ဒေါသကုမာရ (ခ) ဂျယ်ရမီ
-------------------------- --
နိဒါန်း
အပြင်မှာနှင်းတွေဖွဲဖွဲကျနေ တုန်းပဲရှိသေးတယ်။ (၃)ရက်တိတိကျပြီးပြီဖြစ်တဲ့ ဒီနှင်းတွေ အပြင်မှာတောင်ပုံယာပုံ။ မနက် (၃)နာရီလောက်မှာ ကျွန်တော်အတော်လေးမူးနေပြီ။ ခက်တာက မအိပ်ခင် ဆေးလိပ်တလိပ်လောက်သောက်ချင် သေးတယ်။ ဒီလိုနဲ့ အဆောင်ရဲ့အပြင်ထွက်တယ်။ စီးကရက်တဝက်ကျိုးချိန်မှာ အသံတသံကြားရတယ်။ “ကျွန်တော့ကိုဆေးလိပ်တလိပ်ေ လာက်ပေးပါ့လား“။ သူက ကျွန်တော်နဲ့တဆောင်တည်းနေတဲ့ ကောင်။ သူခြေထောက်နာလို့မလုပ်နိုင် ရင်းကနေပြီး လူတကာအလှောင်အပြောင်ခံရတဲ့ေ ကာင်။ ဒီလိုနဲ့ နှင်းတောထဲမှာ သူနဲ့ခဏစကားပြောဖြစ်တယ်။ လူ့ဘဝကြီးဘယ်လိုခါးသီးကြောင်း၊ လူတွေက မြေနိမ့်ရာလှံစိုက်တတ်ကြကြောင်း လူ့ဘဝကြီးကို စိတ်ကုန်ကြောင်း သူပြောတာမှတ်မိတယ်။ သူ့အသံက လောကကြီးကို အတော်လေးနာကြည်းပုံပဲ။ ခက်တာက ကျွန်တော်အရမ်းမူးနေတာ။ ဒီလိုနဲ့အခန်းထဲဝင်ပြီးပြန် အိပ်တယ်။
ဒီလိုနဲ့နောက်တရက်ကျွန်တော် အိမ်ယာထပြီး မနက်စာသွားစားမလို့အောက်ဆင်းတော့ ရဲကား ၃ စီးတွေ့တယ်။ ဘာဖြစ်တာလဲဆိုတော့ စစ်သားတယောက်အဆုံးစီရင်သွား တာတဲ့။ အဆောင်မှာဘယ်တော့မှမနေတဲ့ ကျွန်တော်က သူ့ရဲ့ဝဋ်ကြွေးကိုသိပ်မသိဘူး။ သူဟာ ရှေ့တန်းကပြန်လာချိန်မှာ မိန်းမကကွာရှင်းဖို့တောင်းတ ယ်။ သားသမီး (၂) ယောက်က အမေနဲ့လိုက်မယ်လို့ဆုံးဖြတ် တယ်။ သူ့ခြေထောက်မှာဒဏ်ရာရလို့ အရင်လိုလှုပ်ရှားလို့မရတော့ သူဟာ ဆေးကုသခံနေရတာ။ စိတ်ဆင်းရဲချိန်မှာ တပ်ထဲကကောင်တွေ နေ့နေ့ညညကျီစားကြတာကို သူမခံနိုင်ဘူး။ မိန်းမရဲ့ရှေ့နေကလဲသူ့ကို နေ့တိုင်းဖုန်းဆက်ပြီးကြပ်တ ယ်။ အဲဒါတွေအကုန်ပေါင်းပြီး သေကြောင်းကြံစည်တာတဲ့။ စိတ်မကောင်းတာက ကိုယ်လဲ ဘာမှလုပ်မပေးနိုင်ခဲ့တာပဲ။
---------
စာကိုယ်
ဒီသီချင်းကလေးကို ခင်များတို့ကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ကြားဖူးရင်လဲ သေချာစူးစိုက်ပြီးနားထောင်ဖူးချင်မှနားထောင်ဖူးမယ်။ ဆီယက်တယ်မြို့ထွက် အော်လ်တာနေးတက်ဝိုင်းဖြစ်တဲ့  Pearl Jam တို့ရဲ့ Jeremy သီချင်းလေးဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်ကိုအခြေခံထားတဲ့သီချင်းလေးပါ။ မိမိကိုယ်မိမိအဆုံးစီရင်သွားတဲ့ ဂျယ်ရမီဆိုတဲ့ချာတိတ်ကလေးအေ ကြာင်းပါပဲ။ အိမ်မှာ မိဘတွေဆီက