Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 5, 2012

တစ်ကမ္ဘာလုံး စိတ်ဝင်စားတဲ့ ၂ဝ၁၂ အမေရိကန် သမ္မတရွေးကောက်ပွဲ


စစ်အေးကာလက ယန်းကီးများဟု နာမည်ပြောင် ပေးခံခဲ့ရသော လူများနေထိုင် ရာ၊ နယ်မြေသစ်
ရှာဖွေသူများနှင့် ရွှေ့ပြောင်း နေထိုင်သူများ မှီတင်း နေထိုင်ရာ၊ ကမ္ဘာပေါ်ရှိ လူအတော်များများ ရောက်ချင်၊ လည်ပတ်ချင်၊ ပညာသင်ချင်၊ နေထိုင်ချင်စရာ နေရာတစ်ခုဖြစ်သည့် အမေရိကသို့ အကြောင်း အားလျော်စွာ ကျွန်တော် ဒုတိယ အကြိမ်ရောက်ရပေပြီ။ ပထမအကြိမ်က သတင်းစာ ပညာဆိုင်ရာ ဖဲလိုးရှစ် သင်တန်း တက်ရန် ပညာသင်ရန် ရောက်ရှိခဲ့ခြင်း။ သည်တစ်ကြိမ်က ပထမအကြိမ်နှင့်မတူ။ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစား စောင့်ကြည့်သိချင် နေကြသည့် အမေရိကန် သမ္မတရွေးကောက်ပွဲ သတင်းကို စုံစမ်းမေးမြန်း ရေးသားဖော်ပြရန်။ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် နိုင်ငံတကာ သတင်းစာ ဆရာများ စင်တာ ICFJ က အမေရိကန် သံရုံးမှတစ်ဆင့် စီစဉ်ပေးသည်။ ထိုအစီအစဉ် အရ ကမ္ဘာ တစ်ဝန်း လုံးရှိ နိုင်ငံပေါင်း ၄ဝ ကျော်မှ သတင်းစာဆရာ လေးဆယ့်ရှစ်ယောက် တစ်နေရာတည်း တွင် ဆုံမိကြသည်။ ဆိုတော့ တစ်ကြိမ်နှင့် တစ်ကြိမ်မတူ။ တူသည်က သတင်းပညာရပ် ဆိုင်ရာ အကြောင်းတစ်ခုသာ။

အကြိတ်အနယ်၂ဝ၁၂
ယခင်တစ်ကြိမ် အမေရိကကို ပထမအကြိမ် ရောက်ခဲ့စဉ်က စစ်ပြု ရေး ကိစ္စများတွင် လက်မတွန့်သူ၊ တက္ကဆက်နယ်သား ကောင်းဘွိုင် ဟု နာမည် ကျော်ကြားသူ ဂျော့ခ်ျဒဗလျူဘွတ်ရှ် တစ်ယောက် ၂ဝဝဝ ပြည့်နှစ်တွင် ဒီမိုကရက်ပါတီ သမ္မတလောင်း အယ်လ်ဂိုးကို ပွတ်ကာ သီကာ အနိုင်ရပြီး ဒုတိယသက်တမ်း ထမ်းဆောင်နေသော ကာလဟု လည်း ဆိုနိုင်သည်။ သည်နှစ်တော့ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး သမ္မတ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ သတင်းလိုက်ခွင့် ရပေပြီ။ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဟု ဆိုရခြင်းမှာ အကြောင်းရှိသည်။ ဒီမိုကရက်ပါတီ ၏ စီးပွားရေးနှင့် ပြည်တွင်းရေးရာ စွမ်းဆောင်ရည် အချို့ကို သိပ်သဘော မကျသော အမေရိကန် ပြည်သူအချို့နှင့် ရှေးရိုးစွဲ ဝါဒီများ ပြန်လည်အားကောင်းစ ပြုလာခြင်းအပြင် မဲဆွယ် စည်းရုံးစဉ်က အဟောအပြော များနှင့် လက်တွေ့လုပ်ငန်း အကောင်အထည် ဖော်နိုင်မှုတို့ အကြား ကွာခြားချက်များစွာ ရှိနေခြင်းကို စိတ်တိုင်း မကျသော မဲဆန္ဒရှင် အချို့ကြောင့် ယခုနှစ် သမ္မတရွေးကောက်ပွဲ အကြိတ်အနယ် ရှိမည်ဟု ခန့်မှန်း ထားကြသည်။ ဤအခြေအနေ သည် ကုန်ခဲ့သည့် ၂ဝဝ၄ ခုနှစ် ရွေးကောက်ပွဲကာလ ဒီမိုကရက်ပါတီ သမ္မတလောင်း အယ်လ်ဂိုးနှင့် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဂျော့ခ်ျဒဗလျူဘွတ်ရှ် တို့အကြား ပြိုင်ဆိုင်မှု ကဲ့သို့ပင် ဖြစ်မည်ဟု ဆိုကြသည်။
