Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 26, 2012

What is Sexy ?????????

By Maxi Million on Wednesday, November 21, 2012 at 12:08am ·



"ဆက်စီ ဆိုတာ ကျန်းမာ သန့်ရှင်းတဲ့ ခန္ဓာကိုယ်၊ ကြည်လင်နေတဲ့ အသားအရည်၊ လန်းဆန်း တက်ကြွမှု ရှိတာ...အင်း...သန့်ရှင်း သပ်ရပ်တဲ့ အခန်းလေး တစ်ခုလိုပေါ့။"
"ကြင်နာ တတ်တာ၊ ပျော်ပျော်နေ တတ်တာ၊ ဟာသဥာဏ်ရှိတာ၊ စမတ်ကျတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတာ၊ စိတ်ကောင်းထားတာ၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တာ၊ စာနာမှုရှိတာ၊ မျှမျှတတ တွေးခေါ် တတ်တာ၊ သဘာဝ ကျကျနေ တတ်တာ၊ ရဲရဲရင့်ရင့် ရှိတာ၊ စိတ်အားထက်သန်မှု ရှိတာ.....
ဒါတွေ အားလုံးက ဆက်စီ ဖြစ်စေတဲ့ အရာတွေပဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးထား ချစ်ခင်တတ်ပြီး ဘယ်အရာ မဆို ဥာဏ်နဲ့ ယှဉ်ပြီး တွေးခေါ်တတ်တဲ့ မိန်းကလေးမျိုးဆို ဆက်စီ အဖြစ်ဆုံးပေါ့။"
"ဆက်စီ ဖြစ်တယ်ဆိုတာ အပေါ်ယံ အရေပြား တစ်ထောက်စာ ၀တ်စားဆင်ယင်မှု ကိုပြောတာမဟုတ်ဘဲ ကိုယ်ဟာ ဘယ်လို လူမျိုးလဲ ဆိုတာကို ပြောချင်တာပါ။ လူတိုင်း အတွက် အဓိပ္ပါယ် တူချင်မှ တူမှာပါ။ ပုံသွင်းသလို တစ်ပုံစံတည်း လုပ်လို့ မရပါဘူး။ ကိုယ်ပိုင် ဖွင့်ဆိုချက်နဲ့ ကိုယ်ဆက်စီ ဖြစ်ခွင့် ရှိပါတယ်။ ကိုယ့်ကိုကိုယ် ဆက်စီဖြစ်လား၊မဖြစ်လား ဆိုတာ တခြားသူက သတ်မှတ်လို့ မရသလို၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံအစွဲတွေ၊ အများအမြင်နဲ့ တခြားဘေးက လွှမ်းမိုးမှုတွေ (ဥပမာ-မီဒီယာ၊ ရုပ်ရှင်)ကဖွင့်ဆိုချက်တွေ အတိုင်းလိုက် လုပ်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ပိုင် ဟန်နဲ့သာ နေတာကမှ တကယ်ဆက်စီ ဖြစ်တာပါ။ (ဆိုလိုတာက အခု မြန်မာနိုင်ငံမှာ ဖြစ်နေသလို အတိုအပြတ် ၀တ်မှ၊ ရှေးထုံးစံ ထမီ ဘီးဆံပတ်ကြီးနဲ့ နေမှ ဆက်စီ ဖြစ်တာလို့ ထင်စရာ မလိုပါဘူး) အမျိုးသမီး တော်တော်များများက ဆက်စီ ဖြစ်ဖို့ ကျိတ်ပြီး ဆုတောင်းတတ် ကြပါတယ်။