ချစ်ခြင်းကိုမခံစားရ၊ ကျောင်းမှာလူတကာလှောင်ပြောင်ခံရ၊ သူငယ်ချင်းတွေရဲ့အနှိပ်စက်ခံရ၊ ဆရာတွေရဲ့အဆူအပူနေတိုင်းခံရ တဲ့ ဂျယ်ရမီက တနေ့တော့ သူ့ကိုနှိပ်စက်တဲ့အတန်းရှေ့ မှာ သေနတ်တလက်ယူလာပြီး သူ့ကိုယ်သူပစ်ပြခြင်းအားဖြင့် လူတွေကိုလက်စားချေတယ်ပြေြာေ ပာ တခုခုသက်သေပြတယ်ပြောပြောပေါ့  သူလုပ်ပြခဲ့တယ်။ အဲဒီအကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး အဆိုတော်နဲ့ ဘေ့စ်ဂစ်တာသမားတို့ပူးပေါင်းပြီးရေးဖွဲ့ခဲ့တယ်။
အင်ထရိုဝင်ဝင်ချင်းမှာတီးထားတာက (ထူးထူးခြားခြား) ၁၂ ကြိုးတပ်ဘေ့စ်ဂစ်တာသံအဖြစ်ပါတယ်။ (Hamer တံဆိပ်) ဂစ်တာအသစ်ဝယ်ထားပြီး ပထမဆုံးရေးတာ ဒီသီချင်းပါပဲ။ ဒရမ်သံဝင်မလာခင်အထိ ဘေ့စ် (၄) ဘားဟာ ဒီသီချင်းရဲ့ စက်ဆုပ်ဖွယ်၊ ဝမ်းနည်းဖွယ်အဖြစ်သနစ်ကို နမိတ်ဖတ်ပစ်လိုက်တယ်။ ကျန်တဲ့သီချင်းအကုန်လုံးနီး ပါးမှာလဲ အဲဒီအင်ထရိုလေးကို ပြန်သုံးထားတာ။ သူ့နာကြည်းချက်တွေ နေ့နေ့ညည ပြန်ပြောင်းအောင့်မေ့မိတဲ့အ ဖြစ် စိတ်ထဲကနေမထုတ်နိုင်တဲ့အဖြစ်သနစ်ကို ချယ်မှုန်းထားတယ်လို့ ယူဆရပါတယ်။
Pearl Jam ဆိုတဲ့ဝိုင်းဟာ နဗားနားတို့လိုပဲ ဆီယက်တယ်လ်မြို့ထွက် အော်လ်တာဝိုင်းတဝိုင်းဖြစ်ပါတယ်။ (ကျွန်တော်ကတော့ Grunge ဝိုင်းလို့ခေါ်တာ ပိုကြိုက်တယ်)။ နဗားနားတို့နဲ့ခေတ်ပြိုင်ဖြ စ်ပြီး ဂီတအသစ်တော်လှန်ရေးမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေပြီး ပါဝင်ခဲ့တယ်။ နဗားနားနဲ့မတူတာကတော့ သူတို့က အရမ်းလိမ်မာတယ်။ သက်ဆိုးရှည်တယ်ပေါ့ဗျာ။ အယ်လ်ဘန်ပေါင်းများစွာထုတ်နိုင်ခဲ့ပြီး အောင်မြင်မှုတွေလဲ အတော့ကိုရတာပါ။ (ဒီသီချင်းလေးပါတဲ့ Ten အယ်လ်ဘန်က နဗားနားတို့ရဲ့ နာမည်ကြီး Nevermind ထက် ထွက်တာ တလစောပါတယ်)
(သီချင်းအကြောင်းပြန်ဆက်ရရင်) သူ့ကို အပီအပြင်နှိပ်ကွပ်တဲ့လူတွေကို နောင်လာနောက်သားတွေကို သူ့လို အနှိပ်စက်မခံရအောင် သင်ခန်းစာပေးချင်တဲ့ ဂျယ်ရမီဟာ အတန်းရှေ့မှာ သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ အဆိုတော် အက်ဒီဗက်ဒါက အင်တာဗျူးတခုမှာ အခုလိုပြောခဲ့တယ်။
“ဂျယ်ရမီဟာ သူ့အသက်ကိုရင်းပြီး ကျွန်တော်တို့ပတ်ဝန်းကျင်ကိုပြင်ဖို့ လုပ်သွားခဲ့တယ်။ ကျွန်တော်တို့ဘာမှပြောင်းလဲ မသွားဘူး။ အရင်အတိုင်းပဲ။ သေတဲ့သူကသာ သေသွားတာ”
နိဂုံး