စင်စစ်အားဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲသည် အမေရိကန် ပြည်သူများ အတွက်သာမက ကမ္ဘာအရပ်ရပ်မှ ပြည်သူ အားလုံးနီးပါး စိတ်ဝင်တစား စောင့်ကြည့်နေသည့် ကမ္ဘာလုံးဆိုင်ရာ ရွေးကောက်ပွဲ ကဲ့သို့ဖြစ်နေသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမေရိက သည် လောလောဆယ် အချိန်အထိ ကမ္ဘာကြီး၏ အရွှေ့အပြောင်းများ ကို ဦးဆောင် နေသော နိုင်ငံကြီးတစ်ခု ဖြစ်နေဆဲပင်။ အမေရိကန်ပြည် ထောင်စု၏ နိုင်ငံခြားရေး ပေါ်လစီက ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် အင်အား ချိန်ခွင်လျှာမျှရေး အတွက် အဓိက ကျနေဆဲဖြစ်သည်။ အမေရိကန်ပြည် ထောင်စု၏ စီးပွားရေး အခြေအနေက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အတိုင်းအတာ တစ်ခုအထိ ကိုယ်စား ပြုနေဆဲဖြစ်သည်။ လွတ်လွတ် လပ်လပ် ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှုနှင့် အတိုင်းအဆမဲ့ တီထွင်ဖန်တီး မှုကို အလေးပေးသော အမေရိကန် ပြည်ထောင်စု၏ ပညာရေးက ကမ္ဘာ လုံးဆိုင်ရာ လူ့ဘောင် လူ့လောက လူ့အဆင့်အတန်း ကို ရှေ့ဆောင်နေဆဲ ဖြစ်သည်။ နှစ်သုံးရာကျော် သက်တမ်းရှိ အမေရိကန် ဒီမိုကရေစီ တန်ဖိုး များက ကမ္ဘာလုံးဆိုင်ရာ လူသား၊ လူ့ဘောင်အဖွဲ့အစည်း အားလုံးနီးပါး ၏ လူသားအခြေခံ အခွင့်အရေး နှင့် လူ့တန်ဖိုး များကို သြဇာသက်ရောက် နေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် စွာကျယ်ကျယ်၊ ထောင်မတ်မတ်၊ စိတ်ကြီး ဝင် အမေရိက၏ မနှစ်မြို့စရာ အားနည်းချက် အချို့ ရှိလင့်ကစား အားသာ ချက် များစွာကြောင့် ကမ္ဘာ့ဦးဆောင် နိုင်ငံတစ်ခု၏ အစိုးရ အကြီးအကဲ အမေရိကန် သမ္မတရွေးကောက်ပွဲ ကို စိတ်ဝင်စား ကြခြင်းဖြစ်သည်။
အိုဘားမား နိုင်ပါ့မလား
