Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 15, 2012

ဟောလိဝုဒ်အနုပညာရှင်တွေရဲ့ အသည်းကျော် အိုဘားမား


အမေရိကန်သမ္မတကြီး အိုဘားမားကို ဘီယွန်းစေ-ဂျေဇီးတို့မောင်နှံနဲ့ ရင်းရင်းနှီးနှီး တွေ့ရစဉ်။
နာမည်ကျော် အနုပညာရှင်တွေရဲ့ အားပေးထောက်ခံမှုနဲ့ ငွေကြေးအကူ အညီတွေ အများ
အပြားရရှိခဲ့တဲ့ သမ္မတ ဘာရက်အိုဘားမားတစ်ယောက် ဒီနှစ်ရွေးကောက်ပွဲမှာ ထပ်မံ
ရွေးကောက် တင် မြှောက်ခံရတဲ့အတွက် ဟောလိဝုဒ်နဲ့ ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်က
သူတွေဟာ သမ္မတကို ဂုဏ်ပြုစကားတွေ ဆိုခဲ့ ကြပါတယ်။

လက်ရှိသမ္မတနဲ့ ရီပတ်ဘလီကန် အမတ်လောင်း မစ်ရွမ်နေတို့ အကြိတ် အနယ်ယှဉ်ပြိုင်
ကြပြီးတဲ့နောက် သမ္မတ အဖြစ် ထပ်မံအရွေးခံရတဲ့ အိုဘားမားကို ရွေးကောက်ပွဲအပြီး
နောက်တစ်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းမှာ နာမည်ကျော်အမေရိကန်
အနုပညာရှင် တွေဟာ၊တွစ်တာပေါ်မှာ၊ဂုဏ်ပြုစကား တွေ၊ အလုံးအရင်းနဲ့၊ရေးတင်
ခဲ့ပါတယ်။

"ကျွန်တော်တို့ လာခဲ့တဲ့လမ်းကြောင်းအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒါပေမယ့်
ကျွန်တော်တို့ ဆက်သွားနေတဲ့ လမ်းကြောင်းအတွက် ပိုပြီးဂုဏ်ယူမိပါ တယ်"လို့
အိုဘားမားကို ထောက်ခံတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ အဆိုတော်နဲ့
ထုတ်လုပ်သူ Will.i.am တွစ်တာမှာ ရေးတင်ထားပါတယ်။

"နယ်လှည့်ပြီး ကြိုးကြိုးစားစား မဲဆွယ်ခဲ့ရကျိုးနပ်ပါတယ်။ အခုတော့ ပိုပြီး ကြိုးစားရမယ့်
အချိန်ရောက်ပြီ" လို့ လည်း သူက ရေးထားပါသေးတယ်။

