By Blossom Taw on Monday, November 26, 2012 at 10:58am
ချစ်တဲ. မောင်နှမများအတွက် ဒီရက်ထဲမှာ ဖတ်နေတဲ.
စာအုပ်လေးတအုပ်ထဲမှ တန်ဖိုးမဖြတ်နိုင်သော စာပေလေးများကို
လက်ဆောင်ပေးလိုက်ပါတယ်နော်။ မှတ်သား
နာယူနိုင်ကြပါစေနော် ။
*** ပြတင်းပေါက်ကိုဖွင်.ထားပါ ...*** စာမတတ်သူက
ပြတင်းပေါက်မပါတဲ. အိမ်နဲ.တူတယ်တဲ. ။ အလင်းမ၀င် လေကောင်းမရ။ စာတတ်ပြီး စာမဖတ်သူက
ပြတင်းပေါက်ပါပြီး ပြတင်းပေါက်မဖွင်.ဘဲ ပိတ်ထားတဲ.အိမ်နဲ. တူတယ်တဲ. ။ အလင်းမ၀င်
လေကောင်း မရတာ အတူတူပါဘဲ။
စာမတတ် စာလည်းဖတ်သူကတော. ပြတင်းပေါက်ရှိပြီး
ပြတင်းပေါက်ကို ဖွင်.ထားတဲ.အိမ်မှာ အလင်းရောင်နဲ. လေကောင်းရသလို အသိအမြင်
ညာဏ်ပညာ အလင်းရတယ်။ စာနည်းနည်းဖတ်ရင်
အသိအမြင် နည်းနည်း ကျယ်တယ်။
စာများများဖတ်ရင်အသိအမြင်အများကြီးကျယ်တယ်
*** အခွင်.သာတိုင်း စာဖတ်ပါ ***
တိုးတက်တဲ.သူတွေက အချိန်ကိုအကျိုးမဲ.
အကုန်မခံဘူး။ရထားစောင်.ရင်း ကားစောင်.ရင်း စာဖတ်တယ်။ သင်္ဘောစီးရင်း စာဖတ်တယ်။
အစည်းအဝေးမစသေးရင် စာဖတ်တယ် ။သွားလေရာလက်ဆွဲအိပ်ထဲမှာစာအုပ်ပါတယ်။ သွားရင်း လာရင်း
နေရင်း ထိုင်ရင်း အခွင်.သာတာနဲ.စာဖတ်ပါ အသိပညာတွေတိုးစေပါတယ် တော်သူတွေက တော်
ထက်သူတွေက ထက်အောင်ကြိုးစားနေကြပါတယ်။
*** စာဖတ်ခြင်းဖြင်.မြှင်.တင်ပါ ***
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ ဘယ်နေရာဖြစ်ဖြစ် ရွာသိမ်
ရွာငယ်လေးရဲ. အစွန်အဖျား တဲအိမ်လေးမှာ ဖြစ်ပါစေ စာအများကြီးဖတ်ရင်
နောက်ကျမကျန်ခဲ.ပါဘူး ။ကမ္ဘာနဲ.အညီ ခေါတ်မှီတိုးတက်နေပါလိမ်.မယ် ။ စာဖတ်ခြင်းဖြင်.
မိမိကိုယ်ကို မြင်.တင်ပါ။
စာဖတ်ဝါသနာကြီးပြီးစာအများကြီးဖတ်တဲ. (
အေဘရာဟင်လင်ကွန်း ) ဟာသစ်တောထဲရှိ သစ်လုံးအိမ်မှာ နေတဲ.သစ်ခုတ်သမားဘ၀ကနေ
အမေရိကန်နိုင်ငံရဲ.
သမ္မတကြီးအဖြစ်နဲ. အိမ်ဖြူတော်ကိုရောက်ခဲ.တယ်
။
မြန်မာနိုင်ငံမှာလည်း ၀န်ဇင်းရွာသား ( စာတိုငညို
) လို.ခေါ်ရလောက်အောင်စာဖတ်ဝါသနာကြီးတဲ.လယ်သမားမောင်ညိုဟာ
စာအများကြီးဖတ်ခြင်းကြောင်. ထွန်းတုံးပေါ်ကနေ နန်းတော်ပေါ်ရောက်ပြီး ပညာရှိအမတ်ကြီး
ဝန်ဇင်းမင်းရာဇာအမည်နဲ. ပညာရှိအမတ်ကြီးဝန်ဇင် မင်းရာဇာအမည်နဲ. မင်းသုံးဆက်တိုင်
ချီးမြှောက်ခံရတယ်။
*** စာဖတ်ခြင်းနှင်. အသိအလိမ္မာ ညာဏ်ပညာ ***
စာများများဖတ်သူတိုင်းဟာ အသိပညာ ဗဟုသုတကြွယ်ဝပါတယ်
။ စဥင်္းစားဆင်ခြင်တုံတရား အားကောင်းတယ် ။ အမှန်အမှား ဝေဖန်ပိုင်းခြားနိုင်စွမ်း
ကြီးမားတယ် ။
အမှားကိုရှောင် အမှန်ကိုဆောင်နိုင်ရင် လူလိမ္မာဘဲ ။
လောကမှာ ဘယ်သူ.ဘယ်သူကိုမှ ထာဝရ မစောင်.ရှောက်နိုင်ဘူး ။ ကိုယ်တိုင် အသိအလိမ္မာနဲ.
ကိုယ်.ဘာသာစောင်.ရှောက်မှ ဘ၀လုံခြုံမှာပါ။
စာဖတ်ခြင်းဟာ အသိအလိမ္မာ ညာဏ်ပညာ
ကြီးမြင်.တာနဲ.အမျှ ဘ၀အောင်မြင် တိုးတက်ရေး အတွက် ကြိုးပန်းမှု.ကိုလည်း
ကြီးစွာအထောက်အကူပြုပါတယ်။ ကြီးပွားအောင်မြင်ပြီးရင်လဲ မပြိုမလဲအောင်
ထိန်းသိမ်းနိုင်စွမ်းရှိတယ် ။မတော်တဆ မမျှော်လင်.တဲ.အကြောင်း တခုခုကြောင်.
ပြိုလဲကျရင်တောင် ပြန်ထနိုင်တဲ. စွမ်းရည်ရှိတယ်။
*** စာများများ ဖတ်ပါ ***
စာဖတ်တာကိုအကျင်.ပါနေအောင်လုပ်ပါ ။ အခွင်.သာတိုင်း
စာဖတ်ပါ ။ စာအများကြီးဖတ်ပြီး ညာဏ်ပညာကြီးမြင်ပါစေ
လူတော်လူကောင်းဖြစ်ပြီးဘ၀အောင်မြင်ပါစေ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။