သင်ရဲ့ Facebook စာမျက်နှာပေါ်မှာ တင် ထားတဲ့ ဓာတ်ပုံတွေက သင်ဘယ်ကို သွားလဲ၊ ဘယ်သူနဲ့တွေ့လဲ၊ ဘာလုပ်လဲ ဆိုတာကို ပြောပြရုံမျှမက သင်ဘယ်လို လူစားမျိုးလဲဆိုတာကိုပါ ဖော်ပြနေပါတယ်။ သင့် Facebookပုံလေးတွေကြည့်ပြီး သင့်အကြောင်း သင်ပြန်လေ့လာကြည့်ကြ ရအောင်။
သင်တစ်ယေက်တည်းပုံတွေကိုပဲ တင်လေ့ရှိ တယ်
အဓိပ္ပာယ်ကောက်ချက်
ဒီလို ကိုယ်တစ်ဦးတည်း ရိုက်ထားတဲ့ ပုံတွေကိုသာတင် လေ့ရှိသူတွေဟာကြည့်သူရဲ့ အာရုံကို အပြည့်အဝရချင်နေ တာ ထင်ရှားပါတယ်။ ပြီးတော့ သူနဲ့အပြိုင်ဖြစ်မယ့်အရာတွေ မလိုချင်မှန်းလည်း သိသာနေ ပါတယ်။
သင့်ထင်မြင်ချက်
သင်ကတော့ သင့်ကိုယ်သင် ယုံကြည်ချက်ပြည့်ဝလို့ သင့်ပုံကိုပဲသင်တင်နေပေမယ့် တချို့သူတွေအမြင်မှာတော့ သင်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကျူးနေသလို ဖြစ်နေပါတယ်။ ဒါကြောင့် သင့်သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါးစားသောက်နေတဲ့ ပုံလေးတွေကိုပါ တင်ပေးပါ။
ပုံရဲ့ခလယ်မှာ နေလေ့ရှိတယ်
အဓိပ္ပာယ်ကောက်ချက်
ဓာတ်ပုံတွေထဲမှာ ခလယ်ကပဲ နေရာယူ ချင်သူတွေဟာလည်း အများရဲ့ အာရုံစူးစိုက် မှုကို ခံယူချင်သူတွေပါ။ အုပ်စုထဲမှာ အရေး ပါဆုံးလို့ အထင်ခံချင်သူတွေပဲဖြစ်ပါတယ်။
သင့်ထင်မြင်ချက်
နောက်တစ်ခါ အုပ်စုလိုက် ဓာတ်ပုံရိုက်ရင် ဘေးအစွန်ရောက်ချင်ရောက်နေပါစေ အရိုက် ခံလိုက်ပါ။ ဒါမှ သင့်ကိုအရေးမပေးလဲ အဆင် ပြေကြောင်းပြရာရောက်မှာပါ။ နဂိုကတည်းက ထင်းနေသူဟာ ဓာတ်ပုံခလယ်မှာ မဟုတ်လည်း ထင်းနေမှာပါပဲ။
ဘေးလူရဲ့လက်ကိုတွဲထားလေ့ရှိတယ်
အဓိပ္ပာယ်ကောက်ချက်
ဓာတ်ပုံအရိုက်ခံရတဲ့အခါ ဘေးမှာရှိသူ ရဲ့လက်ကိုတွဲထား၊ ချိတ်ထားပြီးမှ အရိုက်ခံ လေ့ရှိသူဟာ ရှက်ကိုးရှက်ကန်းနဲ့ မနေတတ် မထိုင်တတ်ဖြစ်နေပုံပေါက်ပါတယ်။ ““ဒါ ငါ ပိုင်တဲ့အရာ””ဆိုပြီး ဖြစ်နေပုံလည်းပေါက်ပါ တယ်။
သင့်ထင်မြင်ချက်
ဓာတ်ပုံထဲမှာ သင့်သူငယ်ချင်းလက်ကို တွဲထား၊ ချိတ်ထားတာ သူ့ကိုခင်ကြောင်း၊ သင်ဟာသူငယ်ချင်းကောင်းဖြစ်ကြောင်း ဖော်ပြနေတယ်လို့ သင်ထင်နေတယ်ပေါ့။ဘေးလူရဲ့လက်ကိုတွဲထားလေ့ရှိတယ်ပုံရဲ့ခလယ်မှာ နေလေ့ရှိတယ်သူများတွေကတော့ ဒီလိုထင်မှာမဟုတ်ပါဘူး။ သင့် သူငယ်ချင်းလည်းဘယ်မှထွက် ပြေးမှာမဟုတ်ပါဘူး။ ဆွဲမထားပါနဲ့။ စိတ်အေးအေးထားပြီး ပြုံးပြုံးလေးနေကာ ဓာတ်ပုံ အရိုက်ခံလိုက်ပါ။
စုံတွဲပုံတွေ တင်လေ့ရှိတယ်
အဓိပ္ပာယ်ကောက်ချက်
ရည်းစားသစ်ရတိုင်း ရည်းစားနဲ့ တွဲရိုက် ထားတဲ့ပုံတွေ တင်လေ့ရှိသူတွေကို အများတ ကာ နှာခေါင်းရှုံ့တတ်ကြပါတယ်။ “နောက် တစ်ယောက်ပြောင်းသွားပြန်ပြီ”ဆိုကာ အထင် သေးတတ်ကြပါတယ်။ အတည်ယူမယ့် ချစ်သူနဲ့ တွဲရိုက်ထားတဲ့ ပုံတင်ရာမှာလည်း အများသူငါကြည့်လို့ မသင့်တော်တဲ့ပုံတွေ တင်ပါက ရဲတင်းလှသူလို့ ထင်ကြပါတယ်။