ရန်ပုံငွေပွဲတစ်ခုမှာ တီးတိုးစကားဆိုနေကြတဲ့ မင်းသား ဂျော့ကလူးနီနဲ့ သမ္မတကြီး။
ပေါ့ပ်အဆိုတော် လေဒီဂါဂါကလည်း "၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူပါတယ် သမ္မတကြီး။
ဒီကနေ့ အမေရိကန်နိုင်ငံ ကြီးအတွက် ကျွန်မတို့ ဂုဏ်ယူနေပါ တယ်"လို့ ရေးတင်
ထားပါတယ်။
အိုဘားမားဟာ အရင်ကတည်းက ဟောလိဝုဒ်မှာ မိတ်ဆွေတွေ ရှိတဲ့သူပါ။ မေလထဲမှာ
မင်းသားကြီး ဂျော့ကလူနီရဲ့ ဟောလိဝုဒ်တောင်ကုန်းပေါ်က နေအိမ် မှာကျင်းပတဲ့ ရန်ပုံငွေ
ရှာဖွေရေးပါတီပွဲ ကို တက်ရောက်ခဲ့တာအပါအ၀င် အနု ပညာသမားတွေ ကျက်စားတဲ့
ဟောလိဝုဒ်ကို အိုဘားမားဟာ မဲဆွယ်စည်းရုံး ရေးကာလအတွင်းမှာ မကြာခဏ ရောက်ဖြစ်
ခဲ့ပါတယ်။
သမ္မတသက်တမ်းတိုးရွေးကောက်ပွဲ အတွက် Dream Works Animation ရဲ့ ဥက္ကဋ္ဌ Jeffrey
Katzenberg စီစဉ် ပြီး "Starmageddon" လို့အမည်ပေး ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲဟာဆိုရင်
ဒေါ်လာ ၁၅ သန်း လောက်ရခဲ့တာပါ။
အဲဒီပွဲကို တက်ရောက်ခဲ့သူတွေထဲမှာBarbra Streisnad၊ ရောဘတ်ဒေါင်းနင်းဂျူနီယာ၊
ဂျက်ဘလက်နဲ့ ဘစ်လီခရစ္စတယ်လ် တို့လည်း ပါဝင်ပါတယ်။
အောက်တိုဘာလထဲမှာလည်း စတိဖ်ဝမ်းဒါး၊ ကေတီပယ်ရီနဲ့ Earth,Wing & Fire ဆိုတဲ့
ဂီတအဖွဲ့က ကြီးမှူးကျင်းပတဲ့ ရန်ပုံငွေပွဲမှာလည်း လူ၊၆,၀၀၀၊လောက်ဟာ တစ်ဦးကို
အနည်းဆုံးဒေါ်လာ ၂၅၀ လောက် ထည့်ဝင်ခဲ့ကြပါတယ်။
အိုဘားမားအတွက် ၀မ်းမြောက်ပျော် ရွှင်သူတွေထဲမှာ "Pulp Fiction" ဇာတ်ကားမှ
မင်းသားဖြစ်တဲ့ Samuel L. Jackson လည်း ပါဝင်ပါတယ်။

 "Obama"စာလုံးထွင်းထားတဲ့ နားကွင်းနဲ့ ဘီးယွန်းစေး။ ဓာတ်ပုံ - အင်တာနက်
သူက "ရွေးကောက်ပွဲရလဒ်ကို အတိ အကျ မသိသေးခင်အထိတော့ ရင်တမ မ နဲ့ဖြစ်နေရ
ပါတယ်။ သမ္မတကြီးကို ဆက် အားပေးနေတဲ့သူ၊ သမ္မတကြီးအပေါ် ဆက်ပြီး ယုံကြည်မှုရှိတဲ့
သူနဲ့ ထောက်ခံ အားပေးသူအားလုံးအတွက် ၀မ်းမြောက် ကြောင်း ပြောကြားလိုပါတယ်"
လို့ တွစ်တာမှာ ရေးတင်ထားပါတယ်။

လူမည်းနိုင်ငံရေးသမားလည်းဖြစ်၊ ရုပ်ရှင်မင်းသမီးလည်းဖြစ်တဲ့ ၀ူပီဂိုးလ်ဘာ့ဂ်ကလည်း
"ကျွန်မ အရမ်းကို ပျော်ပါ တယ်။ အခု အိုဘားမား အနိုင်ရသွား ပါပြီ။ ဒီအနိုင်ရရှိမှုက လူမျိုး
ရေးဝါဒီ တွေနဲ့ ခါးခါးသီးသီးဖြစ်နေတဲ့လူစုတွေ ကိုယ့်ရဲ့ မကောင်းတဲ့အတွေးအခေါ်
တွေကို ပိုက်ပြီး ပျောက်ကွယ်သွားစေမှာ ပါ"လို့ တွစ်တာမှာ ရေးထားပါတယ်။

ရီဟာနားကလည်း "ကျွန်မတို့ရဲ့ သမ္မတကြီးအတွက် အောင်ပွဲခံကြစို့"လို့ ၀မ်းသာအားရ
ရေးသားထားပါတယ်။

ဂရမ်မီဆုရ အဆိုတော် John Legend ကတော့ ၀မ်းသာကြောင်းကို ပြုံးနေတဲ့သင်္ကေတ
ပုံလေး နဲ့ ရိုးရိုးလေး တွစ်လုပ်ထားပါတယ်။ (အေအက်ဖ်ပီ)
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
http://www.myanmar.mmtimes.com/index.php/timeout/2166-2012-11-14-11-00-08.html?limitstart=0

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။