ဒေါ်စုတက်ရင် လူမျိုးပျောက်မယ်
ဘာသာပျောက်မယ့် ပြောကြတယ် ။
======================
comment တွေအောက်မှာ အတိုက်အခံတွေက ဒေါ်စုတက်ရင် လူမျိုးပျောက်မယ် ဘာသာပျောက်မယ့် ပြောကြတယ် ။
မေစု ဆိုတာ နှစ်နှစ်သမီးထဲက ဖခင်နဲ့သေကွဲကွဲခဲ့ရတယ် ။ ဖခင်ရင်ခွင်မှာ ခေါင်းတိုးချွဲနွဲ့ရမဲ့အချိ န် ဖခင်ကို စွန့် လွှတ်လိုက်ရတယ် တို့နိုင်ငံလွတ်လပ်ရေးရဖို့  ။
အဖွားဒေါ်ခင်ကြည်ကို အိန္ဒိယကို ပို့ လိုက်တယ် ။ ကြားကောင်းအောင်သံအမတ်အဖြစ် ပေါ့ ။ တကယ်တော့ လမ်းကြောင်းရှင်းမှုတခုပါပဲ ။
နိုင်ငံရပ်ခြားမှာနေရပေမဲ့အ ဖွားဒေါ်ခင်ကြည်က မေစုကို မြန်မာ့ယဉ်ကျေးမှုကို မပျောက်ကွယ်အောင်လမ်းညွှန်နိုင်ခဲ့တယ် ။
မေစု အခုထိုင်တဲ့အချိန် အမြဲမတ်နေတယ် ကုလားထိုင်နောက်အမှီရှိပေမဲ့ ဘယ်တော့မှ မှီမထိုင်ခဲ့ဘူး ။
ဒါတွေက အဖွားဒေါ်ခင်ကြည်က ညတိုင်းစာကျက်ရင် ခေါင်းပေါ်စာအုပ်တအုပ်တင်ပေး ပြီး လေ့ကျင်ပေးခဲ့လို့ ပဲ ။မြန်မာ့ယဉ်ကျေးမှုအဝတ်အစား ကို တန်ဖိုးထားတတ်အောင်သွန်သင်လ မ်းညွှန်ခဲ့တယ် ။
မေစု အောက်စဖို့ ဒ်မှာကျောင်းတက်တဲ့အထိ ဆံရစ်ဝိုင်းရင်ဖုံးအင်္ကျီ ချိတ်လုံခြည်နဲ့တက်ခဲ့တယ် ဘောင်းဘီစကပ် ဂါဝန်တွေကြားမှာ မြန်မာယဉ်ကျေးမှုကို အဲဒီအချိန်ထဲကပြသနိုင်ခဲ့တယ် ။ အဲဒီအချိန်ထဲက ကမ္ဘာမှာ မြန်မာဆိုတာ သိသာစေခဲ့တယ် ။
တက္ကသိုလ်နှစ်ခု ကောလိပ် ၃၆ ခုရှိတဲ့ အောက်စဖို့ ဒ်ဆိုတဲ့မြို့ငယ်လေးမှာ နိုင်ငံပေါင်းစုံ လုမျိုးပေါင်းစုံ ကြားမှာ မြန်မာဆိုတာ ထင်ရှားစေခဲ့တာ အဲဒီအချိန်ထဲက ပါ ။
မေစု လက်ထပ်ချိန် အင်္ဂလိပ်ကို ယူခဲ့တာအမှန် ဒါဖျောက်မရဖုံးထားမရတဲ့အမှန်တရား ။ ဒါပေမဲ့အင်္ဂလိပ် ယဉ်ကျေးမှုနဲ့လက်ထပ်တာမဟုတ် ဘူး ။ ဟောတ်တယ်မှာ ဧည်ခံပွဲတခမ်းတနားနဲ့စိန်စီ ချယ်သပြီးအပြိုင်ကျဲခဲ့တာ မဟုတ်ပါဘူး ။
လက်ထပ်လက်စွပ်လဲလှယ်ပြီး ဘီယာ ဝိုင်ခွက် ကိုင်ပြီး လက်ထပ်ခဲ့တာမဟုတ်ပါဘူး ။ သူမ ရဲ့သတို့ သမီးဝတ်စုံကို ပိုးနဲ့သူမကိုယ်တိုင် မြန်မာဆန်ဆန်ချုပ်ပြီး ခရုသင်းမှုတ် မြန်မာ့ဓလေ့ စုလျားရစ်ပတ်ခြင်းနဲ့ခန်းနားထည်ဝါခြင်းမပါ ရိုးသားတဲ့လက်ထပ်ခြင်းနဲ့အဂ င်္လိပ်တွေအကြား ထင်ရှားစေခဲ့ဂုဏ်တက်စေခဲ့တာ အမှန်ပါ ။
