Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 17, 2012

ဂီတသံစဉ်တွေနဲ့ ပျော်မွေ့နေတဲ့ အဆိုတော်ဆလီနာဂိုးမက်ဇ်

Selena Gomez
Selena Gomez

ဆလီနာဂိုးမက်ဇ် (Selena Gomez) ကို အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖြစ် သာမက အများအကျိုးအတွက် ကိုယ်ကျိုးစွန့်တတ်တဲ့ ပရဟိတ ဒါနရှင်လေးလို့လည်း လူသိများပါတယ်။ သူလုပ်ရင် မဖြစ်နိုင်တာ မရှိသလောက်ပါ။ အဆိုတော် ဂျပ်စတင်ဘီဘာ (Justin Bieber) ရဲ့ အသည်းစွဲလေးဆိုတာလည်း သူပါပဲ။
အသက်၁၉နှစ်ဆိုတာ သူနဲ့ သက်တူရွယ်တူတွေ အတွက်တော့ ကျောင်းစာတွေနဲ့ပဲ ၀န်ပိနေပြီး၊ ရည်းစားပူ မိနေချိန်ပါ။ ဆလီနာ အသက်၁၉ နှစ်ရောက်တော့ သူများတကာတွေထက် သာလွန်ကောင်းမွန်တဲ့ အောင်မြင်မှု သရဖူတွေ ဆောင်းနိုင်နေပါပြီ။ အချိုပေါ် သကာလောင်းတယ်လို့ ဆိုရအောင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုရမယ့် ဂျပ်စတင်နဲ့ တွဲလိုက်တော့ သူများတွေအတွက် မနာလိုစရာတောင်မှ ဖြစ်သွားရပါတော့တယ်။ ဆလီနာဂိုးမက်ဇ်ရဲ့ အကြောင်း ပြောမယ်ဆိုရင် သူ့အမေအကြောင်းက စပြောရပါလိမ့်မယ်။ သူ့အမေ မန်ဒီးတဖ်ဖီက ပြဇာတ်လောကမှာ နာမည်ကျော် သရုပ်ဆောင်ပါ။ ဆလီနာကလည်း ဆယ်ကျော်သက် အရွယ်ကတည်းက သူ့အမေလိုမျိုး အနုပညာလောကမှာ လျှောက်လှမ်းချင်တဲ့သူပါ။ သူ့အသက် ခုနစ်နှစ်ရောက်တော့ သူတို့မြို့မှာ ကျင်းပတဲ့ Barney and Friends ဇာတ်လမ်းအတွက် သရုပ်ဆောင် ရွေးချယ်ရာမှာ ဆလီနာက ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခွင့် ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သရုပ်ဆောင် ဒမ်မီလိုဗာတို (Demi Lovato) နဲ့ သူငယ်ချင်းတွေ ဖြစ်သွားပါ တယ်။

အဲဒီကစလို့ သူက အနုပညာလောကထဲမှာ ခြေချလာပါတယ်။ ဒစ္စနေး ဇာတ်လမ်းတွဲ Wizards of Waverly Place မှာလည်း အောင်မြင်မှု သရဖူတွေ ဆောင်းနိုင်ခဲ့ပါတယ်။ သူက သရုပ်ဆောင်လောကမှာတင် အောင်မြင်တာ မဟုတ်ပါဘူး။ Selena Gomez & The Scene ဆိုတဲ့ ပေါ့ပ်ဂီတ အဖွဲ့ကိုလည်း ဦးဆောင်ခဲ့သူပါပဲ။ အဲဒီအဖွဲ့ဟာ ဆယ်ကျော်သက်များ အကြိုက်ဆုံးဆုနဲ့ လူထု အကြိုက်ဆုံး ဆုတွေကိုလည်း ရရှိသွားပါတယ်။ ဆလီနာကို သရုပ်ဆောင်ရ၊ သီချင်းတွေ ဆိုရတာတွေနဲ့ပဲ အချိန်ကုန်နေတယ်လို့ ထင်ကြမှာပါ။ သူက အားလပ်ချိန်တွေကိုလည်း အကျိုးရှိရှိ အသုံးချတတ်ပါတယ်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ ချစ်ကြည်ရေး သံတမန် အနေနဲ့လည်း အရည်အချင်း အများကြီးရှိတဲ့ ဒီငွေကြယ်ပွင့်လေးက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို သွားလေ့လာပြီး၊ သူ့အဖွဲ့က ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဒုက္ခသည်တွေအတွက် လှူဒါန်းနေသူပါ။ လော့စ်အိန်ဂျလိစ်မြို့က မူလတန်းကျောင်းလေးတွေ အတွက်လည်း ထောက်ပံ့ပေးနေသလို၊ ကျောင်းသားတွေကိုလည်း လူ့အဖွဲ့အစည်းအတွက် ပြန်အကျိုးပြုတဲ့ လုပ်ငန်းတွေ လုပ်ဆောင်စေဖို့ ဆော်သြနေသူလည်း ဖြစ်ပါတယ်။ ဒီကောင်မလေး လုပ်လိုက်ရင် မဖြစ်နိုင်ဘူးဆိုတာ မရှိသလောက်ပါဘဲ။ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပုံစံတွေဟာ အပြစ်တင် ဝေဖန်ခံနေရပေမယ့် ဆလီနာကတော့ အဲဒီဘက်မှာ ခြောက်ပစ်ကင်း သဲလဲစင်သူလို့ ဆိုရမှာပါ။ သူက အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ၀တ်စားတတ်သူပါ။
Selena Gomez
Selena Gomez
ခင်ဗျားအားကျရတဲ့ သရုပ်ဆောင် ရှိုင်ယာလာဘပ်ဖ် (Shia LaBeouf)နဲ့ တွေ့တော့ ဘယ်လိုမျိုး ခံစားရလဲ။
အမ်မီဆုရတဲ့အချိန်ပြီးရင် သူနဲ့ဆုံရတဲ့အချိန်က ကျွန်မဘ၀မှာ ကံ အကောင်းဆုံး နေ့တွေလို့ ဆိုရမှာပါ။ ကားရိုက်နေတုန်းမှာ ပရိသတ်တွေက တွေ့ချင်တယ်ဆိုလို့ ကျွန်မ သွားကြည့်လိုက်တာလေ။ အဲဒီရောက်တော့မှ ရှိုင်ယာလာဘပ်ဖ် ထိုင်နေတာတွေ့လို့ ကျွန်မလည်း ရှက်ရှက်နဲ့ ပြန်ပြေး ထွက်ခဲ့တာ။ သူက ကျွန်မနောက်က လိုက်လာတယ်လေ။ ကျွန်မက သူ့ပရိသတ် ဖြစ်နေတာလည်း သူသိနေပုံ ရပါတယ်။ ကျွန်မက လူအတော်များများကို အားပေးနေတဲ့ ပရိသတ်ဖြစ်နေတော့ ကျွန်မပရိသတ်တွေ ဆိုလည်း ဒီလိုမျိုးပဲဆိုတာ နားလည်ပါတယ်။ ကျွန်မက လူတော်တွေဆိုရင် အားပေးနေသူပါ။
ခင်ဗျားက သူ့ကို ကြည့်ပြီးတော့မှ အတုယူခဲ့ရတာဆို…
သူက ဒစ္စနေးဇာတ်လမ်းတွဲတွေမှာ နာမည်ကြီးနေသူလေ။ သူ့ကို အဲဒီအချိန်ကစလို့ လူငယ်ပရိသတ်တွေက အားပေးလာကြတာ။ နောက်ပိုင်းမှာ သူ့ရုပ်ရှင်တွေဆိုတာ ရုံလျှံသွားတဲ့ အထိအောင်ပါပဲ။ သူ့အနုပညာ လုပ်ငန်းတွေ အောင်မြင်လာတာကို ကြည့်ပြီး ကျွန်မက အားကျခဲ့ရသူပါ။ သူက သရုပ်ဆောင်ကောင်းသလို၊ စိတ်ကောင်းလည်း ရှိသူပါ။
ခင်ဗျား နောက်ထပ် အားကျရတဲ့သူတွေက ဘယ်သူတွေလဲ။
