အချစ်ပုံပြင်လေး
============
============
တစ်ခါက မျက်စိမမြင်တဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်
မိဘတွေက စိတ်ထားကောင်းပြီး ချောမောတဲ့ကောင်လေးတစ်ယောက်နဲ့စေ့စပ်ပေးခြင်းခံရပါတယ်။ ကောင်လေးကလည်း မျက်မမြင်ကောင်မလေးကို အလွန်ချစ်ရှာတယ်
တစ်နေ့ ကောင်လးက သူ့ကိုမေးတယ်
"..ကိုယ့်ကို ဘယ်တော့ လက်ထပ်မှာလဲ.."
သူမပြန်ဖြေတာက
"..ရှင့်ကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ရတဲ့အခါပေါ့.."
မိဘတွေက စိတ်ထားကောင်းပြီး ချောမောတဲ့ကောင်လေးတစ်ယောက်နဲ့စေ့စပ်ပေးခြင်းခံရပါတယ်။ ကောင်လေးကလည်း မျက်မမြင်ကောင်မလေးကို အလွန်ချစ်ရှာတယ်
တစ်နေ့ ကောင်လးက သူ့ကိုမေးတယ်
"..ကိုယ့်ကို ဘယ်တော့ လက်ထပ်မှာလဲ.."
သူမပြန်ဖြေတာက
"..ရှင့်ကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ရတဲ့အခါပေါ့.."
ဒီလိုနဲ့ လအနည်းငယ်ကြာလာတော့ ၊ မျက်စိအလှူရှင် တစ်ယောက်ပေါ်လာတဲ့အတွက်
ကောင်မလေးရဲ့ မျက်စိတွေ အမြင်အာရုံပြန်ရလာခဲ့ပါတယ် ၊
သူ့ချစ်သူကို မြင်ရတော့မယ် ဆိုတဲ့ အသိစိတ်တွေနဲ့ တစ်အားပျော်နေခဲ့တာပေါ့
ဒါပေမယ့် သူနဲ့စေ့စပ်ထားတဲ့ကောင်လေးကို မြင်လိုက်ရတဲ့ အခါမှာတော့
သူတုန်လှုပ်သွားပါတယ်
အဲ့ဒီကောင်လေးလည်း တစ်ခါတုန်းကသူ့လိုပဲ မျက်စိမမြင်ဘူးပဲ ၊
အဲ့ဒီအချိန်ကစပြီး ...သူ့ကို လက်ထပ်ဖို့အတွက် ခါးခါးသီးသီး ငြင်းဆန်ပါတော့တယ် ၊
မိဘတွေက ဘယ်လိုတားတား ၊ သူလက်မခံပါဘူး
နောက်ဆုံးမှာတော့ ...စေ့စပ်ခဲ့ပေမယ့် လက်ထပ်ဖို့ငြင်းဆန်ခံရပါတယ်။
တစ်ရက်တော့ မျက်မမြင်ကောင်လေးကတုတ်ကောက်လေးနဲ့စမ်းစမ်းလျှောက်ရင်း ကောင်မလေးနားကပ်ပြီး ..
"...ငါ့ကိုလက်မထပ်ချင်ရင်လည်း မင်းသဘောပါ
ဒါပေမယ့် ငါ့ရဲ့ မျက်လုံးတွေကို သေသေချာချာ ဂရုစိုက်ပေးပါကွာ......" လို့တိုးတိုးလေးပြောရင်း လာရာလမ်းဆီသို့ လှည့်ထွက်သွားလေတော့သည်။
လူတိုင်းလူတိုင်း ချစ်ခြင်းရဲ့တန်ဖိုးအစစ်အမှန်နားလည်ခံစားနိုင်ကြပါစေ
Credit- Original Writer
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။