Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 5, 2012

အဖြူရောင် အောက်ခံပေါ်က အနီရောင် အပေါင်း လက္ခဏာ


အဖြူရောင်အောက်ခံပေါ်မှာ အနီရောင် အပေါင်း လက္ခဏာအမှတ် အသားကို ရေးဆွဲထား လိုက်ရင် ကြက် ခြေနီ အထိမ်းအမှတ် လက္ခဏာဆိုတာ ကို လူတိုင်း သိရှိ နေကြပါတယ်။ ဒီ အမှတ်အသား ကတော့ အမျိုးသား ကယ်ဆယ်ရေး အသင်းများ (တိုင်းပြည် အသီးသီး ရှိ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ) ထူထောင်ရေး နှင့် ပထမ အကြိမ် သံတမန်များ ဆိုင်ရာ ညီလာခံ ကျင်းပရေး တွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ အား ဂုဏ်ပြုသည့် အနေဖြင့်လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့် ကို ဂုဏ်ပြုသည့် အနေဖြင့် လည်းကောင်း ဆွစ်ဇာလန် နိုင်ငံရဲ့ အလံကို အရောင် ပြောင်းပြန် လုပ်ထားတာ ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထား မှုဆိုတဲ့ အနက် အဓိပ္ပာယ်ကို ဖော်ဆောင်ပြီး အတိ ဒုက္ခရောက်ရှိ နေကြသူတွေကို အကာအကွယ် ပေးတဲ့အခါမျိုးမှာ ဒီ လက္ခဏာကို အသုံးပြုကြ လေ့ရှိပါ တယ်။ စစ်မြေပြင်မှာ ဒဏ်ရာရတဲ့ လူနာတွေကို ပြုစုနေကြတဲ့ ဆရာဝန်နဲ့ သူနာပြု တွေဟာ ကြက်ခြေနီ အလံကို လွှင့်ထူထား ကြရပြီး သဘာဝဘေး အန္တရာယ် ကျရောက်လို့ အတိဒုက္ခ ရောက်နေကြရတဲ့သူတွေကို ကယ် တင်ရတဲ့အခါမျိုးမှာလည်း အနီရောင် အပေါင်း လက္ခဏာ အမှတ်အသားကို ထင်ရှားအောင် ပြသထား ကြရပါတယ်။ ကြက်ခြေနီ အမှတ်အသား ကို တွေ့မြင် လိုက်ရင် အခကြေး ငွေမယူတဲ့ လူမှု ကယ်တင်ရေး လုပ်ငန်းတွေကို လုပ်ဆောင် နေပါတယ်လို့ နိုင်ငံတကာမှာ နား လည်ထားကြပါတယ်။
လက်နက်နဲ့ ဖြိုခွင်းခွင့် မရှိ
၁၈၆၄ ခုနှစ်မှာ ထုတ်ပြန်လိုက် တဲ့ ဂျီနီဗာ ကြေညာ စာတမ်းအရ အနီ ရောင် အပေါင်း လက္ခဏာ အမှတ် အသားကို စေတနာ့ဝန်ထမ်း လူသား အသက် ကယ်တင်တဲ့ လူမှုရေးအဖွဲ့ အစည်းနဲ့ လူနာတင်ယာဉ်တွေမှာသာ တပ်ဆင် အသုံးပြုခွင့်ရှိတဲ့ အတွက် စစ် မက် ဖြစ်ပွားတဲ့ နေရာတွေမှာ ဒီအမှတ် တံဆိပ်ကို အလံလွှင့် ထူထားလိုက်ရင် အသက်ကယ် နေကြတဲ့ သူတွေကို ဘယ်အဖွဲ့ အစည်းကမှ လက်နက်နဲ့ ပစ်ခတ် ဖြိုခွင်းခွင့် မရှိနိုင်တော့ ပါဘူး။
မြန်မာနိုင်ငံ ကြက်ခြေနီ
