Q. မိစန္ဒီ ဆယ်ကျော်သက်အရွယ်က ဖြစ်ချင်တဲ့စိတ်ကူးယဉ် အိပ်မက်ကဘာလဲ။
A. သိပံ္ပပညာရှင်၊ ဘာလို့မလုပ်ဖြစ်တာလဲဆိုတော့ အရမ်းအလှမ်းဝေးတယ်။ အဖေတို့အမေတို့က ပိုက်ဆံတွေ ဘာတွေပြောရင် စိတ်မဝင်စားဘူး။ သိပံ္ပပညာရှင်ပဲ ဖြစ်ချင်တယ်။
Q. အနုပညာကို လုပ်ဖြစ်ခဲ့တာက
A. ငယ်ငယ်ကတည်းက သီချင်းတွေရေးတယ်။ ဒါပေမယ့် လုပ်ဖို့ အစီအစဉ် မရှိဘူး။ ဆယ်တန်းပြီးတော့မှ အနုပညာပိုးက ထိန်းလို့မရတော့ဘူး။ တကယ်လုပ်ဖြစ်ခဲ့တာပါ။
Q. မိဘတွေထိန်းချုပ်တာ ခံခဲ့ရလား။
A. ဟုတ်ကဲ့။ အရမ်းတော့ မကြပ်ဘူး။ တော်ရုံတန်ရုံပေါ့။ ညဘက်အပြင်ထွက်တာတို့ သင်္ကြန်ဆိုရင် လူတွေများတော့ စိတ်ပူတယ်။ ပေးမထွက်ဘူး။
Q. သိပံ္ပပညာရှင်မဖြစ်ခဲ့လို့ နောင်တရမိတာရှိလား။
A. မရှိပါဘူး။ ဒီဘ၀မှာ ပျော်ပါတယ်။ စီးပွားရေးမှာလည်း ထူးချွန်အောင်လုပ်မှာပေါ့။ သိပံ္ပပညာရှင်က စိတ်ကူးယဉ်မှုတစ်ခုပါပဲ။ ဒါပေမယ့် ငယ်ငယ်က စက်ပစ္စည်းတွေ ဖျက်လိုက်၊ ပြန်တပ်လိုက်၊ လျှောက်ကလိပြီး ပြန်လုပ်တာ ဝါသနာပါတယ်။
Q. ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ အကြံပေးစကား။
A. ဘာဖြစ်ချင်လဲ၊ စိတ်ကူးယဉ်ပြီးရင် ဖြစ်အောင်လုပ်ပါလို့၊ ဖြစ်ချင်ရင် ထိုင်နေလို့မှမရတာ။ တကယ်ဖြစ်ချင်ရင် တကယ်ကြိုးစားပါလို့။
Q. ထိန်းချုပ်ခံရတဲ့ လူငယ်တွေအပေါ် အကြံပေးစကား။
A. ငယ်သေးလို့ပါ။ အဓိကက မိဘတွေ ယုံကြည်မှုကိုရအောင်လုပ်ရင် မထိန်းချုပ်တော့ပါဘူး။ မိစန္ဒီလည်း အခုထိ ထိန်းချုပ်ခံရတုန်းပဲ။ မိဘတွေ ယုံကြည်မှုရအောင်လုပ်ရင် ကိုယ်လည်းလွတ်လပ်ခွင့်ရမှာပါ။
Q. အရမ်းမထိန်းချုပ်ဖို့ မိဘတွေကို အကြံပေးစကား။
A. လူငယ်တွေက ခုနောက်ပိုင်း အသိစိတ်ဓာတ်တွေရှိတယ်။ မိဘတွေ လွတ်လပ်ခွင့်ပေးထားပေမယ့် လုပ်ချင်မှလုပ်တာလေ။ အဲဒါကြောင့် ကိုယ့်သားသမီးတွေကို ယုံကြည်ပေးကြပါလို့၊ အရမ်းတော့လည်း မလွှတ်ထားပါနဲ့၊ မသိမသာ အကဲခတ်ကြည့်ပါ။ အဲဒါမှ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နိုင်မှာပါ။ အပြင်မလွှတ်ရင် အပြင်မှာ ဘာဖြစ်လဲ မသိတော့ဘူး၊ အဲဒါဆို အပြင်လောကနဲ့ ထိတွေ့ရင် ပျက်စီးလွယ်တယ်။ အရမ်းမတင်းကြပ်ဘဲ မသိမသာရှိုးပြီး ကိုယ့်သားသမီးတွေကို စောင့်ကြည့်ပါလို့ ပြောချင်ပါတယ်။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။