ဒါပေမယ့် ကိုယ်က ဘယ်လို ဆက်စီ ဖြစ်ချင်တာလဲ ဆိုတာကို စဉ်းစားဖူး ကြပါလား။ ကိုယ့်အသွင်အပြင်လား၊ ကိုယ့်စိတ်ဓာတ် စရိုက်လား၊ ဒါမှမဟုတ် အများက ဆက်စီကျတယ်လို့ ထင်ကြေးပေးထားတဲ့ အတိုင်းလိုက် လုပ်ချင်တာလား။ အများက ဆက်စီ ကျတယ်လို့ ထင်ထားတဲ့ သူတွေနဲ့ သင်ကိုယ်တိုင်မှာရော တူညီတဲ့ အချက်တွေ ရှိလို့လား။ ဥပမာ- စိတ်ဓာတ်ရေးရာ ပဲဖြစ်ဖြစ်၊ ရုပ်ပိုင်း ဆိုင်ရာမှာပဲ ဖြစ်ဖြစ် (ကိုယ်ခန္ဓာ အနေအထား တစ်ခုတည်း ကိုမဆိုလိုပါဘူး) ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်တွေ တကယ်ကော ရှိလို့လား။ ဆက်စီကျကျ နေထိုင်နည်း... ဘာညာဘာညာ စာအုပ်တွေ ရှိပေမယ့် ဒါတွေက အပေါ်ယံ ခဏပဲ ကူညီနိုင်မှာပါ။ တကယ့် သက်တောင့် သက်သာနဲ့ ယုံကြည်မှု အပြည့်ရှိ အထာကျကျ နေတတ်အောင်တော့ မကူညီ နိုင်ပါဘူး။ ဆက်စီ ဖြစ်တယ်ဆိုတာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်တဲ့ အ၀တ်အစား ၀တ်တာလို့လည်း တချို့က ထင်ပါတယ်။ ဒီလို အ၀တ်အစားတွေ ၀တ်ပြီးတော့ သရုပ်ဆောင် မင်းသမီးတွေလို ကြွကြွရွရွ နေနိုင်မယ် လို့ထင်ပါသလား။ သူများရဲ့ အမှတ်အသားကို ခိုးလို့ မရပါဘူး။ ဆက်စီဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်က မိန်းမသား ဆန်ဆန် ယုံကြည်မှု ရှိတဲ့အလှကို ပေါ်လွင်အောင် ပြသတာပါ။ ကိုယ့်နဲ့ လိုက်လျော ညီထွေရှိတဲ့ စတိုင်ကို ရွေးတတ် မှလည်း တကယ် ဆက်စီ ကျကျ လှမှာပါ။ တစ်ခုရှိတာက ဆက်စီဆိုတာကို တိတိကျကျ အဓိပ္ပါယ် ဖွင့်ထားတာ မရှိတာပါ။ ဘယ်လို အသက်အရွယ် ကမှ၊ ခန္ဓာကိုယ် အချိုးအစားကမှ၊ အရပ်အမောင်း၊ ဆံပင်အရောင်ကမှ ဆက်စီဖြစ်တယ်လို့ သတ်သတ် မှတ်မှတ် ကိုမရှိတာပါ။ ဒါကြောင့်လည်း ကိုယ့်လိုရာ ဆွဲတွေးပြီး ဆက်စီ ဖြစ်နေကြတာ မဆန်းဘူးပေါ့။

blog တစ်ခုမှာ တွေ့လိုက်ရတဲ့ chubbymommyme ဆိုတဲ့သူလေးရဲ့ ဆက်စီ အပေါ် အမြင်လေးကို သဘောကျ လို့မျှပေးလိုက် ပါတယ်။ "ဆက်စီဆိုတာ အားလုံးရဲ့ အထက်မှာ ရှိတယ်လို့ ခံစားမိတာပါ။ ကြည့်ကောင်းပြီး ကိုယ့်စိတ်က fantastic ဖြစ်မယ် ဆိုရင် ယုံကြည်မှု ရှိလာမှာပါ။ ဆက်စီက ၀ယ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ တကယ် ဆက်စီ ဖြစ်မှ တကယ် ထွက်လာမှာပါ။" "Sexy means feeling like on top of the world. Looking good and feeling just fantastic inside. That's where confidence comes from. You can't buy sexiness. It comes out if you really are sexy." ကဲ.. အားလုံးပဲ Sexy ကျကျ လှပနိုင်ကြပါစေ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။