ရေချယ်မက်အဒမ်(Rachel McAdam)ပါ။ သူ့ကိုလည်း ရှိုင်ယာလိုပဲ ဆုံမိရင် ကျွန်မ ထွက်ပြေးမိမှာပါပဲ။ သူက ခေတ်မီတဲ့ မိန်းမတစ်ယောက်ပါ။ သူရဲ့ အင်တာဗျူး အားလုံးမှာလည်း သူဝတ်စားထားပုံတွေက သိပ်ကြည့်လို့ ကောင်းတာပဲ။ သူက ရုပ်ရှင်မှာဆိုရင်လည်း အရေးပါတဲ့ အခန်းမှာ ပါဝင်နေသူပါ။ ပြီးတော့ သူက လူကြားထဲမှာလည်း ပေါ်လာလေ့ မရှိဘဲ၊ သူ့ဘာသာသူ သီးသီးသန့်သန့်လေး နေတတ်သူပါ။
သရုပ်ဆောင်ဖို့အတွက် ဆံပင်ညှပ်လိုက် ရတာတို့၊ ခန္ဓာကိုယ်အလေးချိန် တက်လာအောင် လုပ်ရတာမျိုးတွေ ရှိလား။
ရှိတာပေါ့။ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် ဇာတ်ကောင်နဲ့ လိုက်ဖက်အောင် လုပ်ရတာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ အခါသင့်လို့ အခွင့်သာလာတဲ့အခါ အခြေအနေနဲ့ ကိုက်ညီလာအောင် လုပ်ရမှာပါပဲ။
The Tonight Show ရိုက်တော့ ဆေးရုံတက်လိုက် ရသေးတယ်ဆို။
ကျွန်မက ရေဓာတ်နဲ့ သံဓာတ်နည်းနေခဲ့လို့ပါ။ ကျွန်မက အလုပ်တွေနဲ့ ၀န်ပိနေရ လောက်အောင်လည်း မလုပ်ပါဘူး။ တကယ်တော့ အဲဒီတုန်းက အပန်းဖြေခရီးက ပြန်ရောက်ခါစပါ။ ကျွန်မက အစားအသောက် မဆင်ခြင်တတ်ဘူးလေ။ ကျွန်မက ဆန္ဒရှိသမျှ စားတတ်တဲ့ အကျင့်ရှိတော့ အဲဒီအကျင့်ကို ပြင်ရမယ်။ ကျွန်မက ကိုယ်ကြိုက်တာကိုတော့ မစားဘဲလည်း မနေနိုင်ဘူးလေ။ ကိတ်မုန့်စားချင်လည်း စားလိုက်တာပဲ။ နေ့လယ်စာ စားတဲ့အခါ ကြက်သားနဲ့ အရွက်သုတ်တွေ စားလိုက်ရင် ကျန်းမာရေးအတွက် သင့်တော်မယ်လို့ ထင်ပါတယ်။
ခင်ဗျားက ဘာအားကစားလုပ်လဲ။
ကျွန်မဗီဇအရ အားကစားလုပ်လေ့တော့ သိပ်မရှိပါဘူး။ ကျွန်မက ကတာလောက်တော့ လုပ်ဖြစ်တယ်။ ဒီနှစ်နွေတုန်းကလည်း ခရီးတွေ လျှောက်သွားနေရတာဆိုတော့ အလုပ် လုပ်နေရတာက ကျွန်မအတွက် အားကစားတစ်ခုလိုပဲ ဖြစ်နေတယ်လေ။
ဒီဇိုင်းထဲမှာ ဘယ်ဒီဇိုင်းကို အကြိုက်ဆုံးလဲ။
မာကေဆာ(Marchesa)ဒီဇိုင်းတွေက ကျွန်မ အကြိုက်ဆုံး ဒီဇိုင်းတွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဒီဇိုင်နာတွေက အမျိုးသမီးတွေရဲ့ အလှနဲ့ လိုက်ဖက်ညီအောင် ဒီဇိုင်းဆင်တတ်လို့ပါ။ ရှူးဖိနပ်ထဲမှာ ဆိုရင်တော့ ခရစ်ရှန်လိုဘူတန် (Christian Louboutins)ပေါ့။ အဲဒီဖိနပ်လေးတွေက ကြည့်ရတာ သိပ်လှပေမယ့် ဖိနပ်ပေါက်တော့ စီးရတာ ခြေထောက် သိပ်နာတာပဲ။ ဖိနပ်လေးတွေက သိပ်လှလို့ အများကြီး စုထားတာလေ။ မွန်တီကာလို (Monte Carlo) ဆိုတဲ့ ရုပ်ရှင်ရိုက်တော့ ကျွန်မ အဲဒါတွေ ၀တ်ဖြစ်သွားတာလေ။ အဲဒီဖိနပ်တွေက စီးရတာ သိပ်အဆင်မပြေပါဘူး။