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကို ၁၉၂၀ ပြည့်နှစ်က စတင်ဖွဲ့စည်း ပြီးတဲ့နောက် ကြက်ခြေနီ အမှတ်တံဆိပ် ကို စတင် သုံးစွဲလာခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ အိုင်စီအာရ်စီ လို့ခေါ်တဲ့ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော် မတီက မြန်မာနိုင်ငံကြက်ခြေနီ အသင်း ကို နိုင်ငံတော် အဆင့် အဖွဲ့အစည်း တစ်ခုအဖြစ် အသိအမှတ် ပြုပေးခဲ့ပါ တယ်။ ၁၉၅၉ ခုနှစ်မှာ မြန်မာနိုင်ငံ ကြက်ခြေနီ ဥပဒေကို အစိုးရက ပြဌာန်းခဲ့ပြီး သူနာပြုတပ်ဖွဲ့တွေကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေ ကို တပ်သား၊ တပ်ကြပ်၊ အရာခံဗိုလ်၊ တပ်ခွဲမှူး စသဖြင့် စစ်တပ် ပုံစံလိုမျိုး ရာထူး အဆင့်တွေ သတ်မှတ်ပေးထား ပြီး လက်မောင်းနဲ့ ပခုံးထက်မှာ ကြက် ခြေနီ (အနီရောင် အပေါင်းလက္ခဏာ) တံဆိပ်တွေကို တပ်ဆင် အသုံးပြုခဲ့ကြ ပါတယ်။ တပ်ဖွဲ့ဝင်တိုင်းဟာ အရေး ပေါ် လူနာ ပြုစုနည်းကို သင်ကြားထား ကြရပြီး မီးလောင်ဒဏ်ရာ၊ အရိုးကျိုး လူနာနဲ့ြွေမကိုက်လူနာတွေကို ပြုစု ပေး ကြရတဲ့ အပြင် ရေနစ် လူနာကယ် တင်နည်း၊ ပတ်တီး စည်းနည်း၊ လူနာ ထမ်းစင် အသုံးပြုနည်းနဲ့ လက်နက်မဲ့ စစ်ရေးပြ သင်တန်းတွေ ကိုပါ သင်ယူ တတ်မြောက်ထားကြရပါတယ်။ အခု အခါမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံး မြို့ နယ်ပေါင်း ၃၂၅ မြို့နယ်မှာ အခကြေး ငွေ မယူတဲ့ စေတနာ့ ဝန်ထမ်း သူနာ ပြု တပ်ဖွဲ့ဝင်ပေါင်း နှစ်သိန်းငါး သောင်းကျော်ရှိနေပြီဖြစ်ပါတယ်။
လူသား အကျိုးပြု ကြက်ခြေနီ
သူနာပြု တပ်ဖွဲ့ဝင် တွေဟာ မီး လောင်တဲ့ နေရာကို မီးသတ်ကား ထက် အရင် ဦးအောင် ရောက်ရှိသွားကြရ လေ့ ရှိပါတယ်။ ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ယောက် ဟာ တစ်ချိန်တည်းမှာ အစိုးရ ဝန်ထမ်း တစ်ယောက်လည်း ဖြစ် နေနိုင်ပါတယ်။ အစိုးရ လုပ်ငန်းကိုပစ် ပြီး မီးလောင်တဲ့ နေရာကို ရောက်ရှိ သွားတာကို ဌာနရဲ့တာဝန်တစ်ရပ် အဖြစ် သတ်မှတ်ပေးခဲ့ဖူးပါတယ်။ မီးဘေး သင့်ပြည် သူတွေကို ထမင်းထုပ် ဝေငှရာမှာ လည်း ကြက်ခြေနီတပ်ဖွဲ့ ဝင်တွေပဲဖြစ်နေကြ ပါတယ်။ ရေကြီး ရင်၊ ငလျင်လှုပ်ရင်၊ တိုက်ပြိုကျရင်၊ ဗုံးပေါက်ကွဲရင်၊ ဘယ်လို ဘေး အန္တရာယ်မျိုးတွေနဲ့ ပဲကြုံလာရင်ဖြစ်စေ ဒုက္ခသည်တွေရဲ့အသက်ကို ကယ်တင် နေကြတဲ့သူ တွေဟာ ကြက်ခြေနီတပ် ဖွဲ့ဝင်တွေဖြစ်နေကြပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး မှာ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေဟာ ယူနီဖောင်း ဝတ်ပြီး လူထုနဲ့ အတူ ဆန္ဒပြပါဝင် ခဲ့သလို သေနတ်နဲ့ပစ်ခတ် ဖြိုခွင်းခံရတဲ့ အချိန် မှာလည်း ကြက်ခြေနီအလံကို မလှဲဘဲ ဒဏ်ရာရ ပြည်သူတွေကို စွမ်းစွမ်းတမံ ကူညီခဲ့ကြပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင် လည်း လမ်းပေါ်မှာ ကြက် ခြေနီ အလံကို