အများ သိကြသည့် အတိုင်းပင် ယခုနှစ် ရွေးကောက်ပွဲက အတော် ကြီး စိတ်ဝင်စားစရာ ကောင်းသည်။ မကြာသေးခင်က ကောက်ယူထား သည့် အောက်တိုဘာလ အစောပိုင်း စစ်တမ်းများ အရ အမေရိကန်လူထု အကြား ရေပန်းစားမှုမှာ မစ်တ်ရွန်မ်နေ Mitt Romnay က နှာတစ်ဖျား အသာ ရနေသည်။ လကုန်ရက် နီးလာတော့ အိုဘားမားက ပြန်ကျော် တက်သွားသည်။ သို့သော် ပြည်နယ်တိုင်း တော့မဟုတ်။ ယခုဆောင်းပါး ရေးသားနေ သည့် အချိန်အထိ ပါတီနှစ်ခု၏ အမာခံ ပြည်နယ်များမှ အပ အခြား ပြည်နယ်များတွင် မတိမ်းမယိမ်း ဖြစ်နေဆဲ။ အထူးသဖြင့် Swing States ဟုခေါ်သည့် မည်သည့်ပါတီ အမာခံနယ်မြေမှ မဟုတ်ဘဲ အချိန်မရွေး တစ်ဖက်ဖက်ကို အဆုံးအဖြတ် မဲပေးနိုင်မည့် ပြည်နယ်၊ ကျန်ပြည်နယ်များ အားလုံးတွင် နှာတစ်ဖျား အသာရနေ လင့်ကစား ထို Swing States ရှုံးနိမ့် သွားသည်နှင့် အိမ်ဖြူတော်နှင့် အလှမ်း ဝေးသွားနိုင်သည်။ ထိုအတွက် ရှေ့တွင် သင်ခန်းစာများ ရှိနှင့် ပြီးဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲရက် နီးလာသည်နှင့်အမျှ ထိုပြည်နယ် များတွင် ကောက်ယူထားသည့် စစ်တမ်းများကို မီဒီယာများတွင် စဉ်ဆက်မပြတ် ဖော်ပြနေကြသည်။ အကဲဖြတ် သုံးသပ်သူများကလည်း သမ္မတ ရွေးကောက်ပွဲကို အဆုံးအဖြတ် ပေးနိုင်သည့် ယင်းပြည်နယ်များ ၏ စစ်တမ်းများကို ကြည့်ကာ ခန့်မှန်းချက်၊ ဟောကိန်းများ ထုတ်ကြရ သည်။ ပြီးခဲ့သော ၂ဝဝဝ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲတွင် အယ်လ်ဂိုး သည် ကျန်ပြည်နယ်များတွင် ဘွတ်ရှ်ကို ၂၂ မဲ အသာစီး ရနေခဲ့သော်လည်း Swing States တွင်ပါဝင်သည့် ဖလော်ရီဒါတွင် ငါးမဲ အသာဖြင့် ဘွတ်ရှ် အနိုင်ရသွားကာ ပြည်နယ် ကိုယ်စားပြု ၂၅ မဲ စလုံး ရရှိသွားသော ကြောင့် နိုင်သူ အကုန်ယူ စနစ်အရ အယ်လ်ဂိုး အပေါ်တွင် ၅ မဲအသာ ဖြင့် အမေရိကန် ပြည်ထောင်စု၏ ၄၃ ဦးမြောက် သမ္မတအဖြစ် အရွေးချယ် ခံခဲ့ရသည်။ သည်နှစ်တော့ အိုဘားမားက ခပ်ပါးပါး ကလေးနှင့် အနိုင်ရ သွားနိုင်သည် ဟုလည်း Dayton အခြေစိုက် သတင်းသမား အချို့က ဟောကိန်း ထုတ်ကြသည်။
Swing States ခေါ် အဆုံးအဖြတ် ပေးနိုင်သည့် ပြည်နယ်များ သည် ယေဘုယျအားဖြင့် ရှေးရိုးစွဲဝါဒီ အများစု နေထိုင်ကြသည်။ သို့သော် ရီပတ်ဘလစ်ကန်များ ဟုလည်း ပြော၍မရ။ အမေရိကန် ပြည်သူ များအတွက် ပြည်တွင်းရေးရာများ စိတ်ကျေနပ်အောင် စွမ်းဆောင်နိုင် မည်ဟု သူတို့ ယူဆသူများကို မဲပေးလေ့ ရှိသည်။ နိုင်ငံခြားရေး ပေါ်လစီ၊ နိုင်ငံတကာ အရေးအရာများ သိပ်စိတ်ဝင်စားလှသည် မဟုတ်။ သူတို့ဘဝ၊ သူတို့အကြောင်း၊ သူတို့နေထိုင်ရာ ကောင်တီ၊ ပြည်နယ် အကြောင်းနှင့် ရှေးရိုးစွဲ ခရစ်ယာန် ဘာသာရေးကိုသာ စိတ်ဝင်စားသည်။ ထိုအခြေခံ စရိုက်လက္ခဏာ များကြောင့် ရီပတ်ဘလစ်ကန်ပါတီ ထောက်ခံသူ များဟု ယေဘုယျပြောနိုင်သည်။ သို့သော် ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် ရွေးကောက်ပွဲ တွင် ဒီမိုကရက်ပါတီ သမ္မတလောင်း အိုဘားမားကို အများစု မဲပေးကြ ၏။ သည်နှစ်တော့ အိုဟိုင်းယိုးက အဆုံးအဖြတ် ပေးနိုင်မည့် Swing States အဖြစ် နာမည်ကျော်သည်။ အကြောင်းက ဒေသခံ Dayton Daily သတင်းစာ၏ စစ်တမ်းအရ သမ္မတလောင်း နှစ်ဦးအကြား ရေပန်းစားမှု က ၄၉ ရာခိုင်နှုန်းစီ တူညီနေသည်။