မေစုက နိုင်ငံခြားသားကို လက်ထပ်ပေမဲ့ ယ္ခုခေတ်လူတွေလို နိုင်ငံခြားသားဘက်လိုက်သွား တာမဟုတ်ပဲ ။ သူမ ကို မစ္စအဲရစ်လို့ သတ်မှတ်ခြင်း ဘယ်တော့မှ မလုပ်ပဲ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ဂုဏ်ပုတ်နဲ့ထာဝရ ရပ်တည်နေတဲ့သူပါ ။
ခင်ပွန်းသည်ကိုယ်တိုင်းပါဋိ ဘာသာကို တဖက်ကမ်းခတ် ကြွမ်းကျင်စေယုံသာမက ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို လေးစားမှုတန်ဖိုးထားတတ်အောင် လမ်းညွှန်နိုင်ခဲ့တာလဲ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ မေစုပါပဲ ။
သားတွေကို ရှင်ပြုပေးခဲ့သလို သူမကိုယ်တိုင်နေ့စဉ် တရားဘာဝနာပွားများနေတဲ့သူပါ ။
နေ့စဉ်ကမ္မဋ္ဌာန်းထိုင်ခြင်းသတ်သတ်လွတ်စားခြင်းတွေကပဲသူမအ တွက်ခွန်အားတွေအများကြီးရရှိနေတာပါ ။
သူမ မှာ အမြဲတမ်းဆုံးဖြတ်ချက်ပြတ်သားတဲ့စိတ်ဓါတ်ခိုင်မာမှုတွေရှိပါတယ် ။ နေ့စဉ်သူမတရားထိုင်တဲ့အချိန်မှာ မိသားစု ဖုန်းခေါ်ခွင့်မပေးပါဘူး ။
ကျမကောင်းကောင်းမှတ်မိပါသေး တယ် တခါ မေစုက မိတ်ဆွေတစ်ယောက်ကို လက်ဆောင်ပေးချင်လို့ နှုတ်ခမ်းနီတဗူးမှာဘူးတယ် ။ သူပေးတဲ့နံပါတ်ကို ကျမတို လှည့်ပတ်ရှာခဲ့ဘူးပါတယ် ။
နောက်ဆုံး ဒသမကွာတဲ့အရောင်ပဲရခဲ့တော့ မသိမသာလေး ကွဲတာပါဆိုပြီး လူကြုံနဲ့ထည်ပေးလိုက်ပါတယ် ။ နှစ်ပါတ်အကြာမှာ အဲဒီနှစ်ခမ်းနီဗူးကျမတို့ ဆီပြန်ရောက်လာခဲ့ပါတယ် ။ နံပါတ်ကွာနေလို့ ပါတဲ့။ စည်းစနစ်ကြီးမှု တိကျပြတ်သားမှုကို ကျမကတော့သင်္ခန်းစာယူခဲ့ပါတယ် ။
သူမသားတွေကိုမာမီလို့ မခေါ်စေပဲ မေမေ ဆိုတဲ့ အခေါ်အဝေါ်ကပဲ အခု ကျမတို့ နိုင်ငံထဲမှာ တချို့တချို့မာမီ ဒယ်ဒီတွေ ခေါ်နေတဲ့လူငယ်တွေကိုသိစေချင်ပါတယ် ။
ကင်းမ်နဲ့အတူနေခဲ့လို့ ကင်းမ်အကြောင်းကျမကောင်းကောင်းပြောနိုင်ပါတယ် ။ လူငယ်တယောက်ဖြစ်နေပေမဲ့မိခင်အုပ်ထိန်းမှုမရှိခဲ့ပေမဲ့ ဗမာပြည်က လူငယ်လေးတစ်ယောက်လို ရိုသေကိုင်းရှိုင်းမှု ယဉ်ကျေးမှုတွေ ကင်းမ်ဆီမှာ ရာနှုန်းပြည့်ရှိပါတယ် ။
