26 November 2012 |By 8 Days
“နာရီလက်တံ”နဲ့ ပတ်သက်ပြီး လင်းနစ်ရဲ့အမြင်က
“နာရီလက်တံ” မှာ ကျွန်တော် လောဘ နည်းနည်း ကြီးသွား တယ်ထင်တယ်။ အနုပညာနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ထဲမှာ လုပ်ချင် တာတွေကို လောဘကြီးကြီး လုပ် လိုက်မိတယ်လို့ပဲမြင်ပါတယ်။ “နာရီ လက်တံ”ကိုကျွန်တော်ကိုယ်တိုင် လည်းအားမရဘူး။
“နာရီလက်တံ”ပြီးတော့ နောက်ထပ်အနုပညာလှုပ်ရှားမှုက
ကျွန်တော့်သူငယ်ချင်းနေ ငယ်စီစဉ်တဲ့ “မျှော်လင့်ခြင်းဆည်း ဆာ”မှာပါဝင်ထားတယ်။ အဲဒီခွေထဲ မှာ တခြားသူတွေအတွက်ရေးပေး ထားတာပါသလို ကျွန်တော်ကိုယ် တိုင်လည်းတစ်ပုဒ်ဆိုထားတယ်။ ဒီဇင်ဘာမှာ ကဗျာဘွဲ့မှူးရဲ့ ဂီတသက်တမ်း (၁၅) နှစ်ပြည့်ူင်နှ့သတ မှာဆိုဖို့ရှိတယ်။ နောက် ယောကျာ်းလေးငါးယောက်စုပြီး အခွေထုတ်ဖို့စီစဉ်ထားတာရှိတယ်။
“နာရီလက်တံ”ကို “ဒီဇင်ဘာ ည”လာက်မကြိုက်ဘူးလို့ပြောကြတဲ့ အပေါ်မှာရော
စိတ်မကောင်းဘူးပေါ့။ ဒါကသူတို့ဝေဖန်ပိုင်ခွင့်ပါ။ ကျွန် တော်ဘာမှပြောလို့မရဘူး။ ကျွန် တော်တို့က စပြီး ဖန်တီးကတည်းက ဘယ်သူစိတ်ဝင်စားပါစေတော့ ဆိုပြီး ဖန်တီးခဲ့တာမဟုတ်ဘူးလေ။ ကျွန်တော်တို့က အကောင်းဆုံးဖြစ် အောင်ဖန်တီးခဲ့ပြီးပြီ။ ဆုံးဖြတ်တာ က ပရိသတ်အပိုင်းပါ။
လင်းနစ်ကိုတစ်ခါတလေ မှာနိုင်ငံရဲ့အရေးကိစ္စတွေနဲ့ပတ် သက်ပြီး ပါဝင်တာတွေ့ရတယ်နော်။
အဲဒါက ကျွန်တော်က ကိုယ့်မှာလည်း တာဝန်ရှိတယ်လို့ ယူ ဆထားတာကိုး။ ကျွန်တော်ကဒီနိုင် ငံမှာနေတယ်။ နိုင်ငံသား တစ် ယောက်ဖြစ်တဲ့ အတွက် ဒီနိုင်ငံရဲ့ အရေးကိုလုံးဝစိတ်ဝင်စားရပါမယ်။ နိုင်ငံရေးကိုလုံးဝမသိဘူးလို့ပြောတဲ့ သူက မဖြစ်သင့်တဲ့ကိစ္စပါ။ နိုင်ငံရေး က အောက်ခြေလူတန်းစားကနေ သမ္မတအထိအားလုံးနဲ့ပတ်သက်တယ်။
တစ်နိုင်ငံလုံးက မိသားစုတစ်ခုလိုပဲလို့ သတ်မှတ်ထားတဲ့အတွက် အဲဒီချိန် မှာ အကူအညီလာတောင်းတဲ့အဖွဲ့ အစည်းကိုယုံကြည်မှုရှိတဲ့ အဖွဲ့မှာ ပါဝင်ပြီးကူညီတယ်။ ကျွန်တော့်မှာ ပါတီ စွဲ၊ လူမျိုးစွဲမရှိဘူး။ ကျွန်တော် ယုံကြည်ရင်ကူညီတယ်။ ကျွန်တော် မယုံကြည်ရင်ဘာပဲဖြစ်ဖြစ်မကူညီ ဘူး။
အခု မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပြောနေကြတော့ လင်းနစ်ရော ဖြတ်သန်းသင်ယူလာတဲ့ပညာရေး စနစ်ကိုကြိုက်လား။
ကျွန်တော်မကြိုက်ဘူး။ အထူးသဖြင့် သမိုင်းဘာသာရပ်ကို မကြိုက်ဘူး။ ကျွန်တော်တို့ သမိုင်း တွေထဲမှာ သင်သင့်တဲ့သမိုင်း တွေမသင်ခဲ့ရဘူး။ ကမ္ဘာ့သမိုင်းမှာ ဆိုလည်း ဂုဏ်ယူဖွယ်ရာသမိုင်းတွေ မသင်ခဲ့ရဘဲ မလိုအပ်ဘဲနဲ့ စစ်ခေါင်း ဆောင်တွေနဲ့စစ်ပွဲတွေအကြောင်း တွေသင်ခဲ့ရတယ်။ သူရဲကောင်း သူရဲကောင်းလို့ ကျွန်တော်တို့သင်ခဲ့ ရတာ သတ်တာဖြတ်တာတွေချည်း ပဲအဲဒါတွေလုံးဝမကြိုက်ဘူး။ ဥပမာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အကျယ်တဝင့်သင်သင့် တဲ့ငြိမ်းချမ်းရေးခေါင်းဆောင်တွေ အကြောင်းရှိတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သူတွေရှိတယ်။ ဘာကြောင့်ကျော်ကြားတာလဲဆိုတဲ့ အကြောင်းတွေသိရမယ်။