သင့်ထင်မြင်ချက်
သင့်ချစ်သူနဲ့ အတူတွဲရိုက်ထားတဲ့ပုံတွေ က သင်တို့နှစ်ယောက်အမြင်မှာ ဘယ် လောက်ပဲချစ်စရာကောင်းကောင်း ဒီလိုလူသိ ရှင်ကြား င်္ခေနဘသသု ပေါ် မတင်သင့်ပါဘူး။
Profile Picအမြဲပြောင်းလေ့ရှိတယ်
အဓိပ္ပာယ်ကောက်ချက်
မိန်းကလေးတွေဟာ အသစ်အသစ် သော ပုံပန်းသဏ္ဌာန်ကို အလိုရှိတတ်ကြပါ တယ်။ အွန်လိုင်းပေါ်မှာ ပုံပြောင်းခြင်းက အပြင်က တကယ့်ပုံကိုပြောင်းတာထက် ပိုပြီး မြန်ဆန်လွယ်ကူပါတယ်။ Facebook ရဲ့ Profile Pic ကို မကြာခဏပြောင်းလေ့ ရှိသူတွေဟာ အပြောင်းအလဲမြန်သူ၊ အ သစ်အဆန်း ကြိုက်သူလို့ ယူဆနိုင်ပါတယ်။
သင့်ထင်မြင်ချက်
တစ်ပတ်တစ်ပတ် သင်ရိုက်ထားတဲ့ပုံ တိုင်းကို တကယ်ရော တင်စရာလိုရဲ့လား သေချာပြန်စဉ်းစားပါ။ ပုံတင်တာများလွန်း ရင် ပုံတွေဖောင်းပွပြီး ကြည့်တဲ့သူတွေက ဘာကြည့်လို့ကြည့်ရမှန်းမသိကာ ရိုးသွား တတ်ပါတယ်။
အိုက်တင်တွေအရမ်းများနေတယ်
အဓိပ္ပာယ်ကောက်ချက်
ဓာတ်ပုံတွေထဲမှာ အိုက်တင်တွေ စွတ် ထုတ်၊ပဲတွေစွတ်များလေလေ၊သင့်ကိုယ်သင် ယုံကြည်ချက်နည်းတယ်လို့ ထင်ရလေလေ ပါပဲ။ ကိုယ့်ရုပ်ရည်ကို ကိုယ်ယုံကြည်ချက်ရှိ သူတွေဟာ မလှလှအောင် အိုက်တင်တွေ အရမ်းထုတ်နေမှာမဟုတ်ပါဘူး။
သင့်ထင်မြင်ချက်
ဓာတ်ပုံရိုက်ရာမှာ ခါးလေးထောက်၊ နှုတ်ခမ်းလေးစူ၊ မျက်လုံးလေးပြူးပြီး အရိုက်ခံရတာ မိုက်တယ်လို့ထင်နေတယ် ပေါ့။ မှန်ရှေ့မှာပဲ အိုက်တင်လုပ် ပဲများပါ။ ဓာတ်ပုံထဲမှာဆို အိုဗာဖြစ်လွန်းလို့ပါ။
ကောင်လေးတွေနဲ့တွဲရိုက်ထားတယ်
အဓိပ္ပာယ်ကောက်ချက်
ကောင်လေးတွေအများကြီးနဲ့ တွဲမရိုက်ပါနဲ့။ ကောင်လေးတွေနဲ့ လုံးထွေးနေတတ်တဲ့ ကောင်မ လေးတွေကို ကောင်လေးအများစုက လန့်ပြီးရှောင်တတ်ကြပါတယ်။ ခပ်ကဲကဲလေးလားလို့ ထင်တတ်ကြပါ တယ်။
သင့်ထင်မြင်ချက်
သင် စိတ်ဝင်စားနေသူ၊ မနာလို သဝန်တိုဖြစ်ကာ ရင်ဖွင့်လာအောင် လုပ်နေတာလား။ ဒီလိုလုပ်ကာ မှ ပိုဆိုးသွားပါလိမ့်မယ်။ မိန်းကလေးသူငယ်ချင်းတွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေကသာ ပိုပြီးကောင်းပါလိမ့်မယ်။
ပုံတွေထဲမှာ အမြဲသဘာဝ ကျနေတတ် တယ်
အဓိပ္ပာယ်ကောက်ချက်
ဓာတ်ပုံအရိုက်ခံရာမှာ ဓာတ်ပုံအရိုက်ခံနေတယ်လို့ စိတ်ထဲမှာမရှိဘဲ သဘာဝကျကျ နေတတ်သူဟာ သူ့ကိုယ်သူ ယုံကြည်ချက်ရှိကာ သူ့ဘဝသူ ကျေနပ်နှစ်သက်နေသူမျိုးပါ။
သင့်ထင်မြင်ချက်
ဓာတ်ပုံတွေထဲမှာ သဘာဝကျလေလေ သင်ဟာ ပျော်ရွှင်ကျေနပ်နေသူ၊ ယုံကြည်ချက်ရှိသူ၊ ပေါင်းရသင်းရ အဆင်ပြေသူလို့ ထင်ရလေလေပါပဲ။ သင်ကိုယ်တိုင်လည်း ဒီလိုပဲဖြစ်နေတာပဲမဟုတ်လား။
ပန်းဆီ
Ref : The Chic Magazine
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။