ပုဆိုးဝတ်ရတာကိုနှစ်သက်သလို ထမင်းကြော် ကြိုက်တာကို တွေ့ရပါတယ် ။ ကင်းမ်အကြိုက်ဆုံးအစားအစာတွေက မြန်မာထမင်းကြော် မေမြို့က ငှက်သိုက်မုန့် နဲ့မော်လမြိုင်လျှောက်သီးေ ဆးပြားလို့ ပြောရင် အံ့သြသွားမလား ။
အထူးသဖြင့် ရွယ်တူလို ဖြစ်နေတဲ့ကျမနဲ့ ကစားချိန်ဖြစ်ဖြစ် စကားအနိုင်လုကြချိန်ဖြစ်ဖြစ် ကျမက အကြီးဖြစ်ပေမဲ့ အမြဲပဲ အဆုံးသတ်မှာ ကျမကို အလျော့ပေးအနိုင်ရစေခဲ့တာလေး တွေကပဲ ကျမရဲ့ချစ်စရာ မောင်လေး တယောက်ရဲ့မြန်မာ စိတ်ဓါတ်သူတပါးအပေါ် ညှာတာတတ်တဲ့စိတ်တွေကို တွေ့မြင်စေတာပါပဲ ။
Boggle ကစားလို့ သူနိုင်ရင် အမြဲကြားရတဲ့အသံတခု က တွေ့လား ထိန်လင်းပါကွ ။ I am Mg Htain Lin လို့ အမြဲထထ အော်တတ်တယ် ။
သူရှုံးလို့  ကျမက ထိန်လင်း ချင်အုံး မှတ်ထားလို့ ကျမ ကပြောရင် အက်စတာ ငါနိုင်ရင် ထိန်လင်းလေ ခုရှုံးတော့ ကင်းမ်ပေါ့တဲ့ ။
ထိန်လင်းဆိုတဲ့ မြန်မာနာမည်လေးတခုက သူ့ အတွက် ဂုဏ်ယူစရာ လေးတခု ဖြစ်နေတာ ဘယ်သူ သွန်သင်ခဲ့မှုတွေကြောင့်ပါလဲ
အမျိုးဘာသာ ကွယ်ပျောက်မှာ စိုးထိတ်တယ်ဆိုသောသူများသိနိုင်ကြပါစေ ။
အမှန်တရားသိသောသူများ လက်ဆင့်ကမ်း နိုင်ကြပါစေ
လေးစားလျှက် -
.
အက်( စ ) တာ ဥမ္မာ ( Younger Angel )
========================== =
ဘာသာပျောက်မယ့် ပြောကြတယ် ။
======================
comment တွေအောက်မှာ အတိုက်အခံတွေက ဒေါ်စုတက်ရင် လူမျိုးပျောက်မယ် ဘာသာပျောက်မယ့် ပြောကြတယ် ။
မေစု ဆိုတာ နှစ်နှစ်သမီးထဲက ဖခင်နဲ့သေကွဲကွဲခဲ့ရတယ် ။ ဖခင်ရင်ခွင်မှာ ခေါင်းတိုးချွဲနွဲ့ရမဲ့အချိ
အဖွားဒေါ်ခင်ကြည်ကို အိန္ဒိယကို ပို့ လိုက်တယ် ။ ကြားကောင်းအောင်သံအမတ်အဖြစ်
နိုင်ငံရပ်ခြားမှာနေရပေမဲ့အ
မေစု အခုထိုင်တဲ့အချိန် အမြဲမတ်နေတယ် ကုလားထိုင်နောက်အမှီရှိပေမဲ
ဒါတွေက အဖွားဒေါ်ခင်ကြည်က ညတိုင်းစာကျက်ရင် ခေါင်းပေါ်စာအုပ်တအုပ်တင်ပေး
မေစု အောက်စဖို့ ဒ်မှာကျောင်းတက်တဲ့အထိ ဆံရစ်ဝိုင်းရင်ဖုံးအင်္ကျီ ချိတ်လုံခြည်နဲ့တက်ခဲ့တယ် ဘောင်းဘီစကပ် ဂါဝန်တွေကြားမှာ မြန်မာယဉ်ကျေးမှုကို အဲဒီအချိန်ထဲကပြသနိုင်ခဲ့တယ
တက္ကသိုလ်နှစ်ခု ကောလိပ် ၃၆ ခုရှိတဲ့ အောက်စဖို့ ဒ်ဆိုတဲ့မြို့ငယ်လေးမှာ နိုင်ငံပေါင်းစုံ လုမျိုးပေါင်းစုံ ကြားမှာ မြန်မာဆိုတာ ထင်ရှားစေခဲ့တာ အဲဒီအချိန်ထဲက ပါ ။