ခင်များအသိုင်းအဝိုင်းမှာ လူတယောက်ဘယ်လိုပဲနိမ့်ကျပါေ စ။ သေချင်စိတ်ပေါက်မတတ် နာကြင်နေတဲ့သူတယောက်ကို ဘယ်တော့မှ မလှောင်ပြောင်မိစေနဲ့။
ခင်တဲ့
ကိုဝီ
မှတ်ချက်။ ။ ဒီဆောင်းပါးလေးနဲ့ အမေရိကန်စစ်တပ်မှာ တာဝန်အတူထမ်းဆောင်ရင်း ဆုံးပါးသွားတဲ့ ရဲဘော်တယောက်လေးကို သတိတရရေးဖွဲ့ဖြစ်ပါတယ်။ ညီလေး ကောင်းရာသုဂတိလားပါစေ။ ဖြစ်လေရာဘဝမှာ လူတွေရဲ့အနိုင်ကျင့်ခံရခြင်းကင်းဝေးပါစေ။
"Jeremy"
At home
Drawing pictures
Of mountain tops
With him on top
Lemon yellow sun
Arms raised in a V
Dead lay in pools of maroon below
အိမ်မှာ ငါတယောက်တည်း ပန်းချီတွေဆွဲဖြစ်တယ်။ တောင်ထိပ်ပေါ်မှာ ကေသရာဇာပုံတွေဘာတွေပေါ့။ သူ့ဦးခေါင်းထက်မှာ နေထွက်နေတာ။ ငါ့လက်ကို ဆန့်တန်းချိန်မှာ နေရောင်တွေဖြာကျနေတာ။
Daddy didn't give attention
To the fact that mommy didn't care
King Jeremy the wicked
Ruled his world
ငါ့အဖေလဲငါ့ကို ဂရုတောင်စိုက်တာမဟုတ်ဘူး
ငါ့အမေကလဲ ငါ့ကိုဘယ်လိုဂရိုမစိုက်တာမျိုး ငါ့အဖေဘယ်သိမတုန်း
ငါကတော့ တောကိုပိုင်စိုးတဲ့ ကေသရာဇာလိုမျိုးဖြစ်ချင်ခဲ့ တာ။
Jeremy spoke in class today
Jeremy spoke in class today
ဒီနေ့ ဂျယ်ရမီဟာ အတန်းထဲမှာ ရင်ထဲမှာရှိတဲ့အတိုင်းဖွင့် ချပစ်လိုက်တယ်။
ဒီနေ့ ဂျယ်ရမီဟာ အတန်းထဲမှာ ရင်ထဲမှာရှိတဲ့အတိုင်းဖွင့် ချပစ်လိုက်တယ်။
Clearly I remember
Pickin' on the boy
Seemed a harmless little fuck
But we unleashed a lion
Gnashed his teeth
And bit the recess lady's breast
တသွေမတိမ်း ငါမှတ်မိသေးတယ်။
ငါ့ကို ဝိုင်းပြီးအနိုင်ကျင့်ကြတာ။ အဆိပ်မရှိတဲ့ချာတိတ်မို့ ဝိုင်းသမကြတာ။
(မင်းတို့မသိတာက) ငါ့ရင်ထဲမှာကိန်းအောင်းနေတဲ့  ဒေါသအပြည့်နဲ့ ကေသရာဇာကြီးကို မင်းတို့သွားလှုပ်နိုးလိုက်တာပဲ။
How could I forget
He hit me with a surprise left
My jaw left hurting
Dropped wide open
Just like the day
Like the day I heard
ဘယ်လိုလုပ်မေ့နိုင်မှာလဲ။ ငါ့ရဲ့ဘယ်ဖက်ကို ရုတ်တရက်ဆော်ထည့်လိုက်တာ။
မေးရိုးတခုလုံးအီဆိမ့်သွားတာ။ ပါးစပ်တောင်ပိတ်လို့မရတော့။ နာကြင်မှုတွေအကုန်လုံးမနေ့တေ န့ကလိုပဲ။
--------------------------
နိဒါန်း
