12 November 2012 |By Good Health
ဝက်မင်စတာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်တွေက ကြောက်စရာ ကောင်းတဲ့ ရုပ်ရှင် ကားတွေကို ကြည့်တာဟာ ကယ်လိုရီတွေ လောင်ကျွမ်းနိုင် ကြောင်း တွေ့ရှိခဲ့ ပါတယ်။ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကားတွေကို ကြည့်တာကြောင့် နှလုံးခုန်နှုန်း တွေ မြန်ဆန် လာပြီး ဆိုဖာထိုင်ခုံပေါ်မှာ တီဗီကြည့် နေစဉ်အတွင်း နာရီဝက်လမ်းလျှောက်သလိုမျိုး ကယ်လိုရီ လောင်ကျွမ်း နိုင်တယ်လို့ သိရပါတယ်။
ပျမ်းမျှအားဖြင့် နာရီဝက်စာ ရုပ်ရှင်ကြည့်တာဟာ နာရီဝက်လမ်းလျှောက်သလိုမျိုး ၁၁၃ ကယ်လိုရီ လောင်ကျွမ်းနိုင်ပါတယ်။ ဒီကယ်လိုရီဟာ ချောက လက်ဘားတစ်ချောင်းမှာပါဝင်တဲ့ ကယ်လိုရီနဲ့ ညီမျှပါတယ်။ စတီဗင်စပီးဘက် ရိုက်ကူးတဲ့Jaws ရုပ်ရှင်ကားလိုမျိုးကြည့်ရင် ၁၆၁ ကယ်လိုရီထိ လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။
ကြောက်စရာ ကောင်းတာကြောင့် ခန္ဓာကိုယ်မှ အဒရီနယ်လင် ဟော်မုန်းတွေဟာ စိတ်ဖိစီးမှုများရင် ထွက်လာ သလိုမျိုး အများကြီးထွက်လာတာကြောင့် အစာစား ချင်စိတ် လျော့နည်းတာနဲ့ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်နှုန်း မြင့်မားလာတာဖြစ်တဲ့အတွက် ကယ်လိုရီတွေများ စွာလောင်ကျွမ်းနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ရှင်းပြပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။