လွှင့်တင်ပြီး လူနာတွေ ကို ပြုစုခဲ့ကြ ပါတယ်။ (အဲဒီတုန်းက ကြက်ခြေနီအလံဟာ သေနတ်မပြီးခဲ့ ပါဘူး) နာဂစ်မုန်တိုင်းကာလတုန်းက ကယ်ဆယ်ရေး စခန်းတိုင်းမှာ ကြက် ခြေနီအလံ တွေကို တွေ့မြင်ရနိုင်ပါ တယ်။ ရေနစ်သူကို ဆယ်ယူပြီး အ သက်ကယ်ပြုစုတဲ့သူဟာ ကြက်ခြေနီ တပ်သား တစ်ယောက် ဖြစ်နေတတ် ပါ တယ်။ ကိုယ်ကျိုးမရှာ၊ ကိုယ့်ထမင်း ကိုယ်စားပြီး၊ ကိုယ့်ဝတ်စုံ ကိုယ်ဝယ် ဝတ်ရတဲ့ လူသား အကျိုးပြုလုပ်ငန်း လုပ်ဆောင်နေ တဲ့သူကိုပြပါဆိုရင် ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကိုပဲ လက် ညှိုးထိုးပြ ရမှာဖြစ်ပါတယ်။
ထူးချွန်ကြက်ခြေနီ
အရင်တုန်းက မြို့နယ် ကြက်ခြေ နီတပ်ဖွဲ့တိုင်းမှာ အသက်ကယ် ပစ္စည်း နဲ့ လူနာ ထမ်းစင်တွေ ပြည့်ပြည့်စုံစုံ ရှိခဲ့ဖူးပါတယ်။ ရှေးဦး သူနာပြုစွမ်းရည် တွေ ထက်မြက်လွန်း လှတဲ့အတွက် အသက်ကယ် ပေးနိုင်ခဲ့တဲ့ သူတွေလည်း အမြောက်အမြား ပေါ်ထွန်းခဲ့ ဖူးပါတယ်။ ကချင်ပြည်နယ်က စိုင်းအောင်လှိုင်မြင့် ဆိုရင် ကမ္ဘာ့ကြက်ခြေနီ အမြင့်မားဆုံး ဟင်နရီဒူးနန့် ဘွဲ့တံဆိပ်ကို ရရှိခဲ့တဲ့ မြန်မာနိုင်ငံသား ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ထဲကို ကားတစ်စီးနဲ့အတူ ထိုးကျ သွားတဲ့ စစ်သား တစ်ယောက်ကို သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့တဲ့ အတွက် ဟင်နရီဒူးနန့်ဆုကို ထိုက် ထိုက်တန်တန် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ရှူဆေးကြက်ခြေနီ
နောက်ပိုင်းမှာ ကြက်ခြေနီ တပ် ဖွဲ့ဝင်တွေဟာ အသက်ကယ် ပစ္စည်း တွေ မလုံလောက်တော့ဘဲ အမူးပြေ ရှူဆေးကိုသာ အားကိုး အားထား အသုံးပြု နေရတဲ့အတွက် ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ယောက်ကို လမ်းမပေါ် မှာ တွေ့မြင်လိုက်ရရင် ရှူဆေးလေး ပေးပါဦးလို့ နောက်ပြောင် ကျီစားတာ ကို ခံခဲ့ကြရ ပါတော့တယ်။
လုံခြုံရေး ကြက်ခြေနီ
စစ်အစိုးရ လက်ထက် တစ် လျှောက်လုံးမှာ ကြက်ခြေနီ တပ်ဖွဲ့ဝင် တွေဟာ အစိုးရထောက်ခံပွဲ တွေကို တက်ရောက်ခဲ့ကြရသလို အာဏာပိုင် တွေရဲ့ အသုံးချတာ ကိုလည်း ခံခဲ့ကြရ ပြန်ပါတယ်။ ဧည့်စာရင်း စစ်ဆေးတာ ကို ကြက်ခြေနီ ဝတ်စုံဝတ်ဆင်ပြီး အဖော် ပြုပေးခဲ့ကြရ သလို အစိုးရက ဦးစီး ကျင်းပတဲ့ အခမ်းအနားတိုင်း မှာလည်း အာဏာရှင်လူကြီးတွေရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို အပြင်ဖက်စည်း ကနေ ကာ ကွယ်ပေးခဲ့ကြ ရပါတယ်။ လူသား အသက်ကယ် လုပ်ငန်းက ဦးစားမပေးနိုင် တော့ဘဲ ဒေသအာဏာပိုင်တွေစေခိုင်း သမျှ လုပ်ဆောင်ပေး နေကြရပါတော့ တယ်။ နိုင်ငံရေးပါတီ ထဲကိုဝင်ရောက် ဖို့ စည်းရုံးသိမ်းသွင်းတာ ကိုတောင် ခံခဲ့ ကြရရှာ ပါတယ်။ အတင်းအကျပ် စေ ခိုင်းလို့ စွမ်းအားရှင် တစ်ပိုင်း ဖြစ်သွားရ တဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ လည်း ရှိခဲ့ ပြည်သူအလုံး စည်းရုံးလို့ အပြုံးပန်း တွေ ဝေဆာသည်။ " ကြက်ခြေနီ၊ ကျေးရွာအရောက်၊ ဒို့ခရီးပေါက်ရ မည်" ဆိုတဲ့ အနှစ်သာရတွေလည်း ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။
ဆိုင်းဘုတ်ပေါ်က ကြက်ခြေနီ
အနီရောင် အပေါင်း လက္ခဏာ အမှတ်အသား ကို မွန်မြတ်တဲ့ ပရဟိတ လူမှုအကျိုးပြု လုပ်ငန်းတွေမှာသာ သုံး စွဲရမယ်လို့ ဆိုထား ပေမယ့် ငွေကြေး အမြတ်အစွန်း ရယူတဲ့ ဆေးရုံ၊ ဆေးခန်း နဲ့ ဆေးဆိုင် တွေမှာ သုံးစွဲနေတာကို တွေ့ရှိနေရပါတယ်။ ကြက်ခြေနီ အမှတ်လက္ခဏာ ကို အများတကာက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမှတ် သင်္ကေတလို့ ထင်မှတ်မှားနေကြသလို နိုင်ငံတချို့ရဲ့ ဆေးရုံဆေးခန်းဆိုင်း ဘုတ်တွေပေါ်မှာ အနီရောင် အပေါင်း လက္ခဏာ အမှတ်အသား ကို ရေးခြယ် သုံးစွဲနေကြတာ တွေရှိနေပါတယ်။ တကယ်တမ်း ကျန်းမာရေးရဲ့ အမှတ် သင်္ကေတ အမှန်ဟာ တောင်ဝှေးကို မြွေပတ်နေတဲ့ပုံ သာလျှင် ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အမှတ် တံဆိပ်ကိုကြည့်လိုက်ရင် အနီရောင် အပေါင်း လက္ခဏာ အမှတ်အသားကို ရှောင်ရှား သုံးစွဲထားတာကို တွေ့မြင်ရ နိုင်ပါတယ်။
ဒဏ်ကြေးငွေ ဒေါ်လာတစ်ထောင်
၁၉၅၇ ခုနှစ်က ထုတ်ပြန်ထား တဲ့ နိုင်ငံတကာ ဂျီနီဗာ ကွန်ဗင်းရှင်း အကဉ် ပဒေပဒု မ် ၁၅(၁)မှာ ကြက်ခြေနီ အမှတ် လက္ခဏာကို တိုက်ရိုက်သော်လည်းကောင်း၊ ထင်ယောင်ထင်မှား ဖြစ်အောင် ပြင်ဆင် ပြောင်းလဲ၍ သော်လည်းကောင်း အလွဲသုံးစား ပြု သုံးစွဲခဲ့လျှင် ဒေါ်လာ တစ်ထောင်ပေးဆောင်ရမယ် လို့ ပါရှိနေပါတယ်။
မွန်မြတ်တဲ့ ကြက်ခြေနီ
မွန်မြတ်တဲ့ ကြက်ခြေနီလုပ်ငန်း တွေ ပီပြင်လာ စေဖို့ အနီရောင် အပေါင်း လက္ခဏာ အမှတ်အသား ကို လူသားချင်း စာနာထောက်ထား တဲ့ ပရ ဟိတလုပ်ငန်း တွေမှာသာ သုံးစွဲကြဖို့ နဲ့ စေတနာ့ ဝန်ထမ်း ကြက်ခြေနီ တပ်ဖွဲ့ဝင် တွေကို ကြက်ခြေနီ စာသား ထဲကအတိုင်း "တာဝန်သိသိ သစ္စာ ရှိရှိ လူထုအတွက်ဆို အစဉ်အမြဲရှိ သည် မြန်မာနိုင်ငံကြက်ခြေနီ" ဖြစ် လာရအောင် လူမှု အကျိုးပြု လုပ်ငန်း တွေမှာသာ တာဝန်ချ ထားပေးဖို့ လို အပ် နေတဲ့ အကြောင်း ဆွေးနွေးတင် ဆက်လိုက်ရပါတယ်။
ဒေါက်တာ မြင့်ဦး (ဂျီပီ)
Health Digest
 
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။