21 November 2012 |By Good Health
ခန္ဓာကိုယ် သန့်ရှင်းစင်ကြယ် ခြင်းရဲ့ ရလဒ်ကောင်းတွေ များစွာရှိပါတယ်။ ကြည်လင်နေတဲ့
သင့်စိတ်ကြောင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပါပိုင်ဆိုင်နိုင်မှာပါ။
သကြားလျှော့စားပါ
သကြားအများကြီးစားတာက သင့်ခန္ဓာကိုယ်အတွက် ဆီးချိုသွေးချိုဖြစ်စေကာ ခန္ဓာကိုယ် အလေးချိန်ကိုလည်းတိုး စေပါတယ်။ ကလေးဘဝကတည်းက သကြားအစားများ တဲ့သူတွေဟာ ဖော်ပြပါ ရောဂါတွေဖြစ်ဖို့ ရာခိုင်နှုန်း များပါတယ်။ အသင့်သောက်နိုင်တဲ့ အချိုရည်တွေမှာ သကြားပါဝင်မှု များတတ်တာကြောင့် သကြားထပ်ထည့်ပြီး သောက်တာမျိုးကို ရှောင်ပါ။
နံနက်ချိန်မှာ ရေတစ်ခွက်ဖြင့် စတင်ပါ
မနက်အိပ်ရာကနိုးချိန်မှာ ရေတစ် ခွက်ထဲကို သံပရာသီးတစ်ဝက်လောက် ညှစ်ထည့်လိုက်ပြီး သောက်ပေးတာ ကြောင့် တစ်နေ့တာလုံး လန်းဆန်းစေတဲ့ အပြင် အစာခြေစနစ်ကိုလည်း အ ထောက်အကူပြုပါတယ်။
လက်ဖက်ရည်ပုံမှန်သောက်ပါ
အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝတဲ့ လက်ဖက်ရည်ကို ပုံမှန်သောက်ပေးပါ။ လက်ဖက်ရည်မှာ ကဖင်းဓာတ် ပါဝင်ပေမယ့် ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ မတူတာကြောင့် ကဖင်းနဲ့ မတည့်တဲ့သူတွေ အနေနဲ့လည်း လက်ဖက်ရည်ကို သောက် ပေးနိုင်ပါတယ်။
ဩဂဲနစ်ကို စားပါ
သဘာဝနည်းပညာနဲ့ စိုက်ပျိုးထား တဲ့ အသီးအနှံတွေကို စားသုံးပေးတာ ကြောင့် သင့်ခန္ဓာကိုယ်တွင်း အဆိပ်အ တောက်ကင်းကာ အကျိုးပြုအာနိသင် တွေကိုလည်း ရရှိစေနိုင်ပါတယ်။ အစေ့ အဆန်တွေကိုလည်း ပုံမှန်စားပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်း ပုံမှန်လုပ်တာကြောင့် သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ ချွေးထွက်တဲ့လေ့ကျင့်ခန်းကို ပြု လုပ်ပေးတာကြောင့် ကယ်လိုရီလောင် ကျွမ်းစေတာက သင့်အတွက် အကျိုးရ လဒ်ကောင်းပါ။
ရေနွေးငွေ့ဖြင့် ချွေးထုတ်နည်းသုံးပါ
ရေနွေးငွေ့သုံးပြီး ချွေးထုတ်တဲ့နည်း လမ်းဟာ သင့်ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကိုပါ ထွက်စေပြီး ကိုယ် ဝန်ဆောင်တွေအနေနဲ့ ကလေးမွေးဖွား ပြီးလို့ ၄၂ ရက်အအကြာမှာ ရေနွေးငွေ့ နဲ့ချွေးထုတ်တဲ့ ပြုလုပ်နည်းကို အသုံးပြု ပေးတာကြောင့် စိတ်ကိုကြည်လင်ပေါ့ပါး သွားစေပါတယ်။
ကြေးချွတ်သန့်စင်ပါ
ဆီ၊ သကြားနဲ့ ဆားကို အသုံးပြုပြီး ကြေးချွတ်သန့်စင်ကာ နှိပ်နယ်ပေးတာ ကြောင့် သင့်အရေပြားပေါ်က ဆဲလ်သေ တွေကို သေစေရုံသာမကဘဲ ချွေးပေါက် တွေကို ပွင့်စေကာ ဘက်တီးရီးယားပိုးဝင် တာကိုလည်း ကာကွယ်ပေးနိုင်ပါ တယ်။
Tips
- အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ တွေစားပါ။
- နို့နဲ့ လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ။
- ဗီတာမင်စီမှီဝဲပါ။
- အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပြီး ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ရရှိပါစေ။
- အပြုသဘောဆောင်တဲ့ အတွေးအaခ်ါရှိစေပြီး ဖိစီးမှုကို ပြေပျောက်ပါစေ။
- ရေနွေးနွေးနဲ့ ငါးမိနစ်လောက် စိမ်ချိုးပါ။
- ခြေထောက်ကို ဘရပ်ရှ်နဲ့ ပွတ်တိုက် သန့်စင်ပေးပြီး နှိပ်နယ်ပေးပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။