မီးတူးနေတဲ့ ဘီစကွတ် စစ်ချပ်
ကလေးငယ်လေး ဂျက်ခ် တစ်ယောက် ညစာကို သူ့မိဘ နှစ်ဦးနဲ့ အတူ စားဖို့ ပြင်တယ်။ အမေဖြစ်သူလည်း အလုပ်သွားပြီး ပြန်လာတယ်။ ဂျက်ခ် ကလည်း ကျောင်းက အပြန်၊ အဖေကလည်း အလုပ်က အပြန်ပေါ့။ အမေဖြစ်သူက နောက်ကျမှာစိုးလို့ ခပ်မြန်မြန် ပြင်လိုက်တဲ့ ညစာထဲမှာ မီးတူးနေတဲ့ ဘီစကွတ် တစ်ချပ် ပါနေပါတယ်။
ဂျက်ခ် ကတော့ အဲ့ဒီဘီစကွတ်ကို စားပြီး အဖေ ဒေါသထွက်၊ ဆူဆဲမယ်လို့ ထင်နေလေရဲ့။ စားရင်းနဲ့ ဘီစကွတ်အရောက် တစ်ချက်ပြုံးပြီး ပါးစပ်ထဲ အသာလေး ထည့်လိုက်တယ်။ သားငယ်ကိုလည်း ကျောင်းမှာ ဘာစာတွေ သင်လဲလို့ မေးပြီး လမ်းကြောင်းလွဲလိုက်သတဲ့။ ဒါနဲ့ နောက်နေ့ မနက်ရောက်တော့ မှ သားငယ်လေးက မီးတူးနေတဲ့ ဘီစကွတ်ကို ခပ်ပြုံးပြုံး စားနိုင်တဲ့ အဖေကို ဘာကြောင့်လဲလို့ မေးတယ်။ အဖေက ပြန်ဖြေရှာပါတယ်။
'ဘီစကွတ် မီးတူ တစ်ချပ်ကလေးလောက် ခုလို စားရတာ ဘာမှ မဖြစ်ပါဘူးလေ။ သားအမေလည်း အလုပ်က ပြန်လာတော့ ပင်ပန်းရှာမှာပေါ့။ ခုလိုကလည်း အမြဲဖြစ်တာမျိုး မဟုတ်ဘူးလေ။'
သင်ခန်းစာ -
ဘဝမှာ လူသားတိုင်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံသူများ မဟုတ်ပါဘူး။ မပြည့်စုံသူတိုင်း ပေါင်းစပ်လိုက်တဲ့အခါ သူ့အားနည်းချက်၊ ကိုယ့် အားနည်းချက်တွေ ပေါ်လာတတ်ပါတယ်။ အဲ့ဒီအခါမှာ ယင်းအားနည်းချက်၊ မှားယွင်းချက်များကို ဖိပြီး ပြောဆို အပြစ်ဖို့နေရင်တော့ ပျော်ရွှင်မှုဆိုတာ ရှာလို့ မရတော့ ပါဘူး။ အားနည်းချက်ကို မေ့ပြီး ကောင်းတဲ့အချက်တွေနဲ့ ဖြည့်တွေးရင် မျှဝေခံစားပေးခြင်းဖြင့် ဘဝ ဟာ ပိုလို့ စိတ်ချမ်းသာမှာ ဖြစ်ပါတယ်။ ဘီစကွတ် မီးတူး တစ်ချပ်လောက်နဲ့တော့ ဘာမှ မဖြစ်ပါဘူး။
Enjoy life now – IT HAS AN EXPIRY DATE!
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။