Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 15, 2012

ကမ္ဘာ့အစိုးရများက ဂူဂဲလ်ထံ မေတ္တာရပ်ခံနှုန်းများ သိသိသာသာ မြင့်တက်လာ


ဝက်ဘ်ဆိုက်များ ဖြုတ်ချပေးဖို့၊ ရေးသားသူများ၏ ကိုယ်ရေးအချက် အလက်များ ထုတ်ပြန်ပေးဖို့ ကမ္ဘာ့အစိုးရများက ဂူဂဲလ်ထံ မေတ္တာရပ်ခံနှုန်းများ သိသိသာသာ မြင့်တက်လာကမ္ဘာတစ်ဝန်းမှ အစိုးရများသည် ၎င်းတို့ မနှစ်သက်သည့် အချက်အလက်များပါရှိသော ၀က်ဘ်ဆိုက်များကို ဂူဂဲလ်က ရှာဖွေဖော်ပြခြင်း မပြုဘဲ ဖြုတ်ချပေးရန်၊ အစိုးရများ မနှစ်သက်သော ၀က်ဘ်ဆိုက်များ ကို ရေးသားသူများ၏ ကိုယ်ရေးအချက် အလက်များကို ဂူဂဲလ်က သက်ဆိုင်ရာ အစိုးရများအား ထုတ်ပေးရန်ဟူ၍ ဂူဂဲလ်ကို ကမ္ဘာတစ်ဝန်း အစိုးရများက အကြောင်းကြားမှု၊ မေတ္တာရပ်ခံမှု၊ အကျပ်ကိုင်ခဲ့ မှုပေါင်းသည် ၂၀၁၂ ပထမခြောက်လအတွင်း အကြိမ်ပေါင်း ၂၁၀၀၀ နီးပါးထိရှိခဲ့ကြောင်း သိရသည်။ တစ်ရက်လျှင် ပျမ်းမျှ ၁၁၅ ကြိမ်နီးပါး ဖြစ်သည်။

                                                           


ဂူဂဲလ်သည် ပွင့်လင်းမြင်သာ အစီရင်ခံစာ (Transparency Report) ကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိရာ ၂၀၁၂ ပထမခြောက်လ ကြိမ်နှုန်းစာရင်းများအရ ကမ္ဘာတစ်ဝန်း အစိုးရများ၏ အွန်လိုင်းမီဒီယာများ အပေါ် စောင့်ကြည့် စစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများသည် သိသိသာသာကို ရှိန်နှုန်းမြင့် လာနေပြီ ဖြစ်ကြောင်း တွေ့ရသည်။

အွန်လိုင်းတွင် ရေးသားဖော်ပြထားသော အချက်အလက်များ၏ မူရင်း ပိုင်ရှင်များနှင့် ဆိုင်သော ကိုယ်ရေးအချက်အလက်များ တောင်းခံမှုတွင် အမေရိကန်အစိုးရက ၇၉၆၉ ကြိမ်ဖြင့် ကြိမ်နှုန်း အများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ ဂူဂဲလ်က ရှာဖွေပေးနေသည့် ၀က်ဘ်ဆိုက်များထဲတွင် မည်သည့် ၀က်ဘ်ဆိုက်များကို ရှာဖွေ ဖော်ပြ ပေးခြင်းမပြုပါနှင့်ဟု မေတ္တာရပ်ခံမှုတွင်မူ တူရကီအစိုးရက ထိပ်ဆုံးတွင်ရှိ ကြောင်းလည်း သိရသည်။

