ကြူကြူဟန်
ရန်ကုန်၊ နိုဝင်ဘာ - ၁၀
ဟစ်ဟော့ပ်လောကတွင် အအောင်မြင်ခဲ့ဆုံးအဖွဲ့ ၏ “ Acid ” အဖွဲ့သားတစ်ဦး ဖြစ်သလို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၏ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သည့် ဇေယျာသော်ကို ဒီဇင်ဘာလတွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌ ပြုလုပ်မည့် ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုရန် ကမ်းလှမ်းခံထားရကြောင်းဇေယျာသော်က ပြောသည်။
“ကျွန်တော့်ဆီကို ဆက်သွယ်တာရန်ရန်ချန်းဆီကမှ တစ်ဆင့် ဆက်သွယ်တာပါ။ ကျွန်တော့်အနေနဲ့လည်း ငွေကြေးတစ်စုံတစ်ရာ ရယူသီဆိုတဲ့ ရှိုးမျိုးဆို မဆိုချင်ဘူးဆိုတာ အစောကြီးတည်းက ကိုရန်ရန်ချန်းတို့၊ အနဂ္ဂတို့ အားလုံးကို ပြောထားပြီးသားပါ။ ဒီပွဲလေးကလည်း HIV ရှိုးဖြစ်တဲ့အ
တွက်ကြောင့်မို့ဗျာ။ အဲဒါ့ကြောင့် ရန်ရန်ချန်းတို့ကလည်း အကြောင်းတိုက်ဆိုင်ရင် ဆိုပေးစေချင်တယ်လို့ ပြောထားတာပါ” ဟုဇေယျာသော်က ပြောသည်။
HIV ဝေဒနာခံစားနေရသူများအတွက် ရည်ရွယ်ပြုလုပ်သော ရန်ပုံငွေဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဇေယျာသော်သီဆိုဖြစ်ပါက ဒီဇင်ဘာ ၂ ရက်တွင် သီဆိုမည်ဖြစ်သည်။
ဖျော်ဖြေပွဲတွင် ပါဝင်သီဆိုဖြစ်၊ မဖြစ်နှင့် ပတ်သက်၍ မေးမြန်းရာ “နံပါတ် (၁) အချက်အနေနဲ့ အဲဒီ့အချိန်မှာ ပဉ္စမအကြိမ် လွှတ်တော်ပြီး၊ မပြီးဆိုတာ ကျွန်တော်တိတိကျကျ မသိပါဘူး။ နံပါတ် (၂) အချက်အနေနဲ့ လွှတ်တော်ပြီးသည့်တိုင်အောင် အခြား အခြားသော အရေးကြီးကိစ္စတွေ ပေါ်လာမလား၊ မပေါ်လာဖူးလားဆိုတာ တိတိကျကျ မသိနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ ပါဝင်ဖို့က ပြောဖို့ခက်ပါတယ်” ဟု ၎င်းကပြောသည်။
ယခုပွဲတွင် သီဆိုဖြစ်ပါက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးနောက် ဒုတိယအကြိမ် သီဆိုခြင်းဖြစ်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။