အမျိုးသားများ အကြား ထောက်ခံမှု တွင်လည်း ၅၅ ရာခိုင်နှုန်းစီ တူညီနေပြီး အမျိုးသမီးထု အကြား ထောက်ခံမှု တွင်တော့ ရွန်မ်နေက ၄၄ ရာခိုင်နှုန်းဖြင့် အိုဘားမား၏ ၄၃ ရာခိုင်နှုန်းထက် ၁ ရာခိုင်နှုန်း အသာရနေသည်။ သူတို့နှစ်ဦး ဘယ်သူက စွမ်းဆောင်ရည် ပိုကောင်း မလဲဆိုသော စစ်တမ်းတွင် စီးပွားရေး ၌ ရွန်မ်နေက ၅၁ ရာခိုင်နှုန်းဖြင့် အိုဘားမား ၄၅ ရာခိုင်နှုန်းထက် ၆ ရာခိုင်နှုန်း အသာရပြီး နိုင်ငံခြား ရေးပေါ်လစီတွင်မူ အိုဘားမားက ၅ဝ ရာခိုင်နှုန်းဖြင့် ရွန်မ်နေ ၄၆ ရာခိုင်နှုန်း အပေါ် ၄ ရာခိုင်နှုန်း အသာ ရလျက်ရှိသည်။ ထို့ကြောင် သမ္မတလောင်း နှစ်ဦးစလုံး အိုဟိုင်းယိုး မဲဆွယ် စည်းရုံးမှုကို လုံးဝ လက်လွှတ်မခံရဲကြ။ ထို့ကြောင့်ပင် ဟာရီကိန်း စန္ဒီမုန်တိုင်းဒဏ် ခံနေရသည့် ကြားက အိုဟိုင်းယိုး မဲဆွယ်ပွဲကို လာဖြစ်အောင် လာကြသည်။ မစ်ရွန်မ်နေကတော့ ကြိုတင် စီစဉ်ထားသည့်ရက် အောက်တိုဘာ ၃ဝ အင်္ဂါနေ့ လာဖြစ် သော်လည်း အိုဘားမားကမူ ကြိုတင် စီစဉ်ထားသည့် အောက်တိုဘာ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် မလာဖြစ်တော့ဘဲ နိုဝင်ဘာ ၁ ရက် သောကြာနေ့သို့ ရွှေ့လိုက်ရသည်။ အောက်တိုဘာ ၃၁ ရက်နေ့က နယူးယောက်တိုင်းမ် သတင်းစာနှင့် စီဘီအက်စ် သတင်းဌာနတို့ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် ပူးတွဲ ကောက်ခံထားသည့် စစ်တမ်း အရ အိုဘားမားက ၄၈ ရာခိုင်နှုန်းဖြင့် မစ်တ်ရွန်မ်နေထက် ၁ ရာခိုင်နှုန်း အသာရ ရေပန်းစားလျက် ရှိသည်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲသည် စင်စစ်အားဖြင့် အမေရိကန် ပြည်သူများက သမ္မတကို တိုက်ရိုက် မဲပေးရွေးချယ်သော စနစ်မဟုတ်။ ပြည်နယ် ၅ဝ နှင့် ကိုလံဘီယာ ခရိုင်အပါအဝင် စုစုပေါင်း ၅၁ နေရာတွင် ပြည်နယ်အလိုက် ပြည်ထောင်စု ကိုယ်စားလှယ် များကို မဲပေးရခြင်း ဖြစ်သည်။ ထိုပြည်ထောင်စု ကိုယ်စားလှယ်များ ကမှ သမ္မတ နှင့် ဒုတိယ သမ္မတများကို လျှို့ဝှက်မဲပေး ရွေးချယ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် Popular Vote ခေါ် ရေပန်းစားမဲစစ်တမ်းများက