
ယခုနှစ်နိုဝင်ဘာလမှာတော့ Adele ရဲ့တတိယမြောက် အယ်လ်ဘမ် 25 ထွက်ရှိလာပြီး လက်ရှိမှာ ဝက်ဝက်ကွဲ
အောင်မြင်လျှက်ရှိပါတယ်။ Adele တစ်ယောက် ဘယ်လိုဆုတွေ ထပ်ယူပြီး ဘယ်လို စံချိန်တွေ ထပ်ချိုးမလဲ
ဆိုတာတော့ အတူစောင့်ကြည့်ကြတာပေါ့ဗျာ။
မိုးရှင်း( I.M.T)
Ref:wikipedia
http://myanmaronlinemedia.com.mm/adele/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။