နိုင်ငံပေါင်း ၆၀ ကျော်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်တော့မည့် Y Talk Calling မှ နိုင်ငံခြားဖုန်းကတ်နှင့် မိမိအသုံးပြုနေသော ဖုန်းတို့အား ချိတ်ဆက်ခေါ်ဆိုနိုင်တော့မည့် အစီအစဉ်ကို လွန်ခဲ့သည့်နှစ်လကပင် စမ်းသပ်သုံးစွဲနေပြီဖြစ်ပြီး ယခုလ နိုဝင်ဘာလဆန်းမှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း Y Talk Calling စနစ်ဝန်ဆောင်မှုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Phone 4U စနစ်တွင် နိုင်ငံပေါင်း ၆၀ ကျော်မှ ဖုန်းနံပါတ်များ ၀ယ်ယူပြီး မိမိလက်ထဲရှိ အိမ်ဖုန်း၊ လက်ကိုင်ဖုန်း၊ ရုံးဖုန်းများသို့ အ၀င်ဖုန်းများ လက်ခံနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ အ၀င်ဖုန်းခေါ်ဆိုခအတွက် တစ်မိနစ်လျှင် အ၀င်ခေါ်ဆိုမှု ကျသင့်ငွေ (0.30) FEC ပေးဆောင်ရမည်ဖြစ်ပြီး မိမိအသုံးပြုလိုသော ဖုန်းခေါ်ဆိုခပမာဏကို ကြိုတင်ငွေဖြည့်၍ အသုံးပြုရမည်ဖြစ်သည်။ ခေါ်ဆိုနိုင်မှု Package များအနေဖြင့် Basic, Silver, Gold, Diamond ဟူ၍ မိမိနှစ်သက်ရာကို ရွေးချယ်နိုင်သည်။ အဆိုပါစနစ်တွင် Basic နံပါတ်အတွက် အသုံးပြုမည်ဆိုပါက လစဉ်ကြေး နှစ်သောင်းကျပ်ကျမည်ဖြစ်ပြီး Silver အတွက် နံပါတ်တစ်ခုအတွက် ၄၅ မိနစ်စာ Free ခေါ်ဆိုခွင့် ရရှိမည်ဖြစ်သည်။ လစဉ်ကြေးအနေဖြင့် သုံးသောင်းကျပ်ကျမည် ဖြစ်သည်။ Gold, Diamond ၀ယ်ယူသူများအနေဖြင့် နံပါတ်တစ်ခုချင်းစီကို မိမိကြိုက်နှစ်သက်ရာ ဖုန်း ၃လုံးသို့ လွှဲပြောင်းနိုင်သော အခွင့်အရေး ရရှိမည်ဖြစ်သည်။
ရေးသားသူ -အေးဖြူ
Credit - Internet Journal, Vol(13) Issue(46)


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။