အသာရနေ သော်လည်း Electoral Vote ခေါ် ပြည်နယ်အလိုက် ပြည်ထောင်စု ကိုယ်စားလှယ် များက ပေးသည့် မဲများကသာ အဓိက အဆုံးအဖြတ်ပေးသည်။ ယခုရွေးကောက်ပွဲက အမေရိကန် ပြည်သူများကို အထူးအမှတ် ရစေမည့် အချက်မှာ ထိုသို့ အသည်း အသန် ယှဉ်ပြိုင်ရခြင်း တစ်ခုတည်း မဟုတ်။ အမေရိကန် သမိုင်းတွင် ပဉ္စမမြောက် ဆုံးရှုံးမှု တန်ဖိုးအများဆုံး ဟုဆိုရမည့် ဟာရီကိန်း စန္ဒီက အရှေ့ဘက် ကမ်းခြေ တစ်ခုလုံးကို ပြင်းထန်စွာ ရိုက်ခတ်နေသော အချိန်နှင့် တိုက်ဆိုင်နေခြင်း သည်လည်း အကြောင်းတစ်ခု ဖြစ်နေသည်။ ထိုအတွက် လက်ရှိသမ္မတ နေရာတွင် ရှိနေသူ အိုဘားမားသာ စီမံခန့်ခွဲမှု ကောင်းမွန်ပါက မဲအများအပြား ရရှိလာနိုင်ဖွယ် ရှိမည်ဟု အမေရိကန် သတင်းစာဆရာ အချို့က သုံးသပ် ကြသည်။ သမ္မတလောင်း နှစ်ဦးစလုံး မုန်တိုင်းကြောင့် မဲဆွယ်စည်းရုံး ရေး ခရီးစဉ် အချို့ ဖျက်သိမ်း၊ ရွှေ့ပြောင်းကြရသည်။ သည်နေရာတွင် အိုဘားမားက အမှတ်အတော်ရသွား၏။ အကြောင်းမှာ ဖလော်ရီဒါ၊ အော်လန်ဒိုတွင် မဲဆွယ်ခရီး ရောက်နေရာမှ မုန်တိုင်းအကြို ပြင်ဆင်မှု များပြုလုပ်ရန် ဝါရှင်တန်သို့ ပြန်လာရာ မိုးရေထဲတွင် အဆောင်းမပါဘဲ အိမ်ဖြူတော်သို့ ပြန်လာသည့်ပုံက အမေရိကန် ပြည်သူများ၏ အသည်းနှလုံး ကို ဆွဲကိုင်လိုက်ခြင်း ကြောင့်ဖြစ်သည်။
ဟာရီကိန်း စန္ဒီသည် သမ္မတလောင်း နှစ်ဦး အသည်းအသန် ယှဉ်ပြိုင် ရမည့် Swing State တစ်ခုဖြစ်သည့် အိုင်ဟိုင်းယိုး သို့ မဲဆွယ်စည်းရုံး ရေးခရီးစဉ် လာရမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အိုဟိုင်းယိုး သည်ကား ယခု ကျွန်တော် ရောက်နေသော ပြည်နယ်ပင်တည်း။ ကျွန်တော်နှင့် အတူ အိန္ဒိယသား သတင်းစာဆရာ Anshuman တစ်ယောက်လည်း ပါသည်။ သူ့သတင်းစာက ကမ္ဘာပေါ်တွင် ပဉ္စမ မြောက် စောင်ရေအများဆုံး သတင်းစာကြီး။ သတင်းထောက်ပေါင်း ထောင်ဂဏန်းကို ကြီးကြပ်နေသူ လည်းဖြစ်သည်။ သူက နေ့စဉ်ထုတ် သတင်းစာသမား ဖြစ်သည့်အတွက် နေ့တိုင်း အလုပ် လုပ်နေရသည်။ နေ့စဉ်သတင်းစာ တစ်စောင်အတွက် အလုပ်လုပ်နေသူ သူနှင့်အတူကျ သည့်အတွက် နေ့စဉ်သတင်းစာ ထုတ်ဖို့ ပြင်ဆင်နေသော ကျွန်တော့်အတွက် အဆင်ပြေလှသည်။ သည်တင်မကသေး။ ယခု ကျွန်တော်တို့ ရောက်နေသော Dayton မြို့ရှိ Cox Media Group Ohio သည် Dayton Daily News သတင်းစာ အပါအဝင် နေ့စဉ်ထုတ် သတင်းစာ သုံးစောင်၊ အပတ်စဉ်ထုတ် သတင်းစာ တစ်စောင်နှင့် တီဗီချယ်နယ်လ်၊ FM/AM ရေဒီယိုလိုင်း များလည်းရှိသည်။ မာလ်တီမီဒီယာကို အာရုံ ကျနေသူ ကျွန်တော့်အတွက်မူ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို အဆင် ပြေလိုက်သည့် ဖြစ်ခြင်း။