Selena Gomez
Selena Gomez
လက်ဝတ်ရတနာ ဆိုရင်ကော…
ကျွန်မက အဲဒါတွေကိုတော့ အလျဉ်းသင့်သလိုပဲ ၀တ်ဖြစ်ပါတယ်။ ကျွန်မက ပေါ့ပေါ့ပါးပါးနဲ့ ရိုးရိုးရှင်းရှင်း ပုံစံတွေပဲ ၀တ်တာပါ။ ကျွန်မက လက်ဝတ်ရတနာနဲ့ ပတ်သက်လို့ကတော့ သိပ်လည်း အစွဲအလမ်း မထားပါဘူး။
ခင်ဗျားရဲ့ အလှတရားကို ဘယ်လိုများ ထိန်းသိမ်းစောင့်ရှောက်ထားလဲ။
ကျွန်မက အလုပ်လုပ်ချိန်မှာတော့ အလုပ်သဘောအရ မိတ်ကပ်တွေ အများကြီး လိမ်းရတာပေါ့။ အလုပ်ချိန် မဟုတ်ရင်တော့ မိတ်ကပ် မလိမ်းပါဘူး။ ညစာစားပွဲတွေ၊ ဘာတွေရှိရင်တော့ တစ်မျိုးပေါ့နော်။ ကျွန်မက ရေဓာတ်ရအောင် မနက်ခင်းတိုင်းနဲ့ ညနေတိုင်းမှာ မျက်နှာသစ်ပါတယ်။ အုန်းဆီလည်း လိမ်းဖြစ်ပါတယ်။ အဲဒီလို လုပ်တာ ရှေးရိုးဆန်တယ် ဆိုပေမယ့် အသက်ကြီးလာတဲ့အခါ အထောက်အကူ ပြုပါလိမ့်မယ်။
ခင်ဗျားက မိတ်ကပ်မလိမ်းဘဲနဲ့တော့ အပြင်ထွက်လေ့ မရှိဘူးပေါ့။ ဒါနဲ့ နာမည်ကြီးတွေနောက်ကို တကောက်ကောက် လျှောက်လိုက်နေတဲ့ သတင်းထောက်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်လား။
မဖြစ်ပါဘူး။ ကျွန်မက သူတို့ကို ဂရုစိုက်မနေပါဘူး။ ကျွန်မက ဘယ်လိုပုံပေါက်နေမလဲ ဆိုတာကိုလည်း ဂရုစိုက်မနေပါဘူး။ အဲဒီလို ဂရုမစိုက်လို့ သူတို့က ကျွန်မကို စိတ်ပျက်သွားမှာပေါ့။ သူတို့က နေရာတိုင်းမှာ ရှိနေတာလေ။ ကျွန်မ အားလပ်ရက်မှာ အပန်းဖြေ ခရီးထွက်ရင်လည်း သူတို့ ရှိနေတာပဲ။ အိမ်မှာဆိုလည်း သူတို့ရှိနေတာပဲ။ သူတို့ ဘာလုပ်လုပ် ကျွန်မက အလေးမထားသလို၊ ဘယ်လိုမှလည်း သဘောမထားပါဘူး။ သူတို့ကို မကြိုက်ပေမယ့် နားလည်ပေးလို့တော့ ရပါတယ်။
ကျောင်းတုန်းက ခင်ဗျားကို ကောင်လေးတွေက သဘောကျလား။ ခင်ဗျားကကော ကောင်လေးတစ်ယောက်ကို ဇာတ်လမ်းစဖူးလား။
ကျွန်မ ကျောင်းတုန်းက ဘယ်ကောင်လေးကိုမှ ဇာတ်လမ်း မစဖူးပါဘူး။ အဲဒီလိုလုပ်ရမှာ သိပ်အနေရ ခက်စရာပဲလေ။ ကျွန်မက ကောင်လေး တစ်ယောက်ကို ကြေသွားပြီဆိုရင်တောင်မှ သူ့ကို ချစ်တယ်လို့ ဘယ်တော့မှ စမပြောပါဘူး။ အဲဒီလို ဖြစ်လာပြီဆိုရင်လည်း ကျွန်မက သူ့ကို ရှောင်နေလိုက်မှာပဲ။ စိတ်က သက်သောင့်သက်သာ မရှိသေးသမျှ ကာလပတ်လုံး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိလာမှာ မဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ ဘာပဲလုပ်လုပ် အဆင်ပြေမှာပါ။