ကျွန် တော်တို့နိုင်ငံမှာ ဆရာဗဟိုပြုခဲ့တဲ့ သင်ကြားရေးပုံစံကိုမကြိုက်ဘူး။ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင် ရာကိုထည့်မတွက်ထားဘူး။ ကျွန် တော်တို့နိုင်ငံမှာ သက်မွေးဝမ်း ကျောင်းပညာဆိုတာ သုံးလေးမျိုး ထက်မပိုဘူး။ ဆရာဝန်၊ အင်ဂျင်နီ ယာ၊ ရှေ့နေလုပ်မလား။ ဒါပဲရှိ တယ်။ တိုင်းပြည်က ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေသုံးမျိုးတည်းနဲ့ တည်ဆောက်ထားတာမဟုတ်ဘူး။
ကျွန်တော်တို့မှာ ငယ်ငယ်ကတည်း က အားကစားနဲ့ပတ်သက်ပြီး ၊ အနု ပညာနဲ့ပတ်သက်ပြီး အခြေခံသင် တန်းတွေမရှိဘူး။ ငယ်ငယ်တုန်းက ကာယအချိန်ဆိုရင် ဆရာမရှိခဲ့ဘူး။ ဖွံ့ဖြိုးရေးအချိန်ဆိုရင်လည်း အနု ပညာနဲ့ပတ်သက်ပြီးဘာမှမသင်ခဲ့ရ ဘူး။ နိုင်ငံတကာမှာတော့ အထက် တန်းကျောင်းသားကနေ တက္ကသိုလ် ပညာရေးထိကာယချိန် ဂီတချိန်တွေ ရှိတယ်။ အဲဒီတော့ တိုင်းပြည်မှာ ပညာရေးနဲ့ပတ်သက်ပြီး ပြင်စရာ ထောင့်တွေအများကြီးရှိပါသေး တယ်။
ကျောင်းသားတိုင်းက ဆရာ ဝန်လုပ်ဖို့ ကျောင်းတက်နေတာ မဟုတ်ဘူး။ လူတိုင်းမှာ သူ့ဗီဇနဲ့သူ ရှိတယ်။ ရှိတဲ့အပေါ်မှာ လမ်း ကြောင်းတွေ အများကြီး ဖွင့်ပေးထား သင့်တယ်။ မိဘတွေ၊ ဆရာတွေကို ပြောချင်တာက ကလေးတွေကိုစာစာဆိုပြီး ဖိမနေကြပါနဲ့။ တကယ် တမ်းတော့ စာကစာပဲ။ အသိပညာ ရဖို့သင်ပေးရမှာ အချိန်နည်းနည်း လေးအတွင်းမှာ ကလေးတွေ အသိပညာရဖို့ သင်ပေးစေချင်တာ ပါ။
ကိုယ်သင်ခဲ့ရတဲ့ပညာသင် ချိန်တွေမှာ မကျေနပ်ဖြစ်နေရတဲ့ အချိန်ကာလတွေ ရှိလား။
အထူးသဖြင့် ကျွန်တော် တက္ကသိုလ်တက်နေတဲ့ အချိန်ကာလ တွေပဲ။ ကျွန်တော်ကျောင်းထွက်ပြီး စန္ဒရားသင်မလို့ပြောတော့ အဖေ က လုံးဝလက်မခံဘူး။ ကျွန်တော် အဲဒီသုံးနှစ်ကို အရမ်းနှမြောတယ်။ အဲဒီသုံးနှစ်မှာ ကျွန်တော်စန္ဒရား သင်ခဲ့ရင် ဒီ့ထက်ပိုပြီး အနုပညာကို ကောင်းကောင်းဖန်တီးနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီသုံးနှစ်မှာကျန်ခဲ့ တဲ့အချိန်နဲ့ ငွေကြေးတွေကို နှမြော တယ်။
မကြာခင်က သာပေါင်း မြို့ကို ကိုယ်တိုင်သွားတဲ့ခံစားမှု
ကျွန်တော်သိပ် မဖွံ့ဖြိုးသေး တဲ့ဒေသတွေကို သွားတဲ့အခါ ကိုယ့် ကိုယ်ကိုယ်နောင်တရတယ်။ ကျွန် တော်တို့ ဒီ့ထက်ပိုပြီးအောင်မြင် အောင်လုပ် ခဲ့သင့်တယ်။ ကျွန်တော် ကအောင်မြင်မှုကိုမမက်မောဘူးဆို ပြီး တချို့သီချင်းတွေ ဒီအတိုင်း လုပ်ခဲ့တယ်။ အောင်မြင်မှုရှိတဲ့သူ တစ်ယောက် ပရဟိတတွေလုပ်တဲ့ အခါ သူများတွေထက်ပိုပြီး ထိရောက်ပါလားလို့သိရတဲ့အချိန်မှာ နောင်တရတယ်။ ကျွန်တော် ဒီ့ထက် ပိုပြီးအောင်မြင်ခဲ့ရင် သူတို့ကိုပိုပြီး လုပ်ပေးနိုင်မှာပဲ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။