ဂူဂဲလ်သည် ထိုသို့ ကမ္ဘာတစ်ဝန်း အစိုးရများ၊ တရားရုံးများက တောင်းခံသည့် ကြိမ်နှုန်းများကို ၂၀၀၉ ခုနှစ်မှစ၍ ခြောက်လတစ်ကြိမ် စုစည်းပြီး ပွင့်လင်းမြင်သာ အစီရင်ခံစာအဖြစ် ထုတ်ပြန်ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ် ပထမခြောက်လ ဦးဆုံး အစီရင်ခံစာတွင် ထိုသို့ မေတ္တာရပ်ခံမှုပေါင်း ၁၂၅၃၉ မှု ရှိခဲ့ပြီး ၂၀၁၂ ပထမ ခြောက်လတွင် ၂၀၉၃၉ မှုထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ခြောက်လတစ်ကြိမ် ထုတ်ပြန်တိုင်း ဂူဂဲလ်က ရှာဖွေပေးနေတဲ့ တစ်ချို့ သတင်းအချက်အလက်တွေ မရှာပေးဖို့၊ သက်ဆိုင်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ထုတ်ပေးဖို့ မေတ္တာရပ်ခံမှုတွေက ကြိမ်နှုန်း တက်သထက် တက်လာနေတာကို ကြည့်ခြင်းဖြင့် ကမ္ဘာအရပ်ရပ် အစိုးရများသည် အွန်လိုင်းစောင့်ကြည့် စစ်ဆေးမှုများ ပိုမိုထိထိ ရောက်ရောက် ပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဂူဂဲလ်က ပြောသည်။

အင်တာနက်ပေါ်မှ အချို့သော အချက်အလက်များကို ရှာဖွေဖော်ပြပေးခြင်း မပြုရန် အစိုးရများ မေတ္တာရပ်ခံကြသည့် အဓိကအကြောင်းရင်း သုံးရပ်မှာ အသရေ ဖျက်မှု၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ထိပါးမှု၊ လုံခြုံရေး စိုးရိမ်ရမှုတို့ ဖြစ်ကြောင်းလည်း သိရသည်။ အခြားသော အချက်များတွင် လိင်ဆိုင်ရာ ညစ်ညမ်းမှု၊ လူမျိုးရေး အမုန်းပွားစေသော စကားလုံးများ ပါဝင်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှု တို့ဖြစ်ကြောင်းလည်း သိရသည်။

ရှာဖွေဖော်ပြပေးနေခြင်းကို ရပ်ဆိုင်းသင့် မရပ်ဆိုင်းသင့်ကို ဂူဂဲလ်သည် အခြေခံအချက်သုံးချက်ဖြင့် ဆုံးဖြတ်ကြောင်း သိရသည်။ အစိုးရများ၏ မေတ္တာရပ်ခံမှုတွင် ခိုင်လုံသော အထောက်အထား ပြည့်ပြည့်စုံစုံ ပါဝင်ရမည်၊ တိကျသေချာသော ၀က်ဘ်ဆိုက်ကို ညွှန်ပြနိုင်ရမည်၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိ သူများက မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း အထောက်အထား ခိုင်လုံရမည်ဟူ၍ ဖြစ်သည်။

အချို့အချက်အလက်များ ရှာဖွေဖော်ပြပေးခြင်း မပြုရန် ကမ္ဘာ့အစိုးရများ
မေတ္တာရပ်ခံမှု ကြိမ်နှုန်း
(၂၀၁၂ ပထမခြောက်လအတွင်း စာရင်းဖြစ်သည်)
- တူရကီ ( ၅၀၁ ကြိမ် )
- အမေရိကန် ( ၂၇၃ ကြိမ် )
- ဂျာမနီ ( ၂၄၇ ကြိမ် )
- ဘရာဇီး ( ၁၉၁ ကြိမ် )
- ဗြိတိန် ( ၉၇ ကြိမ် )

အချက်အလက် ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ
တောင်းခံသည့် ကြိမ်နှုန်း
- အမေရိကန် ( ၇၉၆၉ ကြိမ် )
- အိန္ဒိယ ( ၂၃၁၉ ကြိမ် )
- ဘရာဇီး ( ၁၅၆၆ ကြိမ် )
- ပြင်သစ် ( ၁၅၄၆ ကြိမ် )
- ဂျာမနီ ( ၁၅၃၃ ကြိမ် )
- ဗြိတိန် ( ၁၄၂၅ ကြိမ် )

Source: BBC
Messenger News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။