မေစု လက်ထပ်ချိန် အင်္ဂလိပ်ကို ယူခဲ့တာအမှန် ဒါဖျောက်မရဖုံးထားမရတဲ့အမှန
လက်ထပ်လက်စွပ်လဲလှယ်ပြီး ဘီယာ ဝိုင်ခွက် ကိုင်ပြီး လက်ထပ်ခဲ့တာမဟုတ်ပါဘူး ။ သူမ ရဲ့သတို့ သမီးဝတ်စုံကို ပိုးနဲ့သူမကိုယ်တိုင် မြန်မာဆန်ဆန်ချုပ်ပြီး ခရုသင်းမှုတ် မြန်မာ့ဓလေ့ စုလျားရစ်ပတ်ခြင်းနဲ့ခန်းနာ
မေစုက နိုင်ငံခြားသားကို လက်ထပ်ပေမဲ့ ယ္ခုခေတ်လူတွေလို နိုင်ငံခြားသားဘက်လိုက်သွား
ခင်ပွန်းသည်ကိုယ်တိုင်းပါဋိ
သားတွေကို ရှင်ပြုပေးခဲ့သလို သူမကိုယ်တိုင်နေ့စဉ် တရားဘာဝနာပွားများနေတဲ့သူပါ
နေ့စဉ်ကမ္မဋ္ဌာန်းထိုင်ခြင်းသတ
သူမ မှာ အမြဲတမ်းဆုံးဖြတ်ချက်ပြတ်သာ
ကျမကောင်းကောင်းမှတ်မိပါသေး
နောက်ဆုံး ဒသမကွာတဲ့အရောင်ပဲရခဲ့တော့ မသိမသာလေး ကွဲတာပါဆိုပြီး လူကြုံနဲ့ထည်ပေးလိုက်ပါတယ် ။ နှစ်ပါတ်အကြာမှာ အဲဒီနှစ်ခမ်းနီဗူးကျမတို့ ဆီပြန်ရောက်လာခဲ့ပါတယ် ။ နံပါတ်ကွာနေလို့ ပါတဲ့။ စည်းစနစ်ကြီးမှု တိကျပြတ်သားမှုကို ကျမကတော့သင်္ခန်းစာယူခဲ့ပါတယ်
သူမသားတွေကိုမာမီလို့ မခေါ်စေပဲ မေမေ ဆိုတဲ့ အခေါ်အဝေါ်ကပဲ အခု ကျမတို့ နိုင်ငံထဲမှာ တချို့တချို့မာမီ ဒယ်ဒီတွေ ခေါ်နေတဲ့လူငယ်တွေကိုသိစေချင
ကင်းမ်နဲ့အတူနေခဲ့လို့ ကင်းမ်အကြောင်းကျမကောင်းကေ
ပုဆိုးဝတ်ရတာကိုနှစ်သက်သလို
အထူးသဖြင့် ရွယ်တူလို ဖြစ်နေတဲ့ကျမနဲ့ ကစားချိန်ဖြစ်ဖြစ် စကားအနိုင်လုကြချိန်ဖြစ်ဖြစ
Boggle ကစားလို့ သူနိုင်ရင် အမြဲကြားရတဲ့အသံတခု က တွေ့လား ထိန်လင်းပါကွ ။ I am Mg Htain Lin လို့ အမြဲထထ အော်တတ်တယ် ။
သူရှုံးလို့  ကျမက ထိန်လင်း ချင်အုံး မှတ်ထားလို့ ကျမ ကပြောရင် အက်စတာ ငါနိုင်ရင် ထိန်လင်းလေ ခုရှုံးတော့ ကင်းမ်ပေါ့တဲ့ ။
ထိန်လင်းဆိုတဲ့ မြန်မာနာမည်လေးတခုက သူ့ အတွက် ဂုဏ်ယူစရာ လေးတခု ဖြစ်နေတာ ဘယ်သူ သွန်သင်ခဲ့မှုတွေကြောင့်ပါလ
အမျိုးဘာသာ ကွယ်ပျောက်မှာ စိုးထိတ်တယ်ဆိုသောသူများသိန
အမှန်တရားသိသောသူများ လက်ဆင့်ကမ်း နိုင်ကြပါစေ
လေးစားလျှက် -
.
အက်( စ ) တာ ဥမ္မာ ( Younger Angel )
==========================
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။