12 November 2012 |By 8 Days
လူတိုင်းစိတ်ဝင်စားကြတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေထဲမှာ ကားတစ်စီး လည်း ပါလိမ့်မယ်လို့ ထင်ပါတယ်။ မဝယ်နိုင်သည့်တိုင် အောင် လမ်းပေါ်မှာ ကားလှလှ လေးတွေတွေ့တဲ့အခါ စိတ်ဝင်တစားနဲ့ ငေးမောကြည့်ရှုမိ တာကတော့ အမှန်ပါပဲ။ အဲဒီ့လိုပဲ Celebrity တွေကရော ကားနဲ့ပတ်သက်ပြီး ဘယ်လို စိတ်ဝင်စား မှုတွေရှိတယ် ဆိုတာ Celebrity & Car ဆိုတဲ့ ကဏ္ဍလေးကနေ တင်ဆက် လိုက်ပါတယ်....
Q. လက်ရှိစီးနေတဲ့ကား..
A.လက်ရှိစီးနေတဲ့ကားက Majisa ။ တခြားကားလည်းစီးဖြစ် တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် မောင်းတဲ့အခါကျရင်တော့ ပေါ့ပေါ့ ပါးပါးကားမောင်းဖြစ်တယ်။ ဘာ ကြောင့်လဲဆိုတော့ သက်သခင်က ကားပါကင်ထိုးတာသိပ်မကျွမ်းဘူး။ ကိုယ့်ဘာသာကိုယ်မောင်းရင် ကား သေးသေးလေးတွေပဲ မောင်းဖြစ် တယ်။ ပါကင်ထိုးရတာလွယ်လို့။
Q. ကိုယ်တိုင်မောင်းရတာ ကြိုက်လား။
A. ကိုယ်တိုင်မောင်းရတာ ကြိုက်တယ်။ သူများမောင်းတဲ့ကား မစီးတတ်ဘူး။ ကိုယ်တိုင်မောင်းတဲ့ အခါကျတော့ လိုရာမြန်မြန်ရောက် တယ်။ သူများမောင်းရင် ကြာတယ် လို့ထင်တယ်။
Q. ကားတစ်စီးဝယ်ရင် ဘယ် အစိတ်အပိုင်းကြည့်ဝယ်လဲ။
A. သက်သခင်အိမ်မှာက ကိုယ့်စိတ်ကြိုက်ဝယ်ပိုင်ခွင့်မရှိဘူး။ အိမ်ကဝယ်ပေးတာပဲစီးရတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ဝယ်ရမယ် ဆို ပြိုင်ကားဝယ်ဖြစ်မှာသေချာ တယ်။
Q. ဘယ်လိုသူတွေရဲ့ကားကို ကြိုက်လဲ။
A. ဘယ်လိုသူတွေရဲ့ကားဆို တာထက် သက်သခင်က ပြိုင်ကား Crazy ဆိုတော့ ပြိုင်ကားကြိုက် တယ်။
Q. ကားမှာ Accessories တွေထားရတာ ကြိုက်လား။ A. ကြိုက်တယ်။ သက်သခင် က Pooh ရုပ်ကလေးတွေကြိုက် တော့ Pooh့ ရုပ်ကလေးတွေချိတ် ထားတယ်။ Q. ကားရောပြင်တတ်လား။
A. မပြင်တတ်တာတော့သေ ချာတယ်။ ပျက်သွားရင် အိမ်ကိုဖုန်း ဆက်ပြီး အကြောင်းကြားရမှာပေါ့။
Q. ကိုယ်ကြိုက်တဲ့ပြိုင်ကား ကြီးစီးပြီး ဘယ်သွားချင်လဲ။
A. ပြိုင်ကားက မိသားစုနဲ့စီး လို့မရဘူး။ တစ်ယောက်တည်းပဲစီး လို့ရတဲ့အတွက် တစ်ခါတလေ တစ် ယောက်တည်းအမိုးဖွင့်ပြီး မောင်း ချင်တယ်။
Q. ကားမောင်းတဲ့သူတွေကို ရော ဘယ်လို အကြံပေးစကားပြောချင်လဲ။
A. ကားတွေကအရမ်းများ လာတယ်ဆိုတော့ အားလုံးသတိ ထားပြီး မောင်းစေချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။