အပြင်မှာနှင်းတွေဖွဲဖွဲကျနေ
ဒီလိုနဲ့နောက်တရက်ကျွန်တော်
---------
စာကိုယ်
ဒီသီချင်းကလေးကို ခင်များတို့ကြားဖူးကောင်းကြ
အင်ထရိုဝင်ဝင်ချင်းမှာတီးထာ
Pearl Jam ဆိုတဲ့ဝိုင်းဟာ နဗားနားတို့လိုပဲ ဆီယက်တယ်လ်မြို့ထွက် အော်လ်တာဝိုင်းတဝိုင်းဖြစ်ပ
(သီချင်းအကြောင်းပြန်ဆက်ရရင
“ဂျယ်ရမီဟာ သူ့အသက်ကိုရင်းပြီး ကျွန်တော်တို့ပတ်ဝန်းကျင်ကု
နိဂုံး
ခင်များအသိုင်းအဝိုင်းမှာ လူတယောက်ဘယ်လိုပဲနိမ့်ကျပါေ
ခင်တဲ့
ကိုဝီ
မှတ်ချက်။ ။ ဒီဆောင်းပါးလေးနဲ့ အမေရိကန်စစ်တပ်မှာ တာဝန်အတူထမ်းဆောင်ရင်း ဆုံးပါးသွားတဲ့ ရဲဘော်တယောက်လေးကို သတိတရရေးဖွဲ့ဖြစ်ပါတယ်။ ညီလေး ကောင်းရာသုဂတိလားပါစေ။ ဖြစ်လေရာဘဝမှာ လူတွေရဲ့အနိုင်ကျင့်ခံရခြင်
"Jeremy"
At home
Drawing pictures
Of mountain tops
With him on top
Lemon yellow sun
Arms raised in a V
Dead lay in pools of maroon below
အိမ်မှာ ငါတယောက်တည်း ပန်းချီတွေဆွဲဖြစ်တယ်။ တောင်ထိပ်ပေါ်မှာ ကေသရာဇာပုံတွေဘာတွေပေါ့။ သူ့ဦးခေါင်းထက်မှာ နေထွက်နေတာ။ ငါ့လက်ကို ဆန့်တန်းချိန်မှာ နေရောင်တွေဖြာကျနေတာ။
Daddy didn't give attention
To the fact that mommy didn't care
King Jeremy the wicked
Ruled his world
ငါ့အဖေလဲငါ့ကို ဂရုတောင်စိုက်တာမဟုတ်ဘူး
ငါ့အမေကလဲ ငါ့ကိုဘယ်လိုဂရိုမစိုက်တာမျ
ငါကတော့ တောကိုပိုင်စိုးတဲ့ ကေသရာဇာလိုမျိုးဖြစ်ချင်ခဲ့
Jeremy spoke in class today
Jeremy spoke in class today
ဒီနေ့ ဂျယ်ရမီဟာ အတန်းထဲမှာ ရင်ထဲမှာရှိတဲ့အတိုင်းဖွင့်
ဒီနေ့ ဂျယ်ရမီဟာ အတန်းထဲမှာ ရင်ထဲမှာရှိတဲ့အတိုင်းဖွင့်
Clearly I remember
Pickin' on the boy
Seemed a harmless little fuck
But we unleashed a lion
Gnashed his teeth
And bit the recess lady's breast
တသွေမတိမ်း ငါမှတ်မိသေးတယ်။
ငါ့ကို ဝိုင်းပြီးအနိုင်ကျင့်ကြတာ။
(မင်းတို့မသိတာက) ငါ့ရင်ထဲမှာကိန်းအောင်းနေတဲ
How could I forget
He hit me with a surprise left
My jaw left hurting
Dropped wide open
Just like the day
Like the day I heard
ဘယ်လိုလုပ်မေ့နိုင်မှာလဲ။ ငါ့ရဲ့ဘယ်ဖက်ကို ရုတ်တရက်ဆော်ထည့်လိုက်တာ။
မေးရိုးတခုလုံးအီဆိမ့်သွားတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။