ဟိုးရှေးရှေးတုန်းက စကားပြောရာမှာ အလွန်ကို သေသပ်ကျွမ်းကျင်တဲ့ ပညာရှိကြီးတစ်ယောက်ရှိတယ် ။ အဲဒီပညာရှိကြီးဟာ စကားပြောဆိုတဲ့အခါ အမှန်ကိုပဲပြောဆိုလေ့ရှိတယ် ။ တစ်ခါတော့ လူငယ်နှစ်ယောက်ဟာ ပညာရှိကြီးပြောတဲ့ စကားကို အမှားဖြစ်အောင်လုပ်မယ်လို့ သူတို့ကြံစည်ကြတယ် ။ အဲဒီတော့ သူတို့က ပညာရှိကြီးပြောတဲ့စကားကို အမှားဖြစ်အောင်လုပ်ဖို့ သူတို့မြင်းတစ်ကောင်ဝယ်လိုက်ကြတယ် ။
အဲဒီမြင်းကို တစ်ဖက်မှာအဖြူရောင်တစ်ဖက်မှာ အမည်းရောင်သုတ်ထားလိုက်ကြတယ် ။ အကယ်၍ များပညာရှိကြီးပြောတဲ့အခြမ်းက အဖြူဆိုရင်သူတို့က မဟု...

တ်ဘူးအမည်းဆိုပြီးငြင်းမယ်ပေါ့ အကယ်၍ အမည်းလို့ဖြေခဲ့ရင်လည်း အဖြူလို့ငြင်းမယ်ဆိုပြီးစဉ်းစားထားကြတယ် ။ အဲဒီအဖြူတစ်ဖက်အမည်းတစ်ဖက်သုတ်ထားတဲ့ မြင်းကို ပညာရှိကြီးလာမယ့် လမ်းမှာ ချထားခဲ့ကြတယ် ။
ဒီလိုနဲ့ပညာရှိကြီးလမ်းလျှောက်ထွက်လာတဲ့အခါ သူတို့က ရှေ့ လှမ်းလှမ်းက မြင်းကိုပြပြီးဘာအရောင်ပါလဲလို့မေးတယ် ။ အဲဒီအချိန်ဟာ နည်းနည်းလေး မြင်းနဲ့လှမ်းနေသေးတဲ့အတွက်ပညာရှိကြီးဖက်က အဖြူပဲမြင်နေရတယ် . ။ ဒီတော့ပညာရှိ ကြီးက အောက်ပါအတိုင်းဖြေလိုက်တယ် ။
“ အေးကွယ် . .ဒီဖက်ကကြည့်တာတော့အဖြူလို့ ထင်ရတာပဲကွယ် ” တဲ့ ။
------------------------------------
စကားပြော တဲ့အခါ သတိထားပြောဆိုဖို့ အရမ်းကိုအရေးကြီးလွန်းပါတယ် ။ တစ်ခါတစ်ခါ တစ်ဖက်သားက ချောက်ထဲ ကျအောင် အကွက်ဆင်ထားပေမယ့် ကိုယ့်ဖက်က လိမ္မာပါးနပ်စွာနဲ့ စကားကို ပြန်ဆယ်တတ်ဖို့လိုသလို ကွေ့ဝှိုက်ရှောင်ကွင်းတတ်ဖို့လည်းလိုတယ် ။ လူ့ဘ၀ကြီးမှာ စကားပြောမတတ်လို့ ကြုံရတဲ့ပြဿနာတွေ ဒုက္ခတွေအများကြီးပါပဲ ။ ဒီတော့ စကားပြောတဲ့အခါ လက်လွတ်စပယ်မပြောပဲ တစ်ဖက်သားပြောတဲ့စကားကိုသေချာစဉ်းစားပြီး ကိုယ့်ဖက်က နေ အခြေအနေအားလုံးကိုသုံးသပ်လို့ အကောင်းမွန်ဆုံး ပြောတတ်ဖို့လိုပါတယ် ။
သက်တန့်ချို
A Black and white horse အားဘာသာပြန်သည် ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။