Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 2, 2014

အန်အင်လ်ဒီပါတီက ဒီမိုကရေစီ တမတ်သားနဲ့ တင်းတိမ်သွားတော့မတဲ့လား.. အာဏာရှင်ပေးသမျှ ခေါင်းငုံ့ လက်ဝါးဖြန့် ခံယူသွားချင်တဲ့ ဦးကျော်မင်းစံရဲ့ အော်စလိုသတင်းစာရှင်းပွဲ..


 
အန်အင်လ်ဒီပါတီက ဒီမိုကရေစီ တမတ်သားနဲ့ တင်းတိမ်သွားတော့မတဲ့လား..
အာဏာရှင်ပေးသမျှ ခေါင်းငုံ့ လက်ဝါးဖြန့် ခံယူသွားချင်တဲ့ ဦးကျော်မင်းစံရဲ့ အော်စလိုသတင်းစာရှင်းပွဲ..

ဘာဆက်လုပ်ကြမလဲ

ဒီနေ့ (၁.၉ .၁၄) နော်ဝေဗမာကော်မတီက ဗမာပြည် ကွန်စတီကျူးရှင်းနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလည်းမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ စီမီနာလေးတခု သွားတက်ဖြစ်တယ်။ မသီတာစမ်ချောင်းက ခရီးပမ်းပြီးဖျားနေလို့ ရောက်မလာနိုင်ခဲ့ပါ။ ကျန်တဲ့သူ နှစ်ဦးဖြစ်တဲ့ WLB က မတင်တင်ညိုနဲ့ NLD က ဥပဒေအကြံပေးအဖွဲ့ဝင်လည်းဖြစ် International Commission of Jurist ဒုဥက္ကဌလည်းဖြစ်တဲ့ ကိုကျော်မင်းစံ က အဓိက ပင်တိုင်ဆွေးနွေးကြပါတယ်။ ဗမာက (၆)ယေက်ပဲပါပြီး ကျန်တဲ့ (၂၀)လောက်က နော်ဝေ NGO မျိုးစုံက လူတွေပါ။
ပထမဆုံးမိတ်ဆက်ကြပြီးတော့ မော်ဒရေတာ လုပ်တဲ့ နော်ဝေဗမာကော်မတီတာဝန်ခံ အော်ဒွန်က ဗမာပြည်ရဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ဘို့လှုပ်ရှားနေရတဲ့ အကြောင်းရှင်းလင်းဘို့တိုက်တွန်းပြီး ဘာကြောင့် နာဂစ်ကြီးကို ပြင်သင့်တာလဲလို့ မေးပါတယ်။ ကိုကျော်မင်းစံ အဓိကပြောသွားတာကတော့ ဗဟိုချုပ်ကိုင်မှု များ လွန်းတာကို လျော့ချဘို့ လိုတယ်ဆိုတာကို ထောက်ပြပါတယ်။ ဥပမာအားဖြင့် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ ၀န်ကြီးချုပ်တွေကို သမတ က တိုက်ရိုက်ခန့်အပ်တာမျိုးအစား အဲဒီဒေသတွေက တိုက်ရိုက်ရွေးချယ်ခြင်းအားဖြင့် ဒီမိုကရက်တစ်ပိုကျမယ်ဆိုလိုတဲ့သဘောပါ။ နောက် လယ်မြေတွေသိမ်းနေတဲ့ပြသနာ၊ တမတ်သားကိစ္စ၊ ဖွဲ့စည်းပုံပြင်ဘို့ ခက်အောင်လုပ်ထားတဲ့ ၄၃၆ ဥပဒေ စတာတွေရှင်းကြပါတယ်။ မဆိုးလှပါ။ မတင်တင်ညိုကတော့ အမျိုးသမီးတွေ ဆုံးရှုံးနေရတဲ့ မြန်မာပြည်ရဲ့ ရှေးရိုးစွဲ ဓလေ့ထုံးစံအပါအ၀င် လက်ရှိဖွဲ့စည်းပုံမှာ အများမြင်ကောင်းအောင်လုပ် ထားပေမဲ့ တကယ်အမျိုးသမီးတွေ အခွင့်အရေးအတွက် ဆောင်ရွက်ပေးနိုင်မဲ့ အနေအထားမရှိတာတွေအပြင် တကဲ့လက်တွေ့ဘ၀မှာလွှတ်တော်ကနေ ပါတီတွေအဖွဲ့အစည်းတွေအားလုံးမှာ အမျိုးသမီးတွေပါဝင်မှုက အထူးသဖြင့် ဆုံးဖြတ်ချက်ချနိုင်တဲ့နေရာတွေမှာ ၅%တောင်မရှိဘူးလို့ထောက်ပြပါတယ်။ စစ်တပ်နောက်မဆုတ်တာဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ထိတ်လန့်နေတာက အဓိကကျတယ်လို့လည်း သုံးသပ်ပြပါတယ်။