သည်နေ့ အောက်တိုဘာလ ၃ဝရက် အင်္ဂါနေ့။ သမ္မတရွေး ကောက်ပွဲ ကျင်းပရန် ခုနစ်ရက်အလို။ ကြိုတင် ကြေညာထားသည့်အတိုင်း ရီပတ်ဘလစ်ကန် သမ္မတလောင်း Mitt Romnay မဲဆွယ်လှုပ်ရှားမှု အနေ နှင့် Dayton သို့ ရောက်လာသည်။ တနင်္လာနေ့ နေ့ခင်းပိုင်း တွင်မူ မုန်တိုင်း အခြေအနေကြောင့် ခရီးစဉ်ပျက်မည့် သတင်း ထွက်လာသေး သည်။ ညပိုင်းရောက်မှ ခရီးစဉ် သေချာကြောင်း Connie ထံမှ အီးမေးလ် ပို့ပြီး အကြောင်းကြားသည်။ မနက် ၉ နာရီတွင် ဟိုတယ်မှထွက်ကာ သတင်းစာတိုက်သို့ နှစ်ယောက်သား ထွက်လာခဲ့သည်။ ထို့နောက် ၁ဝ နာရီလောက်တွင် အခမ်းအနားကျင်းပမည့် အထက်တန်းကျောင်း သို့ Connie နှင့်အတူ သွားကြသည်။ ရာသီဥတုက အတော်အေး နေသည်။ ထို့ကြောင့် ကျွန်တော်နှင့် Anshuman အတွက် Connie က သိုးမွေးခေါင်းစွပ် တစ်ခုစီ၊ လက်အိတ် တစ်စုံစီနှင့် ပလတ်စတစ် ဇွန်းသုံးချောင်း ကျွန်တော်တို့ အလုပ်စားပွဲတွင် အရန်သင့် ပြင်ထား သည်။ ကျွန်တော်တို့ နှစ်ယောက် အလုပ်လုပ်နိုင်ရန် Connie က သူ အနီးရှိ လွတ်နေသော စားပွဲနှစ်နေရာတွင် နေရာ ချထားပေးသည်။ ကျွန်တော်တို့ပါလာသော လက်ပ်တော့ပ်နှင့် အလုပ်လုပ်ရန်သာ။ ထို့နောက် ကျွန်တော်တို့ နှစ်ယောက်ကို ယာယီဝန်ထမ်းကတ် ထုတ် ပေးသည်။ ထိုကတ်ဖြင့် သတင်းစာတိုက် အတွင်း တံခါးမရှိဓားမရှိ အချိန်မရွေး ဝင်ထွက်နိုင်သည်။ လုံခြုံရေး ဝန်ထမ်းများကိုလည်း ကြိုတင် အကြောင်းကြား ထားပြီးဖြစ်သည်။
နှင်းမိုးကြားက မဲဆွယ်ပွဲ
ကျွန်တော်တို့ တစ်တွေ မဲဆွယ်စည်းရုံး လှုံ့ဆော်ပွဲကို ရောက်တော့ ပရိသတ် အတော်များများ ရောက်နေနှင့်ပေပြီ။ ထူးခြားချက်က မိသားစုလိုက် လာကြသောကြောင့် ကလေးငယ် ကလေးများပါ တွေ့ရ ခြင်းပင်။ မုန်တိုင်း အရှိန်ကြောင့် မနေ့ည ကတည်းက မိုးကျနေသည်။ မနက်ခင်း တွင်လည်း မိုးဖွဲဖွဲနှင့်အတူ နှင်းပွင့်ကလေး များပါ ကျနေသည်။ ကျွန်တော်တို့ မဲဆွယ်ပွဲ ကျင်းပရာ အထက်တန်း ကျောင်းကိုရောက် တော့ နှင်းမိုးက ဖွဲရာမှ အတန်ငယ် သဲလာသည်။ နှင်းပွင့်ဖတ်များ လည်း အရွယ်အစား ကြီးလာသည်။ တော်ပါသေးသည်။ မိုးလုံ၊ နှင်းလုံ ဘဲမွေး ဂျာကင်ပါပေလို့။ နို့မို့ အအေးဒဏ်ကို ကျောစိမ့်အောင် ခံရမည်။ နှင်းမိုးက မစဲ။ ဆက်တိုက် ဆိုသလိုပင် ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်သို့ တဖျောက်ဖျောက် ကျနေသည်။ ကောင်းကင်က