ပေါ့ပ်စူပါစတား တွေဖြစ်တဲ့ ဂျပ်စတင်ဘီဘာနဲ့ တေလာဆွစ်ဖ်တို့ဟာ အောက်တိုဘာလ ၁၁
ရက်နေ့က ကျင်းပခဲ့တဲ့ (၁၉)ကြိမ်မြောက် အမ်တီဗီ ဥရောပဂီတဆုပေးပွဲ (EMA)မှာ ဆုတွေ
အများကြီး ရရှိခဲ့ပြီး အခမ်းအနားမှာ ထင်ပေါ်ခဲ့ပေမယ့် ဂီတပညာရှင်တိုင်း မက်မောကြတဲ့
အကောင်းဆုံးဗီဒီယို ဆုကိုတော့ အင်တာနက်မှာ အရမ်းကိုနာမည်ကြီး နေတဲ့ တောင်
ကိုရီးယား အဆိုတော် PSY က သိမ်းပိုက်သွားပါတယ်။
ဖြစ်ပြီး နှုတ်ခမ်းနီမလေး တွေအသည်းစွဲ ဘီဘာဟာ အကောင်းဆုံးအမျိုးသားအဆိုရှင်ဆုကို
သုံးနှစ် ဆက်တိုက်ရရှိတာကြောင့်၊အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါပြီ။
(၁၈ နှစ်) ဟာ အကောင်းဆုံးပေါ့ပ်တေးဂီတဆုနဲ့ ကမ္ဘာ့ အကောင်းဆုံး စင်မြင့်ဖျော်ဖြေမှုဆု
တွေကိုလည်း ရရှိခဲ့ပါတယ်။
လိုက်ဖ် အခွေဆုနဲ့ ရုပ်ရည်ကြည့်အကောင်းဆုံးဆုတွေကို ပါ ရရှိခဲ့ပါတယ်။
တယ်"လို့ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ မိန်းမချောလေး တေလာဆွစ်ဖ်က ပြောကြားခဲ့ပါတယ်။
Ever Getting Back Together" သီချင်းကို ဖျော်ဖြေလို့ အခမ်းအနားကို အဆုံးသတ်ပေးခဲ့
ပါတယ်။
"ဒါက ကျွန်မတို့ရဲ့ပထမဦးဆုံး ဥရောပခရီးစဉ် ဖျော်ဖြေပွဲပါ။ နောက်ထပ် လာချင်အောင် အံ့အား
သင့်စရာအဖြစ်အပျက်တွေ ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"လို့လည်း
ဆွစ်ဖ် က ပြောကြားခဲ့ပါတယ်။
"Gangnam Style" ဆိုတဲ့ ဆင်ဂဲလ်အခွေကို့ YouTube မှာ ကြည့်ရှုသူသန်း ၇၀၀ ကျော်
ရရှိခဲ့ပြီး ကကွက်တွေဟာလည်း မရေမတွက်နိုင်အောင် ကူးယူခံခဲ့ရတဲ့ PSY ဟာ သူရခဲ့တဲ့
ဆုအတွက် သူ့ဇနီးကို အမွှမ်းတင်ပြီး ကျေးဇူးတင်စကား ပြော ကြားခဲ့ပါတယ်။
"တစ်ကိုယ်ကောင်းဆန်တဲ့ အလုပ်တစ်ခုအတွက်နဲ့ပဲ၊ တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ ကျွန်တော့
ကို သည်းခံပေးခဲ့တဲ့ ကျွန်တော့မိသားစုဝင်တွေအားလုံး ကို ကျေးဇူးတင်ပါတယ်" လို့ ၃၄ နှစ်
ရှိပြီဖြစ်တဲ့ PSY က အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။
တရုတ်အဆိုတော် Han Geng ကတော့ ရီဟာနားထက် သာသွားပြီး ကမ္ဘာ့အကောင်းဆုံး
အနုပညာရှင်ဆုကို ရရှိသွားပါတယ်။ EMA ကနေ ဒီဆုကို ချီးမြှင့်တာ ဒီနှစ်အပါအ၀င် နှစ်ကြိမ်
ပဲ ရှိသေးတာပါ။
ရီဟာနားဟာ ဆုခြောက်ဆုအတွက် လျာထားခံ ထားရပေမယ့် နောက်ဆုံးမှာ တစ်ဆုမှမချိတ်
ဘဲ လက်ဗလာနဲ့ အိမ်ပြန်သွားခဲ့ရပါတယ်။ သူ့လိုပဲ လေဒီဂါဂါလည်းပဲ ဆုသုံးဆုလောက်
လျာထား ခံရပြီး တစ်ဆုမှ မရရှိခဲ့ပါဘူး။ အကောင်းဆုံး မျက်နှာသစ်ဆုကိုတော့ လူငယ်အဖွဲ့
ဖြစ်တဲ့One Direction က ဆွတ်ခူးသွားပါတယ်။
Best Alternative Act ဆုကိုတော့ Del Ray က ရရှိသွားပြီး နစ်ကီမစ်နိုက်ကတော့
အကောင်း ဆုံးဟစ်ပ်ဟော့ဆုကို ရရှိသွားပါတယ်။ အကောင်း ဆုံးသီချင်းဆုကိုတော့ Call Me
Maybe သီချင်းနဲ့ Carly Rae Jepsen က ရရှိသွားပါတယ်။
"ကျွန်မ အခုပြောနိုင်တာကတော့ ဒီဆုရလိမ့် မယ်လို့ ထင်မထားတာပါပဲ" လို့ ဆုရုပ်တုကို
မြှောက်ပြီး Jepsen ပြောကြားခဲ့ပါတယ်။ သူ့ရဲ့သီချင်းကို အွန်လိုင်းပေါ်မှာ ကြေညာပေး
ခဲ့ပြီး အလားအလာကောင်းလာအောင် ကူညီပေး ခဲ့တဲ့ ဘီဘာကိုလည်း Jepsen (၂၆ နှစ်)
က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသေးတယ်။
အခမ်းအနားမှာ ဆုပေါင်း ၁၃ ဆုချီးမြှင့်ခဲ့ပြီး အမေရိကန် soul ဂီတအဆိုတော် Alicia Keys
ကတော့ သွားလေသူ အမေရိကန်အဆိုတော် ဟူစတန်အတွက် ချီးကျူးဂုဏ်ပြုပွဲကို ဦးဆောင်
ခဲ့ပါတယ်။
မေလထဲမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ Beastie Boy Adam Yauch အတွက်
လည်း အမှတ်တရ ဂုဏ်ပြုပေးခဲ့ ကြပါသေးတယ်။ ပွဲအဖွင့်ကို ဗြိတိန် မျက်နှာသစ် အနုပညာရှင်
Rita Ora က သူ့ရဲ့ ပေါက်သီချင်း R.I.Pနဲ့ ဖျော်ဖြေခဲ့ပြီး No Doube၊ Jepsen၊ Keys နဲ့
လာ့စ်ဗေးဂတ်စ်ရော့ခ်ကာတွေဖြစ်တဲ့ The Killers အဖွဲ့သားတွေလည်း ပါဝင်ဖျော်ဖြေပေးခဲ့
ကြ ပါတယ်။
အမ်တီဗီဥရောပဆုပေးပွဲကို ဥရောပက မြို့တစ်မြို့စီမှာ နှစ်စဉ် အလှည့်ကျကျင်းပပေးတာ
ဖြစ် ပါတယ်။ ၂၀၁၁ ခုနှစ်အမ်တီဗီပွဲကို Belfast မြို့ မှာ ကျင်းပခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ပွဲကို
တော့ Madrid မှာ ကျင်းပခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တုန်း ကတော့ ဘာလင်မှာ ကျင်းပခဲ့
တာပါ။ (အေအက်ဖ်ပီ)
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။