အလုပ်အမျိုးအစားကိုလိုက်ပြီး ကိုယ်ရည်ကိုယ်သွေးကို လိုက်ပါ ပြောင်းလဲ ပေးရတာမျိုးကော လုပ်ရလား။
ကျွန်မလုပ်တဲ့ အလုပ်အမျိုးအစားပေါ်မှာ လိုက်ပြီး ခံယူချက် မတူတာမျိုးတွေလည်း ရှိပါတယ်။ သီချင်းဆိုတဲ့အခါ စင်ပေါ်မှာ ကျွန်မက ကိုယ့်စတိုင်နဲ့ ကိုယ်ဆိုလိုက်တာပဲ။ စိတ်ကူးယဉ် ဆန်ချင်ဆန်မယ်။ ရူးရူးမိုက်မိုက်ပုံ ပေါက်နေရင်လည်း ပေါက်နေမယ်ပေါ့။ ရုပ်ရှင်ရိုက်ရင်တော့ ဇာတ်ကောင်စရိုက်နဲ့ ကိုက်အောင် လုပ်ရတာပေါ့။ အဲဒီအပိုင်းမှာက ပညာသားတွေ ပါလာပြီလေ။ သရုပ်ဆောင်ရတဲ့အခါ သီချင်းဆိုရတာထက် ပိုအားစိုက် ထုတ်ရပါတယ်။ ဒါတွေက အလုပ်အမျိုးအစားပေါ်မှာ လိုက်ပြီး ကိုယ်ရည်ကိုယ်သွေးကို လိုက်ပါပြောင်းလဲ ပေးရတာဆိုပေမယ့် အဲဒါ စိတ်ဝင်စားစရာ ကောင်းပါတယ်။
သရုပ်ဆောင်ရတာနဲ့ သီချင်းဆိုရတာတွေအပြင် ဘာလုပ်ချင်သေးလဲ။
ကျွန်မက မုန့်ဖုတ်ရတာ ၀ါသနာပါတယ်။ ကျွန်မက ကွတ်ကီးတွေနဲ့ ကိတ်မုန့်တွေ စားရတာလည်း ကြိုက်တာပဲလေ။ ကျွန်မက အုတ်ဂျုံမှုန့်နဲ့ လုပ်ထားတဲ့ ချောကလက်မုန့်တွေပေါ်မှာ ဆားဖြူးပြီး စားရတာကို သဘောကျတာလေ။ အဲဒီလို လုပ်စားရတာ ချောကလက်နဲ့ ဂျုံရဲ့ အရသာကို ပိုချိုမြိန်စေတဲ့ အပြင် ဆားမှုန့်လေးတွေပါ ထပ်ဆောင်းဖြူးထားလိုက်တော့ ငန်ငြိငြိလေးနဲ့ အရသာ ပိုရှိသွားတာပေါ့။
ခင်ဗျားက အလုပ်တွေ အဲဒီလောက်တောင် များနေမှတော့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့အတွက် အချိန်ကော ရှိပါ့မလား။
အချိန်ရှိအောင်တော့ အမြဲတမ်း ကြိုးစားကြည့်ရတာပေါ့။ ဘာလို့လဲဆိုတော့ သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးကြီးလို့ပါ။ သူငယ်ချင်းတွေနဲ့ များသောအားဖြင့် အတူနေဖြစ်ပါတယ်။ တေလာဆွစ် (Taylor Swift)တို့လို လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်း ဖွဲ့ထားတော့ အလဟဿလည်း အချိန်မကုန်တော့ဘူးပေါ့။ ဒီနှစ်နွေရာသီမှာ ခရီးတွေ ထွက်ဖြစ်ရင်လည်း သူတို့ပါမှာပဲလေ။ သူငယ်ချင်းတွေရဲ့ ရှိုးပွဲတွေကိုလည်း သွားကြည့်ဖြစ်အောင် ကြည့်နေတာပဲလေ။
ခင်ဗျားရဲ့ အကြီးမားဆုံး ရည်မှန်းချက်က ဘာလဲ။
ကျန်းမာဖို့က အဓိကပါ။ ကျွန်မ လုပ်ဖြစ်သမျှအရာတွေအတွက် ကျေနပ်တယ်။ ကျွန်မက လူပျော်လူတော်တစ်ယောက် ဖြစ်ချင်တယ်။
Selena Gomez
Selena Gomez
ကျော်မိုးဟိန်း
The Chic Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။