မိုးရေနှင့်အတူ ကျလာ သော နှင်းပွင့်နှင်းစက် တို့က ဂျာကင်အင်္ကျီ ပေါ်နှင့် မြေပေါ်အရောက် တွင်တော့ မိုးစက်အဖြစ် ပြောင်းသွား၏။ ကျောင်းခန်းမအတွင်း သို့ဝင်ရန် ထိုသို့ တဖြိုင်ဖြိုင် ကျနေသော နှင်းမိုးထဲတွင် မိနစ် ၂ဝ ခန့် တန်းစီ စောင့်ရသေးသည်။ အပူဓာတ် ပေးထားသည်မို့ အထဲရောက် တော့မှ နွေးသွားသည်။ လုံခြုံရေး စစ်ဆေးမှုဖြတ်အပြီး ခန်းမအတွင်း ဝင်လာခဲ့ကြသည်။
Mitt Romnay မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှု အခမ်းအနား ကျင်းပရာ နေရာက အိုဟိုင်းယိုး ပြည်နယ် Dayton မြို့၏ အထက်တန်း ကျောင်း အားကစားခန်းမ။ ထို့ကြောင့် ပတ်ပတ်လည် ပွဲကြည့်စင် ထိုင်ခုံများ နှင့် အတော်ကျယ်သည်။ နိုင်ငံတော်အဆင့် သုဝဏ္ဏ မိုးလုံ လေလုံ အားကစား ခန်းမလောက်နီးနီး ရှိသည်။ ခန်းမထဲတွင် တစ်နာရီ ကျော်ကြာခန့် စောင့်နေရသည်။ ခန်းမအလယ်တွင် အတန်ငယ်ကြီး သည့် စင်မြင့်ခုံတစ်ခု ပြင်ထားသည်။ ထိုစတိတ်ခုံ၏ နောက်တည့် တည့်တွင် အဖြူအနီစင်းများ နောက်ခံ၊ အပြာရောင် လေးထောင့်ကွက် အတွင်း အဖြူရောင် ကြယ် ငါးဆယ့်တစ်လုံးပါ ကြီးမားလှသည့် အမေရိကန် အလံက နေရာယူထားသည်။ စင်၏ညာဘက် ယွန်းယွန်း တွင် ဒရမ်ဆက်တစ်စုံနှင့် တီးဝိုင်းတစ်ခု။ ကြည့်ရသည်မှာ ဖျော်ဖြေရေး အတွက် အသင့်ပြင်ထားပုံရသည်။ သို့သော် ခန်းမ အတွင်းတွင်မူ ဆောင်းဘောက်စ်ဖြင့် ဖွင့်ထားသော သီချင်းသံသာ ကြားနေရသည်။ မဲဆွယ်စည်းရုံးရေးကို လာရောက် နားထောင်ကြမည့် ပရိသတ် အချို့လက်တွင် ဟာရီကိန်း စန္ဒီကြောင့် ဒုက္ခ ရောက်နေကြသူများကို ကူညီရန် အစားအသောက် အထုပ်များ ပါလာကြသည်။ ထိုအထုပ်များ ကို မဲဆွယ်ပွဲ စီစဉ်ကျင်းပသည့် ရီပတ်ဘလစ်ကန် ပါတီတာဝန်ရှိသူများ က လက်ခံထားကာ ပွဲပြီးသည်နှင့် ဒုက္ခသည်များ ရှိရာသို့ ပို့ဆောင် ပေးမည်ဖြစ်သည်။
ရွန်မ်နေ၏ မဲဆွယ်ဗျူဟာလော
၁၁ နာရီကျော်လောက်တွင် ဆူဆူညံညံ အသံများနှင့် လက်ခုပ် လက်ဝါး ဖြိုင်ဖြိုင် တီးသံကြောင့် Matt Romney ရောက်လာကြောင်း သိရသည်။ အပြာနုရောင် အောက်ခံတွင် အပြာရင့် လေးထောင့်ကွက်စိပ် ရှပ်အင်္ကျီ လက်ရှည်ကို လက်ဖျံအထက် နားအထိ ခေါက်တင်ထားပြီး ဂျင်းဘောင်းဘီ အပြာရင့်ရောင်ဖြင့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာသော သမ္မတလောင်းကို တွေ့ရသည်။ စောစောပိုင်းက ပြင်ဆင်ထားသည့် အတိုင်းဆိုပါက စင်ပေါ် တက်ပြီး စကားပြောမည်ဟု ထင်ထားခဲ့သည်။ ယခုမူ ပရိသတ် ယူဆောင် လှူဒါန်းသော အစားအသောက် များကို လက်ခံနေသည့် နေရာရှိ ခုံကလေးပေါ် တက်ကာ စကားပြောသည်။ နိုင်ငံရေး မဲဆွယ်သည့် အကြောင်း တစ်ခုမှမပါဘဲ ယနေ့ တကူးတက လာရောက် အားပေးကြသော ပရိသတ်ကို အထူးအသိအမှတ်ပြု ကျေးဇူး တင်ကြောင်း၊ မုန်တိုင်းကြောင့် ဒုက္ခတွေ့နေကြသည့် အမေရိကန်ပြည် သူများကို ကူညီကြရန်၊ အတူတကွ ပူးပေါင်းဆောင်ရွက် ကြရန်သာ ငါးမိနစ်မရှိတရှိခန့် ပြောသွားသည်။ ကျွန်တော် မျှော်လင့်ထားသည် က တစ်မျိုး၊ တကယ့် လက်တွေ့ မြင်ရသည်က တစ်မျိုး။ နိုင်ငံရေး မဲဆွယ်ပွဲ ကို နိုင်ငံရေး အကြောင်း တစ်လုံးတစ်ပါဒမျှ မပြောဘဲ လူမှုရေးကိစ္စများ ကိုသာ ပြောသွားသည်။ အထူးသဖြင့် နယူးဂျာစီ ပြည်နယ်၏ မုန်တိုင်း ဒုက္ခများကို ကိုယ်ချင်း စာနာကြောင်း အလေးကဲပြောသည်။ တိုတောင်းလှ သည့် မိန့်ခွန်းအပြီး ပရိသတ်က အုန်းအုန်းကျွက်ကျွက် လက်ခုပ်တီး ထောမနာပြုကြသည်။
ကျွန်တော်တို့ နှစ်ယောက် အပါအဝင် စုစုပေါင်း တက်ရောက်သူ ပရိသတ် ၂၅ဝဝ အတိအကျ ရှိသည်။ တက်ရောက်သူများကို အတိအကျ မှတ်တမ်းပြု ထားသောကြောင့် အတိအကျ ပြောနိုင်ခြင်း ဖြစ်သည်။ အမေရိကတွင် ဤသို့သော မဲဆွယ် စည်းရုံးပွဲများသာ မက စနစ်တကျ ကျင်းပသော အခမ်းအနားတိုင်း စာရင်း အတိအကျ မှတ်တမ်းပြုသည်။ ကျွန်တော်တို့ တစ်တွေကဲ့သို့ မလိုလျှင် လျှော့ပြ၊ လိုလျှင် ပိုပြသည်မျိုး လုပ်၍မရ။ ထိုသို့ ပိုပြ၊ လိုပြခြင်းကို လူထု ပရိသတ် သိသည့်နေ့တွင် မြောင်းထဲရောက်ဖို့ သေချာသည်။ ထို့နောက် လှူဒါန်းထားသည့် အစားအသောက် ပစ္စည်းများကို သူကိုယ်တိုင် ဝင်ထုပ်ပိုးသည်။ အမေရိကန် သမ္မတလောင်း တစ်ယောက်အဖို့ သူ့ကို ထောက်ခံမည့် ပရိသတ်နှင့် တွေ့ရာတွင် ဟိတ်ကြီးဟန်ကြီး မရှိဘဲ ရင်းနှီးနွေးထွေးသည့် အသွင်၊ လူထုပရိသတ်နှင့် ပို၍ နီးကပ်ကြောင်း ပြသည့်အသွင် ဆောင်သည်။ သမ္မတလောင်း အဖြစ် သူ့ကို မဲပေးကြ ရန် အပါအဝင် အာဏာနိုင်ငံရေး အကြောင်း လုံးဝမပြော။ ဒါသည်ပင် လျှင် နိုင်ငံရေး ဖြစ်မည်။ ခေါင်းဆောင်တို့ မည်သည် လူထုနှင့် လက် တစ်ကမ်းအကွာတွင် ရှိနေကြောင်း ပြသရာရောက်သည်။ ပြည်သူများ ဘေးဒုက္ခကြုံနေရချိန်တွင် အလိုက်ကမ်းဆိုး မသိစွာ အတ္တကိုအရောင် တင်သည့်ကိစ္စ ဘာမျှမလုပ်။ ပြင်ထားသည့်စင်ပေါ်သို့ ယောင်၍ပင်တက် မသွား။ သူ့ကိုရွေးချယ် မဲပေးမည့် ပြည်သူများနှင့် ပေါ့ပါးလွတ်လပ်စွာ၊ ရင်းနှီးနွေးထွေးစွာ နီးနီးကပ်ကပ် နေပြီး လူမှုရေးအရ အခိုင်အမာ စည်းရုံးလိုက်ခြင်း လည်းဖြစ်သည်။ အဟောဝတ ကောင်းလေစွ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။