ဒါပေမဲ့ ဥပဒေပညာရှင်ဖြစ်တဲ့ ကိုကျော်မင်းစံကို နာဂစ်ကြီးမှာတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဒါန်းခွင့်နဲ့ပါတ်သက်ပြီး ဥပဒေသမားတယောက်ရဲ့အမြင်ပြောဘို့မေးတဲ့ အခါကစပြီး အဖြေက တော်တော်ကွဲပြားသွားပါတယ်။ မေးတဲ့သူက နောက်ဆုံးစကားတခုဖြစ်တဲ့ တရားစီရင်ရေးကောပေါ့ဆိုတာကို နားကြားလွဲသွားလေသလားမသိပါဘူး တပြည်လုံးတရားစီရင်ရေး နဲ့ တရားဥပဒေစိုးမိုးမှုမရှိတာကိုပဲ ပြောပါတော့တယ်။ တကယ်မေးတာက ကိုယ်ပိုင်ပြဒါန်းခွင့်နဲ့ပါတ်သက်ပြီး ဘယ်လောက်အာမခံချက်ရှိသလဲ။ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဘို့ အခွင့်အလမ်းရှိနိုင်သလားစတာတွေကို သိလိုတာပါ။ မဖြေခဲ့ပါ။ တင်တင်ညိုကတော့ တိုင်းရင်းသားဝတ်စုံတချို့ဝတ်ပြီး အမည်ခံပေမဲ့ အဲဒီတိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်လို့ပြောလို့မရကြောင်းထရှင်းရပါတယ်။ ဆိုချင်တာက ကြံဖွတ်မှာလည်း တိုင်းရင်းသားတွေ ကိုသုံးထားကြောင်း ဒါပေမဲ့ တိုင်းရင်းသားတွေပြောနေတဲ့ဖယ်ဒရယ်ဆိုတာကို နာဂစ်မှာ မရှိကြောင်းရှင်းပါတယ်။
လက်မှတ်၅သန်းစုပြီးတင်ထားတဲ့ Petition Letter ကို အရေးမယူရင် ဘာဆက်လုပ်မလဲ၊ လက်ရှိဖွဲ့စည်းပုံအရ အတိုက်အခံပါတီတွေက အဆိုတင်ဘို့တောင် မဲရာခိုင်နှုးံမပြည့်တော့ အဲဒါတော့စဉ်းစားစရာကို မလိုတော့။ ဒီအတွက်လည်း မဖြေခဲ့ပါ။
နောက်ဆုံးတယောက်မေးတာက နာဂစ်ကြီးပြင်ဘို့ သူတို့( International)က ဘာလုပ်ပေးရမလဲလို့ မေးတဲ့ အခါမှာ ကွဲပါတော့တယ်။ ဘာမှမဆိုင်တဲ့ ပြုပြင်ပြောင်းလဲရေးတချို့ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာတွေက ရင်းနှီးမြှပ်နှံမှုတွေဝင်ရောက်လာကြောင်း၊ မီဒီယာလွတ်လပ်ခွင့်လည်း အတော်အသင့်ရှိလာပြီဖြစ်ကြောင်းတွေပြော ပါတော့တယ်။ အံ့သြရပါတော့တယ်။
ဖွဲ့စည်းပုံပြင်ဘို့ အရေးကြီးကြောင်းနိုင်ငံတကာကို လှည့်ပြောနေတဲ့ သူတွေကဆီက ဒီစကားမျိုးကြားရတာ အတော်ပဲ စိတ်မချမ်းမသာဖြစ်ရပါတယ်။ တဖက်မှာတော့ အတွေ့အကြုံနည်းလို့ဆိုပြီး နားလည်နိုင်ပေမဲ့ အရေးကြီးလှတဲ့ မေးခွန်းကို ဖြေဆိုဘို့ အသင့်မရှိနေတာကတော့ အတော် စိတ်မကောင်းစရာပါပဲ။
တကယ်ပြောရရင် ဖွဲ့စည်းပုံဘာကြောင့်ပြင်သင့်တယ်ဆိုတာ ဒေါ်စုပြောထားတာ အတော်လုံလောက်ပါတယ်။ လူထုမရွေးကောက်တဲ့ စစ်ဦးစီးချုပ်တယောက်ထဲသဘောနဲ့ဖွဲ့စည်းပုံကို ထင်သလိုချယ်လှယ်ခွင့်ဖြစ်နေတာဟာ ဒီမိုကရေစီနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ အချက်ပါ။ ကိုယ်ခေါင်းဆောင်မိန့်ခွန်းတွေကို နားထောင်ကြရဲ့လားလို့ မေးချင်စရာပါပဲ။
ပွဲပြီးသွားတော့ စကားစမြည် ပွင့်ပွင့်လင်းလင်းမေးကြပြောကြတဲ့အခါ သူအနေနဲ့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အတော်များများနဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြောင်း အံ့သြစရာကောင်းတာက ဖွဲ့စည်းပုံကို လွှတ်တော်ကိုယ်စားလှယ်အများစုက မဖတ်ကြဘူးလို့ ပြောပြပါတယ်။ ပြီးတော့ သူ့ဆီက လက်ရှိအခြေနေကို မထိမ်းသိမ်းရင် အရင်လို အပြည့်အ၀ စစ်အာဏာရှင်အောက်ပြန်ရောက် သွားမှာစိုးရိမ်ကြောင်း သိရပါတယ်။ ဒီတော့မှ အော်ဒါကြောင့်စောစောက စကားသူပြောတာ ကိုး လို့ သဘောပေါက်ရပါတော့တယ်။
လူတဦးချင်းကို မပြောလိုပါ သေချာတာကတော့ NLD ထဲမှာ ဒီအခြေနေလေးကို မဆုံးရှုံးအောင်ထိမ်းသိမ်းထား ရမယ်ဆိုတဲ့ အစုအဖွဲ့တွေ ရှိနေပြီဆိုတာ မြင်လိုက်ရပါတယ်။။ အဲဒါကလည်း စစ်အုပ်စု ဖြစ်စေချင်နေတဲ့ စဉ်းစားစေချင်နေတဲ့ အတွေးအခေါ်ဖြစ်နေတာကတော့ တကယ်စိတ်မကောင်းစရာပါပဲ။

မြင့်အေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။